ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၆၉ စာ. ၁၆၄-စာ. ၁၆၅ ပိုဒ်. ၂
  • မာရိဆီ ဂါဗြေလ ရောက်လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာရိဆီ ဂါဗြေလ ရောက်လာ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်တစ်ပါး မာရိဆီလာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • မမွေးဖွားမီဂုဏ်ပြုခံရ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ယေရှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၆၉ စာ. ၁၆၄-စာ. ၁၆၅ ပိုဒ်. ၂
ကောင်းကင်တမန် ဂါဗြေလ မာရိရှေ့ ပေါ်လာ

သင်ခန်းစာ ၆၉

မာရိဆီ ဂါဗြေလ ရောက်လာ

ကောင်းကင်တမန် ဂါဗြေလ ယောသပ်ရဲ့ အိပ်မက်ထဲမှာ ပေါ်လာ

ဧလိရှဗက်မှာ ညီမလေးလို ချစ်ရတဲ့ မာရိ ဆိုသူ ရှိတယ်။ သူက ဂါလိလဲပြည်၊ နာဇရက်မြို့မှာ နေပြီး လက်သမား ယောသပ်နဲ့ စေ့စပ်ထားတယ်။ ဧလိရှဗက် ကိုယ်ဝန်ခြောက်လ ရှိတော့ ကောင်းကင်တမန် ဂါဗြေလဟာ မာရိကို ကိုယ်ထင်ပြပြီး ‘မင်္ဂလာပါ၊ မာရိ။ ခင်ဗျားဟာ ယေဟောဝါရဲ့ မျက်နှာသာရသူပါ’ လို့နှုတ်ဆက်တယ်။ မာရိခမျာ ဘာကြောင့် အဲဒီလိုပြောမှန်း မသိရှာဘူး။ ဂါဗြေလက ‘ခင်ဗျားမှာ ကိုယ်ဝန်ရှိလာပြီး သားလေးမွေးလိမ့်မယ်။ အဲဒီကလေးကို ယေရှုလို့ နာမည်ပေးရမယ်။ သူက ဘုရင်ဖြစ်လိမ့်မယ်။ သူ့နိုင်ငံက အမြဲတည်မယ်’ လို့ပြောတယ်။

ဒါနဲ့ မာရိက ‘ကျွန်မဟာ အပျိုစင်ပါ။ ဘယ်လိုလုပ် ကလေးရမှာလဲ’ လို့ပြန်ပြောတော့ ဂါဗြေလက ‘ယေဟောဝါအတွက် ဘာမဆိုဖြစ်နိုင်တယ်။ သန့်ရှင်းသောစွမ်းအားတော် ခင်ဗျားအပေါ် သက်ရောက်ပြီး သားရလိမ့်မယ်။ ခင်ဗျား ရင်းနှီးတဲ့မိတ်ဆွေ ဧလိရှဗက်လည်း ကိုယ်ဝန်ရှိနေပြီ’ လို့ ပြောပြတယ်။ ဒါနဲ့ မာရိက ‘ကျွန်မဟာ ယေဟောဝါရဲ့ အစေခံပါ။ သခင်ပြောတဲ့အတိုင်း ဖြစ်လာပါစေ’ လို့ ပြန်ဖြေတယ်။

ယောသပ်က ကိုယ်ဝန်ရှိတဲ့ မာရိကို ဇနီးအဖြစ် လက်ထပ်ယူ

မာရိဟာ ဧလိရှဗက်ရှိတဲ့ တောင်တန်းမြို့ဆီ ထွက်လာတယ်။ မာရိနှုတ်ဆက်တဲ့အခါ ဧလိရှဗက်ရဲ့ ဗိုက်ထဲက ကလေးခုန်လိုက်တာကို ဧလိရှဗက် ခံစားလိုက်ရတယ်။ သန့်ရှင်းသောစွမ်းအားတော်နဲ့ ပြည့်ပြီး သူက ‘မာရိ၊ ညီမကို ယေဟောဝါ ကောင်းချီးပေးပြီ။ ငါ့သခင်ရဲ့ မိခင် လာလည်တာ ဂုဏ်ယူစရာပါ’ လို့ ပြောတယ်။ မာရိက ‘စိတ်နှလုံးအပြည့်နဲ့ ယေဟောဝါဘုရားကို ဂုဏ်တင်ချီးမွမ်းပါတယ်’ လို့ပြန်ဖြေတယ်။ ဧလိရှဗက်နဲ့ သုံးလအတူနေပြီး နာဇရက်မြို့ကို ပြန်လာတယ်။

ယောသပ်ဟာ မာရိဆီမှာ ကိုယ်ဝန်ရှိမှန်းသိတော့ စေ့စပ်ထားတာကို ဖျက်လိုက်ချင်တယ်။ ဒါပေမဲ့ အိပ်မက်မှာ ကောင်းကင်တမန်ပေါ်လာပြီး ‘သူ့ကို လက်ထပ်ဖို့ မစိုးရိမ်ပါနဲ့။ သူဘာအမှားမှ မလုပ်ပါဘူး’ လို့ပြောတယ်။ ဒါနဲ့ ယောသပ်လည်း မာရိကို ဇနီးအဖြစ် လက်ထပ်ယူပြီး အိမ်ခေါ်သွားတယ်။

‘ယေဟောဝါက ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ၊ အလိုရှိရာမှန်သမျှ လုပ်ဆောင်တယ်။’—ဆာလံ ၁၃၅:၆

မေးခွန်း– မာရိကို ဂါဗြေလ ဘာလာပြောသလဲ။ ကြုံနေရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဧလိရှဗက်နဲ့ မာရိ ဘယ်လို ခံစားရသလဲ။

မဿဲ ၁:၁၈-၂၅။ လုကာ ၁:၂၆-၅၆။ ဟေရှာယ ၇:၁၄။ ၉:၇။ ဒံယေလ ၂:၄၄။ ဂလာတိ ၄:၄

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ