ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၁ စာ. ၈
  • အခြားသူများ အစည်းအဝေးများတက်ရန်ကူညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခြားသူများ အစည်းအဝေးများတက်ရန်ကူညီ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်းသို့ သင်သားများကို လမ်းညွှန်ပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ယေဟောဝါအဖွဲ့အစည်းသို့ ကျမ်းစာသင်သားများကို ညွှန်းခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • နှစ်ခြင်းခံဖို့ အရည်အချင်း ပြည့်မီလာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၃/၀၁ စာ. ၈

အခြားသူများ အစည်းအဝေးများတက်ရန်ကူညီ

၁ “အစည်းအဝေးတက်ရောက်လိုသူ . . . အနီးပတ်ဝန်းကျင်မှ မည်သည့်မိတ်ဆွေကိုမဆို တက်ရောက်ပါရန် လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ကြသည်။” ၁၈၈၀၊ နိုဝင်ဘာလထုတ် ဇိအုန်ကင်းမျှော်စင် တွင် ဤကြေညာချက်ပါရှိပြီးကတည်းကပင် ယေဟောဝါသက်သေများသည် ကျမ်းစာပို့ချမှုသို့ စုဝေးကြရန် စိတ်အားထက်သန်စွာဖိတ်ခေါ်လျက်ရှိသည်။ (ဗျာ. ၂၂:၁၇) ယင်းသည် စစ်မှန်သောဝတ်ပြုရေးအတွက် မရှိမဖြစ်လိုအပ်သောကဏ္ဍတစ်ခုဖြစ်၏။

၂ တက်ရောက်ရန် အရေးကြီးသည်– အသင်းတော်နှင့်ပူးပေါင်းသောအခါ ကောင်းချီးများခံစားရသည်။ ကျွန်ုပ်တို့၏အံ့ချီးဖွယ်ကောင်းသော ဘုရားသခင်ယေဟောဝါနှင့် ပို၍သိကျွမ်းခွင့်ရရှိသည်။ အသင်းတော်၌ ‘ယေဟောဝါ၏ဆုံးမသွန်သင်မှုကို’ ခံယူရန် အတူတကွစည်းဝေးကြသည်။ (ဟေရှာ. ၅၄:၁၃) ကိုယ်တော်၏အဖွဲ့အစည်းသည် ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်နီးကပ်စေသည့် ကျမ်းစာသွန်သင်ပို့ချမှုအစီအစဉ်ကို အဆက်မပြတ်ဖော်ပြပေးကာ “ဘုရားသခင်၏အလိုတော် . . . အကုန်အစင်” ကိုကျင့်သုံးရာတွင် လက်တွေ့ကျအကူအညီကိုပေးသည်။ (တ. ၂၀:၂၇; လု. ၁၂:၄၂) အစည်းအဝေးများသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်သွန်သင်မှုနည်းပညာဖြင့် တစ်ဦးချင်းကို လေ့ကျင့်ပေးသည်။ သမ္မာကျမ်းစာမှ သတိပေးချက်များသည် သူတစ်ပါးနှင့်သော်လည်းကောင်း၊ ယေဟောဝါနှင့်သော်လည်းကောင်း ဆက်ဆံရေးပြေပြစ်စေရန် အထောက်အကူပြုပါသည်။ ဘုရားသခင်ကိုချစ်မြတ်နိုးသူများနှင့် ပေါင်းသင်းခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။—ရော. ၁:၁၁၊ ၁၂။

၃ တိုက်ရိုက်ဖိတ်ခေါ်ပါ– ဦးဆုံးသင်အံမှုစပြုကတည်းက ကျမ်းစာသင်သားတိုင်းကို အစည်းအဝေးတက်ရောက်ရန် ဖိတ်ခေါ်ပါ။ သူ့ကို ဝေစာတစ်စောင်ပေးပါ။ ပြီးခဲ့သောအစည်းအဝေးမှ သင့်ကိုအားရှိစေသည့် အချက်တစ်ချက်ကို ပြောပြခြင်းဖြင့်လည်းကောင်း၊ လာမည့်အစည်းအဝေးတွင် ဆွေးနွေးမည့်အချက်ကို သုံးသပ်ခြင်းဖြင့်လည်းကောင်း သူ၏စိတ်ဝင်စားမှုကို နှိုးဆွပေးပါ။ နိုင်ငံတော်ခန်းမ၏ပုံပန်းသဏ္ဌာန်ကို ဖော်ပြပြီး ယင်းကို မည်သို့ရှာတွေ့နိုင်ကြောင်း သူသိရှိစေရန် သေချာစေပါ။

၄ သင်သားတစ်ဦးသည် ချက်ချင်းမတက်ရောက်လျှင် ဆက်၍ဖိတ်ခေါ်ပါ။ အပတ်စဉ် မိနစ်အနည်းငယ်ယူပြီး ကျွန်ုပ်တို့၏အဖွဲ့အစည်းလုပ်ဆောင်ပုံများကို သူ့အားပြောပြပါ။ ကျွန်ုပ်တို့နှင့်ရော၊ ကျွန်ုပ်တို့၏အစည်းအဝေးများနှင့်ပါ အကျွမ်းတဝင်ရှိလာရန် ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း။ သူတို့ဘာကိုယုံကြည်ကြသနည်း။ ဘရိုရှာနှင့် ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုခွေတို့ကို အသုံးပြုပါ။ သင်သားနှင့်ရင်းနှီးစေရန် အခြားကြေညာသူများကို ခေါ်သွားပါ။ ဆုတောင်းသောအခါ အဖွဲ့အစည်းအတွက် ယေဟောဝါကို ကျေးဇူးတင်ပြီး အဖွဲ့အစည်းနှင့်ပူးပေါင်းရန် သင်သား၏လိုအပ်ချက်ကို ဖော်ပြပါ။

၅ ကျွန်ုပ်တို့နှင့်စုရုံးရန် စိတ်ဝင်စားခါစလူသစ်များကိုကူညီပေးရာ၌ မတွန့်ဆုတ်ပါနှင့်။ ယေဟောဝါအပေါ် သူတို့၏လေးမြတ်မှုတိုးပွားလာသောအခါ သူတို့သိရှိရာများကိုကျင့်သုံးရန်၊ ဘုရားသခင်၏စည်းလုံးသော အဖွဲ့အစည်းဝင်ဖြစ်လာရန် လှုံ့ဆော်ခံရပါလိမ့်မည်။—၁ ကော. ၁၄:၂၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ