ဒီစာအုပ်ကို အသုံးပြုပုံ
နောက်စာမျက်နှာတွေမှာ တစ်နေ့စီအတွက် ကျမ်းချက်တစ်ချက်နဲ့ အဲဒီကျမ်းချက်အတွက် မှတ်ချက်တွေကို တွေ့ရပါမယ်။ ကျမ်းချက်နဲ့ မှတ်ချက်ကို ဘယ်အချိန်မှာမဆို ဖတ်လို့ရပေမဲ့ မနက်ပိုင်းမှာ ဖတ်တာက အကျိုးရှိတယ်လို့ လူများစွာ ပြောကြတယ်။ မနက်ပိုင်းမှာ ဖတ်ရင် အဲဒီအကြောင်းကို တစ်နေ့လုံး တွေးတောဆင်ခြင်လို့ရတယ်။ ကျမ်းချက်ကို မိသားစုလိုက် ဆွေးနွေးတာ အကျိုးအရှိဆုံးပဲ။ ကမ္ဘာတစ်ဝန်းက ဗေသလ မိသားစုတွေဟာ နံနက်စာ စားချိန်မှာ မိသားစုလိုက် ဆွေးနွေးကြတယ်။
မှတ်ချက်တွေကို ၂၀၁၆၊ ဧပြီလကနေ ၂၀၁၇၊ မတ်လအထိ ကင်းမျှော်စင် (w) ဆောင်းပါးတွေကနေ ထုတ်နုတ်ထားပါတယ်။ ကင်းမျှော်စင် နေ့စွဲနောက်က ဂဏန်းတွေဟာ လေ့လာရန် ဆောင်းပါး နံပါတ်တွေ (၁၊ ၂၊ ၃၊ ၄၊ ၅) ဖြစ်ပါတယ်။ အဲဒီနောက်က နံပါတ်တွေဟာ မှတ်ချက်တွေကို ရှာတွေ့နိုင်မယ့် အပိုဒ်နံပါတ်တွေကို ရည်ညွှန်းပါတယ်။ (အောက်ပါ နမူနာကို ကြည့်ပါ။) အကြောင်းအရာနဲ့ပတ်သက်တဲ့ ထပ်ဆင့်အချက်အလက်တွေကို ဆောင်းပါးမှာ တွေ့နိုင်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ဟာ စာမျက်နှာ ဘယ်လောက်ကနေ စသလဲဆိုတာ သိချင်ရင် ကင်းမျှော်စင် ရဲ့ ဒုတိယ စာမျက်နှာမှာ ကြည့်နိုင်တယ်။