ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၂/၁၅ စာ. ၃၁-၃၂
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏သိုးများသည် ကြင်နာယုယသောစောင့်ရှောက်မှုလိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကြေညာသူများရဲ့မေးခွန်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဖခင်နှင့်အကြီးအကဲ—တာဝန်နှစ်ရပ်ကို ကျေပွန်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • နှစ်ခြင်းခံမယ့်သူတွေနဲ့ နိဂုံးချုပ် ဆွေးနွေးမှု
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၂/၁၅ စာ. ၃၁-၃၂

စာရှုသူများထံမှ မေးခွန်းလွှာ

▪ တစ်ချိန်က “စိတ်ချစွာပေါင်းသင်းနိုင်သူ” ဟုသတ်မှတ်ခံရ၍ နောင်တွင် ပြစ်မှားခြင်းကြောင့် ရှောင်ကြဉ်ရမည်ဟု မှာကြားထားသူကို ခရစ်ယာန်များစကားပြောဆိုနိုင်သည် ဟူ၍ ဘုရားသခင်နှစ်ခြိုက်တော်မူခြင်းဆိုင်ရာ ဆောင်းပါးက ဆိုလိုနေပါသလော။

ထိုသို့ပြုနိုင်သည်ဟု ဆိုလိုသည်။ ၁၉၈၉၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်က ယေဟောဝါသက်သေများနှင့် ဓမ္မအမှုဆောင်လုပ်ငန်းတွင် ပါဝင်ခဲ့သော နှစ်ခြင်းမခံရသေးသူနှင့်ပတ်သက်၍ ကျွန်ုပ်တို့ယူမှတ်ချက်ကို အဘယ်ကြောင့် ပြောင်းလဲသင့်ကြောင်း တင်ပြခဲ့သည်။ ယခင်က ဤသို့သောသူကို “စိတ်ချစွာပေါင်းသင်းနိုင်သူ” ဟုခေါ်ဆိုခဲ့သည်။ ထိုနောက် နောင်တမယူ ဘုရားပညတ်များကို ချိုးဖောက်မည်ဆိုလျှင် အသင်းတော်အားသတိပေးထား၏။ ထိုအခါ အသင်းသားများ သူနှင့်ပေါင်းသင်း စကားစမြည်ပြောဆိုခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။

မကြာမီကထုတ်ခဲ့သည့် ဆောင်းပါးအရ နောင်တမယူမှားယွင်းသည့် နှစ်ခြင်းခံပြီးသောသူများကို ဤကဲ့သို့ ပဲ့ပြင်ဆုံးမသင့်ကြောင်း သမ္မာကျမ်းစာတောင်းဆိုသည်။ (၁ ကောရိန္သု ၅:၁၁-၁၃။ ၂ ယောဟန် ၉-၁၁) သို့ဖြစ်စေကာမူ ဆက်မှားယွင်းသည့် နှစ်ခြင်းမခံရသေးသူ၏အပြစ်ကြီးလေးမှုသည် နှစ်ခြင်းခံပြီးသူနှင့်မတူပေ။ (လုကာ ၁၂:၄၈) သူသည် နှစ်ခြင်းမယူရသေးသဖြင့် ဘုရားသခင့်မျက်မှောက်တွင် နှစ်ခြိုက်ခြင်းခံရသူမဖြစ်သေးပါ။ ထိုကြောင့် ဤသူကို နှင်ထုတ်ခြင်းသည် မသင့်တော်ပေ။ အခြေခံသဘောအရ ယခုသူသည် လောကီသားတစ်ဦးဖြစ်လေရာ ထိုအတိုင်းသာ သူ့ကိုဆက်ဆံမည်ဖြစ်သည်။

သို့ဖြစ်လျှင် တစ်ချိန်က “စိတ်ချစွာပေါင်းသင်းနိုင်သူ” ဟူ၍သတ်မှတ်ခံရသူသည် မှားယွင်းသောအပြုအမူကြောင့် ဓမ္မအမှု၌ပါဝင်ရန် အရည်အချင်းမရှိတော့လျှင်ကော။ အသင်းမှနှင်ထုတ်ခံရသူမဟုတ်သဖြင့် လောကီသားဖြစ်နေသည့်အတွက် သူ့အားထိုသို့သာသဘောထား ဆက်ဆံမည်။a နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်က စာမျက်နှာ ၁၉ တွင်သစ္စာရှိခရစ်ယာန်များအား သတိရှိစွာဆက်ဆံသင့်ကြောင်း အကြံပြုထားသည်။ ဘုရားသခင့်တောင်းဆိုချက်များကို သိလျက်နှင့် နှစ်ခြင်းမခံရသေးသူ ပြစ်မှားခဲ့မည်ဖြစ်ကြောင်း သူတို့သိထားသည်။ ဤကဲ့သို့သောသူနှင့် ရင်းနှီးစွာပေါင်းသင်းခြင်းကို ပါရမီရင့်သောခရစ်ယာန်များ ရှောင်ကြဉ်မည်။ မည်မျှအထိပေါင်းသင်းဆက်ဆံမှုပြုလုပ်နိုင်ကြောင်း မေးမြန်းလာသော် ဘုရားဝတ်နှင့်ဆိုင်သော ဩဝါဒကိုလိုက်လျှောက်ခြင်းဖြင့် အဖြေပေါ်မည်ဖြစ်သည်။ ၁ ကောရိန္သု ၁၅:၃၃ နှင့် သု၊ ၁၃:၂၀ ပါသြဝါဒကို ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို ဤသို့မေးမြန်းနိုင်သည်။ ‘ခရစ်ယာန်စံချိန်များအတိုင်း အသက်ရှင်မနေထိုင်သူနှင့် ပေါင်းသင်းခြင်းမှ အဘယ်ကောင်းကျိုးရရှိနိုင်မည်နည်း။’ ဤကဲ့သို့သော လောကီသားတစ်ဦးနှင့်ပေါင်းဖေါ်ခြင်းဖြင့် အကျိုးယုတ်စရာအကြောင်းရှိနေသည်ကို အကြီးအကဲများတွေ့မြင်လျှင် အန္တရာယ်ရောက်နိုင်သူများကို သီးသန့်သတိပေးဆုံးမမည်။

အတန်ကြာသော် “စိတ်ချစွာပေါင်းသင်းနိုင်သူ” ဖြစ်ခဲ့ဖူးသည့် နှစ်ခြင်းမခံရသေးသူသည် နောင်တယူကြောင်း ထိုက်သင့်စွာသာဓကများပြပြီး ကျမ်းစာသင်အံမှု ပြန်တောင်းဆိုလာပေမည်။ (တမန်တော် ၂၆:၂၀) ယခုသူစည်းဝေးတက်နေသည့် အသင်းတော်ရှိ အကြီးအကဲများအား အကြောင်းကြားသော် စီစဉ်ပေးသင့်သည်ဟု သူတို့ဆုံးဖြတ်လျှင် သူ့အတွက်ကျမ်းစာသင်အံမှုစီစဉ်ပေးပါမည်။ နှစ်ခြင်းမခံရသေးသောကြေညာသူ ဖြစ်ခွင့်မရတော့သူ နောင်တယူသည့်အခါ နောက်နောင်ဤအတိုင်းပြုနိုင်ပါသည်။ အများအားဖြင့်ဆိုလျှင် သူ၏အမှားကိုကိုင်တွယ်စီရင်ခဲ့သော အကြီးအကဲနှစ်ဦး သို့မဟုတ် သူ့တောင်းဆိုချက်အရ သူ့ကိစ္စကိုပြန်စဉ်းစားပေးရန် အကြီးအကဲအဖွဲ့ တာဝန်လွှဲအပ်သည့် သူတို့ရွေးချယ်သူနှစ်ဦးအား သူချဉ်းကပ်ပြောဆိုသင့်သည်။

မိမိလက်အောက်ရှိနေသေးသော—ဥပဒေအရ ထောက်ပံ့ကျွေးမွေးပြုစုခံ မှီခိုသူ—ကလေးများ၏မိဘများနှင့်ပတ်သက်၍မူ လိုက်နာရမည့် လမ်းစဉ်အနည်းငယ်ကွာခြားကြောင်း ကင်းမျှော်စင်တင်ပြထားသည်။ (ဧဖက် ၆:၁-၄) မိမိတို့သားသမီးများကို ဆုံးမသွန်သင်လမ်းပြသင့်သည့်တာဝန်ကို ကျမ်းစာက မိဘများအား အပ်နှင်းထားသည်။ ထိုကြောင့် မိဘများ (သို့မဟုတ် ယုံကြည်သူမိဘ) အနေနှင့် မှားယွင်းသောကလေးနှင့် သီးသန့်သင်အံမှုပြုရန်၊ သို့မဟုတ် မိသားစု၏ ကျမ်းစာသင်အံဆွေးနွေးရန် အစီအစဉ်တွင် ပါဝင်စေရန် အလိုရှိသည်အတိုင်းပြုလုပ်လိုမည်။

မကြာမီထုတ်ခဲ့သည့် ကင်းမျှော်စင်ဆောင်းပါးများအရ ကျွန်ုပ်တို့အတွေးအခေါ်၊ အပြုအမူတွင် ပြုပြင်စရာလိုမည်ရှိသော်လည်း ‘ဖြောင့်မတ်ခြင်းတရား၌ ပဲ့ပြင်ခြင်းအတွက်’ အကျိုးပြုသော ကျမ်းစာနှင့်အညီ ပြုမူခြင်းသာဖြစ်သည်။—၂ တိမောသေ ၃:၁၆၊ ၁၇။

▪ တိတု ၁:၆ အရ အသင်းတော်တွင် အကြီးအကဲဖြစ်နိုင်ရန် ညီအစ်ကို၏သားသမီးအားလုံး နှစ်ခြင်းခံပြီးသားဖြစ်ရမည်လော။

တိတုအခန်းကြီးတစ်တွင် အသင်းတော်အကြီးအကဲများအဖြစ် အမှုထမ်းများအတွက် အရည်အချင်းများကို တမန်တော်ပေါလုအကြမ်းဖျင်းဖေါ်ပြထားသည်။ တစ်ခုက ညီအစ်ကိုသည် “အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ . . . သူ၏သားသမီးတို့သည်ယုံကြည်” သူများဖြစ်ရမည်ဖြစ်၏။

ယင်းကြောင့် အကြီးအကဲ၏သားသမီးအားလုံး နှစ်ခြင်းခံပြီးသူများဖြစ်ရမည်ကိုဆိုလိုနေခြင်းမဖြစ်နိုင်။ အကြောင်းမူကား အချို့သည် နို့စို့သူများသာ ဖြစ်နေဦးမည်။ ထိုကြောင့် တိတု ၁:၆ ကညီအစ်ကို၏သားသမီးများ မိဘလက်အောက်၌ရှိနေလျှင် နှစ်ခြင်းခံထားသူများ၊ သို့မဟုတ် ကျမ်းစာသမ္မာတရားကိုလေ့လာနေရာ လက်ခံကျင့်သုံးနေပြီး နှစ်ခြင်းယူရန် ကြိုးစားနေသူများဖြစ်ရကြောင်းကို ဆိုလိုနေခြင်းဖြစ်မည်။ (၁ ကောရိန္သု ၇:၁၄) အကြီးအကဲတစ်ဦးသည် မိမိသားသမီးများကို တပည့်များဖြစ်စေရန်၊ သူ၏သားသမီးများသည် “ကာမဂုဏ်၌လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်” ရန် ကြိုးစားသင့်သည်။b

သမ္မာကျမ်းစာက “ယုံကြည်သူ” အသုံးအနှုန်းကို မည်သို့အသုံးပြုကြောင်း သတိပြုခြင်းဖြင့် ပိုသဘောပေါက်ပေမည်။ သူတစ်ဦး ယုံကြည်ခြင်းရှိမည်၊ သို့မဟုတ် များစွာသောအကြောင်းကို ယုံမည်ဖြစ်သည်။ (တမန်တော် ၂၆:၂၇၊ ၂၈။ ၂ သက်သာလောနိတ် ၂:၃၊ ၁၁။ ယာကုပ်၂:၁၉) သို့သော် “ယုံကြည်သည်” စကားလုံးကို ခရစ်ယာန်ဘာသာတရားလက်ခံ၍ နှစ်ခြင်းခံခြင်းနှင့်စပ်လျဉ်းပြီး အများအားဖြင့် ဆက်စပ်သုံးထားသည်။ (တမန်တော် ၈:၁၃; ၁၈:၈; ၁၉:၁-၅ နှင့်နှိုင်းယှဉ်ပါ) နှစ်ခြင်းမင်္ဂလာဖြင့် ယုံကြည်သူဖြစ်ကြောင်း အထူးတင်ပြသည်။—တမန်တော် ၂:၄၁၊ ၄၄၊ ၄:၄၊ ၃၂။

အကြီးအကဲတစ်ဦး၏ ကလေးငယ်အချို့ ကာယရေး၊ စိတ်ဓာတ်ရေး၊ သို့မဟုတ် ဝိညာဉ်ရေးအရ နှစ်ခြင်းယူရန် အသင့်မရှိသေးဘဲဖြစ်မည်။ သို့ဖြစ်စေ သူတို့အသက်အရွယ်၊ အခြေအနေအရ နှစ်ခြင်းယူနိုင်ခြင်းသို့တိုးတက်နေပါက တိတု ၁:၆ က သူတို့အား “ယုံကြည်သောသားသမီးများ” ဟုခေါ်ဆိုသည်။

[အောက်ခြေမှတ်ချက်များ]

a ထိုအခြေအနေမျိုးရှိသူတစ်ဦး ဤပြုပြင်ထားသောအမြင်အကြောင်း မသိသေးလျှင် ဤကင်းမျှော်စင်ဆောင်းပါးများကို သူ့အားပေးဖတ်လျှင် ကြင်နာမှုပြရာဖြစ်မည်။

b ၁၉၇၃ ဖေဖေါ်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၂၆ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ