SIN DING THU 26
LA 123 ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း
I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
“Pasian vanglian mahmah a, eite’ theih zawh hi lo hi.”—JOB 37:23.
အာရုံစိုက်ရာ
ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုရင်၊ သိထားတာတွေကို အာရုံစိုက်ရင်၊ ယေဟောဝါကို ယုံကြည်ကိုးစားရင် အခက်အခဲတွေ ခံရပ်နိုင်မယ်။
1. Jehovah in bang hih theihnate hong pia a hiam? Ba’hang hiam?
ကျွန်တော်တို့ကို တွေးခေါ်နိုင်စွမ်း၊ လေ့လာသင်ယူနိုင်စွမ်း၊ နားလည်သဘောပေါက်နိုင်စွမ်း၊ လက်တွေ့အသုံးချနိုင်စွမ်း ယေဟောဝါဘုရား ထည့်သွင်းဖန်ဆင်းထားတယ်။ ဘာကြောင့်လဲ။ “ဘုရားနဲ့ပတ်သက်တဲ့ အသိပညာ” ရစေချင်လို့၊ စဉ်းစားဆင်ခြင်နိုင်စွမ်း သုံးပြီး အမှုဆောင်စေချင်လို့ပါပဲ။—ပညာ. ၂:၁-၅။ ရော. ၁၂:၁။
2. (a) Eite in bang ciangtanna nei i hiam? (Job 37:23, 24) (Lim zong en in.) (b) I theih lohte om ahihlam kinuaikoihna lungsim tawh sang lehang, bang hamphatna ngah ding i hiam?
၂ လေ့လာသင်ယူနိုင်စွမ်း ရှိပေမဲ့ ကျွန်တော်တို့ သိနိုင်တာ အကန့်အသတ် ရှိတယ်။ (ယောဘ ၃၇:၂၃၊ ၂၄ ကို ဖတ်ပါ။) ယောဘအကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါ မေးခွန်း တသီတတန်းကြီး မေးလိုက်တော့မှပဲ ကိုယ်မသိတာတွေ အများကြီး ရှိမှန်း ယောဘ သဘောပေါက်သွားတယ်။ စိတ်နှိမ့်ချသွားတယ်။ အတွေးအခေါ် ပြောင်းလဲသွားတယ်။ (ယောဘ ၄၂:၃-၆) ကျွန်တော်တို့လည်း မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုရင် အကျိုးရမယ်။ ဘာအကျိုးလဲ။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် တကယ် သိဖို့ လိုတာတွေကို ယေဟောဝါ အသိပေးမယ်ဆိုတာ ယုံကြည်စိတ်ချလာမယ်။—ပညာ. ၂:၆။
ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ယောဘလို အသိအမှတ်ပြုတာ အကျိုးရှိ (စာပိုဒ် ၂ ကို ကြည့်ပါ)
3. Hih sin ding thu ah bang thu kikum ding i hiam?
၃ ကျွန်တော်တို့ ဘာတွေ မသိသလဲ။ မသိတဲ့အတွက် ဘာဖြစ်လာနိုင်သလဲ။ မသိတာ ဘာအကျိုးရှိသလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒီမေးခွန်းတွေရဲ့ အဖြေက ကျွန်တော်တို့ တကယ် သိဖို့ လိုတာတွေကို “အသိပညာနဲ့ ပြီးပြည့်စုံတဲ့အရှင်” ယေဟောဝါ အသိပေးမယ်ဆိုတာ ပိုယုံကြည်စိတ်ချလာစေမယ်။—ယောဘ ၃၇:၁၆။
EITE IN BEINA A TUN DING HUN THEI LO
4. Matthai 24:36-a a gen mah bangin, i theih loh thu khat in bang a hiam?
၄ မဿဲ ၂၄:၃၆ ကို ဖတ်ပါ။ ဒီလောကစနစ် အဆုံးတိုင်မယ့်အချိန် ကျွန်တော်တို့ မသိဘူး။ ယေရှုတောင် မြေကြီးပေါ် ရှိစဉ်တုန်းက “အဲဒီနေ့၊ အဲဒီအချိန်” ကို မသိဘူး။a ယေဟောဝါဟာ အချိန်ကာလ သတ်မှတ်ရှင် ဖြစ်တယ်လို့ နောက်ပိုင်းမှာ တမန်တော်တွေကို ယေရှု ပြောတယ်။ (တ. ၁:၆၊ ၇) အဆုံးရောက်မယ့်အချိန်ကို ယေဟောဝါ သတ်မှတ်ပြီးပြီ။ ဒါပေမဲ့ အဲဒီအချိန် အတိအကျကို ကျွန်တော်တို့ သိခွင့်မရှိဘူး။
5. Beina a tun ding hun thei lo ihih manin koicih om kha thei i hiam?
၅ ယေရှုစကားအရ အဆုံးရောက်ဖို့ ဘယ်လောက် စောင့်ရဦးမလဲ ကျွန်တော်တို့ မသိဘူး။ ယေဟောဝါရဲ့ နေ့ကို စောင့်မျှော်နေတာ နှစ်များစွာ ကြာပြီ ဖြစ်လို့ စိတ်မရှည်ဖြစ်လာနိုင်တယ်၊ စိတ်ဓာတ်ကျလာနိုင်တယ်။ ဒါမှမဟုတ် အဆုံးရောက်မလာသေးလို့ဆိုပြီး မိသားစုဝင်တွေ၊ တခြားသူတွေ ကဲ့ရဲ့လှောင်ပြောင်တဲ့အခါ ခံရခက်နိုင်တယ်။ (၂ ပေ. ၃:၃၊ ၄) အဆုံးရောက်မယ့်နေ့ အတိအကျကိုသာ သိရင် စိတ်ရှည်ဖို့၊ ကဲ့ရဲ့လှောင်ပြောင်မှုတွေကို ခံရပ်ဖို့ ပိုလွယ်မှာလို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။
6. Beina a tun ding hun i theih lohna in bang hamphatna om a hiam?
၆ အဆုံးရောက်မယ့်နေ့ အတိအကျကို မသိတာ ဘာအကျိုးရှိသလဲ။ ယေဟောဝါကို ချစ်လို့၊ ယုံကြည်လို့ ဝတ်ပြုတယ်ဆိုတာ သက်သေပြခွင့်ရတယ်။ သတ်မှတ်ထားတဲ့ နေ့တစ်နေ့ ရောက်ရင်ပဲ ယေဟောဝါကို ယုံကြည်ဖို့ မလိုတော့တဲ့ပုံစံနဲ့ ကျွန်တော်တို့ ဝတ်ပြုကြတာ မဟုတ်ဘူး။ “ယေဟောဝါရဲ့နေ့” ဘယ်တော့ ရောက်မယ်ဆိုတာ အဓိက အာရုံမစိုက်ဘဲ အဲဒီနေ့ ရောက်လာရင် ဘာကောင်းကျိုးတွေ ရမယ်ဆိုတာ အာရုံစိုက်ကြတယ်။ ဘုရားတရား ဆက်ကိုင်းရှိုင်းကြတယ်။ ယေဟောဝါ နှစ်သက်မယ့်အရာတွေ အစွမ်းကုန် ဆက်လုပ်ကြတယ်။—၂ ပေ. ၃:၁၁၊ ၁၂။
7. Eite in bangteng thei khin i hiam?
၇ သိထားတာတွေကို အာရုံစိုက်ဖို့ သိပ်အရေးကြီးတယ်။ ကျွန်တော်တို့ ဘာသိထားသလဲ။ ၁၉၁၄ ခုနှစ်မှာ နောက်ဆုံးကာလ စတင်တယ်ဆိုတာ သိထားတယ်။ နောက်ဆုံးကာလ စတင်မယ့်နှစ်ကို ညွှန်ပြတဲ့ ကြိုဟောချက်တွေအပြင် နောက်ဆုံးကာလမှာ ဖြစ်လာမယ့် ကမ္ဘာ့အခြေအနေ အသေးစိတ်ကို ကျမ်းစာမှာ ယေဟောဝါ ဖော်ပြထားတယ်။ ဒါကြောင့် ကြိုဟောချက်တွေ ပြည့်စုံလာတာနဲ့အမျှ “ယေဟောဝါရဲ့နေ့ကြီး နီးနေပြီ” ဆိုတာ ကျွန်တော်တို့ စိတ်ချလာကြတယ်။ (ဇေ. ၁:၁၄) နောက်ထပ်ကော ဘာသိထားသလဲ။ လူများနိုင်သမျှ များများကို “နိုင်ငံတော် သတင်းကောင်း” ဟောပြောဖို့ ယေဟောဝါ အလိုရှိတယ်ဆိုတာ သိထားတယ်။ (မ. ၂၄:၁၄) ဒါကြောင့် နိုင်ငံဒေသ ၂၄၀ လောက်မှာ ဘာသာစကား ၁,၀၀၀ ကျော်နဲ့ ကျွန်တော်တို့ သတင်းကောင်း ဟောပြောနေကြတယ်။ ထက်ထက်သန်သန် ဟောပြောဖို့ အဆုံးရောက်မယ့်နေ့နဲ့ အချိန်ကို သိစရာ မလိုပါဘူး။
JEHOVAH’ HONG HUH DAN DING EITE IN THEI LO
8. “Na khempeuh a bawl Pasian’ nasepna na thei zo ngei kei ding hi,” cih in bang a cih nopna a hiam? (Thuhilhna 11:5)
၈ မိမိအလိုတော် ပြည့်စုံဖို့ ယေဟောဝါ ဖြစ်စေတဲ့အရာတွေ ဒါမှမဟုတ် ဖြစ်ခွင့်ပြုတဲ့အရာတွေ ရှိတယ်။ ဒါပေမဲ့ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို မသိနိုင်ဘူး” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဒေသနာ ၁၁:၅ ကို ဖတ်ပါ။) ဘာကို ဆိုလိုသလဲ။ စဉ်းစားကြည့်ပါ– မိခင်ဝမ်းထဲမှာ သန္ဓေသား ဘယ်လို ကြီးထွားလာသလဲဆိုတာ ဒီနေ့ခေတ် သိပ္ပံပညာရှင်တွေတောင် အပြည့်အဝ မသိနိုင်ဘူး။ အဲဒီလိုပဲ တချို့အရာတွေကို ယေဟောဝါ ဘာကြောင့် ဖြစ်ခွင့်ပြုတယ်၊ ကျွန်တော်တို့ကို ဘယ်လို ထောက်မမယ်ဆိုတာ အမြဲ အတိအကျ မသိနိုင်ဘူး။—ဆာ. ၃၇:၅။
9. Jehovah’ hong huh dan ding thei lo ihih manin koicih om kha thei i hiam?
၉ ယေဟောဝါ ဘယ်လို ထောက်မမယ်ဆိုတာ မသိတဲ့အတွက် ဘာဖြစ်နိုင်သလဲ။ ဆုံးဖြတ်ချက်တချို့ ချဖို့ အခက်တွေ့နိုင်တယ်။ စွန့်လွှတ်စရာ ရှိတာ စွန့်လွှတ်ပြီး အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့၊ ဟောပြောသူ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်ဖို့ တွေဝေမိနိုင်တယ်။ ဒါမှမဟုတ် ဘုရားရေးရာ ပန်းတိုင်တွေ မပြည့်မီတဲ့အခါ၊ အမှုဆောင်မှာ ကြိုးစားပမ်းစား ပါဝင်ပေမဲ့ ရလဒ်ကောင်းတွေ မရတဲ့အခါ၊ အဖွဲ့အစည်း စီမံကိန်းတစ်ခုခုမှာ အတားအဆီးတွေ ကြုံရတဲ့အခါ ယေဟောဝါ ထောက်မနေရဲ့လားလို့ တွေးမိနိုင်တယ်။
10. Jehovah’ hong huh dan ding i theih lohna in bang hamphatna om a hiam?
၁၀ ယေဟောဝါ ဘယ်လို ထောက်မမယ်ဆိုတာ မသိတာ ဘာအကျိုးရှိသလဲ။ နှိမ့်ချမှု၊ ကျိုးနွံမှု စတဲ့ အရည်အသွေးကောင်းတွေ ကျွန်တော်တို့မှာ ရှိလာတယ်။ ယေဟောဝါရဲ့ အကြံအစည်၊ လမ်းစဉ်ဟာ ကျွန်တော်တို့ရဲ့ အကြံအစည်၊ လမ်းစဉ်ထက် မြင့်မားတယ်ဆိုတာ သဘောပေါက်လာတယ်။ (ဟေရှာ. ၅၅:၈၊ ၉) ကိစ္စရပ်တွေကို ယေဟောဝါ အကောင်းဆုံး ကိုင်တွယ်သွားမယ်ဆိုတာ အကြွင်းမဲ့ စိတ်ချလာတယ်။ အမှုဆောင် ဒါမှမဟုတ် အဖွဲ့အစည်း စီမံကိန်းမှာ ရလဒ်ကောင်းတွေ ရတဲ့အခါ ယေဟောဝါကိုပဲ ကျွန်တော်တို့ ချီးမွမ်းကြတယ်။ (ဆာ. ၁၂၇:၁။ ၁ ကော. ၃:၇) မျှော်လင့်ထားသလို ဖြစ်မလာတဲ့အချိန်တွေမှာ ကိစ္စရပ်အားလုံး ယေဟောဝါလက်ထဲမှာ ရှိတယ်၊ ကျွန်တော်တို့ကို တည်မြဲတဲ့ ငြိမ်သက်မှု ပေးမယ်ဆိုတာ သတိရကြတယ်။ (ဟေရှာ. ၂၆:၃) ကိုယ်လုပ်နိုင်တာ လုပ်ပြီး ကျန်တာ ယေဟောဝါဆီ စိတ်ချလက်ချ အပ်ထားကြတယ်။ ရှေးအချိန်ကလို အံ့ဖွယ်နည်းနဲ့ လမ်းမညွှန်ရင်တောင် လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ယေဟောဝါ ပေးမယ်ဆိုတာ ယုံကြည်ကြတယ်။—တ. ၁၆:၆-၁၀။
11. Bangteng thei khin i hiam?
၁၁ ကျွန်တော်တို့ ဘာတွေ သိထားသလဲ ပြန်စဉ်းစားကြည့်ပါ။ ယေဟောဝါဟာ အမြဲ မေတ္တာရှိတယ်၊ တရားမျှတတယ်၊ ဉာဏ်ပညာရှိတယ်ဆိုတာ သိထားတယ်။ မိမိအတွက်၊ ယုံကြည်သူချင်းတွေအတွက် ကျွန်တော်တို့ လုပ်သမျှကို တန်ဖိုးထားတယ်ဆိုတာ သိထားတယ်။ သစ္စာစောင့်သိသူတွေကို အမြဲ ဆုချတယ်ဆိုတာလည်း သိထားတယ်။—ဟီ. ၁၁:၆။
MAILAM AH A PIANG DING THU EITE IN THEI LO
12. James 4:13, 14-a a gen mah bangin, eite in bang thei lo i hiam?
၁၂ ယာကုပ် ၄:၁၃၊ ၁၄ ကို ဖတ်ပါ။ မနက်ဖြန် ဘာဖြစ်မလဲ ကျွန်တော်တို့ မသိဘူး။ “မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်” တယ်။ (ဒေ. ၉:၁၁) ဒါကြောင့် ကိုယ်စီစဉ်ထားတာတွေ ဖြစ်လာမလား၊ စီစဉ်ထားသလို ဖြစ်လာတဲ့အထိတောင် အသက်ရှည်ပါ့မလား မသိနိုင်ဘူး။
13. Mailam ah a piang ding thu thei cian lo ihih manin koicih om kha thei i hiam?
၁၃ အဖြစ်ဆိုးတွေ ရုတ်တရက် ကြုံရလို့၊ မျှော်လင့်မထားတာတွေ ဖြစ်လာလို့ ကျွန်တော်တို့ သောကရောက်တဲ့အချိန်တွေ၊ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့အချိန်တွေ ရှိတတ်တယ်။ မျှော်လင့်ထားတာတွေ ဖြစ်မလာလို့ စိတ်အားလျော့တဲ့အချိန်တွေလည်း ရှိတတ်တယ်။ (ပညာ. ၁၃:၁၂) ဘဝက မသေချာမရေရာတဲ့အတွက် ဘာတွေများ ဖြစ်လာမလဲဆိုပြီး အစိုးရိမ်လွန်လာနိုင်တယ်၊ မပျော်မရွှင် ဖြစ်လာနိုင်တယ်။
14. I lungnopna pen bang tungah kinga a hiam? (Lim zong en in.)
၁၄ ဘာတွေပဲ ကြုံလာပါစေ ခံရပ်တဲ့အခါ ဘာအကျိုးရသလဲ။ ယေဟောဝါကို ချစ်လို့ ဝတ်ပြုတာ ဖြစ်ကြောင်း သက်သေပြခွင့်ရတယ်။ အခက်အခဲတိုင်းကနေ ကာကွယ်ခံရဖို့ မမျှော်လင့်သင့်ကြောင်း၊ ဘဝမှာ ဘာတွေ ကြုံတွေ့စေမယ်ဆိုတာ ယေဟောဝါ ကြိုတင်သတ်မှတ်မထားကြောင်း ကျမ်းမှတ်တမ်းတွေကနေ သိရတယ်။ ဒါ့အပြင် ပျော်ရွှင်မှုဟာ ရှေ့ရေးကို ကြိုသိခြင်း၊ မသိခြင်းအပေါ် မမူတည်ဘဲ မိမိလမ်းညွှန်ချက်တွေကို ရှာဖွေခြင်း၊ လိုက်လျှောက်ခြင်းအပေါ်ပဲ မူတည်တယ်ဆိုတာ ယေဟောဝါ သိတယ်။ (ယေ. ၁၀:၂၃) ဒါကြောင့် ယေဟောဝါကို အားကိုးပြီး ဆုံးဖြတ်ချက်တွေ ချတာဟာ “အလိုတော် ရှိရင် ကျွန်တော်တို့ အသက်ဆက်ရှင်ပြီး ဒါတွေဒါတွေ လုပ်ကြမယ်” လို့ ပြောနေသလိုပါပဲ။—ယာ. ၄:၁၅။
ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကို ရှာဖွေတာ၊ လိုက်လျှောက်တာ အကာအကွယ်ဖြစ် (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)b
15. Mailam thu tawh kisai bang thei khol i hiam?
၁၅ တစ်နေ့တစ်နေ့ ဘာတွေ ကြုံရမလဲ ကျွန်တော်တို့ မသိပေမဲ့ ကောင်းကင်မှာဖြစ်စေ၊ မြေကြီးမှာဖြစ်စေ ထာဝရအသက် ပေးမယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို သိထားတယ်။ ယေဟောဝါ မုသာမသုံးမှန်း၊ ကတိတော်တွေ မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်မှန်းလည်း သိထားတယ်။ (တိ. ၁:၂) ယေဟောဝါတစ်ပါးတည်းသာ “နောက်ဆုံးရလဒ်ကို၊” “မလုပ်ဆောင်ရသေးတဲ့အရာတွေကို” ကြိုဟောနိုင်တယ်။ ယေဟောဝါ ကြိုဟောထားတာတွေ အရင်က ပြည့်စုံသလို အနာဂတ်မှာလည်း ပြည့်စုံလာမယ်။ (ဟေရှာ. ၄၆:၁၀) ယေဟောဝါရဲ့ မေတ္တာ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်မှန်း ကျွန်တော်တို့ သေချာပေါက် သိထားတယ်။ (ရော. ၈:၃၅-၃၉) ဘာတွေပဲ ကြုံလာပါစေ ခံရပ်နိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ၊ နှစ်သိမ့်မှု၊ အစွမ်းခွန်အား ယေဟောဝါ ပေးမယ်၊ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ယေ. ၁၇:၇၊ ၈။
JEHOVAH IN I THU HONG THEIH ZAH EITE IN KITHEI KHINZO LO
16. Jehovah in i thu bangzah hong thei a hiam? Tua thu na theih ciang na lungsimah koi bangin om a hiam? (Late 139:1-6)
၁၆ ဆာလံ ၁၃၉:၁-၆ ကို ဖတ်ပါ။ ဘုရင်ဒါဝိဒ် ပြောသလိုပါပဲ ကျွန်တော်တို့ကို ဖန်ဆင်းရှင် ယေဟောဝါ ဂရုတစိုက်ကြည့်နေတယ်၊ ကူညီပေးဖို့ အနီးအပါးမှာ အမြဲ ရှိတယ်။ ကျွန်တော်တို့အကြောင်း ခရေစေ့တွင်းကျ သိတယ်။ ဘာကြောင့် ဘယ်လို တွေးတယ်၊ ခံစားတယ်ဆိုတာ သိတယ်။ ပြောလိုက်တဲ့ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုရဲ့ နောက်ကွယ်က အကြောင်းရင်းကို သိတယ်။ စကြဝဠာ အချုပ်အခြာအာဏာရှင်၊ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတဲ့ အနန္တတန်ခိုးရှင်က ကိုယ့်ကို ဒီလောက် သိတယ်ဆိုတော့ ဘယ်လို ခံစားရသလဲ။ “အဲဒီလောက်ထိ သိနိုင်စွမ်း ရှိတာကို ကျွန်တော့်ဉာဏ်နဲ့ မမီနိုင်ဘူး။ လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားလွန်းပါတယ်” လို့ ပြောတဲ့ ဒါဝိဒ်လို ခံစားရမှာ သေချာပါတယ်။—ဆာ. ၁၃၉:၆။
17. Jehovah in i thu hoih takin hong thei tel ahih lam i san ding ba’hang haksa kha thei a hiam?
၁၇ မိသားစုနောက်ခံ၊ ယဉ်ကျေးမှု၊ အရင်က ယုံကြည်လက်ခံထားတာတွေကြောင့် ကိုယ့်ကို စိတ်ဝင်တစား ဂရုစိုက်ပေးတဲ့ မေတ္တာရှင်ဖခင်အဖြစ် ယေဟောဝါကို မြင်ဖို့ ခက်နေနိုင်တယ်။ ဒါမှမဟုတ် အရင်က လုပ်ခဲ့တဲ့အမှားတွေ ကြီးလေးလွန်းလို့ ကိုယ့်အကြောင်း ယေဟောဝါ သိချင်မှာ မဟုတ်ဘူး၊ အနီးအနားမှာ မရှိဘူးလို့ ခံစားရနိုင်တယ်။ ဒါဝိဒ်လည်း အဲဒီလိုခံစားရချိန်တွေ ရှိတယ်။ (ဆာ. ၃၈:၁၈၊ ၂၁) ဘဝလမ်းစဉ် ပြောင်းလဲပြီး ဘုရားစံနှုန်းတွေအတိုင်း နေထိုင်ဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားသူတွေတောင် ဘယ်လို တွေးမိနိုင်သလဲ။ ‘ဘုရားသခင်သာ ငါ့ကို တကယ် နားလည်တယ်ဆိုရင် ငါ့ဖြစ်တည်မှုကို အရှိအတိုင်း လက်မခံဘဲ ဘာလို့ ဘဝလမ်းစဉ် ခက်ခက်ခဲခဲ ပြောင်းလဲခိုင်းတာလဲ’ လို့ တွေးမိနိုင်တယ်။
18. Ei le ei i kitheihna sangin Jehovah in hong thei zaw ahih lam i theihna in bang hamphatna ngah i hiam? (Lim zong en in.)
၁၈ ကိုယ့်အကြောင်း ကိုယ့်ထက် ယေဟောဝါ ပိုသိတယ်ဆိုတာ လက်ခံသဘောပေါက်လာဖို့ ဒီအချက်တွေကို စဉ်းစားကြည့်ပါ– ကိုယ်တိုင်တောင် မမြင်တဲ့ ကောင်းကွက်တွေကို ယေဟောဝါ မြင်တယ်။ အဲဒီလိုပြောလို့ အမှားတွေကို မမြင်တာ မဟုတ်ဘူး။ မြင်ပေမဲ့ စိတ်ဆန္ဒအမှန်ကို သိလို့ မေတ္တာထား ကူညီပေးတယ်။ (ရော. ၇:၁၅) ဘယ်လို လူစားမျိုး ဖြစ်လာနိုင်တယ်ဆိုတဲ့ အလားအလာကို ကြည့်တယ်။ ဒီအချက်တွေကို လက်ခံသဘောပေါက်တဲ့အခါ ယေဟောဝါကို သစ္စာရှိရှိ ဝမ်းမြောက်ဝမ်းသာ ဝတ်ပြုဖို့ ကျွန်တော်တို့ အားတက်လာကြတယ်။
ဘဝက မသေချာမရေရာပေမဲ့ ကမ္ဘာသစ်အသက်တာကို ပိုယုံကြည်စိတ်ချလာဖို့ ယေဟောဝါ ကူညီပေး (စာပိုဒ် ၁၈-၁၉ ကို ကြည့်ပါ)c
19. Jehovah tawh kisai bang pen a kicianin thei i hiam?
၁၉ ယေဟောဝါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာကို အသေအချာ သိသလဲ။ ယေဟောဝါဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်။ (၁ ယော. ၄:၈) ကျွန်တော်တို့ကို ချစ်လို့၊ အကျိုးရစေချင်လို့ စံနှုန်းတွေ ချမှတ်ပေးထားတယ်။ ထာဝရအသက် ရစေချင်လို့ ရွေးဖိုး ပြင်ဆင်ပေးထားတယ်။ မစုံလင်ပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှု ရနိုင်တယ်ဆိုတာ ရွေးဖိုးက သက်သေပါပဲ။ (ရော. ၇:၂၄၊ ၂၅) ဒါ့အပြင် “ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်၊ အရာအားလုံးကို ကိုယ်တော် သိနေတယ်။” (၁ ယော. ၃:၁၉၊ ၂၀) ကျွန်တော်တို့အကြောင်း သိလို့ အလိုတော်ကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်မယ်ဆိုတာလည်း ယေဟောဝါ စိတ်ချတယ်။
20. I lunghimawh luat loh nadingin bang in hong huh ding a hiam?
၂၀ ကျွန်တော်တို့ တကယ် သိဖို့ လိုတာတွေကို ယေဟောဝါ အသိမပေးဘဲ မနေပါဘူး။ ဒီအချက်ကို ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုတဲ့အခါ ကိုယ်မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေအတွက် အစိုးရိမ်မလွန်တော့ဘူး။ တကယ် အရေးကြီးတဲ့ကိစ္စတွေကို အာရုံစိုက်နိုင်တယ်။ ဒါက “အသိပညာနဲ့ ပြီးပြည့်စုံတဲ့အရှင်” ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားကြောင်း ပြတာပဲ။ (ယောဘ ၃၆:၄) အခုအချိန်မှာ ကျွန်တော်တို့ မသိတာတွေ ရှိပေမဲ့ ယေဟောဝါဆီက ထာဝစဉ် သင်ယူစရာတွေ ရှိတယ်။ အဲဒီလိုသင်ယူရမယ့်အချိန်ကို မျှော်လင့်တကြီး စောင့်မျှော်နေကြပါတယ်။—ဒေ. ၃:၁၁။
LA 104 ဘုရားပေးလက်ဆောင် သန့်ရှင်းသော စွမ်းအားတော်
a ဆိုးညစ်တဲ့ စာတန့်လောကကို ဖျက်ဆီးရာမှာ ယေရှု ဦးဆောင်မှာ ဖြစ်လို့ အာမဂေဒုန် ရောက်မယ့်နေ့နဲ့ “အပြီးသတ် အောင်ပွဲခံ” မယ့်အချိန်ကို ယေရှု အခု သိနေပြီလို့ ကောက်ချက်ချတာ သင့်တော်ပါတယ်။—ဗျာ. ၆:၂။ ၁၉:၁၁-၁၆။
b ပုံအညွှန်း– အရေးပေါ် အခြေအနေ ကြုံလာရင် မိသားစု အဆင်သင့်ဖြစ်နေအောင် သားအဖနှစ်ယောက် အရေးပေါ်အိတ် ပြင်ဆင်နေ။
c ပုံအညွှန်း– ဘဝအခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ညီအစ်ကိုတစ်ယောက် ကမ္ဘာသစ်အသက်တာအကြောင်း တွေးနေ။