ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၆၈ စာ. ၁၆၂-စာ. ၁၆၃ ပိုဒ်. ၁
  • ဧလိရှဗက် သားတစ်ယောက် မွေးဖွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဧလိရှဗက် သားတစ်ယောက် မွေးဖွား
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လမ်းခရီးကို အသင့်ပြင်ဆင်မယ့်သူမွေးဖွား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အပြစ်တင်ခွင့်ကင်းစွာ ကျင့်ကြံပြုမူသောကြောင့် သူတို့ ဆုကျေးဇူးခံစားရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဘုရားသခင်ဆီက သတင်းစကားနှစ်ခု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ကြွတော်မူရာလမ်းကို ပြင်ဆင်သူမွေးဖွားခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၆၈ စာ. ၁၆၂-စာ. ၁၆၃ ပိုဒ်. ၁
ဇာခရိက သူ့သားကို ယောဟန်လို့ နာမည်ပေးမယ်ဆိုပြီး မိတ်ဆွေနဲ့ ဆွေမျိုးတွေကို ပြော

သင်ခန်းစာ ၆၈

ဧလိရှဗက် သားတစ်ယောက် မွေးဖွား

ဂျေရုဆလင်မြို့ရိုး ပြန်တည်ဆောက်ပြီး နှစ်ပေါင်း ၄၀၀ ကျော် ကြာပြီးတဲ့နောက် မြို့အနီးမှာ ပုရောဟိတ် ဇာခရိနဲ့ ဇနီးဖြစ်သူ ဧလိရှဗက် နေတယ်။ သူတို့အိမ်ထောင်ပြုထားတာ နှစ်တော်တော်ကြာနေပေမဲ့ ကလေးမရဘူး။ တစ်နေ့၊ ဗိမာန်တော်ရဲ့ သန့်ရှင်းရာဌာနမှာ ဇာခရိ နံ့သာပေါင်းပူဇော်နေတုန်း ကောင်းကင်တမန် ဂါဗြေလ ပေါ်လာတယ်။ ဇာခရိ ထိတ်လန့်သွားပေမဲ့ ဂါဗြေလက ‘မကြောက်နဲ့၊ ယေဟောဝါဆီက သတင်းကောင်းကို လာပြောတာ။ ခင်ဗျားဇနီး ဧလိရှဗက် သားလေး မွေးမယ်၊ သူ့ကို ယောဟန်လို့ နာမည်ပေးရမယ်။ ယေဟောဝါက ယောဟန်ကို အထူးအလုပ် လုပ်ဖို့ ရွေးထားတယ်’ လို့ပြောတော့ ဇာခရိက ‘ဖြစ်နိုင်ပါ့မလား။ ကျွန်တော်တို့ ဇနီးမောင်နှံဟာ အသက်ကြီးလွန်းနေပြီ’ လို့ပြောတော့ ဂါဗြေလက ‘ခင်ဗျားကို ဒီသတင်းပေးဖို့ ဘုရားက ကျွန်တော့်ကို လွှတ်လိုက်တာ။ ခင်ဗျားမယုံတဲ့အတွက် ကလေးမမွေးမချင်း စကားပြောနိုင်မှာမဟုတ်ဘူး’ တဲ့။

ဇာခရိဟာ သန့်ရှင်းရာဌာနမှာ ပုံမှန်ထက် ကြာနေတယ်။ အပြင်မှာ စောင့်နေတဲ့လူတွေက ဘာဖြစ်လို့ ကြာနေတာလဲဆိုတာ သိချင်နေကြတယ်။ ဇာခရိထွက်လာတဲ့အခါ စကားမပြောနိုင်ဘဲ အမူအရာနဲ့ပြတယ်။ ဇာခရိဟာ ဘုရားဆီက သတင်းစကား ရခဲ့ပြီဆိုတာ လူတွေ သိလိုက်ပြီ။

နောက်တော့ ကောင်းကင်တမန် ပြောတဲ့အတိုင်း ဧလိရှဗက် ကိုယ်ဝန်ရှိလာပြီး သားလေး မွေးတယ်။ မိတ်ဆွေတွေ၊ ဆွေမျိုးတွေက ကလေးကို လာကြည့်ပြီး ပျော်နေကြတယ်။ ဧလိရှဗက်က ‘သူ့ကို ယောဟန်လို့ မှည့်မယ်’ လို့ပြောတော့ သူတို့က ‘မင်းရဲ့ဆွေမျိုးထဲမှာ ဒီနာမည်မှမရှိတာ၊ ဇာခရိလို့ ပေးပေါ့’ လို့ ပြောကြတယ်။ ဒါပေမဲ့ ဇာခရိက ‘သူ့နာမည်ဟာ ယောဟန်ပဲ’ လို့ရေးပြတယ်။ အဲဒီအချိန်ကျမှ ဇာခရိ စကားပြန်ပြောနိုင်တယ်။ ဒီကလေးသတင်းက ယုဒပြည်တစ်လျှောက် ပျံ့သွားပြီး ‘ဒီကလေး ကြီးလာရင် ဘာဖြစ်မလဲ’ လို့ စိတ်ဝင်စားနေကြတယ်။

ဇာခရိဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ပြည့်ပြီး အခုလို ပရောဖက်ပြုတယ်– ‘ယေဟောဝါကို ချီးမွမ်းကြပါ။ ကယ်တင်မယ့်သူ မေရှိယကို စေလွှတ်မယ်လို့ အာဗြဟံကို ကိုယ်တော် ကတိပေးခဲ့တယ်။ ယောဟန်ဟာ ပရောဖက်ဖြစ်လာပြီး မေရှိယအတွက် လမ်းကို ပြင်ဆင်ပေးလိမ့်မယ်။’

ဧလိရှဗက်ရဲ့ဆွေမျိုး မာရိလည်း အံ့ဩစရာအဖြစ် ကြုံခဲ့တယ်။ အဲဒီအကြောင်း နောက်အခန်းမှာ လေ့လာကြည့်ရအောင်။

“လူတွေအတွက်တော့ ဒါဟာ မဖြစ်နိုင်တဲ့အရာပဲ။ ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်။”—မဿဲ ၁၉:၂၆

မေးခွန်း– ဇာခရိကို ဂါဗြေလ ဘာလာပြောသလဲ။ ဘယ်အထူးတာဝန်ကို ယောဟန် လုပ်မှာလဲ။

မဿဲ ၁၁:၇-၁၄။ လုကာ ၁:၅-၂၅၊ ၅၇-၇၉။ ဟေရှာယ ၄၀:၃။ မာလခိ ၃:၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ