ဘုရားအလိုတော်ထမ်းရာ၌ စည်းလုံးညီညာ
ဤစာစောင်၌ဖော်ပြခဲ့သော ယေဟောဝါသက်သေတို့၏ ဓမ္မအမှုဆောင်ခြင်း၊ စည်းဝေးခြင်း၊ အဖွဲ့အစည်းအကြောင်းတို့သည် အသင်စာရှုသူအား ဘုရားဝတ်ပြုရေးတွင် သူတို့နှင့်ပို၍ပြည့်ပြည့်ဝဝပေါင်းဖော်ရန် အားပေးမည်ဟုကျွန်ုပ်တို့မျှော်လင့်ပါသည်။ သင်ကိုယ်တိုင် ယေဟောဝါသက်သေတို့၏ အသင်းတော်တစ်ခုခုနှင့် ဆက်သွယ်ပေါင်းသင်း၍အစည်းအဝေးများကို တက်ရောက်ခြင်းအားဖြင့် သူတို့၏အကြောင်းကိုတိုက်ရိုက်လေ့လာရန် ကျွန်ုပ်တို့ခေါ်ဖိတ်ပါသည်။ ယခုခေတ်ဘုရားသခင့်အလိုတော်ဆိုင်ရာ အသိပညာများစွာကို သင်ရရှိပါလိမ့်မည်။—တိတု ၂:၁၁-၁၄။
ကျမ်းစာစံချိန်ကိုက် အလုပ်မွန်များနှင့်အညီ သင့်ဘဝကိုပြုပြင်ပြောင်းလဲလျှင် ယေဟောဝါသက်သေတို့၏လုပ်ဆောင်မှုတွင် သင်ပါဝင်ရသည့်အခွင့်ထူးကိုလည်းရရှိမည်။ ကမ္ဘာချီညီအစ်ကိုများအသင်းအဖွဲ့နှင့် နွေးထွေးသောမိတ်သဟာယကိုသင်ရရှိမည့်အပြင် ဤစနစ်ဟောင်းကိုကပ်ကျော်၍ ငြိမ်းချမ်းခြင်း၊ ဖြောင့်မတ်ခြင်းတည်ရာစနစ်သစ်ထဲသို့ ဝင်ရောက်နိုင်ခွင့်ကို သင်မျှော်လင့်နိုင်ပေသည်။—၂ ပေတရု ၃:၁၃။
[စာမျက်နှာ ၃၀၊ ၃၁ ပါ ရုပ်ပုံများ]
ယေဟောဝါသက်သေတို့စည်းစည်းလုံးလုံးဘုရားအမှုတော်ဆောင်နေကြသောနိုင်ငံပေါင်း ၂၀၀ ကျော်နှင့်ကျွန်းများမှ ၁၈ နိုင်ငံရှိမြင်ကွင်း
နိုင်ဂျီရီးယား
ဩစတြီးယား
ဘရာဇီးလ်
ဂျပန်
ကနေဒါ
ဂွာတီမာလာ
အာဂျင်တီးနား
ဂျာမနီ
ထိုင်ဝမ်
ဖင်လန်
တောင်အာဖရိက
အိန္ဒိယ
ယူနိုက်တက်စတိတ်
ဖီဂျီ
ချီလီ
အီတလီ
ဘိုလေဗီယား
ဖိလိပိုင်