ဒီစာအုပ် အသုံးပြုပုံ
နောက်စာမျက်နှာတွေမှာ တစ်နေ့စီအတွက် ကျမ်းချက်တစ်ချက်နဲ့ အဲဒီကျမ်းချက်အတွက် မှတ်ချက်တွေ တွေ့ရပါမယ်။ ကျမ်းချက်နဲ့ မှတ်ချက်ကို ဘယ်အချိန်မှာမဆို ဖတ်လို့ ရပေမဲ့ မနက်ပိုင်းမှာ ဖတ်တာ အကျိုးရှိတယ်လို့ လူများစွာ ပြောကြတယ်။ မနက်ပိုင်းမှာ ဖတ်ရင် အဲဒီအကြောင်း တစ်နေ့လုံး တွေးတောဆင်ခြင်လို့ ရတယ်။ ကျမ်းချက်ကို မိသားစုလိုက် ဆွေးနွေးတာ အကျိုးအရှိဆုံးပဲ။ ကမ္ဘာတစ်ဝန်းက ဗေသလ မိသားစုတွေဟာ နံနက်စာ စားချိန်မှာ မိသားစုလိုက် ဆွေးနွေးကြတယ်။
မှတ်ချက်တွေကို ၂၀၂၂၊ ဧပြီလကနေ ၂၀၂၃၊ မတ်လအထိ ကင်းမျှော်စင် (w) ဆောင်းပါးတွေကနေ ထုတ်နုတ်ထားပါတယ်။ ကင်းမျှော်စင် နေ့စွဲနောက်က ဂဏန်းတွေဟာ စာမျက်နှာ နံပါတ်၊ မှတ်ချက် ရှာတွေ့နိုင်မယ့် စာပိုဒ်နံပါတ်တွေကို ရည်ညွှန်းပါတယ်။ (အောက်ပါ နမူနာကို ကြည့်ပါ။) အကြောင်းအရာနဲ့ပတ်သက်တဲ့ ထပ်ဆင့် အချက်အလက်တွေကို ဆောင်းပါးမှာ တွေ့နိုင်ပါတယ်။