SIN DING THU 25
LA 7 Jehovah, I Thahatna
Jehovah Pen A “Nungta” Pasian Ahihlam Phawk In
“Jehovah nungta hi!”—LA. 1:46, Zokam Standard Version.
အာရုံစိုက်ရာ
ကိုယ် ကိုးကွယ်တဲ့ ဘုရားသခင်ဟာ “အသက်ရှင်တဲ့ ဘုရားသခင်” ဖြစ်ကြောင်း သတိရတာ အကျိုးအများကြီး ရှိတယ်။
1. Haksatnate a om zongin mi te’n Jehovah a biasuak theih nadingin bang in huh a hiam?
ကျွန်တော်တို့ အသက်ရှင်နေတဲ့ ကာလကို “အလွန် ခက်ခဲကျပ်တည်း” တဲ့ ကာလလို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ တိ. ၃:၁) ဒီလိုခက်ခဲကျပ်တည်းတဲ့ ကာလမှာ လူတိုင်း ကြုံရတဲ့ အခက်အခဲတွေအပြင် ယေဟောဝါဘုရားကို ကိုးကွယ်လို့ ဆန့်ကျင်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျွန်တော်တို့ ကြုံကြရတယ်။ အခက်အခဲတွေ ရှိပေမဲ့ ယေဟောဝါကို ဆက်ကိုးကွယ်ဖို့ ဘာက ကူညီပေးသလဲ။ အဓိက,ကတော့ ယေဟောဝါဟာ “အသက်ရှင်တဲ့ ဘုရားသခင်” ဖြစ်ကြောင်း သတိရခြင်းပါ။—ယေ. ၁၀:၁၀။ ၂ တိ. ၁:၁၂။
2. Jehovah tawh kisai-a bang pen i phawkna in thuakzawhna hong neisak a hiam?
၂ အသက်ရှင်နေတဲ့ ဘုရား ယေဟောဝါဟာ ကျွန်တော်တို့ ကြုံရတဲ့ အခက်အခဲတိုင်းကို မြင်တယ်၊ ကျွန်တော်တို့ကို ကူညီပေးဖို့ အခွင့်အရေး ရှာတယ်။ (၂ ရာ. ၁၆:၉။ ဆာ. ၂၃:၄) ဒီအချက်ကို သတိရတာက ဘယ်လို အခက်အခဲပဲ ကြုံရပါစေ ခံနိုင်ရည် ခွန်အား ရှိစေတယ်။ ဒါကို ဘုရင် ဒါဝိဒ် ကိုယ်တွေ့သိခဲ့တယ်။
3. David in “Jehovah nungta hi,” a cih ciangin bang a cihnopna hiam?
၃ ယေဟောဝါကို ဒါဝိဒ် သိကျွမ်းတယ်။ အားကိုးတယ်။ မိမိကို ဘုရင် ရှောလု အပါအဝင် ရန်သူတွေ လိုက်သတ်တုန်းက အကူအညီ ရဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ (ဆာ. ၁၈:၆) ဆုတောင်းချက်ကို အဖြေပေးတဲ့အတွက်၊ မိမိကို ကယ်တင်ပေးတဲ့အတွက် “ယေဟောဝါဟာ အသက်ရှင်နေတဲ့ ဘုရားပဲ” လို့ ကြွေးကြော်တယ်။ (ဆာ. ၁၈:၄၆) ဘုရား ရှိတယ်ဆိုတာလောက်ပဲ အသိအမှတ်ပြုတာ မဟုတ်ဘူး။ ယေဟောဝါဟာ “ကျေးကျွန်တွေကို အမြဲ ကူညီပေးတဲ့ အသက်ရှင်နေတဲ့ ဘုရား” ဆိုတာကို ဒါဝိဒ် ယုံကြည်စိတ်ချကြောင်း ဖော်ပြတာလို့ အကိုးအကားစာအုပ်တစ်အုပ်က ဆိုတယ်။ မှန်ပါတယ်၊ ယေဟောဝါဟာ မိမိ ကြုံရသမျှကို သိပြီး ကူညီပေးဖို့ အသင့်ရှိတဲ့ အသက်ရှင်နေတဲ့ ဘုရားဆိုတာ ဒါဝိဒ် ကိုယ်တွေ့ပါပဲ။ ဒါကြောင့် ယေဟောဝါကို ဆက်ကိုးကွယ်ချီးမွမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပိုခိုင်မာလာတယ်။—ဆာ. ၁၈:၂၈၊ ၂၉၊ ၄၉။
4. Jehovah pen a nungta Pasian ahihlam i muanna in bang hamphatna om a hiam?
၄ ယေဟောဝါဟာ အသက်ရှင်နေတဲ့ ဘုရား ဖြစ်ကြောင်း စိတ်ချတာက ထက်ထက်သန်သန် ဝတ်ပြုကိုးကွယ်ဖို့ ကူညီပေးတယ်။ အခက်အခဲတွေ ကြုံရချိန်မှာ ခံနိုင်ရည် ခွန်အား ရှိစေတယ်။ ကြိုးကြိုးစားစား ဘုရားအမှု ဆက်ဆောင်မယ်၊ ဘုရားနဲ့ ဆက်ရင်းနှီးအောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာစေတယ်။
A NUNGTA PASIAN IN NANG HONG HUH DING
5. Haksatnate lungmuang takin koi bangin nawk thei i hiam? (Filippi 4:13)
၅ ယေဟောဝါ အသက်ရှင်နေတယ်၊ ကျွန်တော်တို့ကို အမြဲ ကူညီပေးနိုင်တယ်ဆိုတာ သတိရရင် အခက်အခဲ ကြီးကြီးငယ်ငယ် ခံရပ်နိုင်မှာ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဖြေရှင်းမပေးနိုင်တဲ့ အခက်အခဲဆိုတာ မရှိဘူး။ ဒါ့အပြင် ကျွန်တော်တို့ကို ခံနိုင်ရည် ခွန်အား ပေးနိုင်တယ်။ (ဖိလိပ္ပိ ၄:၁၃ ကို ဖတ်ပါ။) ဒါကြောင့် အခက်အခဲတွေကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ကျွန်တော်တို့ ရင်ဆိုင်နိုင်တယ်။ အခက်အခဲ သေးသေးမွှားမွှား ကြုံရချိန်မှာ ယေဟောဝါ ကူညီတာ ကိုယ်တွေ့ခံစားရတဲ့အခါ အခက်အခဲ ကြီးကြီးမားမား ကြုံရချိန်မှာလည်း ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်။
6. David in a khangno lai-in bang tuahkhaknate hangin Jehovah muang semsem a hiam?
၆ အတွေ့အကြုံနှစ်ခုကြောင့် ယေဟောဝါကို ဒါဝိဒ် ပိုယုံကြည်ကိုးစားလာတယ်။ ဒါဝိဒ် ငယ်ငယ်တုန်းက အဖေ့သိုးအုပ်ကို ထိန်းကျောင်းပေးရတယ်။ တစ်ခေါက် သိုးတစ်ကောင်ကို ဝက်ဝံ လာဆွဲသွားတယ်။ နောက်တစ်ခေါက်ကျတော့ သိုးတစ်ကောင်ကို ခြင်္သေ့ လာဆွဲသွားတယ်။ နှစ်ခေါက်စလုံး သားရဲတွေနောက် သတ္တိရှိရှိ လိုက်ပြီး သိုးတွေကို ကယ်တယ်။ ကိုယ့်အစွမ်းအစကြောင့် ကယ်နိုင်ခဲ့တာလို့ ဒါဝိဒ် မတွေးဘူး။ ယေဟောဝါကြောင့်ဆိုတာ အသိအမှတ်ပြုတယ်။ (၁ ရှ. ၁၇:၃၄-၃၇) ဒီအတွေ့အကြုံတွေကို ဒါဝိဒ် ဘယ်တော့မှ မမေ့ဘူး။ ပြန်ပြန်တွေးတယ်။ အနာဂတ်မှာလည်း မိမိကို အသက်ရှင်နေတဲ့ ဘုရား ကူညီမယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်။
7. David in bang pen mitsuan a hiam? Tua in Goliath tungah a gualzo dingin bang hangin huh a hiam?
၇ နောက်တော့ အစ္စရေးစစ်တပ်မှာ စစ်မှုထမ်းနေတဲ့ အစ်ကိုတွေကို လူငယ်လေး ဒါဝိဒ် သွားတွေ့တယ်။ ဂေါလျတ်လို့ ခေါ်တဲ့ ဖိလိတိ လူထွားကြီးတစ်ယောက် ‘အစ္စရေးစစ်တပ်ကို စိန်ခေါ်’ နေလို့ စစ်သည်တွေ ထိတ်လန့်တုန်လှုပ်နေတာ တွေ့လိုက်ရတယ်။ (၁ ရှ. ၁၇:၁၀၊ ၁၁) ဂေါလျတ် လူကောင်ထွားတာ၊ စိန်ခေါ်တာကိုပဲ အာရုံစိုက်လို့ ထိတ်လန့်တုန်လှုပ်နေကြတာ။ (၁ ရှ. ၁၇:၂၄၊ ၂၅) ဒါဝိဒ်ကတော့ စစ်သည်တွေနဲ့ အာရုံစိုက်တာချင်း မတူဘူး။ အစ္စရေးစစ်တပ်ကို ဂေါလျတ် စိန်ခေါ်တာဟာ “အသက်ရှင်တဲ့ ဘုရားသခင်ရဲ့ စစ်တပ်ကို” စိန်ခေါ်လိုက်တာပဲဆိုတာ သိတယ်။ (၁ ရှ. ၁၇:၂၆) ယေဟောဝါကိုပဲ အဓိက အာရုံစိုက်တယ်။ သိုးကျောင်းသားဘဝတုန်းက မိမိကို ကူညီခဲ့တဲ့ ဘုရားက ဒီအခြေအနေမှာလည်း ကူညီမယ်ဆိုတာ စိတ်ချတယ်။ ဘုရား ကူညီမယ်ဆိုတဲ့အသိနဲ့ ဂေါလျတ်ကို ရင်ဆိုင်အနိုင်ယူခဲ့တယ်။—၁ ရှ. ၁၇:၄၅-၅၁။
8. Haksatnate i tuah ciangin Jehovah in hong huh ding ahihlam i muan semsem nadingin bang sem thei i hiam? (Lim zong en in.)
၈ အသက်ရှင်နေတဲ့ ဘုရား ကိုယ့်ကို ကူညီပေးဖို့ အသင့်ရှိတယ်ဆိုတာ သတိရရင် ကျွန်တော်တို့လည်း အခက်အခဲတွေကို အောင်အောင်မြင်မြင် ရင်ဆိုင်ကျော်လွှားနိုင်မယ်။ (ဆာ. ၁၁၈:၆) ယေဟောဝါရဲ့ အတိတ်က လုပ်ဆောင်မှုတွေကို ပြန်တွေးတာက ယုံကြည်စိတ်ချစိတ် တိုးစေတယ်။ ကျေးကျွန်တွေကို ယေဟောဝါ ကယ်တင်ခဲ့ပုံအကြောင်း ကျမ်းမှတ်တမ်းတွေ ဖတ်ပါ။ (ဟေရှာ. ၃၇:၁၇၊ ၃၃-၃၇) ဒီနေ့ခေတ်မှာ ညီအစ်ကို/မတွေကို ကူညီပေးနေပုံအကြောင်း မှတ်တမ်းတွေကို jw.org ဝက်ဘ်ဆိုက်မှာ ကြည့်ပါ။ ကိုယ့်ကို ကူညီပေးခဲ့တာတွေကိုလည်း ပြန်စဉ်းစားပါ။ ခြင်္သေ့ရန်၊ ဝက်ဝံရန်ကနေ ကယ်တင်တာလိုမျိုး ကိုယ့်အတွက် ကြီးကြီးမားမား လုပ်ပေးခဲ့တာ မရှိဘူးလို့ သင် ခံစားရနိုင်တယ်။ ဒါပေမဲ့ သင့်အတွက် ယေဟောဝါ လုပ်ပေးခဲ့တာတွေ အများကြီးပါပဲ။ မိတ်ဆွေ ဖြစ်လာဖို့ ဆွဲဆောင်ခဲ့တယ်။ (ယော. ၆:၄၄) အခုထိ အမှန်တရားထဲ ရှိနေတာလည်း ဘုရားအကူအညီကြောင့်ပဲ။ ဆုတောင်းချက် အဖြေပေးခဲ့တာတွေ၊ လိုအပ်ချိန်မှာ လိုအပ်တာ ကွက်တိ ပေးခဲ့တာတွေ၊ အခက်အခဲ ကြုံတုန်းက ထောက်မပေးခဲ့တာတွေ သတိရလာအောင် ကူညီပေးဖို့ ဆုတောင်းပါ။ အဲဒါတွေကို သတိရရင် ကိုယ့်ကို ယေဟောဝါ ဆက်ကူညီပေးမယ်ဆိုတာ ပိုစိတ်ချလာမယ်။
အခက်အခဲ ကြုံတဲ့အခါ ကိုယ့်တုံ့ပြန်ပုံက ယေဟောဝါရဲ့ ခံစားချက်အပေါ် သက်ရောက်မှု ရှိ (စာပိုဒ် ၈-၉ ကို ကြည့်ပါ)
9. Haksatnate i tuah ciangin bang i phawk ding kisam a hiam? (Paunak 27:11)
၉ ကိုယ့်အခက်အခဲတွေထက် ပိုအရေးကြီးတဲ့ အရေးကိစ္စ ရှိတယ်ဆိုတာ သတိရ,ရမယ်။ အခက်အခဲ ကြုံရင် ယေဟောဝါကို ကျွန်တော်တို့ စွန့်ပစ်သွားမယ်လို့ စာတန် စွပ်စွဲထားတယ်။ ဒါကြောင့် အခက်အခဲ ကြုံတဲ့အခါ ကိုယ့်တုံ့ပြန်ပုံက ယေဟောဝါရဲ့ ခံစားချက်အပေါ် သက်ရောက်မှု ရှိတယ်။ (ယောဘ ၁:၁၀၊ ၁၁။ ပညာအလိမ္မာ ၂၇:၁၁ ကို ဖတ်ပါ။) အခက်အခဲကြားက ဆက်သစ္စာရှိတာဟာ ယေဟောဝါကို ချစ်ကြောင်း ပြရာရောက်တယ်။ စာတန် မုသာကောင် ဖြစ်ကြောင်း သက်သေပြရာရောက်တယ်။ အစိုးရရဲ့ ကန့်ကွက်မှု၊ ငွေကြေးအခက်အခဲ သင် ကြုံနေရသလား။ အမှုဆောင်မှာ ရလဒ်ကောင်းတွေ မရဘဲ ဖြစ်နေသလား။ ဒါမှမဟုတ် တခြားအခက်အခဲတွေ ရှိနေသလား။ ဒါဆိုရင် ယေဟောဝါကို စိတ်ရွှင်လန်းအောင် လုပ်ဖို့ အခွင့်အရေးပဲဆိုတာ သတိရလိုက်ပါ။ သင် မခံနိုင်လောက်တဲ့ အခက်အခဲမျိုး ယေဟောဝါ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာလည်း သတိရပါ။ (၁ ကော. ၁၀:၁၃) ခံနိုင်ရည် ခွန်အား ယေဟောဝါ ပေးပါလိမ့်မယ်။
A NUNGTA PASIAN IN THAMAN HONG PIA DING
10. A nungta Pasian in amah a bia mite adingin bang sepsak ding a hiam?
၁၀ ဝတ်ပြုကိုးကွယ်သူတွေကို ယေဟောဝါ အမြဲ ဆုချတယ်။ (ဟီ. ၁၁:၆) အခုအချိန်မှာ ငြိမ်သက်မှု၊ ကျေနပ်ပျော်ရွှင်မှု ပေးတယ်။ အနာဂတ်မှာ ထာဝရအသက် ပေးမယ်။ ဆုချချင်တဲ့ ဆန္ဒကော ဆုချနိုင်စွမ်းပါ ယေဟောဝါမှာ ရှိတယ်ဆိုတာ ကျွန်တော်တို့ တထစ်ချ ယုံကြည်ကြတယ်။ အဲဒီလိုယုံကြည်တာက ရှေးသစ္စာရှိ ကျေးကျွန်တွေလိုပဲ ယေဟောဝါအတွက် အတတ်နိုင်ဆုံး အမှုဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ တိမောသေလည်း အဲဒီလိုလှုံ့ဆော်ခံခဲ့ရတယ်။—ဟီ. ၆:၁၀-၁၂။
11. Timoti in bang hangin pawlpi sungah hanciamin Pasian’ na sem a hiam? (1 Timoti 4:10)
၁၁ ၁ တိမောသေ ၄:၁၀ ကို ဖတ်ပါ။ အသက်ရှင်နေတဲ့ ဘုရား ဆုချမယ်ဆိုတာ တိမောသေ အခိုင်အမာ ယုံကြည်တယ်။ ဒါကြောင့် ယေဟောဝါနဲ့ တခြားသူတွေအတွက် အားသွန်ခွန်စိုက် အမှုဆောင်တယ်။ အမှုဆောင်မှာ၊ အသင်းတော်မှာ ပိုထိရောက်တဲ့ သွန်သင်သူကောင်း ဖြစ်ဖို့၊ ယုံကြည်သူ အသက် ကြီးကြီးငယ်ငယ်အတွက် စံနမူနာကောင်း ဖြစ်ဖို့ တမန်တော် ပေါလုဆီက အားပေးခံရတယ်။ ခက်ခဲတဲ့ တာဝန်တချို့လည်း ရတယ်။ အဲဒီထဲမှာ ဆုံးမမှု လိုအပ်နေသူတွေကို ပြတ်ပြတ်သားသား မေတ္တာပါပါ ဆုံးမဖို့တာဝန် ပါတယ်။ (၁ တိ. ၄:၁၁-၁၆။ ၂ တိ. ၄:၁-၅) ကိုယ် အားသွန်ခွန်စိုက် ကြိုးစားတာကို လူတွေ သတိမထားမိရင်တောင်၊ တန်ဖိုးမထားရင်တောင် ယေဟောဝါ ဆုချမယ်ဆိုတာ တိမောသေ စိတ်ချတယ်။—ရော. ၂:၆၊ ၇။
12. Pawlpi upate in bang hangin pawlpi sungah lungsim takpi tawh Pasian’ na sem uh a hiam? (Lim zong en in.)
၁၂ ဒီနေ့အချိန်မှာလည်း အကြီးအကဲတွေ အားသွန်ခွန်စိုက် အမှုဆောင်တာကို ယေဟောဝါ မြင်တယ်၊ တန်ဖိုးထားတယ်။ အကြီးအကဲများစွာဟာ ဟောပြောသွန်သင်ခြင်း၊ သိုးတွေကို ထိန်းကျောင်းပေးခြင်းအပြင် ဆောက်လုပ်ရေး စီမံကိန်းတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီကြတယ်။ တချို့ဆိုရင် ဆေးရုံဆက်သွယ်ရေးကော်မတီ ဒါမှမဟုတ် လူနာလည်ပတ်ရေးအုပ်စုမှာ အမှုဆောင်ကြတယ်။ အသင်းတော်ဟာ လူ့အစီအစဉ် မဟုတ်ဘဲ ဘုရားအစီအစဉ် ဖြစ်မှန်း သိလို့ ဒီလို စိတ်ရောကိုယ်ပါ အမှုဆောင်ကြတာ။ ဘုရား ဆုချမယ်ဆိုတာ အပြည့်အဝ ယုံကြတာ။—ကော. ၃:၂၃၊ ၂၄။
အသင်းတော်မှာ အားသွန်ခွန်စိုက် အမှုဆောင်နေတဲ့ သင့်ကို အသက်ရှင်နေတဲ့ ဘုရား ဆုချမယ် (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)
13. Jehovah in ama adinga i piakkhiat khempeuh koi bangin ngaihsun a hiam?
၁၃ ကျွန်တော်တို့အားလုံးတော့ အကြီးအကဲ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ယေဟောဝါအတွက် ပေးဆက်နိုင်တာ တစ်ခုမဟုတ် တစ်ခု ရှိပါတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပေးဆက်တာကို ယေဟောဝါ တန်ဖိုးထားတယ်။ များများစားစား မဟုတ်ရင် နေပါစေ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ ထည့်တာကို သတိထားမိတယ်။ ရှက်တတ်ပေမဲ့ အစည်းအဝေးတွေမှာ လက်ထောင်ပြီး မှတ်ချက်ပေးဖို့ ကြိုးစားတဲ့အခါ ဝမ်းသာတယ်။ တခြားသူတွေကို ခွင့်လွှတ်တဲ့အခါ ပီတိဖြစ်တယ်။ ကိုယ်လုပ်ချင်သလောက် မလုပ်နိုင်ဘူးလို့ ခံစားရရင်တောင် လုပ်နိုင်သလောက်ကို ယေဟောဝါ တန်ဖိုးထားတယ်၊ ကိုယ့်ကို ချစ်တယ်၊ ဆုချမယ်ဆိုတာ စိတ်ချပါ။—လု. ၂၁:၁-၄။
A NUNGTA PASIAN TAWH KINAISUAK IN
14. Jehovah tawh kinaihna in cihtak nadingin koi bangin hong huh a hiam? (Lim zong en in.)
၁၄ ယေဟောဝါဘုရားနဲ့ ရင်းနှီးနေရင် သစ္စာရှိဖို့ လွယ်တယ်။ ယောသပ်အကြောင်း စဉ်းစားကြည့်ပါ။ လိင်အကျင့်ယိုယွင်းမှုကို ပြတ်ပြတ်သားသား ငြင်းပယ်တယ်။ ဘုရားနဲ့ ရင်းနှီးနေလို့ ဘုရားစိတ် မငြိုငြင်စေချင်တာ။ (က. ၃၉:၉) ကျွန်တော်တို့လည်း ဘုရားနဲ့ ရင်းနှီးနေချင်ရင် အချိန်ပေး ဆုတောင်းရမယ်၊ ကျမ်းစာလေ့လာရမယ်။ ဘုရားနဲ့ ရင်းနှီးလာပြီဆိုရင် ယောသပ်လိုပဲ ဘုရားစိတ် ငြိုငြင်မယ့်အရာ ဘာကိုမှ လုပ်မှာ မဟုတ်ဘူး။—ယာ. ၄:၈။
အသက်ရှင်နေတဲ့ ဘုရားနဲ့ ရင်းနှီးနေတာက သစ္စာရှိဖို့ ကူညီပေး (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)
15. Sehnel gamah Israel mite hong bangci uh a hiam? Bang sin thei i hiam? (Hebru 3:12)
၁၅ ယေဟောဝါဟာ အသက်ရှင်နေတဲ့ ဘုရား ဖြစ်တယ်ဆိုတာ မေ့သွားရင် ဘုရားနဲ့ အလွယ်တကူ ဝေးသွားနိုင်တယ်။ တောကန္တာရမှာ အစ္စရေးတွေ ဘာဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယေဟောဝါ ရှိတယ်ဆိုတာ သူတို့ သိကြတယ်။ ဒါပေမဲ့ သူတို့ကို ကူညီပါ့မလားဆိုပြီး သံသယ ဝင်လာကြတယ်။ “ငါတို့နဲ့အတူ ယေဟောဝါ ရှိသလား မရှိဘူးလား” လို့တောင် မေးခွန်းထုတ်ကြတယ်။ (ထွ. ၁၇:၂၊ ၇) အဲဒီနောက် ပုန်ကန်ကြတော့တယ်။ ဒါ သတိပေး ပုံနမူနာပါပဲ။ သူတို့ရဲ့ မနာခံတဲ့ လမ်းစဉ်ကို ကျွန်တော်တို့ မလိုက်ချင်ကြပါဘူး။—ဟီဘရူး ၃:၁၂ ကို ဖတ်ပါ။
16. Bang thute in i upna hong ze-et khathei a hiam?
၁၆ ဘုရားနဲ့ ဆက်ရင်းနှီးရခက်အောင် လောက,က လုပ်နေတယ်။ ဘုရား ရှိတယ်ဆိုတာကို လူများစွာ မယုံကြဘူး။ များသောအားဖြင့် ဘုရားတရား မကိုင်းရှိုင်းသူတွေ ကောင်းစားနေကြပုံပဲ။ ဒါတွေကို မြင်တဲ့အခါ ကျွန်တော်တို့ ယုံကြည်ခြင်း စမ်းသပ်ခံရနိုင်တယ်။ ဘုရား ရှိတယ်ဆိုတာ ယုံပေမဲ့ ကိုယ့်ကို ကူညီပါ့မလားဆိုပြီး သံသယ ဝင်လာနိုင်တယ်။ ဆာလံ ၇၃ ကျမ်းရေးသူလည်း အဲဒီလို သံသယ ဝင်ခဲ့တယ်။ ဘုရားပညတ်တွေကို လျစ်လျူရှုသူတွေ ကောင်းစားနေတာ တွေ့လို့ပဲ။ ဒါကြောင့် ဘုရားအမှုဆောင်တာ အကျိုးကော ရှိရဲ့လားဆိုပြီး တွေးလာတယ်။—ဆာ. ၇၃:၁၁-၁၃။
17. Jehovah tawh kinaisuak dingin bang in hong huh ding a hiam?
၁၇ အမြင်မှန် ရဖို့ ဆာလံကျမ်းရေးသူ ဘာလုပ်သလဲ။ ယေဟောဝါကို မေ့သွားသူတွေ ဘာကြုံရမယ်ဆိုတာ တွေးတောဆင်ခြင်တယ်။ (ဆာ. ၇၃:၁၈၊ ၁၉၊ ၂၇) ဘုရားအမှုဆောင်သူတွေ ဘာအကျိုးရမယ်ဆိုတာ စဉ်းစားတယ်။ (ဆာ. ၇၃:၂၄) ကျွန်တော်တို့လည်း ယေဟောဝါရဲ့ ကောင်းချီးတွေကို ပြန်စဉ်းစားကြည့်နိုင်တယ်။ ယေဟောဝါကိုသာ မကိုးကွယ်ခဲ့ရင် ကိုယ့်ဘဝ ဘယ်လိုများ ဖြစ်နေမလဲဆိုပြီး မြင်ယောင်ကြည့်နိုင်တယ်။ ဒီလို စဉ်းစားကြည့်ရင်၊ မြင်ယောင်ကြည့်ရင် ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်မယ်။ “ကျွန်တော့်အတွက်တော့ ဘုရားသခင့် အနီးအပါးမှာ နေရတာ အကျိုးရှိပါတယ်” ဆိုပြီး ဆာလံကျမ်းရေးသူလို ပြောနိုင်မယ်။—ဆာ. ၇၃:၂၈။
18. Mailam hun bang hangin lungmuang takin nawk zo ding i hiam?
၁၈ “အသက်ရှင်ပြီး စစ်မှန်တဲ့ ဘုရားသခင်ဆီမှာ အစေခံ” နေတာ ဖြစ်လို့ နောက်ဆုံးကာလအတွင်း ဘာအခက်အခဲပဲ ကြုံရကြုံရ ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။ (၁ သက်. ၁:၉) ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားဟာ ဝတ်ပြုကိုးကွယ်သူတွေကို ဂရုစိုက်တဲ့၊ အမြဲ ကူညီတဲ့ ဘုရား ဖြစ်တယ်။ အတိတ်က ကျွေးကျွန်တွေနဲ့အတူ ရှိခဲ့သလို ဒီနေ့အချိန်မှာလည်း ကျွန်တော်တို့နဲ့အတူ ရှိနေတယ်။ မကြာခင် ကမ္ဘာပေါ်မှာ တစ်ခါမှ မဖြစ်ဖူးသေးတဲ့ ကြီးစွာသောဒုက္ခ ဖြစ်လာတော့မယ်။ ဒါပေမဲ့ တစ်ယောက်တည်း ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ ယေဟောဝါ အတူရှိနေပါလိမ့်မယ်။ (ဟေရှာ. ၄၁:၁၀) “ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး” လို့ ကျွန်တော်တို့အားလုံး ရဲရဲဝံ့ဝံ့ ပြောနိုင်ကြပါစေ။—ဟီ. ၁၃:၅၊ ၆။
LA 3 တို့မျှော်လင့်ကိုးစားရာ