နိုးလော့!—“တန်ဖိုးဖြတ်မရကာ မရှိမဖြစ်လိုအပ်သောကိရိယာတစ်ခု”
“စက်တင်ဘာ ၈၊ ၁၉၉၇ [လိပ်] လထုတ် ‘အာအက်စ်ဒီ—အဖြေရှာခက်ကာ နာကျင်စေသောရောဂါ’ ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သင်တို့ရဲ့ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မဟာ တရားရုံးသတင်းထောက်တစ်ဦးအနေနဲ့ ထွေပြားထူးခြားပြီး ရှုပ်ထွေးလှတဲ့အမှုများစွာနဲ့ပတ်သက်တဲ့ ထွက်ဆိုချက်တွေကို မှတ်တမ်းတင်ဖို့ ဆင့်ခေါ်ခံရလေ့ရှိပါတယ်။ မကြာသေးခင်ကပဲ နာကျင်မှုကုသရေးကို အထူးပြုလေ့လာနေတဲ့ မေ့ဆေးပေးဆရာဝန်တစ်ဦးရဲ့ အစစ်ခံချက်ကို သတင်းပေးပို့ခဲ့ပါတယ်။ ထွက်ဆိုချက်တစ်ခုလုံးဟာ အာအက်စ်ဒီ [အာရုံကြောကျုံ့တုံ့ပြန်မှု] အကြောင်းဖြစ်ပါတယ်။ နိုးလော့! ကိုမှန်မှန်ဖတ်တဲ့အတွက် ပညာရပ်ဝေါဟာရတွေနဲ့ ကုသနည်းတွေကို ချက်ချင်းပဲ ကျက်မိပါတယ်၊ အဲဒါတွေအားလုံးကို စက်တင်ဘာလထုတ်မှာ ရှင်းလင်းစွာ ရှင်းပြထားတယ်။ အဲဒီနောက်ပိုင်း အမှုမှာ ပါဝင်ပတ်သက်တဲ့ ရှေ့နေတချို့ကို အဲဒီဆောင်းပါးကို ဝေငှနိုင်ခဲ့ပါတယ်။
“ကျွန်မရဲ့ပညာရေးကို ဆက်လေ့လာရာမှာ နိုးလော့! ဟာ တန်ဖိုးဖြတ်မရ၊ မရှိမဖြစ်လိုအပ်တဲ့ ကိရိယာတစ်ခုဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ အဲဒါက အကြောင်းအရာမြောက်မြားစွာကို ကောင်းစွာသိရှိစေပါတယ်။—ဂျီ. အမ်. အေ.”
ယခု ၈၃ ဘာသာဖြင့်ထုတ်ဝေသော မကြာသေးမီကထုတ်ဝေသည့် နိုးလော့! ကိုသင်ရလိုပါက သင့်အိမ်နီးနားရပ်ကွက်ရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ သို့မဟုတ် စာမျက်နှာ ၅ တွင်ဖော်ပြထားသော အနီးဆုံးလိပ်စာသို့ စာရေးပါ။