နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းသို့ သင်သားများကို လမ်းညွှန်ပေးခြင်း
၁ “ဘာသာစကား ၂၀၀ ကျော်ဖြင့်ဟောပြောသည့် သတင်းတရားဖြစ်သည်။ နိုင်ငံပေါင်း ၂၁၀ ကျော်တွင် ကြားရသည့်သတင်းတရားဖြစ်သည်။ လူတို့ကိုတွေ့နိုင်သည့်နေရာတိုင်းတွင် လူကိုယ်တိုင် ဟောပြောသည့်သတင်းတရားဖြစ်သည်။ ယင်းတို့အားလုံးသည် ကမ္ဘာတွင် တစ်ခါမျှမကြုံဖူးသည့် အကြီးမားဆုံးသောဟောပြောခြင်းလုပ်ဆောင်မှု၏ အစိတ်အပိုင်းများဖြစ်ကာ ထိုသတင်းတရားက မြေကြီးအနှံ့အပြားရှိ သန်းပေါင်းများစွာသောလူတို့ကို စည်းလုံးစေသည်။ ဤလုပ်ငန်းကိုပြီးမြောက်စေရန် ယေဟောဝါသက်သေများကိုဖွဲ့စည်းထားသည်မှာ အနှစ်တစ်ရာကျော်သွားပြီဖြစ်သည်!”
၂ ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုခွေကို အထက်ပါအတိုင်း ဇာတ်ကြောင်းပြောခြင်းဖြင့် အစချီထားသည်။ ယင်းက ဤမေးခွန်းများကို ဆက်ဖြေကြားပေးသည်– အမှန်စင်စစ် ယေဟောဝါသက်သေများကား မည်သူများနည်း။ သူတို့၏လုပ်ဆောင်မှုကို မည်သို့ဖွဲ့စည်းထားသနည်း။ ညွှန်ကြားမှုဖြင့်လော။ ငွေကြေးဖြင့်လော။ ယင်းက ရှုစားသူများအား “ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေများသည် သူတို့၏အိမ်နီးချင်းများအား သမ္မာကျမ်းစာ၌ ယုံကြည်ခြင်းကိုတည်ဆောက်ပေးရန် ကူညီပေးဖို့ အဖွဲ့အစည်းတစ်ခုအနေနှင့် လေ့ကျင့်ခံရလျက်ရှိသည်” ဟူသော အဖြစ်မှန်ကို အထင်ကြီးလေးစားသွားစေပြီး နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းကို သူတို့ကိုယ်တိုင်သိမြင်ရန် တိုက်တွန်းမှုဖြစ်စေသည်။ ဤဗီဒီယိုခွေကိုကြည့်ပြီးနောက် ကျမ်းစာလေ့လာနေသောအမျိုးသမီးတစ်ဦးသည် ဝမ်းသာလွန်း၍မျက်ရည်ကျကာ ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် “ဒီအဖွဲ့အစည်းဟာ စစ်မှန်တဲ့ဘုရားသခင်ယေဟောဝါရဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတာကို ဘယ်လို မမြင်ဘဲရှိနိုင်မှာလဲ” ဟူ၍ပြောခဲ့သည်။—၁ ကောရိန္သု ၁၄:၂၄၊ ၂၅ နှိုင်းယှဉ်။
၃ နောက်ထပ်အမျိုးသမီးတစ်ဦးသည် အချိန်ကြာကြာ ပြတ်တောင်းပြတ်တောင်းဖြင့် ကျမ်းစာလေ့လာခဲ့သော်လည်း သုံးပါးပေါင်းတစ်ဆူသည် မှားယွင်းသောအယူဝါဒဖြစ်ကြောင်း လက်မခံနိုင်ခဲ့ပေ။ ထိုနောက် သူမနှင့်သူမ၏ခင်ပွန်းတို့ကို ကျွန်ုပ်တို့၏ဗီဒီယိုခွေကိုပြသည်။ သူတို့သည် တင်ဆက်မှုကို အလွန်ဘဝင်ခိုက်သွားပြီး တစ်ညတည်းတွင် နှစ်ကြိမ်ပြန်ကြည့်သည်။ နောက်တစ်ကြိမ်သင်အံမှုပြုရာတွင် ဇနီးဖြစ်သူသည် သက်သေခံဖြစ်လိုကြောင်းပြောသည်။ သူမသည် မိမိ၏သုံးပါးပေါင်းတစ်ဆူယုံကြည်ချက်ကို အာရုံစိုက်ခဲ့ကြောင်း၊ ကျွန်ုပ်တို့၏အဖွဲ့အစည်းနှင့် အဖွဲ့အစည်းအထဲ၌ရှိသောသူတို့ကိုမူ မကြည့်မိခဲ့ကြောင်း ပြောပြသည်။ ဘုရားသခင်၏ မှန်သောအဖွဲ့အစည်းကို ဗီဒီယိုခွေမှသိရကြောင်း သူမ အသိအမှတ်ပြုခဲ့သည်။ ချက်ချင်းပင် သူမသည် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းတွင် စတင်ပါဝင်လိုသည်။ သူမအား နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးအဖြစ် တက်လှမ်းဖို့လိုကြောင်း ရှင်းပြပြီးနောက် သူမက “တက်လှမ်းရမယ့်အရာတွေကို ကျွန်မ ချက်ချင်းလှမ်းယူမယ်” ဟုပြောသည်။ သူမသည် သူမ၏ချာ့ချ်မှနုတ်ထွက်လိုက်ပြီး လယ်ကွင်းလုပ်ငန်းတော်လုပ်ဆောင်မှုတွင် စတင်ပါဝင်ကာ သုံးပါးပေါင်းတစ်ဆူမှားကြောင်း ချေပရာတွင် ပိုင်နိုင်ကျွမ်းကျင်သူဖြစ်လာသည်။
၄ ကျမ်းစာသင်သားတို့သည် ယေဟောဝါ၏အဖွဲ့အစည်းကို အသိအမှတ်ပြုပြီး ယင်းနှင့်ပေါင်းသင်းလာခြင်းက သူတို့မြန်မြန်ဆန်ဆန် ဝိညာဉ်ရေးဘက် ပို၍တိုးတက်ရင့်ကျက်လာစေကြောင်း ကောင်းစွာသက်သေထူလျက်ရှိသည်။ ထူးခြားသည်မှာ၊ ပင်တေကုတ္တေပွဲနေ့တွင် လူ ၃,၀၀၀ နှစ်ခြင်းခံပြီးနောက် “ထိုသူများသည်တမန်တော်တို့၏ ဆုံးမသြဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ ခြင်း [“အတူတကွပေါင်းသင်းခြင်း၊” ကဘ၊ အောက်ခြေမှတ်ချက်] . . . တို့ကို အမြဲဆောင်ရွက်၍နေကြ၏။” (တ. ၂:၄၂) ယနေ့ ထိုအတိုင်းဖြစ်ရန် သင်သားများအား ကျွန်ုပ်တို့ကူညီပေးဖို့အရေးကြီးသည်။ မည်သို့ပြုလုပ်နိုင်သနည်း။
၅ တာဝန်ကိုထမ်းဆောင်ပါ– တပည့်ဖြစ်စေသူတိုင်းသည် ကျမ်းစာသင်သားအား ဘုရားသခင့်အဖွဲ့အစည်းသို့လမ်းညွှန်ပေးခြင်းသည် မိမိတို့တာဝန်ဖြစ်ကြောင်း သဘောပေါက်ထားရမည်။ (၁ တိ. ၄:၁၆) သင်အံမှုအပိုင်းတစ်ခုစီကို လူသစ်တစ်ဦး ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်း အထိမ်းအမှတ်တင်ပြမည့် ပျော်ရွှင်သောနေ့တစ်နေ့သို့ တက်လှမ်းသည့်ခုတုံးတစ်တုံးအဖြစ် ရှုမြင်သင့်သည်။ နှစ်ခြင်းအစီအစဉ်တွင် သူအမေးခံရမည့်မေးခွန်းများအနက်တစ်ခုမှာ “သင်၏ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းမင်္ဂလာသည် ဘုရားသခင့်ဝိညာဉ်တော်နှင့်ညွှန်ကြားသောအဖွဲ့အစည်းနှင့် ပေါင်းသင်းရာတွင် သင့်အား ယေဟောဝါသက်သေတစ်ဦးအဖြစ် တင်ပြခြင်းဖြစ်ကြောင်း သင်သဘောပေါက်ပါသလော” ဟူ၍ဖြစ်သည်။ ထို့ကြောင့် မှန်သောခရစ်ယာန်အသင်းတော်နှင့် တက်တက်ကြွကြွပေါင်းသင်းမှုမရှိဘဲနှင့် ဘုရားသခင့်အမှုတော်ကို မဆောင်ရွက်နိုင်ကြောင်း သူသဘောပေါက်ထားဖို့ အရေးကြီးသည်။—မ. ၂၄:၄၅-၄၇; ယော. ၆:၆၈; ၂ ကော. ၅:၂၀။
၆ ယေဟောဝါသက်သေများ၏နောက်ဝယ်ရှိ ဒေသခံအသင်းတော်နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းအကြောင်း သင်သားအား ဆက်သင်ကြားပေးပါ။ ဦးဆုံးအကြိမ်မှစ၍ ကျမ်းစာသင်အံမှုကျင်းပချိန်တိုင်း ယင်းကဲ့သို့ပြုလုပ်ပါ။ စလေ့လာချိန်မှစ၍ သင်သားအား အစည်းအဝေးများကို ဖိတ်ခေါ်ကာ ဆက်၍အမြဲဖိတ်ခေါ်ပါ။—ဗျာ. ၂၂:၁၇။
၇ ပြင်ဆင်ပေးထားသောကိရိယာများကို အသုံးပြုပါ– အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပရာတွင် အသုံးပြုဖို့အကောင်းဆုံးစာပေများမှာ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာနှင့် ထာဝရအသက်ရစေသောအသိပညာ စာအုပ်တို့ဖြစ်သည်။ နှစ်ခုစလုံးသည် အသင်းတော်နှင့်ပေါင်းသင်းဖို့လိုအပ်ကြောင်း ပေါ်လွင်စေသည်။ တောင်းဆိုဘရိုရှာပါ သင်ခန်းစာ ၅ အဆုံးတွင် “ယေဟောဝါအကြောင်း ဆက်၍လေ့လာပြီး ကိုယ်တော်တောင်းဆိုတော်မူရာများကို နာခံရန် လိုအပ်သည်။ ယေဟောဝါသက်သေများ၏ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမ၌ စည်းဝေးများကိုတက်ရောက်ခြင်းက ထိုအရာတို့ကိုလုပ်ဆောင်ရန် သင့်အားအကူအညီဖြစ်စေပေလိမ့်မည်” ဟူ၍ဖော်ပြထားသည်။ အစည်းအဝေးများတွင် ပေါင်းသင်းရန် သင်သားအား အသိပညာစာအုပ်က အကြိမ်ကြိမ်တိုက်တွန်းထားသည်။ အခန်း ၅၊ အပိုဒ် ၂၂ တွင် ဤဖိတ်ခေါ်ချက်ကို ကမ်းလှမ်းထားသည်– “ယေဟောဝါသက်သေများသည် . . . ဘုရားသခင်ကို ‘နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း’ ကိုးကွယ်ရာတွင်အတူပါဝင်ရန် သင့်အားလှိုက်လှဲနွေးထွေးစွာ တိုက်တွန်းပါသည်။” (ယော. ၄:၂၄) အခန်း ၁၂၊ အပိုဒ် ၁၆ တွင် “ဤလေ့လာမှုကို ဆက်လက်ပြုလုပ်၍ ယေဟောဝါသက်သေများ၏ အစည်းအဝေးများကိုတက်သည့်ထုံးစံ မွေးမြူသွားမည်ဆိုပါက သင့်ယုံကြည်ခြင်းသည် ယခုထက်မကပို၍ခိုင်ခံ့လာမည်” ဟူ၍ဖော်ပြသည်။ အခန်း ၁၆၊ အပိုဒ် ၂၀ တွင် “ယေဟောဝါသက်သေများ၏ အစည်းအဝေးများတက်ရောက်ခြင်းကို ကိုယ်ပိုင်ထုံးစံဖြစ်အောင်ပြုလုပ်ပါ။ သို့ပြုလျှင် ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို နားလည်၍ အသက်တာတွင် လက်တွေ့ကျင့်သုံးနိုင်ရန် ထောက်ကူပေးမည့်အပြင် ပျော်ရွှင်ချမ်းမြေ့မှုလည်း ရရှိစေမည်ဖြစ်သည်။ ကမ္ဘာ့ခရစ်ယာန် ညီအစ်ကိုအသင်းအပင်းအဝင်အဖြစ် ရပ်တည်ခြင်းဖြင့် ယေဟောဝါ၏အပါးတော်၌ အမြဲခစားနိုင်အောင် ထောက်ကူပေးမည်” ဟူ၍ဆိုထားသည်။ အခန်း ၁၇ တွင် လူတစ်ဦးသည် ဘုရားသခင့်လူမျိုးတော်ဘောင်အတွင်း စစ်မှန်သောလုံခြုံမှုကိုမည်သို့ရှာတွေ့နိုင်ကြောင်း နှံ့နှံ့စပ်စပ်ဆွေးနွေးထားသည်။ အခြားသူများနှင့် သင်အံမှုပြုစဉ် အကြောင်းအရာ၏ဤအပိုင်းများကို အလေးထားတင်ပြခြင်းသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။
၈ ယေဟောဝါသက်သေများ—ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော်ထမ်းရွက်ခြင်း ဘရိုရှာသည် မိမိ၏အလိုတော်ကိုပြီးမြောက်စေရန် ယနေ့အချိန်တွင် ယေဟောဝါအသုံးပြုသည့်တစ်ခုတည်းသောမျက်မြင်ရအဖွဲ့အစည်းနှင့် တစ်ဦးစီအကျွမ်းတဝင်ရှိစေရန် စီစဉ်ထုတ်လုပ်ထားသော အလွန်ကောင်းမွန်သည့်ကိရိယာတစ်ခုဖြစ်သည်။ ယင်းတွင်ပါဝင်သည့် ကျွန်ုပ်တို့၏ဓမ္မအမှု၊ အစည်းအဝေးများနှင့် အဖွဲ့အစည်းတို့နှင့်ပတ်သက်သော အသေးစိတ်အကြောင်းအရာများသည် ဘုရားသခင်ကိုဝတ်ပြုရာတွင် ကျွန်ုပ်တို့နှင့်အတူပူးပေါင်းရန် စာရှုသူအား တိုက်တွန်းမှုဖြစ်စေမည်။ ကျမ်းစာသင်အံမှုကို အတည်ပြုစသင်သည်နှင့် သင်သားအား ကိုယ်ပိုင်ဖတ်ရှုနိုင်ရန် ဤဘရိုရှာတစ်စောင်ကို ပေးရန်အကြံပြုပါသည်။ ယခင်ကပြုလုပ်ခဲ့သကဲ့သို့ သူနှင့်အတူယင်းကိုလေ့လာရန်မလိုပါ။
၉ အသင်းမစီစဉ်ထုတ်လုပ်သောဗီဒီယိုခွေများမှတချို့တို့သည် နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းသို့ သင်သားများအား လမ်းညွှန်ပေးရန် အထူးကောင်းမွန်သောကိရိယာများဖြစ်သည်။ (၁) ၁၉၅၄ ခုနှစ်ရုပ်ရှင်ကို ပြန်ရိုက်ထားသော လုပ်ဆောင်နေသောကမ္ဘာသစ်အဖွဲ့အစည်း ဗီဒီယိုခွေ၊ ယင်းသည် သင့်တင့်ပြေပြစ်သော၊ စွမ်းဆောင်နိုင်သော၊ ချစ်ခင်တတ်သောစိတ်ဓာတ်တို့ဖြင့် ယေဟောဝါအဖွဲ့အစည်း၏လုပ်ဆောင်မှုများကို ပြန်ဖော်ပြသည်; (၂) မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့် စည်းလုံးမှု ဗီဒီယိုခွေ၊ ယင်းသည် အရှေ့ဥရောပ၊ တောင်အမေရိက၊ အာဖရိကနှင့် အာရှတို့၌ ကျွန်ုပ်တို့၏အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများတွင် တွေ့ရသည့် ငြိမ်သက်မှုရှိသောစည်းလုံးမှုကို ဆန်းစစ်တင်ဆက်ထားသည်; (၃) မြေကြီးစွန်းတိုင်အောင် ဗီဒီယိုခွေ၊ ယင်းသည် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ အကြိမ် ၅၀ မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ကို မှတ်တမ်းတင်ထားပြီး ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းတွင် သာသနာပြုများ၏အကျိုးသက်ရောက်မှုကို တင်ဆက်ထားသည်; (၄) နာဇီတိုက်ခိုက်မှုကို မားမားမတ်မတ်ရပ်တည်သော ယေဟောဝါသက်သေများ ဗီဒီယိုခွေ၊ ယင်းသည် ဟစ်တလာ၏ ရက်စက်ကြမ်းကြုတ်သော နှိပ်စက်ညှဉ်းပန်းမှုကိုရင်ဆိုင်ရသည့်ကြားမှ သဲထိတ်ရင်ဖိုဖွယ်ကောင်းသော သက်သေခံများ၏သတ္တိနှင့် အောင်ပွဲအဖြစ်အပျက်ကိုပြောပြသည်; (၅) ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုခွေတို့ကို သူတို့ကြည့်နိုင်မည်ဆိုပါက အကျိုးရှိပေမည်။
၁၀ အစည်းအဝေးများနှင့်စပ်လျဉ်း၍ အဆင့်တိုးပန်းတိုင်များထားပါ– အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်တွင် စီမံပေးသော သီးသန့်သင်ကြားခြင်းနှင့် အသင်းတော်အစည်းအဝေးများတွင် စီမံပေးသောသင်တန်းခန်းမတွင်းဆွေးနွေးမှုများ နှစ်ခုစလုံးလိုအပ်ကြောင်း သင်သားများအား ရှင်းပြရန်ဖြစ်သည်။ (ယော. ၆:၄၅) လူသစ်တစ်ဦးသည် သမ္မာကျမ်းစာနှင့် အဖွဲ့အစည်း နှစ်ခုစလုံးကိုနားလည်သဘောပေါက်ခြင်းနှင့်ပတ်သက်၍ တန်းတူတိုးတက်သွားရန်လိုသည်။ ထိုသို့ဖြစ်ရန် အစည်းအဝေးများတက်ရောက်ခြင်းကို မည်သည့်အရာနှင့်မျှအစားမထိုးရပါ။ (ဟေဗြဲ ၁၀:၂၃-၂၅) ထိုသူအား အသင်းတော်အစည်းအဝေးများသို့ ချက်ချင်းပင် အစပြုဖိတ်ခေါ်ပါ။ အချို့သောစိတ်ဝင်စားသူလူသစ်များသည် မှန်မှန်အိမ်တွင်းကျမ်းစာသင်အံမှုမပြုလုပ်မီကပင် အစည်းအဝေးများစ၍တက်နေကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ကိုယ်တိုင် မှန်မှန်တက်ရောက်ခြင်းအားဖြင့် ကောင်းမွန်သောပုံသက်သေပြပေးလိုကြသည်။—လု. ၆:၄၀; ဖိ. ၃:၁၇။
၁၁ သင်သားသည် ဦးဆုံးအကြိမ်အစည်းအဝေးတက်ရောက်သောအခါ သက်သောင့်သက်သာဖြစ်စေရန် အစည်းအဝေးများနှင့် ယင်းတို့ကို မည်သို့ကျင်းပသည်နှင့်စပ်လျဉ်းသော အချက်အလက်အလုံအလောက်ကို ပြောပြထားပါ။ တချို့သောသူတို့သည် ဦးဆုံးအကြိမ်နေရာသစ်များသို့ သွားသောအခါ အလွန်ပင် အခက်တွေ့သောကြောင့် ဦးဆုံးအကြိမ်အစည်းအဝေးတက်ရောက်သောအခါ နိုင်ငံတော်ခန်းမသို့ သင်သားနှင့်အတူသွားခြင်းသည် ကောင်းပေမည်။ အသင်းတော်သားများနှင့် သူတွေ့ဆုံစဉ် သူနှင့်အတူသင်ရှိနေပါက သူ့အား ပို၍သက်သောင့်သက်သာရှိစေမည်။ ထို့ထက်ကား သင့်ဧည့်သည်အတွက် အိမ်ရှင်ကောင်းတစ်ယောက်ဖြစ်ပါ၊ သူ့အား ဝမ်းသာအယ်လဲနှင့် သက်သောင့်သက်သာရှိစေပါ။—မ. ၇:၁၂; ဖိ. ၂:၁-၄။
၁၂ သင်သားအား ပထမဆုံးအကြိမ်အခွင့်သာလျှင် အထူးစည်းဝေးနေ့၊ တိုက်နယ်စည်းဝေး သို့မဟုတ် ခရိုင်စည်းဝေးကြီးတစ်ခုကို တက်ရောက်ရန် အားပေးပါ။ သင့်သယ်ယူပို့ဆောင်ရေးအစီအစဉ်များတွင် သူ့အား ထည့်ထားနိုင်ဖွယ်ရှိမည်။
၁၃ နှလုံးထဲမှလှိုက်လှိုက်လှဲလှဲလေးမြတ်စိတ်ကို ဖြစ်ပေါ်စေပါ– ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြီးမြောက်စေရန်ဖွဲ့စည်းထားခြင်း စာအုပ်စာမျက်နှာ ၉၃ တွင်ဤသို့ရှင်းပြသည်– “ယေဟောဝါ၏အဖွဲ့အစည်းကို လေးလေးနက်နက်ကျေးဇူးတင်သည့်သဘော သင့်စကားများတွင် ပေါ်လွင်နေပါက စိတ်ဝင်စားသူများတွင်လည်း အဖွဲ့အစည်းကို လေးမြတ်လာပြီး ထိုလေးမြတ်မှုက ယေဟောဝါကို တိုးတက်သိကျွမ်းရန် တွန်းအားပေးပါလိမ့်မည်။” သင့်ဒေသခံအသင်းတော်အကြောင်းကို မည်သည့်အခါမျှ အပျက်သဘောမပါဘဲ အပြုသဘောပါပါအမြဲပြောဆိုပါ။ (ဆာ. ၈၄:၁၀; ၁၃၃:၁၊ ၃ခ) ကျမ်းစာသင်အံမှုပြုစဉ် သင်တောင်းသောဆုတောင်းချက်များတွင် အသင်းတော်လိုအပ်ချက်နှင့် ယင်းနှင့်မှန်မှန်ပေါင်းသင်းရန် သင်သား၏လိုအပ်ချက်ကို ဖော်ပြပါ။—ဧ. ၁:၁၅-၁၇။
၁၄ ကျွန်ုပ်တို့သည် လူသစ်များအား ဘုရားသခင့်လူမျိုးတော်ဘောင်တွင်တွေ့ရသည့် ကြည်နူးဖွယ်ကောင်းသောပေါင်းသင်းမှုနှင့် ဝိညာဏလုံခြုံမှုကို နှလုံးထဲမှလှိုက်လှိုက်လှဲလှဲ လေးမြတ်စိတ် ပေါ်ပေါက်စေလိုကြမည်မှာအမှန်ပင်။ (၁ တိ. ၃:၁၅; ၁ ပေ. ၂:၁၇; ၅:၉) ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းသို့ ဘုရားသခင့်နှုတ်ကပါဌ်တော်သင်သားများအား လမ်းညွှန်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်ကြစို့။