သမ္မာကျမ်းစာကို နားလည်သဘောပေါက် စေရန် အကူအညီ
သမ္မာကျမ်းစာထဲတွင် သင့်အတွက် အရေးပါသော အချက်အလက်များ ပါရှိသည်။
• ဘဝရည်ရွယ်ချက်နှင့်ပတ်သက်သော ဖန်ဆင်းရှင်၏ မိန့်ဆိုချက်များကို ရှင်းပြထားသည်။
• ယခုအသက်တာတွင် ကြုံတွေ့ရသော ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းစေနိုင်သည့် အကောင်းဆုံး ဆုံးမစကားများ ပါရှိသည်။
• ကျွန်ုပ်တို့အားလုံး ဘုရားသခင်၏ တရားစီရင်ရာ ပလ္လင်ရှေ့ရောက်သည့်အခါ မျက်နှာသာရရန် လိုအပ်ရာများကို ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းတွင် ကျမ်းစာသင်အံမှုပေါင်း ၅,၀၀၀,၀၀၀ ကျော်ကို ပုံမှန်ကျင်းပလျက်ရှိသည်။
သင့်အခြေအနေနှင့် သင့်လျော်သော သီးသန့်အစီအစဉ်များ ပြုလုပ်နိုင်သည်။ အခကြေးငွေပေးရန်မလိုပါ။
အောက်ဖော်ပြပါ လိပ်စာများမှ သင်နှင့်အနီးစပ်ဆုံးလိပ်စာသို့ စာရေးတောင်းခံပါ၊ သို့မဟုတ် သင့်ဒေသတွင်ရှိသော ယေဟောဝါသက်သေ တစ်ဦးဦးနှင့် ဆက်သွယ်ပါ။