ဒီစာအုပ်ကို အသုံးပြုပုံ
နောက်စာမျက်နှာတွေမှာ တစ်နေ့စီအတွက် ကျမ်းချက် တစ်ချက်နဲ့ အဲဒီကျမ်းချက်အတွက် မှတ်ချက်တွေကို သင်တွေ့ရပါလိမ့်မယ်။ ကျမ်းချက်နဲ့ မှတ်ချက်ကို ဘယ်အချိန်မှာမဆို ဖတ်နိုင်ပေမဲ့ မနက်ခင်းမှာဖတ်တာက အကျိုးရှိတယ်ဆိုတာ လူများစွာ တွေ့ရှိကြတယ်။ မနက်ခင်းမှာဖတ်ရင် အဲဒီအကြောင်းကို တစ်နေ့လုံး တွေးတောဆင်ခြင်နိုင်တယ်။ ကျမ်းချက်ကို မိသားစုလိုက်ဆွေးနွေးတာ အကျိုးအရှိဆုံးပဲ။ ကမ္ဘာတစ်ဝန်းက ဗေသလမိသားစုတွေဟာ နံနက်စာ မစားခင် မိသားစုလိုက် ဆွေးနွေးကြတယ်။
မှတ်ချက်တွေကို ၂၀၁၅ ဧပြီလကနေ ၂၀၁၆ မတ်လအထိ ကင်းမျှော်စင် (က) ဆောင်းပါးတွေကနေ ထုတ်နုတ်ထားပါတယ်။ ကင်းမျှော်စင် နေ့စွဲနောက်က ဂဏန်းတွေဟာ လေ့လာရန် ဆောင်းပါးနံပါတ်တွေ (၁၊ ၂၊ ၃၊ ၄၊ ၅) ဖြစ်ပါတယ်။ အဲဒီနောက်က နံပါတ်တွေဟာ မှတ်ချက်တွေကို ရှာတွေ့နိုင်မယ့် အပိုဒ်နံပါတ်တွေကို ရည်ညွှန်းပါတယ်။ (အောက်ပါနမူနာကို ကြည့်ပါ။) အကြောင်းအရာနဲ့ပတ်သက်တဲ့ ထပ်ဆင့်အချက်အလက်တွေကို ဆောင်းပါးမှာ တွေ့နိုင်ပါတယ်။ ဆောင်းပါးတစ်ခုဟာ စာမျက်နှာ ဘယ်လောက်ကနေ စသလဲဆိုတာ သိချင်ရင် အဲဒီဆောင်းပါးပါတဲ့ ကင်းမျှော်စင် ရဲ့ မျက်နှာဖုံးမှာ ကြည့်နိုင်တယ်။