“ထိုသင်ကြား စိတ်ချခဲ့ရသောအရာများ၌ တည်နေလော့”
တိမောသေလေးထံ ထိုအတိုင်း တမန်တော်ပေါလု ရေးသားခဲ့သည်။ (၂ တိမောသေ ၃:၁၄၊ သမ) ဤစာအုပ်ကို ဖတ်ပြီးနောက် ဘုရားသခင်ကို ချစ်သောသူများအတွက် ဘုရားသခင် သိုမှီးထားသည့် မွန်မြတ်သောအရာများစွာအကြောင်းကို သင်သိရှိပြီဖြစ်သည်။ သို့သော် ဝိညာဉ်ရေး၌ သင် တိုးတက်စရာလိုသေးသည်။ ယင်းသို့ တိုးတက်ရန် လိုအပ်သောအကူအညီ မရရှိသေးပါက ယေဟောဝါသက်သေများ ဝမ်းမြောက်စွာ အကူအညီပေးပါလိမ့်မည်။ အခမဲ့ ကျမ်းစာသင်တန်း မှန်မှန်ပြုလုပ်ပေးရန် သင့်အိမ်သို့ ယေဟောဝါသက်သေ ဓမ္မအမှုဆောင်တစ်ဦး စေလွှတ်ပေးဖို့ ဒေသခံ ယေဟောဝါသက်သေများနှင့် ဆက်သွယ်တောင်းဆိုပါ။ သို့မဟုတ် အောက်ဖော်ပြပါ လိပ်စာ တစ်ခုခုသို့ စာရေးတောင်းဆိုပါ။