ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bsi02-1 စာ. ၁၂-၁၄
  • ကျမ်းစာစောင် နံပါတ် ၂၄​—ယေရမိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာစောင် နံပါတ် ၂၄​—ယေရမိ
  • ‘ကျမ်းစာတစ်ကျမ်းလုံး’— စစ်မှန်ပြီး အကျိုးပြု (ဒေသနာ—ဟောရှေ) အတွဲ ၉
  • ခေါင်းစ‎ဥ်ငယ်များ
  • အဘယ်ကြောင့်အကျိုးရှိကြောင်း
‘ကျမ်းစာတစ်ကျမ်းလုံး’— စစ်မှန်ပြီး အကျိုးပြု (ဒေသနာ—ဟောရှေ) အတွဲ ၉
bsi02-1 စာ. ၁၂-၁၄

ကျမ်းစာစောင် နံပါတ် ၂၄​—ယေရမိ

ကျမ်းရေးသူ– ယေရမိ

ရေးရာဒေသ– ယုဒနှင့် အီဂျစ်

ရေးသားပြီးစီးချိန်– ဘီ.စီ.အီး. ၅၈၀

ငုံမိသည့်ကာလပိုင်း– ဘီ.စီ.အီး. ၆၄၇-၅၈၀

၁။ ယေရမိသည် မည်သည့်အချိန်တွင်နှင့် မည်သူ့အားဖြင့် တာဝန်အပ်နှင်းခြင်းခံခဲ့ရသနည်း။

အန္တရာယ်ထူပြောပြီး ကသောင်းကနင်းနိုင်သော အချိန်ကာလတွင် ပရောဖက်ယေရမိအသက်ရှင်ခဲ့သည်။ သူသည် ဘုရားသခင်ကိုကြောက်ရွံ့သော ယုဒဘုရင်ယောရှိနန်းစံ ၁၃ နှစ်၊ ဘီ.စီ.အီး. ၆၄၇ တွင် ယေဟောဝါ၏တာဝန်အပ်နှင်းမှုခံခဲ့ရသည်။ ယေဟောဝါ၏အိမ်တော်ကို ပြန်လည်ပြုပြင်မွမ်းမံနေစဉ် ယေဟောဝါ၏ပညတ္တိကျမ်းစာကို တွေ့ရှိခဲ့ပြီး ၎င်းကို ဘုရင့်ရှေ့မှောက်တွင် ဖတ်ခဲ့သည်။ ဘုရင်သည် ၎င်းပညတ်တရားအတိုင်းလိုက်လျှောက်စေရန် အစွမ်းကုန်ကြိုးစားခဲ့သည်၊ သို့သော် ရုပ်တုကိုးကွယ်ခြင်းသို့ လိုက်ပါနေသောလူမျိုးကို ခေတ္တယာယီလောက်သာ ပြန်လှည့်လာစေနိုင်ခဲ့သည်။ ၅၅ နှစ်တိုင်နန်းထိုင်ခဲ့သူ ယောရှိ၏ဘိုးတော်မနာရှေနှင့် ၂ နှစ်သာစိုးစံခဲ့ရပြီး လုပ်ကြံခံခဲ့ရသည့် ခမည်းတော်အာမုန် နှစ်ဦးစလုံးသည် ဆိုးသွမ်းမှုများကို ပြုလုပ်ခဲ့ကြသည်။ သူတို့သည် ပြည်သူပြည်သားများအား မစင်ကြယ်သော နတ်ဘုရားဝတ်ပြုမှုများနှင့် စက်ဆုပ်ဖွယ်ကောင်းသော ထုံးစံဓလေ့များပြုလုပ်ရန် အားပေးအားမြှောက်ပြုခဲ့ကြသည်၊ ထို့ကြောင့် “ကောင်းကင်မိဖုရား” အားနံ့သာပေါင်းများပူဇော်ခြင်းနှင့် နတ်ဆိုးဘုရားများအား လူသားယဇ်ကောင်များပူဇော်ခြင်းသည် ဓလေ့ထုံးစံဖြစ်လာခဲ့သည်။ မနာရှေသည် ယေရုရှလင်မြို့ကို အပြစ်မဲ့သူတို့၏သွေးဖြင့် ပြည့်စေခဲ့သည်။—ယေ. ၁:၂; ၄၄:၁၉; ၄ ရာ. ၂၁:၆၊ ၁၆၊ ၁၉-၂၃; ၂၃:၂၆၊ ၂၇။

၂။ ယေရမိ၏တာဝန်ကား အဘယ်နည်း၊ သူ၏ပရောဖက်ပြုခြင်းသည် အဘယ်ထူးခြားသောအဖြစ်အပျက်ဖြစ်ပျက်ရာနှစ်များကို ငုံမိသနည်း။

၂ ယေရမိ၏တာဝန်သည် ပေါ့သေးသေးတာဝန်မဟုတ်ပါ။ သူသည် ယေဟောဝါ၏ပရောဖက်အနေနှင့် ယုံနိုင်ဖွယ်မရှိသော ရုတ်တရက်ကပ်ဆိုက်မှုများအကြောင်း—ယုဒပြည်နှင့် ယေရုရှလင်မြို့ ဆိတ်သုဉ်းခြင်း၊ ကြီးကျယ်ခမ်းနားသော ယေဟောဝါ၏ဗိမာန်တော်ကြီး မီးလောင်ပျက်စီးခြင်းနှင့် လူမျိုးတော်သုံ့ပန်းဘဝရောက်ခြင်းစသည်တို့—ကိုကြိုဟောခဲ့ရသည်! သူသည် ယေရုရှလင်တွင် အနှစ် ၄၀ တိုင်ပရောဖက်ပြုခဲ့သည်၊ မင်းဆိုးများဖြစ်သော ယောခတ်၊ ယောယကိမ်၊ ယေခေါနိ (ခေါနိ) နှင့် ဇေဒကိလက်ထက်တစ်လျှောက်ဖြစ်သည်။ (ယေ. ၁:၂၊ ၃) နောက်ပိုင်း၌ အီဂျစ်တွင် ဝင်ရောက်ခိုလှုံသူဂျူးများ၏ ရုပ်တုကိုးကွယ်မှုနှင့်ပတ်သက်၍ ပရောဖက်ပြုခဲ့ရသည်။ သူ့ကျမ်းကို ဘီ.စီ.အီး. ၅၈၀ တွင်အပြီးသတ်ခဲ့သည်။ ထို့ကြောင့် ယေရမိကျမ်းငုံမိသည့်အချိန်ကာလမှာ ထူးခြားသောအဖြစ်အပျက်ဖြစ်ပျက်ရာ ၆၇ နှစ်ကြာချိန်ခါဖြစ်သည်။—၅၂:၃၁။

၃။ (က) ယေရမိကျမ်း၏ ကျမ်းအဝင်ဖြစ်မှုနှင့် ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုတို့သည် ဟေဗြဲခေတ်၌ မည်သို့သက်သေထူခဲ့သနည်း။ (ခ) နောက်ထပ်အဘယ်သာဓကများကို ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် တွေ့ရသနည်း။

၃ ဟေဗြဲဘာသာစကားတွင် ပရောဖက်၏အမည်နှင့် သူ၏ကျမ်းအမည်သည် ယီရ်မီယာ (Yir·meyahʹ) သို့မဟုတ် ယီရ်မီယာဟု (Yir·meyaʹhu) ဖြစ်ပြီး “ယေဟောဝါ ချီးမြှောက်သည်၊ သို့မဟုတ် ယေဟောဝါ ဖွင့်ပေးသည် [ဝမ်းဖြစ်နိုင်ဖွယ်ရှိ]” ဟူ၍ အဓိပ္ပာယ်ရသည်။ ဤကျမ်းကို ဟေဗြဲကျမ်းတိုင်းလိုလိုတွင်တွေ့ရပြီး ကျမ်းအဝင်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံကြသည်။ ယေရမိကိုယ်နှိုက် အသက်ရှင်သည့်အချိန်အတွင်း ပရောဖက်ပြုချက်များစွာ ထူးထူးခြားခြားပြည့်စုံခဲ့ခြင်းက ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း အပြည့်အဝသက်သေထူသည်။ ၎င်းအပြင် ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် ယေရမိကို အမည်နာမဖြင့် အကြိမ်များစွာကိုးကားဖော်ပြခဲ့သည်။ (မ. ၂:၁၇၊ ၁၈; ၁၆:၁၄; ၂၇:၉) ယေရှုသည် ဗိမာန်တော်ကိုသန့်စင်မှုပြုချိန်၌ ယေရမိ ၇:၁၁ ပါစကားကို ဟေရှာယ ၅၆:၇ ပါစကားနှင့် ပေါင်းလိုက်ခြင်းဖြင့် ယေရမိကျမ်းကို ကိုယ်တော်လေ့လာခဲ့ကြောင်း ထင်ရှားသည်။ (မာ. ၁၁:၁၇; လု. ၁၉:၄၆) ယေရှု၏ရဲရင့်မှုနှင့် သတ္တိရှိမှုတို့ကြောင့် အချို့သူများက ကိုယ်တော်ကို ယေရမိဟုပင် ထင်ခဲ့ကြသည်။ (မ. ၁၆:၁၃၊ ၁၄) ယေရမိ၏ပရောဖက်ပြုချက်ဖြစ်သော ပဋိညာဉ်သစ် (ယေ. ၃၁:၃၁-၃၄) ကိုပေါလုက ဟေဗြဲ ၈:၈-၁၂ နှင့် ၁၀:၁၆၊ ၁၇ တို့တွင် ရည်ညွှန်းခဲ့သည်။ “ဝါကြွားသောသူမည်သည်ကား ထာဝရဘုရား၌သာဝါကြွားစေ” ဟုပေါလုဆိုရာတွင် ယေရမိ ၉:၂၄ ကိုကိုးကားခြင်းဖြစ်သည်။ (၁ ကော. ၁:၃၁) ဗာဗုလုန်ကျရှုံးခြင်းနှင့်ပတ်သက်သော ယေရမိ၏ပုံဖော်ချက် (ယေ. ၅၁:၆၃၊ ၆၄) ကိုဗျာဒိတ် ၁၈:၂၁ ၌ပို၍ပင် အားမာန်ပါပါသုံးနှုန်းထားသည်။

၄။ ရှေးဟောင်းသုတေသနပညာက ဤကျမ်းမှတ်တမ်းကို မည်သို့ထောက်ခံသနည်း။

၄ ရှေးဟောင်းသုတေသနတွေ့ရှိချက်များကလည်း ယေရမိကျမ်းပါမှတ်တမ်းကို ထောက်ခံသည်။ ဥပမာ၊ ဗာဗုလုန်ရာဇဝင်မှတ်တမ်းက နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ဘီ.စီ.အီး. ၆၁၇ တွင်တိုက်ခိုက်သိမ်းပိုက်ကြောင်း ဖော်ပြထားသည်၊ ထိုအချိန်တွင် (ယောယကိမ်) မင်းကိုဖမ်းဆီးခေါ်ဆောင်သွားပြီး (ဇေဒကိ) ကို သူကိုယ်တိုင်ရွေးချယ်ခန့်အပ်ခဲ့သည်။—၂၄:၁; ၂၉:၁၊ ၂; ၃၇:၁။a

၅။ (က) ယေရမိကိုယ်နှိုက်နှင့်ပတ်သက်၍ အဘယ်အရာသိရှိရသနည်း။ (ခ) သူ၏စာရေးဟန်နှင့်ပတ်သက်၍ အဘယ်အရာပြောနိုင်သနည်း။

၅ မောရှေမှလွဲ၍ အခြားသောရှေးခေတ်ပရောဖက်အားလုံးတို့ထက် ယေရမိ၏ကိုယ်ရေးရာဇဝင်ကို ပို၍ပြည့်ပြည့်စုံစုံ ကျွန်ုပ်တို့သိရှိထားကြသည်။ ယေရမိသည် သူ့ကိုယ်သူအကြောင်း၊ သူ့ခံစားမှုများ၊ စိတ်လှုပ်ရှားမှုများအကြောင်း များစွာဖော်ပြရာ စိတ်နှိမ့်ချမှု၊ နှလုံးသားကြင်နာမှုတို့နှင့်ပေါင်းစပ်ထားသော ရဲရင့်ပြတ်သားမှုနှင့် သတ္တိရှိမှုကိုပြသသည်။ သူသည် ပရောဖက်သာမက ယဇ်ပုရောဟိတ်၊ ကျမ်းပြုစုသူ၊ တိကျသောသမိုင်းဆရာတစ်ဦးဖြစ်သည်။ သူသည် ယေရုရှလင်မြို့မြောက်ဘက် “ဗင်ယာမိန်ပြည်” ရှိယဇ်ပုရောဟိတ်မြို့ဖြစ်သော အာနသုတ်မြို့သား ယဇ်ပုရောဟိတ်ဟိလခိ၏သားဖြစ်သည်။ (၁:၃) ယေရမိ၏ရေးဟန်သည် ရှင်းလင်းသည်၊ တဲ့ထိုးကျပြီး နားလည်ရလွယ်သည်။ ဥပမာများနှင့် သရုပ်ဖော်ချက်များစွာပါရှိပြီး စကားပြေနှင့် လင်္ကာနှစ်မျိုးစလုံးပါရှိသည်။

အဘယ်ကြောင့်အကျိုးရှိကြောင်း

၃၆။ (က) ယေရမိတွင် အဘယ်ရဲစွမ်းသတ္တိရှိသော စိတ်ထက်သန်မှုပုံနမူနာ တွေ့ရသနည်း။ (ခ) ဗာရုတ်၊ ရေခပ်အမျိုးသားများနှင့် ဧဗဒမေလက်တို့သည်လည်း ကျွန်ုပ်တို့အတွက် အဘယ်အရာနှင့်စပ်လျဉ်း၍ ကောင်းသောပုံသက်သေများဖြစ်ကြသနည်း။

၃၆ ဤမှုတ်သွင်းခံအနာဂတ္တိကျမ်းသည် တည်ဆောက်မှုပေးကာ အကျိုးလည်းပြု၏။ ပရောဖက်ကိုယ်တိုင်၏ ရဲစွမ်းသတ္တိကိုကြည့်ပါလေ။ သူသည် ဘုရားတရားမဲ့လူတို့အား ရေပန်းမစားသောသတင်းကို ကြေညာရာတွင် မကြောက်ရွံ့ချေ။ လူဆိုးတို့နှင့်ပေါင်းသင်းခြင်းကို သူငြင်းပယ်ခဲ့သည်။ သူသည် ယေဟောဝါသတင်းတရား၏ အရေးတကြီးဖြစ်မှုကို နားလည်သဘောပေါက်ခဲ့သဖြင့် ယေဟောဝါ၏အမှုတော်၌ မိမိကိုယ်ကို နှလုံးအကြွင်းမဲ့ပေးဆပ်ပြီး ဘယ်တော့မျှမရှောင်လွဲခဲ့ချေ။ ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်ကပါဌ်တော်သည် သူ့အရိုး၌ လောင်သောမီးကဲ့သို့ဖြစ်ပြီး သူ၏နှလုံးကို ဝမ်းမြောက်စေ၊ ရွှင်လန်းစေခဲ့ကြောင်း သူတွေ့ခဲ့ရသည်။ (ယေ. ၁၅:၁၆-၂၀; ၂၀:၈-၁၃) ကျွန်ုပ်တို့လည်း ယေဟောဝါ၏နှုတ်ကပါဌ်တော်အတွက် အစဉ်စိတ်ထက်သန်နိုင်ပါစေ! ယေရမိအပေါ် ဗာရုတ်ပြုခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း ဘုရားသခင့်ကျေးကျွန်များကို သစ္စာစောင့်သိစွာ ထောက်မနိုင်ကြပါစေ။ ရေခပ်အမျိုးသားတို့၏ ရိုးသားဖြောင့်မှန်သောနာခံမှုနှင့် နှိပ်စက်ခံရသောပရောဖက်အပေါ်ထားရှိသည့် ဧဗဒမေလက်၏ သနားကြင်နာထောက်စာမှုတို့သည်လည်း ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းများဖြစ်သည်။—၃၆:၈-၁၉၊ ၃၂; ၃၅:၁-၁၉; ၃၈:၇-၁၃; ၃၉:၁၅-၁၈။

၃၇။ ယေရမိကျမ်းကိုသုံးသပ်ဆင်ခြင်ခြင်းက ယေဟောဝါ၏ပရောဖက်ပြုနိုင်စွမ်းအပေါ် ယုံကြည်ခြင်းကိုမည်သို့ခိုင်ခံ့စေသနည်း။

၃၇ ယေရမိထံသို့ရောက်လာသော ယေဟောဝါ၏နှုတ်ကပါဌ်တော်သည် အံ့ဖွယ်ကောင်းလောက်အောင် တိကျစွာပြည့်စုံခဲ့သည်။ ယင်းအချက်က ယေဟောဝါ၏ပရောဖက်ပြုနိုင်စွမ်းအပေါ် ယုံကြည်ခြင်းပိုခိုင်ခံ့စေသည်။ ဥပမာ၊ ယေရမိကိုယ်တိုင်ကပ်ကျော်မြင်တွေ့ခဲ့ရသည့် ပရောဖက်ပြုချက်များကို ကြည့်ပါလေ– ဇေဒကိအဖမ်းခံရခြင်းနှင့် ယေရုရှလင်မြို့ပျက်စီးခြင်း (၂၁:၃-၁၀; ၃၉:၆-၉)၊ ရှလ္လုံမင်း (ယောခတ်) နန်းချခံရခြင်းနှင့် သုံ့ပန်းဘဝဖြင့် သေဆုံးခြင်း (ယေ. ၂၂:၁၁၊ ၁၂; ၄ ရာ. ၂၃:၃၀-၃၄; ၆ ရာ. ၃၆:၁-၄)၊ ခေါနိမင်း (ယေခေါနိ) ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း (ယေ. ၂၂:၂၄-၂၇; ၄ ရာ. ၂၄:၁၅၊ ၁၆)၊ မိစ္ဆာပရောဖက်ဟာနနိ တစ်နှစ်အတွင်းသေဆုံးခြင်း (ယေ. ၂၈:၁၆၊ ၁၇) စသည်တို့ဖြစ်သည်။ ဤပရောဖက်ပြုချက်အားလုံးနှင့် ယင်းထက်မကသည် ယေဟောဝါမိန့်တော်မူခဲ့သည့်အတိုင်း ပြည့်စုံခဲ့သည်။ နောက်ပိုင်းပရောဖက်များနှင့် ယေဟောဝါကျေးကျွန်များသည်လည်း ယေရမိ၏ပရောဖက်ပြုချက်ကို ခိုင်လုံ၍ယုံကြည်ထိုက်ရာနှင့် အကျိုးပြုကြောင်း တွေ့ရှိခဲ့ကြသည်။ ဥပမာ၊ ယေရုရှလင်မြို့သည် အနှစ် ၇၀ လူဆိတ်ညံရာအရပ်ဖြစ်ရမည်ကို ယေရမိရေးသားချက်များမှ ဒံယေလသိခဲ့သည်၊ ဧဇရသည် အနှစ် ၇၀ အဆုံးတွင် ယေရမိစကားများ၏ပြည့်စုံချက်အပေါ် အာရုံစိုက်စေခဲ့သည်။—ဒံ. ၉:၂; ၆ ရာ. ၃၆:၂၀၊ ၂၁; ဧဇ. ၁:၁; ယေ. ၂၅:၁၁၊ ၁၂; ၂၉:၁၀။

၃၈။ (က) ယေရှုရည်ညွှန်းခဲ့သော အဘယ်ပဋိညာဉ်အကြောင်းကို ယေရမိ၏ပရောဖက်ပြုချက်တွင် ပေါ်လွင်စွာဖော်ပြထားသနည်း။ (ခ) အဘယ်နိုင်ငံတော်မျှော်လင့်ချက်ကို ကြေညာထားသနည်း။

၃၈ ယေရှုသည် မိမိတပည့်တော်များနှင့်အတူ သခင့်ညစာစားပွဲကို စ၍ကျင်းပခဲ့စဉ်က ပဋိညာဉ်သစ်နှင့်ပတ်သက်သော ယေရမိ၏ပရောဖက်ပြုချက်ပြည့်စုံကြောင်းကို ဖော်ပြခဲ့သည်။ ထို့ကြောင့် ကိုယ်တော်က “ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်” အားဖြင့် သူတို့၏အပြစ်များခွင့်လွှတ်ခံရပြီး ယေဟောဝါ၏ဝိညာဏလူမျိုးအဖြစ် စုသိမ်းခံခဲ့ရကြောင်းဖော်ပြခဲ့သည်။ (လု. ၂၂:၂၀; ယေ. ၃၁:၃၁-၃၄) ပဋိညာဉ်သစ်ထဲသို့ ခေါ်ဆောင်ခံရသော ဝိညာဉ်တော်ဖွားများမှာ ခရစ်တော်နှင့်အတူ ကောင်းကင်တွင်အုပ်ချုပ်ရန် နိုင်ငံတော်အတွက် ကိုယ်တော်ပဋိညာဉ်ဖွဲ့ခဲ့သူများဖြစ်ကြသည်။ (လု. ၂၂:၂၉-၃၀; ဗျာ. ၅:၉၊ ၁၀; ၂၀:၆) ဤနိုင်ငံတော်အကြောင်းကို ယေရမိကျမ်းတွင် အကြိမ်များစွာ ရည်ညွှန်းထားသည်။ သစ္စာမဲ့ယေရုရှလင်မြို့အား ပြစ်တင်ရှုတ်ချသော ကြေညာချက်များကြားထဲတွင် ယေရမိသည် ဤမျှော်လင့်ချက်အလင်းတန်းကို ဖော်ပြခဲ့၏– “ယေဟောဝါမိန့်တော်မူသည်ကား ‘ကြည့်ရှုလော့! ဖြောင့်မတ်သောအညွန့်ကို ဒါဝိဒ်အဖို့ငါပေါက်စေမည့်နေ့ ရောက်လာမည်။’ ထိုမင်းသည် ပညာသတိရှိပြီး ပြည်တော်ကို တရားသဖြင့် ဖြောင့်မတ်စွာအုပ်စိုးစီရင်လိမ့်မည်။” မှန်ပါသည်၊ ထိုမင်း၌ “ယေဟောဝါဇေဒကနု [ယေဟောဝါသည် ကျွန်ုပ်တို့၏ဖြောင့်မှန်ခြင်း]” ဟူသောဘွဲ့နာမရှိသည်။—ယေ. ၂၃:၅၊ ၆ ကဘ။

၃၉။ ယေရမိကြိုဟောခဲ့သည့်အတိုင်း ဗာဗုလုန်မှအကြွင်းအကျန်ပြန်လာခြင်းသည် အဘယ်အရာကို ယုံကြည်စိတ်ချစေသနည်း။

၃၉ တစ်ဖန် ယေရမိသည် ပြန်လည်တည်ထောင်ခြင်းအကြောင်း ဤသို့ဆို၏– “သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမှုကိုလည်းကောင်း၊ သူတို့အဖို့ ငါပေါ်ထွန်းစေလတ္တံ့သော ရှင်ဘုရင်ဒါဝိဒ်၏အမှုကိုလည်းကောင်း ဆောင်ရွက်ရကြမည်။” (၃၀:၉) နောက်ဆုံးတွင် ဣသရေလ၊ ယုဒတို့နှင့်ပတ်သက်သော ယေဟောဝါ၏မင်္ဂလာစကားတော်ကို ဤသို့တင်ပြ၏– “ထိုကာလအခါ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ [ယေဟောဝါ] ပေါက်စေ” မည်၊ သို့နှင့် သူ၏အမျိုးအနွယ်တိုးပွားများပြားလာပြီး “ရာဇပလ္လင်ပေါ်မှာ စိုးစံရသော” သားတစ်ပါးပေါ်ထွန်းမည်ဖြစ်သည်။ (၃၃:၁၅၊ ၂၁) ဗာဗုလုန်မှ အကြွင်းအကျန်လူစု အမှန်ပင်ပြည်တော်ပြန်ခဲ့သကဲ့သို့ ဤဖြောင့်မတ်သော နိုင်ငံတော် “အညွန့်” သည်လည်း မြေတစ်ပြင်လုံးကို တရားသဖြင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း ဧကန်အုပ်စိုးလိမ့်မည်။—လု. ၁:၃၂။

[အောက်ခြေမှတ်ချက်]

a ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း အတွဲ ၂၊ စာမျက်နှာ ၃၂၆၊ ၄၈၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ