ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၉/၈ စာ. ၁၁
  • ကလေးများ၏ကျန်းမာရေးကိုကာကွယ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကလေးများ၏ကျန်းမာရေးကိုကာကွယ်ခြင်း
  • နိုးလော့!—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကျန်းမာရေးအပေါ် ဩဇာလွှမ်းမိုးသည့်အရာ—သင်လုပ်ဆောင်နိုင်သည့်အရာ
    နိုးလော့!—၁၉၉၇
  • သင့်အစားအစာသည် အာဟာရဓာတ် မည်မျှရှိသနည်း
    နိုးလော့!—၁၉၉၇
  • အေအိုင်ဒီအက်စ် ရောဂါသည်မိခင်များ အကျပ်အတည်းရင်ဆိုင်နေရ
    နိုးလော့!—၂၀၀၁
  • သော့ချက် ၁—ချင့်ချင့်ချိန်ချိန် စားပါ
    နိုးလော့!—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၉/၈ စာ. ၁၁

ကလေးများ၏ကျန်းမာရေးကိုကာကွယ်ခြင်း

ကုလသမဂ္ဂကလေးများရန်ပုံငွေ (ယူနီဆက်ဖ်) က နိုင်ငံများ၏တိုးတက်မှုစာစောင်တွင် မကြာမီကထုတ်ပြန်သည့်သတင်းမှတ်တမ်း၌ နိုင်ငံအများရှိကလေးများ၏ ကျန်းမာရေးအခြေအနေများ ထူးခြားစွာတိုးတက်လာမှုကို တင်ပြထားသည်။ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြိုးပမ်းမှုများအားဖြင့် နိုင်ငံအတော်များများမှ ငါးနှစ်အောက်ကလေးများ၏ အသေအပျောက်နှုန်း ကျဆင်းခဲ့သည်။ သို့သော်လည်း နိုင်ငံများ၏တိုးတက်မှုစာစောင်က နှစ်စဉ် သန်းနှင့်ချီသော အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ရှိ ကလေးသူငယ်များ၏အသက်ကို ရိုးရိုးလေး သို့မဟုတ် အကုန်အကျသက်သာသောနည်းလမ်းများအားဖြင့် အသက်ကယ်နိုင်ခဲ့ပေမည်ဟု ဆက်၍တင်ပြထားသည်။ ဤနိုင်ငံများနှင့် အခြားဒေသများတွင်ရှိမိဘများသည် သတင်းမှတ်တမ်းတွင်ပါသော အောက်ဖော်ပြပါအကြံပေးချက်များမှ အထောက်အကူရရှိပေမည်။

မိခင်နို့တိုက်ခြင်း။ “မိခင်နို့တိုက်ခြင်းသည် ကောင်းသောကျန်းမာရေးနှင့် အာဟာရအတွက် အကောင်းဆုံးအစပြုခြင်းဖြစ်သည်” ဟုသတင်းမှတ်တမ်းတွင် အကြံပြုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အဆိုအရ “နို့စို့ကလေးငယ်အားလုံးကို ပထမခြောက်လခန့် နို့သက်သက်သာတိုက်ကျွေးခဲ့မည်ဆိုလျှင် တစ်နှစ်လျှင် ကလေးသူငယ်တစ်သန်းကျော်၏အသက်ကို ကယ်တင်နိုင်သည်။” ဆေးရုံနှင့် သားဖွားဆေးရုံများအပေါ်တွင် မူတည်နေသောကြောင့် ယူနီဆက်ဖ် နှင့် WHO က “ကလေးများအကျိုးပြုရေး ဆေးရုံမှအစပြုလုပ်ဆောင်မှု” ကိုတိုးမြှင့်နေသည်။ သူတို့၏ရည်ရွယ်ချက်မှာ မွေးခါစကလေးများ၏မိခင်များကို ထောက်ကူရန်နှင့် နို့တိုက်ခြင်းနှင့်စပ်လျဉ်း၍ လျော်ကန်သောအကြံဉာဏ်ပေးရန် ဆေးရုံများကို လှုံ့ဆော်ရန်ဖြစ်သည်။

သန့်ရှင်းမှုနှင့် သန့်ရှင်းသောရေ။ “စိတ်ချရသောရေ၊ အိမ်သာများအသုံးပြုခြင်း၊ အစားအစာမကိုင်မီ လက်ဆေးခြင်း၊ စိတ်ချရသောနည်းဖြင့် အစားအသောက်ပြင်ဆင်ခြင်းနှင့် သိမ်းဆည်းခြင်းဖြင့် ရောဂါပမာဏကို သိသိသာသာကျဆင်းစေနိုင်သည်” ဟုမှတ်တမ်းတွင် ဆိုထားသည်။ နယ်မြေအများတွင် သန့်ရှင်းသောရေကို လုံလုံလောက်လောက်ရရှိရန် အကြီးအကျယ် ကြိုးစားအားထုတ်ရမည်ဖြစ်ကာ ယင်းသည် ကလေးနှင့်မိသားစုကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည်။

အာဟာရ။ ဗီတာမင်အေဖြည့်စွက်ပေးခြင်းအားဖြင့် နှစ်စဉ်ကလေးသူငယ်သုံးသန်းအထိပင်သေခြင်းမှ ကာကွယ်ပေးနိုင်သည်ဟု မှတ်တမ်းတွင်ဖော်ပြသည်။ ပြဿနာဖြေရှင်းနည်းရှိကာ တတ်စွမ်းနိုင်သည်ဟု ဆိုသည်၊ အစားအသောက်ကိုတိုးတက်စေခြင်း၊ အာဟာရရှိစေခြင်း၊ ဗီတာမင်အေဆေးတောင့်များကို ဖြန့်ဝေခြင်းအားဖြင့် ဖြေရှင်းနိုင်သည်။ အခါအားလျော်စွာ ကလေးများကို နှစ်ဆင့်တန်သော ဗီတာမင်အေဆေးတောင့်များဖြန့်ဝေခြင်းသည် သာမန်အားဖြင့် ဗီတာမင်အေချို့တဲ့သောနိုင်ငံများတွင် အကျိုးသက်ရောက်လျက်ရှိသည်။ သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်များနှင့် ဥများကဲ့သို့သော အစားအစာများကိုလည်း အကြံပြုထားသည်။

ဓာတ်ဆားရည်ကုထုံး။ ဈေးနှုန်းသက်သာပြီး ရေသန့်၊ ဆားနှင့်သကြား သို့မဟုတ် ဆန်မှုန့်ဖြင့် လွယ်ကူစွာပြုလုပ်နိုင်သည့် ရောစပ်ထားသောရေ၏အထောက်အကူဖြင့် ဝမ်းလျောရောဂါကြောင့် နှစ်စဉ်သေဆုံးသောကလေးများ၏ထက်ဝက်ကို ကာကွယ်နိုင်သည်ဟု ယူနီဆက်ဖ်က ဆိုသည်။a မိဘများသည် ကလေးများအား အစားအစာကိုလည်း ဆက်၍ပေးသင့်သည်။ ၎င်းနည်းလမ်းများဖြင့် တစ်နှစ်လျှင် ကလေးတစ်သန်းခန့်၏အသက်သည် ကာကွယ်ခံရလျက်ရှိသည်။

[အောက်ခြေမှတ်ချက်]

a သင့်ကလေးများ၏ကျန်းမာရေးကိုကာကွယ်ပေးခြင်းတွင် နောက်ထပ်အကြံဉာဏ်အတွက် နိုးလော့! ၁၉၉၇၊ ဧပြီ ၈၊ စာမျက်နှာ ၃-၁၄ ကို ကျေးဇူးပြု၍ကြည့်ပါ။

[Picture Credit Line on page 11]

WHO

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ