ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es17 စာ. ၂၆-၃၆
  • မတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မတ်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဗုဒ္ဓဟူးနေ့၊ မတ် ၁
  • ကြာသပတေးနေ့၊ မတ် ၂
  • သောကြာနေ့၊ မတ် ၃
  • စနေနေ့၊ မတ် ၄
  • တနင်္ဂနွေနေ့၊ မတ် ၅
  • တနင်္လာနေ့၊ မတ် ၆
  • အင်္ဂါနေ့၊ မတ် ၇
  • ဗုဒ္ဓဟူးနေ့၊ မတ် ၈
  • ကြာသပတေးနေ့၊ မတ် ၉
  • သောကြာနေ့၊ မတ် ၁၀
  • စနေနေ့၊ မတ် ၁၁
  • တနင်္ဂနွေနေ့၊ မတ် ၁၂
  • တနင်္လာနေ့၊ မတ် ၁၃
  • အင်္ဂါနေ့၊ မတ် ၁၄
  • ဗုဒ္ဓဟူးနေ့၊ မတ် ၁၅
  • ကြာသပတေးနေ့၊ မတ် ၁၆
  • သောကြာနေ့၊ မတ် ၁၇
  • စနေနေ့၊ မတ် ၁၈
  • တနင်္ဂနွေနေ့၊ မတ် ၁၉
  • တနင်္လာနေ့၊ မတ် ၂၀
  • အင်္ဂါနေ့၊ မတ် ၂၁
  • ဗုဒ္ဓဟူးနေ့၊ မတ် ၂၂
  • ကြာသပတေးနေ့၊ မတ် ၂၃
  • သောကြာနေ့၊ မတ် ၂၄
  • စနေနေ့၊ မတ် ၂၅
  • တနင်္ဂနွေနေ့၊ မတ် ၂၆
  • တနင်္လာနေ့၊ မတ် ၂၇
  • အင်္ဂါနေ့၊ မတ် ၂၈
  • ဗုဒ္ဓဟူးနေ့၊ မတ် ၂၉
  • ကြာသပတေးနေ့၊ မတ် ၃၀
  • သောကြာနေ့၊ မတ် ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၇
es17 စာ. ၂၆-၃၆

မတ်

ဗုဒ္ဓဟူးနေ့၊ မတ် ၁

နက်ဖြန်နေ့၌ သင်တို့အသက်သည် မည်သို့ဖြစ်မည်ကို မသိကြ။—ယာ. ၄:၁၄။

အကြီးအကဲတွေဟာ ယေဟောဝါရဲ့ သိုးတွေကို ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့အတွက် နှစ်တွေတစ်လျှောက် ကိုယ်သင်ယူသိရှိခဲ့တာတွေကို လူငယ်ညီအစ်ကိုတွေကို ကြိုးစားသင်ပေးကြတယ်။ (ဆာ. ၇၁:၁၇၊ ၁၈) တခြားသူတွေကို လေ့ကျင့်ပေးနေတဲ့ အကြီးအကဲတွေဟာ သိပ်တန်ဖိုးရှိတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက အသင်းတော်ကို ခိုင်ခံ့စေတယ်။ သူတို့ရဲ့ လေ့ကျင့်ပေးမှုကြောင့် ညီအစ်ကိုများစွာဟာ အခုရော လာမယ့် ကြီးစွာသောဒုက္ခ အတွင်းမှာပါ အသင်းတော် ခိုင်ခံ့စည်းလုံးနေအောင် ကူညီပေးဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။ (ယေဇ. ၃၈:၁၀–၁၂။ မိ. ၅:၅၊ ၆) ဒါကြောင့် ချစ်ရတဲ့အကြီးအကဲတို့၊ ဒီနေ့ကစပြီး တခြားသူတွေကို လေ့ကျင့်ပေးဖို့ ပုံမှန်အချိန်ယူကြပါ။ သင့်ရဲ့ အချိန်ဇယားမှာ လုပ်စရာတွေအပြည့်ပဲဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သင်ဟာ အသင်းတော်ရဲ့ အရေးကြီးကိစ္စတွေကို လုပ်ဆောင်နေရတယ်။ ဒါကြောင့် အဲဒီအချိန်ထဲက တချို့ကိုဖယ်ပြီး တခြားသူတွေကို လေ့ကျင့်ရာမှာ အသုံးပြုဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ (ဒေ. ၃:၁) အဲဒီလိုလုပ်ဆောင်ခြင်းက အချိန်ကို ပညာရှိရှိ အသုံးပြုရာကျပြီး အနာဂတ်မှာ အသင်းတော်ကို အကျိုးပြုပါလိမ့်မယ်။ က၁၅ ၄/၁၅ ၁:၈–၁၀

ကြာသပတေးနေ့၊ မတ် ၂

ဤလမ်း၌သွားလော့ဟု သင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။—ဟေရှာ. ၃၀:၂၁။

ကျမ်းစာမှာ လူအားလုံးအတွက် ဘုရားသခင့် သတင်းစကား ပါရှိတယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ ကျမ်းစာက ဘုရားသခင်နဲ့ ရင်းနှီးလာအောင် သင့်ကို ကူညီပေးနိုင်သလား။ ကူညီပေးနိုင်ပါတယ်။ ကျမ်းစာကို ပုံမှန်ဖတ်ရှုလေ့လာတဲ့အခါ ဖတ်တဲ့အရာနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရတယ်ဆိုတာ သတိထားကြည့်ပါ။ ပြီးနောက် သိရှိလာတာတွေကို ဘယ်လိုကျင့်သုံးနိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ အဲဒီလိုလုပ်ဆောင်ခြင်းက သင့်ကို စကားပြောဖို့ ယေဟောဝါကို အခွင့်ပေးနေတာဖြစ်တယ်။ ကိုယ်တော်ဟာ သင့်မိတ်ဆွေဖြစ်လာပြီး သင်လည်း ကိုယ်တော်နဲ့ ရင်းနှီးလာပါလိမ့်မယ်။ (ဟေဗြဲ ၄:၁၂။ ယာ. ၁:၂၃-၂၅) ဥပမာအနေနဲ့ “မြေကြီးပေါ်မှာ ဘဏ္ဍာကို မစုဆောင်းကြနှင့်တော့” ဆိုတဲ့ ယေရှုရဲ့စကားကို ဖတ်ရတဲ့အခါ သင် ဘယ်လိုခံစားရသလဲ။ ဘဝမှာ ယေဟောဝါကို ဦးစားထားဖို့ သင်အတတ်နိုင်ဆုံး ကြိုးစားနေတယ်ဆိုရင်တော့ ကိုယ်တော့်နှစ်သက်မှု ရနေတယ်လို့ ခံစားရမှာဖြစ်တယ်။ ဒါပေမဲ့ ဘဝကို ရိုးရိုးရှင်းရှင်းထားဖို့၊ ဘုရားအမှုဆောင်ခြင်းကို ပိုအာရုံစိုက်ဖို့ လိုအပ်နေတယ်လို့ သိလာတယ်ဆိုရင်ကော။ သင့်ကို ယေဟောဝါ ကူညီပေးနိုင်ပါတယ်။ အဲဒီအခါ ကိုယ်တော့်ဆီ ချဉ်းကပ်ဖို့ သင်လုပ်ဆောင်ရမယ့်အရာကို သဘောပေါက်လာပါလိမ့်မယ်။—မ. ၆:၁၉၊ ၂၀။ က၁၅ ၄/၁၅ ၃:၃-၅

သောကြာနေ့၊ မတ် ၃

ငါ့အားဖြင့် ဟောပြောခြင်းလုပ်ငန်း အကုန်အစင် ပြီးမြောက်စေရန်နှင့် လူမျိုးခြားအပေါင်း ကြားသိစေရန် သခင်သည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားပေးတော်မူ၏။ ခြင်္သေ့၏ခံတွင်းမှလည်း ငါကယ်နုတ်ခံရ၏။ —၂ တိ. ၄:၁၇။

ယေဟောဝါက ကျွန်တော်တို့ကို “သတင်းကောင်း” ဟောပြောခြင်းလုပ်ငန်း ပေးအပ်ထားပြီး သူ့ရဲ့ “လုပ်ဖော်ဆောင်ဖက်” အဖြစ် ယူမှတ်တယ်။ (၁ သက်. ၂:၄။ ၁ ကော. ၃:၉) ဒီလုပ်ငန်းမှာ အတတ်နိုင်ဆုံး အလုပ်များနေမယ်ဆိုရင် ကျွန်တော်တို့ လိုအပ်သမျှကို ယေဟောဝါပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (မ. ၆:၃၃) အဲဒီအပြင် ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးမယ့်အချိန်ကို စောင့်ဆိုင်းရတာလည်း လွယ်ကူလာပါလိမ့်မယ်။ ဒါကြောင့် နေ့ရက်တိုင်း ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲလာအောင် လုပ်ဆောင်ပါ။ အခက်အခဲတွေ ကြုံရပြီး စိုးရိမ်ပူပန်လာတဲ့အခါ အဲဒါကို ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲလာစေမယ့် အခွင့်အရေးအဖြစ် အသုံးချပါ။ ဘုရားသခင့် စကားတော် ကျမ်းစာကို ဖတ်ရှုလေ့လာ၊ တွေးတောဆင်ခြင်ပါ။ ယေဟောဝါဆီ အမြဲဆုတောင်းပါ။ အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေပါ။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် အခုရော အနာဂတ်မှာပါ ဘယ်အခက်အခဲကိုမဆို ခံနိုင်ရည်ရှိအောင် ယေဟောဝါကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ က၁၅ ၄/၁၅ ၄:၁၇၊ ၁၈

စနေနေ့၊ မတ် ၄

သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းတို့သည် အဘယ်ကဖြစ်သနည်း။—ယာ. ၄:၁။

မာနကြီးခြင်းက အသင်းတော်ရဲ့ ငြိမ်သက်မှုကို ထိခိုက်စေနိုင်တယ်။ ကိုယ့်မှာ တခြားသူတွေကို မုန်းတီးစိတ်၊ သူတို့ထက် ပိုသာတယ်ဆိုတဲ့စိတ် အမြစ်စွဲနေမယ်ဆိုရင် တခြားသူတွေကို ထိခိုက်အောင် ပြုမူပြောဆိုမိနိုင်တယ်။ (သု. ၁၂:၁၈) ကျွန်တော်တို့မှာ တခြားသူတွေထက် ပိုသာတယ်ဆိုတဲ့စိတ် ရှိနေမယ်ဆိုရင် ‘မာနကြီးသူတိုင်းကို’ ယေဟောဝါမုန်းတယ်ဆိုတာ သတိရလိုက်ပါ။ (သု. ၁၆:၅) အဲဒီအပြင် ‘တခြားလူမျိုး၊ တခြားနိုင်ငံသား ဒါမှမဟုတ် ငါနဲ့ ယဉ်ကျေးမှုမတူသူတွေထက် ငါ ပိုသာတယ်လို့ ခံစားနေရသလား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပြီး စိတ်နှလုံးကို ဆန်းစစ်ဖို့လည်း လိုအပ်တယ်။ တကယ်လို့ အဲဒီလိုခံစားနေရတယ်ဆိုရင် ဘုရားသခင်ဟာ “လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်း” ထားတယ်ဆိုတာကို ကျွန်တော်တို့ လျစ်လျူရှုရာကျတယ်။ (တ. ၁၇:၂၆) တကယ်တော့ ကျွန်တော်တို့အားလုံးဟာ အာဒံဆီက ဆင်းသက်လာတဲ့အတွက် လူမျိုးတစ်မျိုးတည်းလို့ ပြောနိုင်တယ်။ ဒါကြောင့် တချို့လူမျိုးကို ပိုသာအောင် ဘုရားသခင် ဖန်ဆင်းထားတယ်လို့ ယုံကြည်တာဟာ သိပ်မိုက်မဲရာကျတယ်။ အဲဒီလိုယုံကြည်နေမယ်ဆိုရင် ခရစ်ယာန်မေတ္တာနဲ့ စည်းလုံးမှုကို ဖျက်ဆီးဖို့ စာတန်ကို အခွင့်ပေးနေတာပဲ။ (ယော. ၁၃:၃၅) စာတန်ကို တိုက်ခိုက်အောင်မြင်ဖို့ဆိုရင် ထိခိုက်ပျက်စီးစေနိုင်တဲ့ မာနကြီးခြင်းပုံစံအားလုံးကို ရှောင်ရမှာဖြစ်တယ်။—သု. ၁၆:၁၈။ က၁၅ ၅/၁၅ ၂:၈၊ ၉

တနင်္ဂနွေနေ့၊ မတ် ၅

ဘုရားသခင်ကို တုပကြလော့။ —ဧ. ၅:၁။

နာကျင်မှုဝေဒနာတွေ မရှိတော့မယ့် အံ့ဖွယ်အနာဂတ် ပြုလုပ်ပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ ဘိသိက်ခံတွေက ကောင်းကင်မှာ၊ “အခြားသိုး” တွေက မြေကြီးမှာ ထာဝစဥ အသက်ရှင်ဖို့ မျှော်လင့်နိုင်တယ်။ (ယော. ၁၀:၁၆။ ၁၇:၃။ ၁ ကော. ၁၅:၅၃) ဒါပေမဲ့ လောလောဆယ် ကျွန်တော်တို့ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို ယေဟောဝါ နားလည်တယ်။ အတိတ်တုန်းကလည်း အီဂျစ်ပြည်မှာ အစ္စရေးတွေ ဒုက္ခခံရတဲ့အခါ ယေဟောဝါ နာကျင် ‘ခံစားခဲ့ရတယ်။’ (ဟေရှာ. ၆၃:၉၊ ကဘ) နောက်ပိုင်း ဗိမာန်တော် ပြန်တည်ဆောက်ချိန်မှာ ရန်သူတွေကို အစ္စရေးတွေ ကြောက်တဲ့အခါမှာလည်း သူတို့ရဲ့ ခံစားချက်ကို ယေဟောဝါ နားလည်တယ်။ ‘သင်တို့ကိုထိတဲ့သူဟာ ငါ့မျက်ဆန်ကို ထိတဲ့သူပဲ’ လို့ ကိုယ်တော်ပြောတယ်။ (ဇာ. ၂:၈၊ ကဘ) မိခင်က ကလေးကို ချစ်သလို ယေဟောဝါလည်း သူ့ကျေးကျွန်တွေကို ချစ်ပြီး ကူညီပေးချင်တယ်။ (ဟေရှာ. ၄၉:၁၅) ကျွန်တော်တို့ဟာ တခြားသူတွေရဲ့ နေရာမှာဝင်ပြီး သူတို့ရဲ့ခံစားချက်ကို နားလည်ပေးခြင်းအားဖြင့် ယေဟောဝါကို တုပကြတယ်။—ဆာ. ၁၀၃:၁၃၊ ၁၄။ က၁၅ ၅/၁၅ ၄:၂

တနင်္လာနေ့၊ မတ် ၆

ဆင်းရဲသားတို့သည် သင်တို့နှင့်အတူ အစဉ်ရှိကြ၏။—မ. ၂၆:၁၁။

ကမ္ဘာပေါ်မှာ ဆင်းရဲသားတွေ အမြဲရှိနေကြမယ်လို့ ယေရှု ဆိုလိုသလား။ ဒီလောကစနစ်ဆိုးကြီး ရှိနေသရွေ့ ဆင်းရဲတဲ့သူတွေ ရှိနေဦးမယ်လို့ ဆိုလိုတာပါ။ လောဘဇော တိုက်နေတဲ့ အကျင့်ပျက် အုပ်စိုးရှင်တွေကြောင့် လူသန်းပေါင်းများစွာဟာ ဆင်းရဲမွဲတေနေတယ်။ ဒါပေမဲ့ ဆင်းရဲဒုက္ခတွေကို မကြာခင် အဆုံးတိုင်ပေးတော့မယ်။ (ဆာ. ၇၂:၁၆) ယေရှုရဲ့ အံ့ဖွယ်အမှုတွေက ယေရှုဟာ မိမိရဲ့တန်ခိုးကို ကျွန်တော်တို့အကျိုးအတွက် အသုံးပြုချင်တယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။ (မ. ၁၄:၁၄-၂၁) ကျွန်တော်တို့မှာ အံ့ဖွယ်အမှုတွေ ပြုလုပ်နိုင်တဲ့ တန်ခိုး မရှိပါဘူး။ ဒါပေမဲ့ ဘာလုပ်နိုင်သလဲ။ ကျမ်းစာမှာပါတဲ့ အံ့ဖွယ်ကတိတော်တွေအကြောင်း တခြားသူတွေကို ပြောပြရာမှာ ကိုယ့်ရဲ့အချိန်နဲ့ ခွန်အားကို ပေးဆက်နိုင်တယ်။ ယေဟောဝါသက်သေတွေအနေနဲ့ အဲဒီလိုလုပ်ဖို့ တာဝန်ရှိတယ်။ (ရော. ၁:၁၄၊ ၁၅) မကြာခင် ခရစ်တော် ပြုလုပ်ပေးမယ့်အရာတွေအကြောင်း တွေးတောတဲ့အခါ တခြားသူတွေကို အဲဒါတွေအကြောင်း ပြန်ဝေမျှဖို့ ကျွန်တော်တို့ စိတ်ထက်သန်လာပါလိမ့်မယ်။—ဆာ. ၄၅:၁။ ၄၉:၃။ က၁၅ ၆/၁၅ ၁:၇၊၁၀၊ ၁၁

အင်္ဂါနေ့၊ မတ် ၇

သင်တို့၏လက်ကို သန့်ရှင်းစေကြလော့။ . . . သင်တို့၏ စိတ်နှလုံးကို စင်ကြယ်စေကြလော့။ —ယာ. ၄:၈။

ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတာကို တန်ဖိုးထားမယ်ဆိုရင် ကိုယ့်အပြုအမူတွေသာမက အတွေးတွေကိုပါ ကိုယ်တော်နှစ်သက်အောင် ကြိုးစားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အတွေးတွေ သန့်ရှင်းစင်ကြယ်နေမယ်ဆိုရင် စိတ်နှလုံးလည်း သန့်ရှင်းနေပါလိမ့်မယ်။ (ဆာ. ၂၄:၃၊ ၄။ ၅၁:၆။ ဖိ. ၄:၈) ကျွန်တော်တို့ မစုံလင်ဘူး၊ အကျင့်ပျက်အတွေးတွေ တွေးမိနိုင်တယ်ဆိုတာ ယေဟောဝါ နားလည်တယ်။ ဒါပေမဲ့ ယေဟောဝါကို ဝမ်းမနည်းစေချင်တဲ့အတွက် မှားယွင်းတဲ့အတွေးတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ငြင်းပယ်ကြတယ်။ (က. ၆:၅၊ ၆) အတွေးအခေါ် ဆက်သန့်ရှင်းနေစေဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ အကျင့်ပျက် အတွေးတွေကို တွန်းလှန်နိုင်ဖို့ ယေဟောဝါဆီ ဆုတောင်းမယ်ဆိုရင် ကိုယ်တော်ကူညီပေးလိမ့်မယ်။ သန့်ရှင်းနေနိုင်ဖို့ ခွန်အားရရှိအောင် သန့်ရှင်းသော စွမ်းအားတော် ပေးလိမ့်မယ်။ က၁၅ ၆/၁၅ ၃:၄၊ ၅

ဗုဒ္ဓဟူးနေ့၊ မတ် ၈

ယနေ့အတွက် အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ပေးသနားပါ။—မ. ၆:၁၁။

‘ကျွန်တော့်ကို ပေးပါ’ လို့ ဆုတောင်းမယ့်အစား ‘ကျွန်တော်တို့ကို ပေးပါ’ လို့ ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တယ်။ အာဖရိက,က တိုက်နယ်ကြီးကြပ်မှူးဖြစ်သူ ဗစ်တာ အခုလိုပြောတယ်– “ထမင်းနောက်တစ်နပ် ဘယ်သူကျွေးမယ်၊ အိမ်ငှားခ ဘယ်သူပေး ပေးမယ်ဆိုတာ စိတ်ပူနေစရာမလိုတဲ့အတွက် ယေဟောဝါကို ကျွန်တော်နဲ့ ကျွန်တော့်ဇနီး သိပ်ကျေးဇူးတင်တယ်။ ညီအစ်ကိုညီအစ်မတွေက ကျွန်တော်တို့ကို နေ့တိုင်း ဂရုစိုက်ပေးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ကူညီပေးနေတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ စီးပွားရေး ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးတယ်။” ကျွန်တော်တို့မှာ စားစရာအလျှံပယ် ရှိကောင်းရှိမယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မများစွာဟာ ဆင်းရဲကြတယ်။ တချို့က သဘာဝဘေးအန္တရာယ်တွေ ကြုံနေရတယ်။ ဒါကြောင့် သူတို့အတွက် ဆုတောင်းပေးရုံမက လက်တွေ့ကျကျလည်း ကူညီပေးနိုင်တယ်။ ဥပမာ၊ ကိုယ့်မှာရှိတာကို ဝေမျှသုံးစွဲနိုင်တယ်။ ကမ္ဘာချီလုပ်ငန်းအတွက် ပုံမှန်အလှူငွေထည့်နိုင်တယ်။ ကျွန်တော်တို့ရဲ့ အလှူငွေတွေက လိုအပ်နေတဲ့ ညီအစ်ကိုညီအစ်မတွေကို အများကြီးကူညီပေးနိုင်တယ်။—၁ ယော. ၃:၁၇။ က၁၅ ၆/၁၅ ၅:၄-၆

ကြာသပတေးနေ့၊ မတ် ၉

ဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ဘုရားဖြစ်တော်မူ၏။ သေသည်ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတ္တံ့သတည်း။—ဆာ. ၄၈:၁၄။

ဘုရားသခင့် အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာ အံ့ဖွယ်ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မယ်လို့ ဟေရှာယ ၆၀:၁၇ မှာ ပရောဖက်ဟေရှာယ ကြိုပြောခဲ့တယ်။ ခရစ်ယာန်လူငယ်တွေ၊ လူသစ်တွေဟာ အဲဒီပြောင်းလဲမှုတွေအကြောင်း ဖတ်ဖူးရုံ၊ ကြားဖူးရုံလောက်ပဲ ရှိတယ်။ ဒါပေမဲ့ အဲဒီအပြောင်းအလဲတွေကို ကိုယ်တွေ့ ကြုံခဲ့တဲ့ ညီအစ်ကိုညီအစ်မများစွာရှိတယ်။ အဖွဲ့အစည်းကို လမ်းပြညွှန်ကြားဖို့ ဘုရင်ယေရှုကို ဘုရားသခင် အသုံးပြုနေမှန်း သူတို့ယုံကြည်စိတ်ချကြတယ်။ သူတို့ရဲ့အတွေ့အကြုံတွေကို ကြားရတဲ့အခါ ယေဟောဝါအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှု ပိုခိုင်မာလာပါလိမ့်မယ်။ ခရစ်ယာန်စစ်အားလုံးဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းအကြောင်း တခြားသူတွေကို ပြောပြရမယ်။ စာတန့်လောကဆိုးမှာ နေထိုင်ရပေမဲ့ ငြိမ်းချမ်းစည်းလုံးတဲ့ ညီအစ်ကိုအသင်းအပင်း ရရှိထားတာ အံ့ဖွယ်ရာတစ်ခုပါပဲ။ က၁၅ ၇/၁၅ ၁:၁၂၊ ၁၃

သောကြာနေ့၊ မတ် ၁၀

ဟေဗြဲဘာသာအားဖြင့် ဟာ-မဂေဒုန်ဟုခေါ်ဆိုသောအရပ်သို့ စုရုံးစေကြ၏။—ဗျာ. ၁၆:၁၆။

အာမဂေဒုန်စစ်ပွဲမှာ ယေဟောဝါရဲ့ မြင့်မြတ်တဲ့နာမည် ဘုန်းထင်ရှားပါလိမ့်မယ်။ သစ္စာမရှိသူတွေ၊ တစ်နည်းအားဖြင့် ဆိတ်တွေအဖြစ် တရားစီရင်ခံရသူအားလုံး ဖျက်ဆီးခံရပါလိမ့်မယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) မြေကြီးမှာ ဆိုးညစ်မှုတွေ ရှိတော့မှာမဟုတ်ဘူး။ “လူအုပ်ကြီး” ဟာ အာမဂေဒုန်မှာ ကယ်တင်ခံရလိမ့်မယ်။ မကြာခင်ဖြစ်လာတော့မယ့် ဒီစိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်တွေကို စောင့်မျှော်ရင်း အခုအချိန်မှာ ကျွန်တော်တို့တစ်ဦးစီ ဘာလုပ်ဆောင်နေသင့်သလဲ။ တမန်တော်ပေတရု အခုလိုပြောတယ်– “ထိုအရာရှိသမျှတို့သည် အရည်ပျော်ရမည် ဖြစ်သောကြောင့် မည်သို့သောလူစား ဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များ ကျင့်၍ ဘုရားတရားဆည်းကပ်သူများ ဖြစ်သင့်၏။ ယေဟောဝါဘုရား၏နေ့ ရောက်လာမည်ကို စောင့်မျှော်၍ စိတ်စွဲလမ်းကြလော့။ . . . သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ဤအရာများကို စောင့်မျှော်လျက်ရှိကြသဖြင့် ရှေ့တော်မှောက်၌ အစွန်းအထင်း၊ အပြစ်အနာအဆာမရှိဘဲ ငြိမ်သက်ခြင်းရှိစေရန် အစွမ်းကုန်ကြိုးစားကြလော့။” (၂ ပေ. ၃:၁၁၊ ၁၂၊ ၁၄) ဒါကြောင့် အယူမှားဘာသာရေးနဲ့ မရောနှောဘဲ ဝတ်ပြုရေးမှာ ဆက်သန့်ရှင်းနေဖို့၊ ငြိမ်သက်ခြင်းမင်းဖြစ်တဲ့ ယေရှုခရစ်ကို ထောက်ခံဖို့စိတ်ပိုင်းဖြတ်ထားကြပါစို့။ က၁၅ ၇/၁၅ ၂:၁၇၊ ၁၈

စနေနေ့၊ မတ် ၁၁

ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီး လုပ်ဆောင်ကြ၏။—ဆာ. ၁၂၇:၁။

ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့လူမျိုးဟာ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးမှာ ကူညီထောက်ပံ့နေကြတယ်။ လုပ်အားခမယူတဲ့ စေတနာ့ဝန်ထမ်းတွေက နိုင်ငံတော်ခန်းမတွေကို ဒီဇိုင်းဆွဲ၊ တည်ဆောက်ပြီး ပြုပြင်ထိန်းသိမ်းပေးကြတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ နိုင်ငံတော်ခန်းမပေါင်း ၂၈,၀၀၀ ကျော် ဆောက်လုပ်နိုင်ခဲ့တယ်။ အဲဒါက နေ့တိုင်း နိုင်ငံတော်ခန်းမ ၅ လုံး ဆောက်လုပ်ပြီးစီးတဲ့သဘော ဖြစ်တယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ လိုအပ်တဲ့ နေရာတိုင်းမှာ နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်။ ငွေကြေးတတ်နိုင်သူက မတတ်နိုင်သူကို ကူညီရမယ်ဆိုတဲ့ ကျမ်းစာလမ်းညွှန်ချက်ကို ကျွန်တော်တို့ လိုက်နာကြတယ်။ (၂ ကော. ၈:၁၃-၁၅) ဘာရလဒ် ရရှိသလဲ။ ငွေကြေးမတတ်နိုင်တဲ့ အသင်းတော်တွေအတွက် နိုင်ငံတော်ခန်းမများစွာ ဆောက်လုပ်ပေးနိုင်ခဲ့တယ်။ က၁၅ ၇/၁၅ ၄:၉-၁၁

တနင်္ဂနွေနေ့၊ မတ် ၁၂

ဆက်ပြီး စောင့်မျှော်နေပါ။ —ဟဗ. ၂:၃၊ ကဘ။

ယေရှုပေးခဲ့တဲ့နိမိတ်တွေဟာ တပည့်တွေ ဘယ်လိုအချိန်မှာ အသက်ရှင်နေရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်စေဖို့ဖြစ်တယ်။ သူတို့ဟာ ယေရှုရဲ့ သတိပေးချက်အတိုင်း နိုးနိုးကြားကြား “စောင့်နေ” ကြတယ်။ (မ. ၂၄:၂၇၊ ၄၂) ၁၉၁၄ ကစပြီး ယေရှုရဲ့နိမိတ်ထဲက အပိုင်းတွေ ပြည့်စုံနေတယ်။ ဒါကြောင့် နောက်ဆုံးကာလဖြစ်တဲ့ “ဤလောကစနစ်နိဂုံးပိုင်း” မှာ အသက်ရှင်နေရတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ စာတန့်လောကဆိုးကို ဖျက်ဆီးမယ့်အချိန်ကို ယေဟောဝါ ဆုံးဖြတ်ပြီးသားဖြစ်တယ်။ (မ. ၂၄:၃) ဒါဆို ကျွန်တော်တို့ ဘာကြောင့် ဆက်စောင့်မျှော်နေရမလဲ။ ဘာကြောင့်လဲဆိုတော့ ယေရှုခရစ်ကို နာခံတဲ့အတွက်ဖြစ်တယ်။ နောက်ဆုံးကာလနဲ့ ပတ်သက်ပြီး ယေရှုပေးခဲ့တဲ့နိမိတ် ပြည့်စုံနေတာကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ မြင်ရကြားရတဲ့အရာတွေကြောင့်သာ အဆုံးနီးပြီလို့ ယုံကြည်တာမဟုတ်ဘူး။ ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံနေလို့ ယုံကြည်တာဖြစ်တယ်။ ဒါကြောင့် အဆုံးကို စောင့်မျှော်ရင်း အသင့်ပြင်ထားရမယ်။ က၁၅ ၈/၁၅ ၂:၈၊ ၉

တနင်္လာနေ့၊ မတ် ၁၃

သက်ရှိအားလုံးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးတယ်။—ဆာ. ၁၄၅:၁၆၊ ကဘ။

ပရဒိသုမှာ ကိုယ်ဝါသနာပါရာတွေ၊ အပန်းဖြေမှုတွေအတွက်လည်း အချိန်ရရှိပါလိမ့်မယ်။ တကယ်တော့ ယေဟောဝါက ကျွန်တော်တို့စိတ်ထဲ ဘဝကိုပျော်မွေ့ချင်တဲ့ဆန္ဒ ထည့်သွင်းဖန်ဆင်းထားတယ်။ (ဒေ. ၂:၂၄) ကျွန်တော်တို့ အနားယူအပန်းဖြေဖို့ လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါကို ဦးစားထားတဲ့အခါ အဲဒီအနားယူအပန်းဖြေခြင်းကနေ ပျော်ရွှင်မှု ပိုခံစားရတယ်။ ကမ္ဘာသစ်မှာလည်း အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ‘နိုင်ငံတော်ကို ဦးစွာရှာနေ’ ပြီး ယေဟောဝါရဲ့အမှုဆောင်ခြင်းကနေ ရရှိတဲ့ကောင်းချီးတွေကို အာရုံစိုက်ခြင်းဟာ ပညာရှိလမ်းစဉ်ပဲ။ (မ. ၆:၃၃) ကမ္ဘာသစ်အသက်တာဟာ ကိုယ်စိတ်ကူးယဉ်နိုင်တာထက် များစွာသာလွန်ပါလိမ့်မယ်။ ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ပြင်ဆင်ခြင်းအားဖြင့် အဲဒီမှာနေထိုင်ချင်စိတ် ဘယ်လောက်ပြင်းပြတယ်ဆိုတာ တင်ပြကြပါစို့။ က၁၅ ၈/၁၅ ၃:၁၇၊ ၁၈

အင်္ဂါနေ့၊ မတ် ၁၄

စစ်မှန်သော ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသော စရိုက်သစ်ကို ဝတ်ဆင်သင့်၏။—ဧ. ၄:၂၄။

ယေရှုဟာ စုံလင်တဲ့လူသားတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ မြေကြီးပေါ်ရှိတုန်းက မစုံလင်သူတွေကြားမှာ နေထိုင်ခဲ့ရတယ်။ မိဘ၊ မောင်နှမ အားလုံးမစုံလင်ကြဘူး။ အရင်းနှီးဆုံးတပည့်တွေတောင် မာနကြီးတာ၊ တစ်ကိုယ်ကောင်းဆန်တာ စတဲ့စရိုက်ဆိုးတွေ တင်ပြခဲ့ကြတယ်။ ဥပမာ၊ ယေရှု မသေဆုံးခင်ညမှာ တပည့်အချင်းချင်း ‘ဘယ်သူ အကြီးမြတ်ဆုံးလဲ’ ဆိုပြီး ငြင်းခုံခဲ့ကြတယ်။ (လု. ၂၂:၂၄) ဒါပေမဲ့ အဲဒီမစုံလင်တဲ့တပည့်တွေဟာ မကြာခင် ရင့်ကျက်လာပြီး စည်းလုံးတဲ့အသင်းတော်ကို တည်ထောင်မယ်ဆိုတာ ယေရှုသိတယ်။ စည်းလုံးမှုရှိအောင် သူတို့ကို ကူညီပေးဖို့ အဲဒီညမှာပဲ ဆုတောင်းပေးခဲ့တယ်။ ‘အို၊ အဖ၊ ကိုယ်တော်သည် ကျွန်ုပ်နှင့် တစည်းတလုံးတည်း ရှိတော်မူ၍ ကျွန်ုပ်သည်လည်း ကိုယ်တော်နှင့် တစည်းတလုံးတည်း ရှိသကဲ့သို့ ထိုသူအပေါင်းတို့ကို ကျွန်ုပ်တို့နှင့် တစည်းတလုံးတည်း ရှိစေတော်မူပါ။ . . . ကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ သူတို့ကိုလည်း တစ်လုံးတစ်ဝတည်း ဖြစ်စေပါ’ လို့ ဆုတောင်းခဲ့တယ်။—ယော. ၁၇:၂၁၊ ၂၂။ က၁၅ ၉/၁၅ ၁:၁၀၊ ၁၁

ဗုဒ္ဓဟူးနေ့၊ မတ် ၁၅

ကိုယ်တော်က “လာခဲ့လော့” ဟုမိန့်တော်မူသဖြင့် ပေတရုသည် လှေပေါ်က ဆင်းပြီးလျှင် ယေရှုထံသို့ ရေပေါ်မှာ လျှောက်သွား၏။—မ. ၁၄:၂၉။

ပေတရုဟာ ဂါလိလဲပင်လယ်ပေါ် လမ်းလျှောက်ရင်း လှိုင်းလေတွေကြောင့် ကြောက်လန့်လာတယ်။ ဒီနေ့ခေတ် ခရစ်ယာန်တွေ ကြုံနေရတဲ့ အခက်အခဲနဲ့ စမ်းသပ်မှုတွေဟာ အဲဒီလှိုင်းလေတွေနဲ့ တူနိုင်တယ်။ အခက်အခဲတွေ ဘယ်လောက်ပြင်းထန်ပါစေ ယေဟောဝါရဲ့ အကူအညီကြောင့် ကျွန်တော်တို့ ခိုင်ခံ့မြဲမြံနိုင်ပါတယ်။ ဒါပေမဲ့ ပေတရု ဘာဖြစ်သွားတယ်ဆိုတာ အမှတ်ရပါ။ လှိုင်းလေတွေရဲ့ ရိုက်ပုတ်မှုဒဏ်ကြောင့် သူ ရေနစ်သွားတာ မဟုတ်ဘူး။ အဲဒီအစား “လေပြင်းမုန်တိုင်း တိုက်သည်ကို မြင်လျှင် ကြောက်” သွားတယ်လို့ ကျမ်းစာပြောတယ်။ (မ. ၁၄:၂၄-၃၂) ပေတရုက ယေရှုကို အာရုံမစိုက်တော့ဘဲ လေမုန်တိုင်းကို အာရုံစိုက်မိတဲ့အတွက် ယုံကြည်ခြင်းအားနည်းသွားတယ်။ ကျွန်တော်တို့လည်း ပြဿနာတွေကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ယေဟောဝါ ကူညီပေးမယ်ဆိုတာကို သံသယဝင်လာနိုင်တယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း ပျောက်ဆုံးသွားနိုင်တယ်ဆိုတာ နားလည်ထားရမယ်။ ယုံကြည်ခြင်းပျောက်ဆုံးခြင်းဟာ “အလွယ်တကူ ကျော့မိစေတတ်သော အပြစ်” ဖြစ်တယ်လို့ ကျမ်းစာမှာ ပြောထားလို့ပဲ။ (ဟေဗြဲ ၁၂:၁) ပေတရုလိုပဲ ကျွန်တော်တို့လည်း မှားယွင်းတဲ့အရာတွေကို အာရုံစိုက်မိရင် ချက်ချင်း ယုံကြည်ခြင်း အားနည်းလာနိုင်တယ်။ က၁၅ ၉/၁၅ ၃:၁၊ ၆၊ ၇

ကြာသပတေးနေ့၊ မတ် ၁၆

ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍ အထက်အရပ်မှ လာကြ၏။ —ယာ. ၁:၁၇။

တစ်ယောက်ယောက်ဆီက လက်ဆောင်ရတဲ့အခါ ကျေးဇူးတင်ကြောင်း ပြောလေ့ရှိကြတယ်။ အမြတ်တနိုးလည်း သုံးတတ်ကြတယ်။ အသက်ရှင်ဖို့၊ ပျော်ရွှင်မှုရဖို့ လိုအပ်တာမှန်သမျှ ယေဟောဝါပေးထားလို့ သိပ်ကျေးဇူးတင်စရာပဲ။ ကျွန်တော်တို့ကို ဘုရားသခင် သိပ်ချစ်တယ်။ ဒါကြောင့် ကိုယ်တော့်ကို ချစ်ကြောင်း ပြန်ဖော်ပြဖို့ လှုံ့ဆော်ခံရတယ်။ သင်ကော အဲဒီလိုခံစားရသလား။ အစ္စရေးတွေဟာ ယေဟောဝါရဲ့မေတ္တာပါစောင့်ရှောက်မှုကို အလျှံပယ်ခံစားခဲ့ရတယ်။ ယေဟောဝါက ပညတ်တွေအားဖြင့် သူတို့ကို နှစ်ပေါင်းများစွာ လမ်းညွှန်ခဲ့တယ်။ အသက်ရှင်နေထိုင်ဖို့ လိုအပ်ရာမှန်သမျှ ပေးခဲ့တယ်။ (တရား. ၄:၇၊ ၈) ဘုရားပေးပညတ်တွေကို အစ္စရေးတွေ လိုက်နာခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြနိုင်တယ်။ ဥပမာ၊ ယေဟောဝါဆီ ယဇ်ပူဇော်တဲ့အခါ “အဦးသီးသောအသီးအနှံ အကောင်းဆုံး” ကို ပေးရမယ်။ (ထွ. ၂၃:၁၉) ယေဟောဝါကို နာခံပြီး အကောင်းဆုံးကို ပေးဆက်နေသရွေ့ ကောင်းချီးဆက်ခံစားရမယ်ဆိုတာ အစ္စရေးတွေ သိတယ်။—တရား. ၈:၇-၁၁။ က၁၅ ၉/၁၅ ၅:၅၊ ၆

သောကြာနေ့၊ မတ် ၁၇

စိတ်နှလုံး ဖြူစင်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလိမ့်မည်။—မ. ၅:၈။

သင့်ဘဝမှာ ယေဟောဝါရဲ့လက်တော်ကို ဘယ်လိုမြင်တွေ့နိုင်သလဲ။ သုံးသပ်ကြည့်ပါ။ ပထမ၊ ဘုရားသခင့်အကူအညီကြောင့် အမှန်တရားကို တွေ့ရှိခဲ့တာလို့ သင် ခံစားမိနိုင်တယ်။ ဒုတိယ၊ အစည်းအဝေးမှာ ဟောပြောချက်တစ်ခု ကြားရပြီးနောက် “ငါလိုနေတာနဲ့ ကွက်တိပဲ” လို့ ပြောခဲ့ရတာမျိုး ရှိသလား။ တတိယ၊ သင့်ဆုတောင်းချက်တစ်ခုကို ယေဟောဝါ အဖြေပေးခဲ့တာမျိုး ဖြစ်နိုင်တယ်။ စတုတ္ထ၊ ယေဟောဝါအတွက် ပိုအမှုဆောင်ချင်တဲ့ဆန္ဒ ပြည့်ဝအောင် ကိုယ်တော် ကူညီပေးခဲ့တာကို သင် ခံစားမိနိုင်တယ်။ ပဉ္စမ၊ ယေဟောဝါအတွက် အချိန်သိပ်မပေးနိုင်လို့ အလုပ်ထွက်လိုက်ပြီးနောက် ‘ငါသည် သင့်ကို အလျှင်းပစ်၍မထား’ ဆိုတဲ့ ကတိအတိုင်း ဘုရားလုပ်ဆောင်ပေးခဲ့တာကို သင် ကြုံတွေ့ရတာမျိုး ဖြစ်နိုင်တယ်။ (ဟေဗြဲ ၁၃:၅) ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲပြီး “စိတ်နှလုံးဖြူစင်” နေမယ်ဆိုရင် ဘဝမှာ ကိုယ်တော့်လက်တော် ကူညီပေးပုံကို အလွယ်တကူမြင်တွေ့နိုင်ပါလိမ့်မယ်။ “စိတ်နှလုံးဖြူစင်” အောင် ဘယ်လိုလုပ်ဆောင်နိုင်သလဲ။ အတွေးအခေါ်ကို သန့်ရှင်းစင်ကြယ်အောင်ထားပြီး မကောင်းတဲ့အကျင့် မှန်သမျှကို ဖြတ်ပစ်ရမယ်။ (၂ ကော. ၄:၂) ဘုရားသခင်ကို မြင်တွေ့ဖို့ဆိုရင် ကိုယ်တော်နဲ့ ဆက်ဆံရေး ခိုင်မြဲနေရမယ်။ က၁၅ ၁၀/၁၅ ၁:၁၇၊ ၁၉

စနေနေ့၊ မတ် ၁၈

မည်သူမဆို ငါ၏အမှုကို ဆောင်ရွက်လျှင် ထိုသူကို ခမည်းတော် ချီးမြှောက်တော်မူလိမ့်မည်။ —ယော. ၁၂:၂၆။

ပသခါပွဲတက်ဖို့ ဂျေရုဆလင်ကို ရောက်နေတဲ့ ဂရိလူမျိုးတချို့ဟာ ယေရှုရဲ့ လုပ်ရပ်ကို အထင်ကြီးလေးစားသွားပြီး တမန်တော် ဖိလိပ္ပုကတစ်ဆင့် တွေ့ခွင့်တောင်းတယ်။ ဒါပေမဲ့ ရန်သူတွေလက်ကနေ ကာကွယ်ပေးနိုင်တဲ့ လူတွေကြားမှာ ထင်ပေါ်ဖို့ ယေရှု မကြိုးစားခဲ့ဘူး။ အဲဒီအစား ပိုအရေးကြီးတဲ့ ကိစ္စတွေကိုပဲ ဆက်အာရုံစိုက်ခဲ့တယ်။ မကြာခင် သူသေရတော့မယ့်အကြောင်း ရှင်းပြပြီးနောက် အန္ဒြေနဲ့ ဖိလိပ္ပုကို အခုလိုပြောတယ်– “မိမိ၏အသက်ကို တွယ်တာသူသည် အသက်ဆုံးရှုံးတတ်၏။ ဤလောက၌ မိမိ၏အသက်ကို မုန်းသောသူမူကား မိမိအသက်ကို စောင့်ထိန်း၍ ထာဝရအသက် ရလိမ့်မည်။” အဲဒီနောက် သူ့ရဲ့ကိုယ်ကျိုးစွန့်လမ်းစဉ်ကို လိုက်ဖို့ နောက်လိုက်တွေကို အားပေးပြီး ဒီနေ့ကျမ်းချက်ပါ စကားတွေကို ပြောခဲ့တယ်။ ဖိလိပ္ပုဟာ ယေရှုအကြောင်း သိချင်တဲ့ ဂရိလူမျိုးတွေကို အဲဒီစကားတွေ သွားပြောပြမှာ သေချာတယ်။ (ယော. ၁၂:၂၀-၂၅) ယေရှု မြေကြီးပေါ်ရှိတုန်းက ဟောပြောခြင်းလုပ်ငန်းကို အဓိက အာရုံစိုက် လုပ်ဆောင်ခဲ့ပေမဲ့ တစ်ချိန်လုံး အလုပ်အကြောင်းပဲ စဉ်းစားနေတာတော့ မဟုတ်ဘူး။ က၁၅ ၁၀/၁၅ ၃:၁၃၊ ၁၄

တနင်္ဂနွေနေ့၊ မတ် ၁၉

ငါသည် ချစ်ခင်သောသူအပေါင်းကို ပြစ်တင်ဆုံးမ၍ ပဲ့ပြင်ပေးတတ်၏။—ဗျာ. ၃:၁၉။

ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုတာကို တပည့်တွေ အကြိမ်ကြိမ် ငြင်းခုံတဲ့အခါ ပြဿနာကို ယေရှု လျစ်လျူမရှုခဲ့ဘူး။ စိတ်ရှည်ရှည်နဲ့ ထပ်ခါထပ်ခါ ဆုံးမခဲ့တယ်။ ဒါပေမဲ့ အမြဲကြင်နာမှုရှိပြီး အသင့်တော်ဆုံး အချိန်နဲ့နေရာမှာ ဆုံးမခဲ့တယ်။ (မာ. ၉:၃၃-၃၇) ဆုံးမမှုဆိုတာ လမ်းညွှန်၊ လေ့ကျင့်၊ ပဲ့ပြင်ခြင်း၊ တစ်ခါတရံ အပြစ်ပေးခြင်းကိုတောင် ဆိုလိုတယ်လို့ ကျမ်းစာပြောတယ်။ မိဘတွေဟာ ဒေါသနဲ့ မဟုတ်ဘဲ အမြဲကြင်ကြင်နာနာ ဆုံးမသင့်တယ်။ သင်လည်း သားသမီးတွေကို ဆုံးမခြင်းအားဖြင့် ချစ်ကြောင်း ဖော်ပြပါ။ တစ်ခါတလေ ကိစ္စရပ်တစ်ခု ဘာကြောင့်မှားတယ်၊ မှန်တယ်ဆိုတဲ့ အကြောင်းရင်း ရှင်းပြရုံနဲ့ လုံလောက်လေ့ရှိတယ်။ ဒါပေမဲ့ အဲဒီလိုရှင်းပြရုံနဲ့ နားမထောင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ (သု. ၂၂:၁၅) ယေရှုကို တုပပြီး သားသမီးတွေကို စိတ်ရှည်ရှည် လမ်းညွှန်၊ လေ့ကျင့်၊ ပဲ့ပြင်ခြင်းအားဖြင့် ဆက်ဆုံးမပါ။ အသင့်တော်ဆုံး အချိန်နဲ့နေရာကို ရွေးပြီး ကြင်နာမှုရှိရှိ ဆုံးမပါ။ တောင်အာဖရိကမှာ နေထိုင်တဲ့ ညီအစ်မ အယ်လန် အခုလိုပြောတယ်– “မိဘတွေက ဘယ်တော့မှ ဒေါသနဲ့ မဆုံးမဘူး။ ဆုံးမရတဲ့အကြောင်းရင်းကိုလည်း အမြဲရှင်းပြတယ်။” ဒါကြောင့် မိဘမေတ္တာကို သူ အမြဲသိရှိခံစားခဲ့ရတယ်။ က၁၅ ၁၁/၁၅ ၁:၅၊ ၆

တနင်္လာနေ့၊ မတ် ၂၀

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။—၁ ယော. ၄:၁၆။

မေတ္တာသာ ဘုရားသခင့်အဓိကအရည်အသွေး မဟုတ်ခဲ့ရင် လူ့အနာဂတ် ဘယ်လိုဖြစ်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ လူတွေဟာ အချင်းချင်းကို ဆက်အုပ်ချုပ်နေမှာဖြစ်တဲ့အပြင် မေတ္တာမဲ့ပြီး ဒေါသကြီးတဲ့ဘုရား စာတန်ရဲ့ လွှမ်းမိုးမှုအောက် ဆက်ရှိနေမှာပဲ။ (၂ ကော. ၄:၄။ ၁ ယော. ၅:၁၉။ ဗျာ. ၁၂:၉၊ ၁၂) ကျွန်တော်တို့ကိုသာ ယေဟောဝါ မချစ်ခဲ့ရင် အနာဂတ်က မတွေးဝံ့လောက်အောင် ကြောက်စရာကောင်းမှာပဲ။ စာတန်ဟာ ဘုရားသခင့်အုပ်ချုပ်မှုကို ပုန်ကန်ပြီး ဘုရားသခင်ရဲ့ စကြဝဠာ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ကို စောဒကတက်ခဲ့တယ်။ သူ့အုပ်ချုပ်မှုက ဘုရားသခင့် အုပ်ချုပ်မှုထက် ပိုကောင်းမယ်လို့ အခိုင်အမာ ပြောဆိုခဲ့တယ်။ (က. ၃:၁-၅) အဲဒီပြောဆိုချက်ကို သက်သေပြဖို့ စာတန်ကို ယေဟောဝါ အချိန်တစ်ခဏ ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ လူသားတွေရော စာတန်ပါ ကောင်းမွန်တဲ့ အုပ်စိုးရှင်တွေ မဖြစ်နိုင်မှန်း လူ့သမိုင်းက သက်သေထူတယ်။ က၁၅ ၁၁/၁၅ ၃:၃၊ ၄

အင်္ဂါနေ့၊ မတ် ၂၁

ခုခံပြောဆိုရန် အစဉ်အသင့်ရှိကြလော့။ သို့သော် နူးညံ့သောသဘော၊ အလွန်လေးစားသောသဘောဖြင့် ပြောဆိုလော့။—၁ ပေ. ၃:၁၅။

ဘုရားသခင့်လူမျိုးဟာ နှိမ့်ချမှုရှိတဲ့အတွက် ယေရှုပေးခဲ့တဲ့ ဒီမူကို လိုက်နာကြတယ်– “‘လူသားချင်းကို ချစ်လော့။ သင့်ရန်သူကိုမူ မုန်းလော့’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ သို့သော် ငါဆိုသည်ကား သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။ သို့ဖြင့် လူဆိုး၊ လူကောင်းတို့အပေါ် နေကို ထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေတော်မူသော ကောင်းကင်ဘုံရှိ သင်တို့အဖ၏ သားများဖြစ်ကြောင်း ဖော်ပြနိုင်ကြမည်။” (မ. ၅:၄၃-၄၅) ရန်သူတွေ ဘယ်လိုပဲပြုမူဆက်ဆံပါစေ သူတို့ကို ကျွန်တော်တို့ ချစ်ရမယ်။ ယေဟောဝါနဲ့ လူသားချင်းကို ချစ်ကြောင်း ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍတိုင်းမှာ ဖော်ပြရမယ်။ သတင်းကောင်းကို လူတွေ ဆန့်ကျင်ရင်တောင် သူတို့လိုအပ်တဲ့အခါ ကျွန်တော်တို့ ကူညီပေးကြတယ်။ က၁၅ ၁၁/၁၅ ၄:၁၇၊ ၁၉၊ ၂၀

ဗုဒ္ဓဟူးနေ့၊ မတ် ၂၂

လူအပေါင်းတို့သည် ဟောပြောသောစကားကို နားလည် [ကြ၏။]—နေ. ၈:၁၂။

ဘုရားသခင့်လူမျိုးဟာ ဘုရားကိုချီးမွမ်းဖို့၊ ဘုရားအကြောင်း တခြားသူတွေကို ပြောပြဖို့ ဘာသာစကား ဆုလက်ဆောင်ကို အသုံးပြုခဲ့ကြတယ်။ မကြာသေးခင်အချိန်တုန်းက ဘုရားလူမျိုးဟာ အဲဒီဆုလက်ဆောင်ကို ကျမ်းစာဘာသာပြန်ခြင်းလုပ်ငန်းမှာ အသုံးပြုခဲ့တယ်။ ဒါမှ ယေဟောဝါအကြောင်း နောက်ထပ်လူများစွာ သိကျွမ်းလာနိုင်မယ်။ ဘာသာပြန်ကျမ်း ထောင်ပေါင်းများစွာရှိပေမဲ့ တချို့ကျမ်းတွေက ပိုတိကျတယ်။ ကျမ်းစာကို တိတိကျကျ ဘာသာပြန်နိုင်ဖို့ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီက မူသုံးရပ်ကို ချမှတ်ခဲ့တယ်– (၁) ဘုရားသခင့်နာမည်ကို မူရင်းကျမ်းမှာပါတဲ့အတိုင်း ပြန်ထည့်ခြင်းအားဖြင့် ဂုဏ်တင်ဖို့ (မ. ၆:၉)၊ (၂) ဖြစ်နိုင်တဲ့အခါတိုင်း မူရင်းစာသားကို အတိအကျ လုံးကောက် ဘာသာပြန်ပြီး မဖြစ်နိုင်တဲ့အခါမှာတော့ အဓိပ္ပာယ်မှန်ကို ဘာသာပြန်ဖို့၊ (၃) ရိုးရှင်းပြီး နားလည်လွယ်တဲ့စကားနဲ့ ဘာသာပြန်ဖို့ ဖြစ်တယ်။—နေ. ၈:၈။ က၁၅ ၁၂/၁၅ ၂:၁၊ ၂

ကြာသပတေးနေ့၊ မတ် ၂၃

တံပိုးခရာသည်လည်း မမှန်သောအသံနှင့် မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှာ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။—၁ ကော. ၁၄:၈။

တံပိုးမှုတ်သံ မပီပြင်ရင် စစ်တပ်တစ်တပ်လုံး ဘယ်လိုဖြစ်သွားမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒီလိုပဲ ကိုယ်ပြောတဲ့စကားက မရှင်းလင်းဘဲ ဝေ့လည်ကြောင်ပတ် ဖြစ်နေမယ်ဆိုရင် လူတွေ နားရှုပ်သွားနိုင်တယ်။ နားလည်မှု လွဲသွားနိုင်တယ်။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း ပြောတဲ့အခါမှာလည်း မရိုင်းစိုင်းအောင်၊ မလေးမစား မဖြစ်အောင် ဂရုစိုက်သင့်တယ်။ (၁ ကော. ၁၄:၉) သင့်တော်တဲ့စကားလုံး ရွေးချယ်ရာမှာ အကောင်းဆုံးစံနမူနာကို ယေရှု ချမှတ်ခဲ့တယ်။ မဿဲအခန်းကြီး ၅ ကနေ ၇ မှာပါတဲ့ တိုတုတ်ထိရောက်တဲ့ ဟောပြောချက်ကို လေ့လာကြည့်ပါ။ ရှုပ်ထွေးနက်နဲတဲ့၊ မလိုအပ်တဲ့စကားလုံးတွေ သုံးပြီး လူအထင်ကြီးအောင် ယေရှုမလုပ်ဆောင်ခဲ့ဘူး။ တခြားသူတွေကို ထိုးနှက်တဲ့စကားလုံးတွေကိုလည်း အသုံးမပြုခဲ့ဘူး။ အဓိပ္ပာယ်နက်နဲပြီး သိပ်အရေးကြီးတဲ့ အကြောင်းအရာတွေကို နားလည်လွယ်တဲ့စကားနဲ့ ပြောခဲ့တယ်။ ဥပမာ၊ နေ့စဉ်အစားအစာအတွက် စိုးရိမ်နေဖို့ မလိုမှန်း တပည့်တွေကို စိတ်ချစေချင်တယ်။ ဒါကြောင့် ငှက်တွေကို ယေဟောဝါ အမြဲကျွေးမွေးတဲ့အကြောင်း ရှင်းပြပြီး “သင်တို့သည် ထိုငှက်တို့ထက် သာ၍မြတ်သည်မဟုတ်လော” လို့ ပြောခဲ့တယ်။ (မ. ၆:၂၆) အဲဒီလို ရိုးရှင်းတဲ့စကားလုံးတွေက အရေးကြီးသင်ခန်းစာကို နားလည်လာအောင်၊ အားတက်လာအောင် ကူညီပေးတယ်။ က၁၅ ၁၂/၁၅ ၃:၁၃၊ ၁၄

သောကြာနေ့၊ မတ် ၂၄

သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခြင်းကို ဆက်တင်ပြကြလော့။—ဟေဗြဲ ၁၃:၁။

ညီရင်းအစ်ကိုမေတ္တာဆိုတာ ဘာလဲ။ ညီရင်းအစ်ကိုမေတ္တာဆိုတာ မိသားစုဝင်တွေ ဒါမှမဟုတ် အရင်းနှီးဆုံး မိတ်ဆွေတွေကြားမှာရှိတဲ့ သံယောဇဉ်နှောင်ကြိုးကို ဆိုလိုတယ်။ (ယော. ၁၁:၃၆) ကျွန်တော်တို့ဟာ ညီအစ်ကိုညီအစ်မ ဖြစ်ယောင်ဆောင်သူတွေ မဟုတ်ဘူး။ ညီအစ်ကိုညီအစ်မ အစစ်အမှန်တွေ ဖြစ်တယ်။ (မ. ၂၃:၈) “ညီရင်းအစ်ကိုကဲ့သို့ ချစ်ခြင်းဖြင့် အချင်းချင်း ချစ်ခင်စုံမက်ကြလော့။ အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့” လို့ ပေါလု ပြောတယ်။ (ရော. ၁၂:၁၀) ညီအစ်ကိုညီအစ်မတွေအပေါ်ထားတဲ့မေတ္တာ ဘယ်လောက်ခိုင်မာသင့်မှန်း အဲဒီစကားတွေက ဖော်ပြတယ်။ အဲဒီမေတ္တာမျိုးက ဘုရားသခင့်ကျေးကျွန်တွေကို ချစ်ခင်စည်းလုံးနေအောင် ကူညီပေးတယ်။ စစ်မှန်တဲ့ ခရစ်ယာန်တွေအတွက်တော့ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားဖြစ်ပါစေ ခရစ်ယာန်စစ်အားလုံးဟာ ကျွန်တော်တို့ရဲ့ “ညီအစ်ကို” ဖြစ်တယ်။ (ရော. ၁၀:၁၂) အချင်းချင်းကို ညီအစ်ကိုလိုချစ်ဖို့ ယေဟောဝါ သင်ပေးထားတယ်။—၁ သက်. ၄:၉။ က၁၆.၀၁ ၁:၅၊ ၆

စနေနေ့၊ မတ် ၂၅

ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက် နှိုးဆော်၏။—၂ ကော. ၅:၁၄။

ယေရှုကိုချစ်တဲ့မေတ္တာက ဇွဲထက်သန်စွာ ဟောပြောသွန်သင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ (မ. ၂၈:၁၉၊ ၂၀။ လု. ၄:၄၃) အောက်မေ့ရာပွဲကာလအတွင်း အရန်ရှေ့ဆောင်အနေနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ နာရီ ၃၀ ဒါမှမဟုတ် ၅၀ ပါဝင်ဖို့ စီစဉ်နိုင်မလား။ အသက် ၈၄ နှစ်အရွယ် မုဆိုးဖိုတစ်ယောက်ဟာ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် အရန်ရှေ့ဆောင် လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အသင်းတော်က ရှေ့ဆောင်တွေ သူ့ကို ကူညီပေးတယ်။ သွားရေးလာရေးနဲ့ သင့်တော်တဲ့ရပ်ကွက်ကို စီစဉ်ပေးတယ်။ ဒါကြောင့် နာရီ ၃၀ ပြည့်မီနိုင်ခဲ့တယ်။ မတ်လနဲ့ ဧပြီလအတွင်း အရန်ရှေ့ဆောင် လုပ်နိုင်အောင် တစ်ယောက်ယောက်ကို ကူညီပေးနိုင်မလား။ ယောက်တိုင်း ရှေ့ဆောင် မလုပ်နိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လုပ်ငန်းမှာ အချိန်နဲ့ ခွန်အား ပိုပေးဆက်နိုင်ပါတယ်။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ခရစ်တော်ရဲ့ မေတ္တာကြောင့် ကျွန်တော်တို့ လှုံ့ဆော်ခံရတယ်ဆိုတာ ပေါလုလို တင်ပြနိုင်ပါလိမ့်မယ်။ ဘုရားသခင့်မေတ္တာက နောက်ထပ် ဘာတွေလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးဦးမလဲ။ က၁၆.၀၁ ၂:၇၊ ၁၁

တနင်္ဂနွေနေ့၊ မတ် ၂၆

ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူလိုက်ပါမည်။—ဇာ. ၈:၂၃။

ဒီနေ့ခေတ် ဘိသိက်ခံအားလုံးရဲ့ နာမည်ကို သိဖို့ မဖြစ်နိုင်ဘူးဆိုရင် အခြားသိုးဟာ သူတို့နဲ့အတူ ဘယ်လို “လိုက်” နိုင်မလဲ။ လူဆယ်ယောက်က “ယုဒလူဖြစ်သောသူ၏ အဝတ်စွန်းကိုကိုင်လျက် ‘ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်’ ဟု ဆိုကြလိမ့်မည်” ဆိုပြီး ကျမ်းစာပြောတယ်။ အဲဒီအခန်းငယ်မှာ ယုဒလူတစ်ယောက်လို့ ဖော်ပြထားပေမဲ့ တစ်ယောက်ထက်မကကို ဆိုလိုတယ်။ ဒါကြောင့် အဲဒီယုဒလူဟာ တစ်ယောက်တည်းကို မဟုတ်ဘဲ ဘိသိက်ခံအုပ်စုတစ်စုလုံးကို ပုံဆောင်တယ်။ အဲဒီအချက်ကို အခြားသိုးတွေ သိတယ်။ အဲဒီအုပ်စုနဲ့အတူ ယေဟောဝါကို ဝတ်ပြုပြီး သူတို့ကို ကူညီထောက်မနေတယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့နာမည်ကို သိဖို့၊ သူတို့တစ်ယောက်စီနောက်ကို လိုက်ဖို့ မလိုဘူး။ ကျမ်းစာမှာလည်း လူနောက်လိုက်ဖို့ ကျွန်တော်တို့ကို အားမပေးထားဘူး။ အဲဒီအစား ခေါင်းဆောင်ယေရှုနောက်ကို လိုက်ဖို့ပဲ အားပေးထားတယ်။—မ. ၂၃:၁၀။ က၁၆.၀၁ ၄:၄

တနင်္လာနေ့၊ မတ် ၂၇

ငါ့ကျွန် အစ္စရေး၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေ အာဗြဟံ၏သား။—ဟေရှာ. ၄၁:၈။

ကျွန်တော်တို့ဟာ မွေးတဲ့အချိန်ကနေ သေဆုံးချိန်အထိ မေတ္တာလိုအပ်တယ်။ ဒါပေမဲ့ ၁,၅၀၀ မေတ္တာလောက်သာ မဟုတ်ဘဲ တခြားမေတ္တာတွေကိုလည်း လိုအပ်တယ်။ အဲဒီမေတ္တာတွေထဲမှာမှ လူသားတွေ အလိုအပ်ဆုံးမေတ္တာကတော့ ယေဟောဝါရဲ့ မေတ္တာ ဖြစ်တယ်။ တန်ခိုးအကြီးဆုံး ဘုရားသခင်နဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိနိုင်တယ်ဆိုတဲ့အချက်ကို လူများစွာ ယုံကြည်ရခက်ကြတယ်။ ကျွန်တော်တို့ကတော့ အဲဒီအချက်ကို အကြွင်းမဲ့ ယုံကြည်လက်ခံတယ်။ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ လူသားတွေအကြောင်း ကျမ်းစာကနေ သိရတယ်။ သူတို့ရဲ့စံနမူနာကနေ ကျွန်တော်တို့ သင်ယူသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ခြင်းဟာ ဘဝမှာ ထားရှိနိုင်တဲ့ အရေးကြီးဆုံးပန်းတိုင်ဖြစ်လို့ပဲ။ ဒါကြောင့် အာဗြဟံရဲ့စံနမူနာကို သုံးသပ်ကြည့်ကြစို့။ (ယာ. ၂:၂၃) အာဗြဟံဟာ ဘယ်လိုနည်းနဲ့ ဘုရားသခင့်မိတ်ဆွေဖြစ်လာသလဲ။ အဲဒီရင်းနှီးမှုနှောင်ကြိုးဟာ ယုံကြည်ခြင်းအပေါ် အခြေခံတယ်။ တကယ်တော့ ကျမ်းစာမှာ အာဗြဟံကို “ယုံကြည်သူအပေါင်းတို့၏အဖ” လို့ခေါ်ထားတယ်။— ရော. ၄:၁၁။ က၁၆.၀၂ ၁:၁၊ ၂

အင်္ဂါနေ့၊ မတ် ၂၈

သူ့လို ဘုရင်မျိုး မရှိဘူး။—၄ ရာ. ၁၈:၅၊ ကဘ။

ဟေဇကိရဲ့ ဖခင်ဟာ အဆိုးဆုံး ယုဒဘုရင်တစ်ပါး ဖြစ်ပေမဲ့ ဟေဇကိကတော့ အကောင်းဆုံးဘုရင်တစ်ပါး ဖြစ်လာတယ်။ (၄ ရာ. ၁၈:၆) ဖခင်မွှေးခဲ့တဲ့ ပြဿနာမီးတွေကို သူငြိမ်းသတ်ခဲ့တယ်။ ဗိမာန်တော်ကို သန့်ရှင်းရေးလုပ်တယ်။ လူတွေရဲ့အပြစ်ကို ခွင့်လွှတ်ဖို့ ဘုရားသခင်ဆီ အသနားခံပြီး တစ်ပြည်လုံးမှာရှိတဲ့ ရုပ်တုတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ (၆ ရာ. ၂၉:၁-၁၁၊ ၁၈-၂၄။ ၃၁:၁) နောက်ပိုင်း၊ ဂျေရုဆလင်ကို တိုက်ခိုက်ဖို့ အာရှုရိဘုရင် သနာခရိပ် ခြိမ်းခြောက်တဲ့အခါ ဟေဇကိဟာ ယုံကြည်ခြင်းအပြည့်နဲ့ သတ္တိရှိရှိလုပ်ဆောင်ခဲ့တယ်။ ယေဟောဝါရဲ့ ကာကွယ်မှုကို ယုံကြည်ကိုးစားပြီး လူတွေကို အပြောနဲ့ရော အလုပ်နဲ့ပါ အားပေးခဲ့တယ်။ (၆ ရာ. ၃၂:၇၊ ၈) တစ်ခါမှာဆိုရင် သူ မာနတက်လာလို့ ယေဟောဝါပဲ့ပြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး နောင်တယူခဲ့တယ်။ (၆ ရာ. ၃၂:၂၄-၂၆) မိသားစုနောက်ခံကြောင့် ဘဝပျက်ခံမယ့်အစား ယေဟောဝါနဲ့ မိတ်ဆွေဖွဲ့ခဲ့တယ်။ ဟေဇကိဟာ ကျွန်တော်တို့ တုပထိုက်တဲ့ စံနမူနာရှင်ဖြစ်တာ ထင်ရှားတယ်။ က၁၆.၀၂ ၂:၁၁

ဗုဒ္ဓဟူးနေ့၊ မတ် ၂၉

လူသည် သတိမထားမိဘဲ ခြေလှမ်းမှားမိလျှင်ပင် ဘုရားရေးရာ အရည်အသွေးများရှိသော သင်တို့သည် . . . ထိုသို့သောသူကို နူးညံ့သိမ်မွေ့သောစိတ်နှင့် တည့်မတ်ပေးကြလော့။—ဂလ. ၆:၁။

သင်လည်း ကြင်နာမှုရှိခြင်းအားဖြင့် ယေဟောဝါကိုရော တစ်ချိန်တည်းမှာ တခြားသူတွေကိုပါ သစ္စာစောင့်သိနိုင်တယ်။ ဥပမာ၊ ယုံကြည်သူချင်းတစ်ယောက် အပြစ်ကြီးတစ်ခု ကျူးလွန်တာကို သင် သိထားတယ်ဆိုပါစို့။ အထူးသဖြင့် သူက သင့်မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်း ဖြစ်နေတယ်ဆိုရင် သူ့ကို သစ္စာစောင့်သိရမယ်လို့ သင် ခံစားရနိုင်တယ်။ ယေဟောဝါကို သစ္စာစောင့်သိဖို့က နံပါတ်တစ်ဖြစ်မှန်းလည်း သင်သိတယ်။ ဒါကြောင့် ကြင်နာမှုရှိပြီး တစ်ချိန်တည်းမှာ ခိုင်မာပြတ်သားပါ။ အကြီးအကဲတွေဆီ အကူအညီ တောင်းဖို့၊ သူတို့ကို ဖွင့်ပြောပြဖို့ သူ့ကို အားပေးပါ။ အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ အဲဒီလိုမလုပ်ဘူးဆိုရင် အကြီးအကဲတွေကို သင်ကိုယ်တိုင် သွားပြောပြပါ။ ဒီနည်းအားဖြင့် ယေဟောဝါကို သစ္စာစောင့်သိရာကျသလို သူ့ကိုလည်း ကြင်နာရာကျတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် အကြီးအကဲတွေ သူ့ကို ကူညီပေးနိုင်လို့ပဲ။ အကြီးအကဲတွေက နူးညံ့သိမ်မွေ့တဲ့သဘောနဲ့ တည့်မတ်ပေးပါလိမ့်မယ်။—ဝတ်. ၅:၁။ က၁၆.၀၂ ၄:၁၄

ကြာသပတေးနေ့၊ မတ် ၃၀

မည်သို့သောလူစား ဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များ ကျင့်၍ ဘုရားတရားဆည်းကပ်သူများ ဖြစ်သင့်၏။ —၂ ပေ. ၃:၁၁။

“ဘုရားတရားဆည်းကပ်” မှုကို ဖော်ပြတဲ့ လုပ်ရပ်တွေက ဘာတွေလဲ။ အဲဒီထဲမှာ အစည်းအဝေးတက်တာ၊ ဟောပြောတာစတဲ့ ဘုရားရေးရာ လုပ်ဆောင်မှုတွေ ပါဝင်တယ်။ ယေဟောဝါဆီ သီးသန့်ဆုတောင်းတာ၊ ကိုယ်ပိုင်လေ့လာမှုလုပ်တာစတဲ့ တခြားသူတွေ မမြင်တဲ့ လုပ်ဆောင်မှုတွေလည်း ပါဝင်တယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားသူဟာ အဲဒီလုပ်ဆောင်မှုတွေကို ဝန်ထုပ်ဝန်ပိုးအဖြစ် ယူမှတ်မှာ မဟုတ်ဘူး။ အဲဒီအစား “အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကို ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ် နှလုံးထဲမှာ ရှိပါ၏” လို့ ပြောခဲ့တဲ့ ဘုရင်ဒါဝိဒ်လို ခံစားရပါလိမ့်မယ်။ (ဆာ. ၄၀:၈) ယေဟောဝါဆီ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံပြီးသူ တစ်ယောက်အနေနဲ့ သင့်မှာ ယေဟောဝါနဲ့ နှစ်ကိုယ်ကြားဆက်ဆံရေး ရှိရတော့မှာဖြစ်တယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုတာဟာ မိဘတွေ၊ တခြားသူတွေအပေါ် မမူတည်သင့်ဘူး။ သင့်ရဲ့ သန့်ရှင်းတဲ့အမူအကျင့်တွေနဲ့ ဘုရားတရား ဆည်းကပ်မှုကို ဖော်ပြတဲ့ လုပ်ရပ်တွေက သင်ဟာ အမှန်တရားကို တွေ့ရှိထားပြီး ဘုရားသခင့်စံနှုန်းတွေအတိုင်း လိုက်လျှောက်လိုစိတ် ရှိတယ်ဆိုတဲ့ သက်သေအထောက်အထား ဖြစ်တယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ နှစ်ခြင်းခံဖို့ သင် အရည်အချင်း ပြည့်မီလာပါလိမ့်မယ်။ က၁၆.၀၃ ၂:၁၀၊ ၁၂၊ ၁၅

သောကြာနေ့၊ မတ် ၃၁

ယုံကြည်ခြင်း မရောက်လာမီ ငါတို့သည် ပညတ်တရားအောက်တွင် ကာကွယ်ခံခဲ့ရ၏။ . . . ထို့ကြောင့် . . . ပညတ်တရားသည် ငါတို့ကို ခရစ်တော်ထံ ပို့ဆောင်ပေးသော ငါတို့၏အထိန်း ဖြစ်လာပြီ။—ဂလ. ၃:၂၃၊ ၂၄။

မောရှေပညတ်ဟာ ပတ်ဝန်းကျင်လူမျိုးတွေရဲ့ အကျင့်ပျက်မှုနဲ့ မှားယွင်းတဲ့ ဘာသာရေးလုပ်ရပ်တွေကနေ အစ္စရေးတွေကို ကာကွယ်ပေးတယ်။ ဘုရားသခင့်စကားကို အစ္စရေးတွေ နားထောင်တဲ့အခါ ကောင်းချီးရရှိခဲ့တယ်။ နားမထောင်တဲ့အခါမှာတော့ ဒုက္ခလှလှရောက်ခဲ့တယ်။ (တရား. ၂၈:၁၊ ၂၊ ၁၅) လမ်းညွှန်ချက်အသစ်တွေ လိုအပ်ရတဲ့ နောက်အကြောင်းရင်းတစ်ခု ရှိတယ်။ ပညတ်တရားဟာ အစ္စရေးတွေကို ဘုရားသခင့် ရည်ရွယ်ချက်ရဲ့ အရေးကြီး ဖြစ်ရပ်တစ်ခုအတွက် အသင့်ပြင်ပေးတယ်။ မေရှိယဖြစ်တဲ့ ယေရှုခရစ် ကြွလာခြင်းဖြစ်ရပ်ပဲ။ အစ္စရေးတွေဟာ မစုံလင်သူတွေဖြစ်မှန်း ပညတ်တရားက အမြဲသတိပေးတယ်။ အပြစ်တွေကို အပြီးအပိုင် ဖယ်ရှားပေးမယ့် စုံလင်တဲ့ ပူဇော်သက္ကာဖြစ်တဲ့ ရွေးနုတ်ဖိုးလိုအပ်မှန်း နားလည်အောင်လည်း ကူညီပေးတယ်။ (ဂလ. ၃:၁၉။ ဟေဗြဲ ၁၀:၁-၁၀) မေရှိယဆင်းသက်လာမယ့် မျိုးရိုးကို ကာကွယ်ပေးတယ်။ မေရှိယ ပေါ်လာတဲ့အခါ ခွဲခြားသိရှိနိုင်အောင်လည်း ကူညီပေးတယ်။ မှန်ပါတယ်။ ပညတ်တရားဟာ ခရစ်တော်ဆီ ပို့ဆောင်ပေးတဲ့ ယာယီလမ်းပြ ဒါမှမဟုတ် “အထိန်း” နဲ့တူတယ်။ က၁၆.၀၃ ၄:၆၊ ၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ