SIN DING THU 29
LA 121 ချုပ်တည်းကြရမယ်
Ze-etnate-ah Puk Khak Loh Nading Kidawm Tawntung In
“Ze-etna ah na puk khak loh nadingun thu ngen un.”—MAT. 26:41.
အာရုံစိုက်ရာ
အမှားမလုပ်မိဖို့၊ အမှားလုပ်မိစေနိုင်တဲ့ ခြေလှမ်းတွေ မလှမ်းမိဖို့ ဘာကြောင့် အရေးကြီးကြောင်း ဒီဆောင်းပါးက နားလည်စေပါလိမ့်မယ်။
1-2. (a) Jesuh in a nungzuite koi bangin vauna pia a hiam? (b) Nungzui te’n bang hangin Jesuh tai san uh a hiam? (Lim zong en in.)
“စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်။”a (မ. ၂၆:၄၁ခ) ကျွန်တော်တို့ မစုံလင်ဘူး၊ အမှားလုပ်မိနိုင်တယ်ဆိုတာ ယေရှု နားလည်ကြောင်း ဒီစကားတွေက ဖော်ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲသင့်ကြောင်းလည်း ဒီစကားတွေက သတိပေးနေတယ်။ ယေရှုကို ဘယ်တော့မှ ထားမသွားဘူးဆိုပြီး လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကပဲ တပည့်တွေ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောထားကြတာ။ (မ. ၂၆:၃၅) သူတို့ မှန်ရာ လုပ်ချင်ကြပါတယ်။ ဒါပေမဲ့ အခက်အခဲ ကြုံတဲ့အခါ မှန်ရာ လုပ်ချင်စိတ် အလွယ်တကူ ပျောက်ဆုံးသွားနိုင်တယ်ဆိုတာ သဘောမပေါက်ကြဘူး။ ဒါကြောင့် “သွေးဆောင်မှုနောက် ပါမသွားအောင် သတိနဲ့ စောင့်ပြီး အမြဲ ဆုတောင်းနေကြပါ” လို့ ယေရှု သတိပေးတာ။—မ. ၂၆:၄၁က။
၂ ဝမ်းနည်းစရာက တပည့်တွေ သတိမရှိခဲ့ကြဘူး။ ယေရှု အဖမ်းခံရချိန် ယေရှုဘေးမှာ ဆက်နေခဲ့ကြသလား။ ဒါမှမဟုတ် ကြောက်ကြောက်လန့်လန့် ထွက်ပြေးခဲ့ကြသလား။ သတိမရှိတဲ့အတွက် သူတို့ ဘယ်တော့မှ မလုပ်ပါဘူးလို့ ပြောထားတာကိုမှ လုပ်မိသွားကြတယ်။ ယေရှုကို ထားခဲ့ပြီး ထွက်ပြေးကြတာပါ။—မ. ၂၆:၅၆။
သွေးဆောင်မှုတွေကို အမြဲ သတိထားဖို့ ယေရှု သတိပေးပေမဲ့ ယေရှုကို ထားပြီး တပည့်တွေ ထွက်ပြေးသွား (စာပိုဒ် ၁-၂ ကို ကြည့်ပါ)
3. (a) Jehovah tung cihtak nadingin ei le ei a khengvala kimuan ding bang hang hi lo a hiam? (b) Hih thulu-ah bang thu kikum ding i hiam?
၃ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလို့မရဘူး။ ယေဟောဝါ မနှစ်သက်တာ ဘာကိုမှ မလုပ်ဘူးလို့ စိတ်ပိုင်းဖြတ်ထားကြတာ မှန်ပါတယ်။ ဒါပေမဲ့ မစုံလင်တဲ့အတွက် သွေးဆောင်မှုနောက် အလွယ်တကူ ပါသွားနိုင်တယ်။ (ရော. ၅:၁၂။ ၇:၂၁-၂၃) အမှားလုပ်မိနိုင်တဲ့ အခြေအနေထဲ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ရောက်နေနိုင်တယ်။ ယေဟောဝါဘုရားနဲ့ သားတော် ယေရှုကို သစ္စာရှိနေနိုင်ဖို့ဆိုရင် ယေရှု သတိပေးထားသလို သွေးဆောင်မှုတွေကို အမြဲ သတိထားရမယ်။ အမြဲ သတိထားနိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။ ဘာတွေကို အထူး သတိထားရမလဲ၊ ဘယ်လို သတိထားရမလဲ၊ ဘယ်လို ဆက်ပြီး သတိတရား လက်ကိုင်ထားရမလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
A THUPI DIAKIN BANG THUTE KIDOP KUL A HIAM?
4-5. Thu neute nangawnah zong bang hang kidop tawntung ding kisam a hiam?
၄ သေးသေးမွှားမွှား အမှားလေးပဲ ဖြစ်နေပါစေ ယေဟောဝါနဲ့ ဆက်ဆံရေးကို အားနည်းသွားစေနိုင်တယ်။ ပိုကြီးတဲ့ အမှားတွေ လုပ်မိစေနိုင်တယ်။
၅ အမှားလုပ်ဖို့ ကျွန်တော်တို့အားလုံး သွေးဆောင်ခံရနိုင်တယ်။ ကျွန်တော်တို့ယောက်တိုင်းမှာ ပျော့ကွက် ကိုယ်စီ ရှိလို့ အထူးသဖြင့် အဲဒီပျော့ကွက်တွေကပဲ ကိုယ့်အတွက် သွေးဆောင်မှု ပိုဖြစ်စေမှာ။ ဥပမာ၊ တချို့က လိင်အကျင့်ယိုယွင်းခြင်းလိုမျိုး ကြီးလေးတဲ့အပြစ် မလုပ်မိဖို့ တိုက်လှန်နေရနိုင်တယ်။ တချို့ကျတော့ တစ်ကိုယ်ရေ အာသာဖြေခြင်း၊ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်ခြင်း စတဲ့ မသန့်ရှင်းတဲ့ အကျင့်တွေကို တိုက်လှန်နေရနိုင်တယ်။ တချို့ကျပြန်တော့ လူကြောက်တာ၊ မာနကြီးတာ၊ ဒေါသထွက်လွယ်တာ ဒါမှမဟုတ် တခြားအရာတစ်ခုခုကို တိုက်လှန်နေရနိုင်တယ်။ ယာကုပ် ပြောသလိုပဲ ‘ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာဟာ လူတိုင်းအတွက် စမ်းသပ်မှုပါ။’—ယာ. ၁:၁၄။
6. Bang pen kiettel ding kisam a hiam?
၆ ဘာတွေက ကိုယ့်အတွက် သွေးဆောင်မှု အဖြစ်ဆုံးလဲဆိုတာ သိသလား။ ကိုယ့်ပျော့ကွက်ကို အသိအမှတ်မပြုတာ၊ ကိုယ့်စိတ်ကိုယ် နိုင်တယ်၊ အပြစ်လုပ်မိလောက်တဲ့အထိ အားမနည်းပါဘူးလို့ တွေးတာဟာ ကိုယ့်ကိုယ်ကိုယ် လှည့်စားတာပဲ။ ဒါ အန္တရာယ်ရှိတယ်။ (၁ ယော. ၁:၈) “ဘုရားရေးရာ အရည်အသွေး” ရှိသူတွေတောင် သတိမထားရင် အပြစ်သွေးဆောင်ခံရနိုင်တယ်လို့ ပေါလု ပြောတယ်။ (ဂလ. ၆:၁) ဒါကြောင့် ကျွန်တော်တို့ ရိုးရိုးသားသား ဆန်းစစ်ရမယ်။ ကိုယ့်ပျော့ကွက်တွေကို အသိအမှတ်ပြုရမယ်။—၂ ကော. ၁၃:၅။
7. A thupi diakin bang pen kidop kul a hiam? Gentehna pia in.
၇ ကိုယ့်အတွက် သွေးဆောင်မှု အဖြစ်ဆုံးအရာတွေကို သိပြီဆိုရင် ဘာလုပ်သင့်သလဲ။ တွန်းလှန်နိုင်အား မြှင့်ရမယ်။ ဥပမာ၊ ကျမ်းစာခေတ်က မြို့ရိုးတွေမှာ တိုက်ခိုက်ရအလွယ်ဆုံး အပိုင်းဟာ မြို့တံခါး ဖြစ်တယ်။ ဒါကြောင့် မြို့တံခါးတွေမှာ အစောင့်အများကြီး ချထားရတယ်။ ကျွန်တော်တို့လည်း ကိုယ့်အတွက် သွေးဆောင်မှု အဖြစ်ဆုံးအပိုင်းကို အထူးသဖြင့် ပိုသတိထားရမယ်။—၁ ကော. ၉:၂၇။
KOI BANGA KIDOP KUL A HIAM?
8-9. Paunak a lian 7-a tangvalpa in mawhna lianpi a bawl khak loh nadingin bang a sep ding kilawm a hiam? (Paunak 7:8, 9, 13, 14, 21)
၈ ကျွန်တော်တို့ ဘယ်လို သတိထားရမလဲ။ ပညာအလိမ္မာ အခန်းကြီး ၇ မှာ ပါတဲ့ လူငယ်လေးအကြောင်း သုံးသပ်ကြည့်ပါ။ မိန်းမပျက်တစ်ယောက်နဲ့ အဲဒီလူငယ်လေး လိင်အကျင့်ယိုယွင်းတယ်။ မိန်းမပျက်နောက် “ကောက်ကောက်ပါအောင် လိုက်သွားတော့တယ်” လို့ အခန်းငယ် ၂၂ မှာ ဖော်ပြထားတယ်။ ရုတ်တရက် ထောင်ချောက်မိသွားပုံပဲ။ ဒါပေမဲ့ ရှေ့အခန်းငယ်တွေကို ကြည့်ရင် အမှားလုပ်မိနိုင်တဲ့ ခြေလှမ်းအများကြီးကို လူငယ်လေး တစ်လှမ်းပြီး တစ်လှမ်း လှမ်းခဲ့မိမှန်း သိရတယ်။
၉ လူငယ်လေး ဘယ်ခြေလှမ်းတွေ လှမ်းခဲ့သလဲ။ ညနေစောင်းမှာ “အဲဒီမိန်းမရဲ့ အိမ်နားက လမ်းထောင့်ကို လျှောက်လာပြီး အဲဒီအိမ်ဘက်ကို ဦးတည်သွား” တယ်။ (ပညာအလိမ္မာ ၇:၈၊ ၉ ကို ဖတ်ပါ။) မိန်းမပျက်နဲ့ တွေ့တဲ့အချိန်မှာ လှည့်ထွက်မလာဘူး။ နမ်းတာကို ငြိမ်ခံတယ်။ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သတဲ့အကြောင်း မိန်းမပျက် ပြောတာကိုတောင် နားထောင်လိုက်သေးတယ်။ ဘုရားတရား မရှိတဲ့ မိန်းမလို့ မထင်စေချင်လို့ အဲဒီအကြောင်းတွေ ပြောပြတာ ဖြစ်နိုင်တယ်။ (ပညာအလိမ္မာ ၇:၁၃၊ ၁၄၊ ၂၁ ကို ဖတ်ပါ။) အမှားလုပ်မိစေနိုင်တဲ့ ဒီခြေလှမ်းတွေကိုသာ လူငယ်လေး မလှမ်းခဲ့ရင် သွေးဆောင်ခံရမှာ မဟုတ်သလို အမှားလုပ်မိမှာလည်း မဟုတ်ဘူး။
10. Paunak Laibu-a tangvalpa bangin tu hunah koi bang danin mawhna kibawl khathei a hiam?
၁၀ ယေဟောဝါကို ကိုးကွယ်သူ ဘယ်သူမဆို ကြုံရနိုင်တဲ့အရာကို ဒီမှတ်တမ်းက ဖော်ပြတယ်။ ကြီးလေးတဲ့အမှား လုပ်မိတဲ့အခါမျိုးမှာ “ကောက်ကာငင်ကာ လုပ်မိသွားတာ။ ကိုယ့်ဘာသာကိုယ်တောင် မသိလိုက်ဘူး” လို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ ကိုယ့်လုပ်ရပ်တွေကို အသေအချာ ပြန်စဉ်းစားကြည့်တဲ့အခါ အမှားလုပ်မိစေနိုင်တဲ့ ခြေလှမ်းတွေ လှမ်းထားခဲ့မိမှန်း သဘောပေါက်လာမယ်။ အဲဒီခြေလှမ်းတွေထဲမှာ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ ပေါင်းတာ၊ အကျိုးမရှိတဲ့ ဖျော်ဖြေရေးတွေ ကြည့်တာ၊ ခရစ်ယာန်တစ်ယောက်အတွက် မသင့်တော်တဲ့ နေရာတွေ သွားတာ၊ မကြည့်သင့်တဲ့ ဝက်ဘ်ဆိုက်တွေ ဝင်ကြည့်တာ ပါတယ်။ ဆုမတောင်းတော့တာ၊ ကျမ်းစာမဖတ်တော့တာ၊ အစည်းအဝေး မတက်တော့တာ၊ အမှုဆောင်လုပ်ငန်းမှာ မပါဝင်တော့တာလည်း ပါတယ်။ အသေအချာ ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ပညာအလိမ္မာကျမ်းမှာ ပါတဲ့ လူငယ်လေးလိုပဲ ကောက်ကာငင်ကာ အမှားလုပ်မိတာ မဟုတ်မှန်း သိလာမယ်။
11. Mawhna bawl khak loh nadingin bangteng kidop ding kisam a hiam?
၁၁ ဘာသင်ခန်းစာ ရသလဲ။ အမှားမလုပ်မိဖို့သာမက အမှားလုပ်မိစေနိုင်တဲ့ ခြေလှမ်းတွေ မလှမ်းမိဖို့ပါ သတိထားရမယ်။ လူငယ်လေးနဲ့ မိန်းမပျက်အကြောင်း ပြောပြီးနောက် ဒီအချက်နဲ့ပတ်သက်ပြီး “သူ့ရဲ့ လမ်းတွေနား ယောင်လည်လည် သွားလုပ်မနေနဲ့” လို့ ရှောလမုန် အကြံပေးတယ်။ (ပညာ. ၇:၂၅) “အဲဒီမိန်းမကို ဝေးဝေးရှောင်ပါ။ သူ့အိမ်ပေါက်ဝနား မသွားနဲ့” လို့လည်း ပြောတယ်။ (ပညာ. ၅:၃၊ ၈) အမှားလုပ်မိစေနိုင်တဲ့အရာတွေ၊ အခြေအနေတွေကို ဝေးဝေးရှောင်ခြင်းအားဖြင့် ကျွန်တော်တို့ သတိထားကြရမယ်။b လုပ်ရပ်တစ်ခု၊ အခြေအနေတစ်ခုဟာ ခရစ်ယာန်တွေအတွက် မှားနေတာမျိုး မဟုတ်ပေမဲ့ သွေးဆောင်မှု ဖြစ်စေနိုင်တယ်ဆိုရင် ရှောင်ကြရမယ်။—မ. ၅:၂၉၊ ၃၀။
12. Job in a lungsim koici khensat a hiam? Tua in ze-etna-ah a puk loh nadingin bangci huh a hiam? (Job 31:1)
၁၂ အမှားလုပ်မိစေနိုင်တဲ့ အခြေအနေတွေကို ရှောင်နိုင်ဖို့ဆိုရင် စိတ်ပိုင်းဖြတ်ချက် ခိုင်မာနေရမယ်။ ဥပမာ၊ ယောဘဟာ တခြားမိန်းမတွေကို တပ်မက်စိတ်နဲ့ မကြည့်ဖို့ “ကိုယ့်မျက်စိနဲ့ ကတိသစ္စာပြုထား” တယ်။ (ယောဘ ၃၁:၁ ကို ဖတ်ပါ။) ကတိသစ္စာပြုထားတဲ့အတိုင်း နေလို့ အိမ်ထောင်ရေး ဖောက်ပြန်တာလိုမျိုး အပြစ်တွေကို ရှောင်နိုင်ခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့လည်း သွေးဆောင်မှု ဖြစ်စေနိုင်တဲ့ ဘယ်အရာကိုမဆို ရှောင်ဖို့ စိတ်ပိုင်းဖြတ်ထားနိုင်တယ်။
13. Lungsim ngaihsutnate bang hang kidop kul a hiam? (Lim zong en in.)
၁၃ ကျွန်တော်တို့ရဲ့ အတွေးတွေကိုလည်း သတိထားရမယ်။ (ထွ. ၂၀:၁၇) မကောင်းတာတွေ လက်တွေ့မလုပ်သရွေ့ တွေးတာလောက်က မမှားပါဘူးလို့ တချို့ ပြောကြတယ်။ ဒါပေမဲ့ မှားတယ်။ မကောင်းတဲ့ ဆန္ဒတွေကို တစိမ့်စိမ့် တွေးတာက အဲဒီဆန္ဒတွေကို ပိုကြီးထွားလာစေတယ်။ သွေးဆောင်မှုကို တွန်းလှန်ရမခက်ခက်အောင် ကိုယ်တိုင် ဖန်တီးလိုက်တာနဲ့ တူတယ်။ ကျွန်တော်တို့စိတ်ထဲ မကောင်းတဲ့ အတွေးတွေ ဝင်လာတတ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဝင်လာပြီဆိုရင် ချက်ချင်း ထုတ်ပစ်ရမယ်။ ကောင်းတဲ့ အတွေးတွေနဲ့ ချက်ချင်း အစားထိုးရမယ်။ ဒါဆိုရင် တွန်းလှန်ရခက်တဲ့အထိ မကောင်းတဲ့ ဆန္ဒတွေ ကြီးထွားလာတာမျိုး၊ အမှားလုပ်မိသွားတာမျိုး မဖြစ်တော့ဘူး။—ဖိ. ၄:၈။ ကော. ၃:၂။ ယာ. ၁:၁၃-၁၅။
သွေးဆောင်မှု ဖြစ်စေနိုင်တဲ့ ဘယ်အရာမဆို ရှောင်ဖို့ လို (စာပိုဒ် ၁၃ ကို ကြည့်ပါ)
14. Ze-etnate-ah puk khak loh nadinga kidop zawh nadingin bang in hong huh lai ding a hiam?
၁၄ သွေးဆောင်မှုတွေကို သတိထားနိုင်ဖို့ ဘာက ကူညီပေးဦးမလဲ။ ယေဟောဝါရဲ့ ပညတ်တွေကို နာခံရင် အမြဲ အကျိုးရှိတယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်စိတ်ချခြင်းပါ။ ယေဟောဝါ နှစ်သက်တဲ့ ဆန္ဒ၊ အတွေး ရှိဖို့ ကြိုးစားရတာ တစ်ခါတလေ ခက်နိုင်တယ်။ ခက်ပေမဲ့ ကြိုးစားမယ်ဆိုရင် စိတ်အေးချမ်းပျော်ရွှင်ရမှာ ဖြစ်လို့ ကြိုးစားရကျိုး နပ်ပါတယ်။
15. Thu hoih sep nopna in ze-etna do dingin koi bangin hong huh ding a hiam?
၁၅ ကောင်းတာ လုပ်ချင်တဲ့ ဆန္ဒလည်း ရှိရမယ်။ ‘မကောင်းမှုကို မုန်းပြီး ကောင်းမှုကို ချစ်’ တတ်လာရင် ကောင်းတာ လုပ်မယ်၊ မကောင်းတာ လုပ်မိစေနိုင်တဲ့ အခြေအနေတွေကို ရှောင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာမယ်။ (အာ. ၅:၁၅) ထင်မထားတဲ့၊ ရှောင်လွှဲလို့မရတဲ့ အခြေအနေတွေနဲ့ ကြုံရတဲ့အခါ ကောင်းတာ လုပ်ချင်တဲ့ ဆန္ဒက သွေးဆောင်မှုကို တွန်းလှန်ဖို့ ကူညီပေးတယ်။
16. Pasian nasepnate in ze-etna do zo dingin koi bangin hong huh ding a hiam? (Lim zong en in.)
၁၆ ကောင်းတာ လုပ်ချင်တဲ့ ဆန္ဒ ဘယ်လို ရှိလာနိုင်သလဲ။ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ အလုပ်များနေခြင်းအားဖြင့်ပါ။ အစည်းအဝေး တက်နေချိန်၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေချိန်မှာ ယေဟောဝါ နှစ်သက်တာကို လုပ်ချင်စိတ် များနေမှာ ဖြစ်လို့ သွေးဆောင်ခံရဖို့လမ်း သိပ်မရှိဘူး။ (မ. ၂၈:၁၉၊ ၂၀။ ဟီ. ၁၀:၂၄၊ ၂၅) ကျမ်းစာဖတ်တာ၊ လေ့လာတာ၊ တွေးတောဆင်ခြင်တာကလည်း ကောင်းမှုကို ချစ်စိတ်၊ မကောင်းမှုကို မုန်းစိတ် တိုးလာစေတယ်။ (ယောရှု ၁:၈။ ဆာ. ၁:၂၊ ၃။ ၁၁၉:၉၇၊ ၁၀၁) “သွေးဆောင်မှုနောက် ပါမသွားအောင် . . . အမြဲ ဆုတောင်းနေကြပါ” ဆိုတဲ့ ယေရှုစကားကိုလည်း သတိရပါ။ (မ. ၂၆:၄၁) ဆုတောင်းတာဟာ ကျွန်တော်တို့ကို ဘုရား ကူညီပေးလို့ရအောင် လမ်းဖွင့်ပေးလိုက်တာပဲ။ ဘုရား နှစ်သက်တာကို လုပ်ချင်စိတ် ခိုင်မာအောင် လုပ်နေတာပဲ။—ယာ. ၄:၈။
ဘုရားရေးရာ လုပ်ဆောင်မှုတွေကို မှန်မှန် လုပ်တာက သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ ကူညီပေး (စာပိုဒ် ၁၆ ကို ကြည့်ပါ)c
KIDAWM TAWNTUNG IN
17. Peter in bang thanemna na do tawntung a hiam?
၁၇ အားနည်းချက်တချို့ကို ကျွန်တော်တို့ အပြီးအပိုင် ရှင်းထုတ်လိုက်နိုင်ပေမဲ့ အားနည်းချက်တချို့ကိုတော့ အချိန်အတော်ကြာတဲ့အထိ တိုက်လှန်နေရဆဲ ဖြစ်နိုင်တယ်။ တမန်တော် ပေတရုအကြောင်း စဉ်းစားကြည့်ပါ။ လူကြောက်စိတ်ကြောင့် ယေရှုကို မသိဘူးလို့ သုံးကြိမ် ငြင်းခဲ့တယ်။ (မ. ၂၆:၆၉-၇၅) နောက်ပိုင်း၊ ဂျူးတရားရုံးချုပ်ခန်းမမှာ ယေရှုအကြောင်း သတ္တိရှိရှိ သက်သေခံတာကို ကြည့်ရင် ကြောက်စိတ် တိုက်လှန်လိုက်နိုင်ခဲ့ပုံပဲ။ (တ. ၅:၂၇-၂၉) ဒါပေမဲ့ နောက်နှစ်အနည်းငယ် ကြာတော့ ‘အရေဖျားဖြတ်ထားသူတွေကို ကြောက်’ လို့ လူမျိုးခြား ခရစ်ယာန်တွေနဲ့ မစားသောက်တော့ဘူး။ (ဂလ. ၂:၁၁၊ ၁၂) ပေတရုရဲ့ အားနည်းချက် ပြန်ပေါ်လာပြီ။ တစ်သက်လုံး အဲဒီအားနည်းချက်ကို အပြီးအပိုင် မရှင်းထုတ်နိုင်ခဲ့ပုံပဲ။
18. Thanemna pawlkhat a do zo-in i kingaihsun zongin bang piang thei a hiam?
၁၈ ကျွန်တော်တို့လည်း ပေတရုလို ကြုံရနိုင်တယ်။ ရှင်းထုတ်လိုက်နိုင်ပြီလို့ ထင်တဲ့ အားနည်းချက်တွေ ပြန်ပေါ်လာနိုင်တယ်။ “ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ ကျွန်တော် မကြည့်တော့တာ ဆယ်နှစ် ရှိပြီ။ အကျင့် ဖျောက်လိုက်နိုင်ပြီလို့ ထင်တာ။ ဒါပေမဲ့ အကျင့်က ပျောက်သွားတာ မဟုတ်ဘဲ ငုပ်နေတာ။ အလစ်ဝင်တိုက်ဖို့ ချောင်းနေတဲ့ သားရဲလိုပဲ” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။ ချီးကျူးစရာက အဲဒီညီအစ်ကို အရှုံးမပေးဘူး။ အားနည်းချက်ကို တိုက်လှန်ဖို့ နေ့တိုင်း ကြိုးစားရမယ်ဆိုတာ သဘောပေါက်တယ်။ ဒီလောကစနစ်မှာတော့ တစ်သက်လုံး တိုက်လှန်သွားရတာတောင် ဖြစ်နိုင်တယ်။ ဇနီးဖြစ်သူနဲ့ အကြီးအကဲတွေရဲ့ အကူအညီကြောင့် ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ မကြည့်မိဖို့ ပိုသတိထားနိုင်လာတယ်။
19. Thanem thei tawntung ihih leh bang sem thei i hiam?
၁၉ အရိုးစွဲနေတဲ့ အားနည်းချက်ကြောင့် အမှားမလုပ်မိအောင် ဘာလုပ်နိုင်သလဲ။ သွေးဆောင်မှုတွေကို အမြဲ သတိထားပါဆိုတဲ့ ယေရှုရဲ့ သတိပေးချက်ကို လိုက်နာရမယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ခိုင်တယ်လို့ ထင်တဲ့ အချိန်တွေမှာတောင် သွေးဆောင်မှု ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ဆက်ရှောင်ပါ။ (၁ ကော. ၁၀:၁၂) အားနည်းချက် တိုက်လှန်ဖို့ ကိုယ့်ကို အရင်က ကူညီပေးခဲ့တဲ့အရာတွေကို ဆက်လုပ်နေပါ။ “သတိတရား လက်ကိုင်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ပညာအလိမ္မာ ၂၈:၁၄ မှာ ဆိုထားတယ်။—၂ ပေ. ၃:၁၄။
KIDOPNA HANGA HAMPHATNATE
20-21. (a) Ze-etnate do leng bang hamphatna kingah ding a hiam? (b) Eima tek ii tavuan zo ciat leng Jehovah in bang hong sepsak ding a hiam? (2 Korin 4:7)
၂၀ သွေးဆောင်မှုတွေကို အမြဲ သတိထားရကျိုး နပ်ပါတယ်။ အမှားလုပ်တဲ့အခါ “ခဏပျော်ပါး” ရပေမဲ့ ယေဟောဝါရဲ့ စံနှုန်းတွေကို လိုက်နာရင် ရမယ့် ပျော်ရွှင်မှုနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး။ (ဟီ. ၁၁:၂၅။ ဆာ. ၁၉:၈) ဘုရားစံနှုန်းတွေကို လိုက်နာဖို့ ကျွန်တော်တို့ ပုံစံပြုခံထားရလို့ပါပဲ။ (က. ၁:၂၇) ဒါကြောင့် ဘုရားစံနှုန်းတွေကို လိုက်နာရင် သိစိတ်ကြည်လင်မယ်၊ ထာဝရအသက်လည်း ရမယ်။—၁ တိ. ၆:၁၂။ ၂ တိ. ၁:၃။ ယု. ၂၀၊ ၂၁။
၂၁ “ကိုယ်ခန္ဓာက အားနည်းတယ်။” ဒါပေမဲ့ အားနည်းချက်တွေကို မတိုက်လှန်နိုင်ဘူးလို့ မဆိုလိုဘူး။ တိုက်လှန်နိုင်ဖို့ လိုအပ်တဲ့ တန်ခိုးခွန်အား ယေဟောဝါ ပေးမယ်။ (၂ ကောရိန္သု ၄:၇ ကို ဖတ်ပါ။) ဒါပေမဲ့ ယေဟောဝါ ပေးမှာဟာ သာမန်ထက် ထူးကဲတဲ့ တန်ခိုး ဖြစ်တယ်ဆိုတာ သတိပြုပါ။ ဒါကြောင့် အားနည်းချက်တွေ တိုက်လှန်ဖို့ ကိုယ့်အစွမ်းခွန်အားကို အရင် သုံးဖို့ဟာ ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်တယ်။ ကိုယ့်တာဝန်ကိုယ် ကျေရင် ထပ်ဆင့် တန်ခိုးခွန်အား ရဖို့ ဆုတောင်းတဲ့အခါ ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (၁ ကော. ၁၀:၁၃) ယေဟောဝါရဲ့ အကူအညီကြောင့် သွေးဆောင်မှုတွေကို အမြဲ တိုက်လှန်နိုင်ပါတယ်။
LA 47 ယေဟောဝါဆီ နေ့စဉ် ဆုတောင်းပါ
a စကားလုံး ရှင်းလင်းချက်။ မဿဲ ၂၆:၄၁ မှာ ယေရှု ပြောတဲ့ “စိတ်” ဆိုတာ မှန်ရာ လုပ်ချင်စိတ်ကို ဆိုလိုတယ်။ “ကိုယ်ခန္ဓာ” ဆိုတာ မစုံလင်သူ၊ အပြစ်သား ဖြစ်လို့ ကျွန်တော်တို့ အတွေးအခေါ်၊ လုပ်ရပ် မှားတတ်တာကို ဆိုလိုတယ်။ ဒါကြောင့် မှန်ရာ လုပ်ချင်စိတ် ရှိရင်တောင် သတိမထားရင် သွေးဆောင်မှုနောက် ပါသွားပြီး အမှားလုပ်မိနိုင်တယ်။
b ကြီးလေးတဲ့အပြစ် လုပ်မိသူဟာ အကူအညီ ရဖို့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၅၇ အချက် ၁-၃ နဲ့ ၂၀၂၀၊ နိုဝင်ဘာလ ကင်းမျှော်စင် မှာ ပါတဲ့ “ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ” ဆောင်းပါး စာ. ၂၇-၂၉၊ ပိုဒ်. ၁၂-၁၇ ကို ကြည့်ပါ။
c ပုံအညွှန်း– ညီအစ်ကိုတစ်ယောက် နံနက်ခင်းမှာ နေ့စဉ်ကျမ်းချက် ဖတ်နေ၊ နေ့လယ်နားချိန်မှာ ကျမ်းစာ ဖတ်နေ၊ ညနေခင်းမှာ ကြားရက် အစည်းအဝေး တက်နေ။