ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၄/၁ စာ. ၇-၉
  • ဗာဗုလုန်မှောက်မှားသော ကိုးကွယ်မှု၏ ဗဟိုချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗာဗုလုန်မှောက်မှားသော ကိုးကွယ်မှု၏ ဗဟိုချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗာဗုလုန်—မှန်သောကိုးကွယ်မှု၏ ထောင်လွှားသောရန်သူ
  • အရှက်တကွဲ ရှုတ်ချခံရသော ဗာဗုလုန်
  • သို့ဖြစ်သောကြောင့် ဗျာဒိတ်ကျမ်း၌ မဟာဗာဗုလုန်သည် “သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏သက်သေခံတို့၏အသွေးနှင့်ယစ်မူး” ကြောင်း၊ “ပရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏အသွေး၊ မြေကြီးပေါ်မှ ကွပ်မျက်သောသူအပေါင်းတို့၏အသွေးကို ထိုမြို့၌တွေ့၏” ဟု ဆိုရာတွင် အထူးဆီလျော်သင့်မြတ်လှပေသည်။ ကမ္ဘာ့ဘာသာရေးသည် စစ်ပွဲများနှင့် မှန်သောခရစ်ယာန်များအား ညှဉ်းပန်းရာတွင် တက်ကြွစွာပါဝင်ခြင်းအားဖြင့်ဖြစ်စေ၊ မသိကျိုးကျွန်ပြု၍ နေခြင်းအားဖြင့်ဖြစ်စေ ကျူးလွန်ခဲ့သော သွေးချောင်းစီးပြစ်မှုကြီးကို ရာစုနှစ်ပေါင်းများစွာတစ်လျှောက် ခြေရာခံလိုက်၍ ရနိုင်ပေသည်။—ဗျာဒိတ် ၁၇:၆; ၁၈:၂၄။
  • မဟာဗာဗုလုန် ပြိုလဲ၍တရားစီရင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မြို့ကြီး ပျက်သုဉ်းခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မဟာဗာဗုလုန်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မှောက်မှားသော ဘာသာတရား—ယင်း၏ အံ့ဖွယ်နိဂုံးကို ကြိုမြင်ရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၄/၁ စာ. ၇-၉

ဗာဗုလုန်မှောက်မှားသော ကိုးကွယ်မှု၏ ဗဟိုချက်

“ဗာဗုလုန်မြို့ ပြိုလဲပြီ၊ ပြိုလဲပြီ။ သူ၏ဘုရားရုပ်တုရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက်ရှိကြပါသည်။” ဟေရှာယပရောဖက်ပြုခဲ့သော ဗာဗုလုန်မြို့ကား အဘယ်သို့သောမြို့ဖြစ်သနည်း။ ယင်းသည် ခေတ်သစ်မဟာဗာဗုလုန်၏ အနက်အဓိပ္ပာယ်ကို နားလည်နိုင်ရန် အရေးပါသော သဲလွန်စပင်ဖြစ်သည်။—ဟေရှာယ ၂၁:၉။

ရှေးဗာဗုလုန်မြို့သည် မိစ္ဆာဒိဌိနတ်ဘုရားများ၊ နတ်သမီးများကိုးကွယ်ရာတွင် ထင်ရှားကျော်ကြားသည်။ Babylonian and Assyrian Religion တွင် ပါမောက္ခဟွတ်ခ် (S. H. Hooke) က ဤသို့ဖေါ်ပြထားသည်။ “ဗာဗုလုန်မြို့သည် နတ်ဘုရားအများကိုးကွယ်သည့် နေရာတွင် မာဒွတ်ခ် (Marduk) အဓိကနေရာကိုရထားသောမြို့ဖြစ်သည်။ . . . ဒုတိယမြောက် နေဗုခဒ်နေဇာမင်း အုပ်ချုပ်စဉ်ကာလ၌ ဗာဗုလုန်မြို့တွင် သီးခြားနတ်ဘုရားများအတွက် သတ်မှတ်ခြင်းမပြုသော အခြားဗိမာန်အမြောက်အမြားကိုမဆိုဘဲ သီးခြားနတ်ဘုရားများအတွက် သီးသန့်အပ်နှံထားသော ဗိမာန်ငါးဆယ်ရှစ်ခုထက်မနည်းရှိခဲ့သည်။ ထိုကြောင့် မြို့ကြီးတစ်မြို့တွင်ရှိသော လူတို့၏အသက်တာပေါ်တွင် ယဇ်ပုရောဟိတ်အမျိုးအနွယ် မည်မျှကြီးကျယ်သည့်အခန်းမှ ပါဝင်နေသည်ကို သိမြင်နိုင်ပေသည်။” ဗာဗုလုန်မြို့ရှိ မာဒွတ်ခ်၏ဗိမာန် ပတ်ပတ်လည်၌ ကျောင်းဆောင်ကလေး ၅၅ ဆောင်ရှိသည်ဟု အဆိုရှိသည်။ ယခုခေတ်၌အဆင့်နိမ့်သော နတ်ဘုရားများ၊ သူတော်စင်များနှင့် မယ်တော်မာရိတို့အတွက် သတ်သတ်ထားရှိသော ကျောင်းဆောင်များခြံရံလျက်ရှိသော ဗိမာန်များ၊ ဘုရားကျောင်းများနှင့် ဝတ်ကျောင်းကြီးအများနှင့် အလွန်ဆင်တူလှသည်တကား။

နတ်ဘုရားကိုးကွယ်မှုတွင် ဗာဗုလုန်မြို့သည် ရုပ်တုကိုးကွယ်ခြင်း၏ဗဟိုချက်ဖြစ်ခဲ့သည်။ မှတ်တမ်းတစ်ခု၌ ဖေါ်ပြထားသည်မှာ ယဇ်ပုရောဟိတ်များနှင့် ယုံကြည်ကိုးကွယ်သူတို့သည် “သူတို့၏မြင့်မြတ်သော ရုပ်တုများကို အထူးဂရုစိုက်အရေးပေးသည်။ ယင်းရုပ်တုများကို နတ်ဘုရားများအဖြစ် ကြားဝင်ဖျန်ဖြေစေ့စပ်ပေးသူများအဖြစ် သဘောထားကြသည်။ ထိုရုပ်တုများကို အဖိုးတန်ဝတ်ရုံများ ဝတ်ဆင်ပေးသည်၊ ဆွဲကြိုးများ၊ လက်ဝတ်တန်ဆာများနှင့် လက်စွပ်များဖြင့် ဆင်ယင်ပေးသည်။ ယင်းတို့ကို အဖိုးတန်သောထမ်းစင်များပေါ်တွင် အကျအနတင်၍ ခြေလျင်ဖြင့်လည်းကောင်း၊ လှည်းယာဉ်ဖြင့်လည်းကောင်း၊ ကိုယ်ပိုင်လှေတို့ဖြင့်လည်းကောင်း ပင့်ဆောင်၍ ကုန်းတစ်တန်၊ ရေတစ်တန် စီတန်းလှည့်လည်ကြသည်။”a

ရှေးဗာဗုလန်မြို့နှင့် ခေတ်သစ်ဘာသာတရားနှစ်ရပ် ဆင်တူသည့် နောက်ထပ်သာဓကတစ်ရပ်အနေနှင့် အထက်၌ ကိုးကားခဲ့သည့် စွယ်စုံကျမ်းမှ ကောက်နှုတ်သော အောက်ပါရေးသားဖေါ်ပြချက်ကို သုံးသပ်ကြည့်ပါ။ “သူမကို ယုံကြည်ကိုးကွယ်သူတို့က သူမအား နားဝင်ပီယံအဖြစ်ဆုံးအမည်များပေးကြသည်။ သူမသည် နတ်သမီးနှင့် သခင်မမျှသာမဟုတ်ဘဲ သနားကရုဏာပြည့်ဝသော မယ်တော်လည်းဖြစ်သည်။ သူမသည် ဆုတောင်းပတ္ထနာကို နားညောင်းသည့်ပြင် ဝင်ရောက်တောင်းပန်ပေးသည်။ . . . သူမသည် စကြဝဠာကြီးနှင့်တကွ လူသားတို့အား အသက်ပေးသည့် အရှင်မဖြစ်သည်။” El Santos Rosario (သန့်ရှင်းမြင့်မြတ်သော စိပ်ပုတီး) မှအောက်ပါဆုတောင်းချက်နှင့် နှိုင်းယှဉ်ကြည့်ပါ။ “အမြင့်မြတ်ဆုံးသော မင်းသမီး၊ ရက်ရောသောလက်တော်မှ နေ့စဉ်ခံစားရသော ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါသည်။ အိုသခင်မ၊ သင်၏ကွယ်ကာမှုနှင့် အတောင်ရိပ်အောက်တွင် ကျွန်တော်မျိုးတို့ကို ကျေးဇူးပြု၍ ယခုမှစ၍ အစဉ်အဆက်ကာကွယ်ပေးတော်မူပါ။”

ဤစီကုံးရေးသားချက်နှင့် ဆုတောင်းချက်တို့သည် မည်သူ့ကိုရည်စူးသနည်း။ အများက “အပျိုစင်မာရိ” ဟုချက်ခြင်းဖြေကြပေမည်။ ယင်းအဖြေမှာ တစ်ဝက်သာမှန်သည်။ ဆုတောင်းချက်မှာ မာရိထံရည်စူးခြင်းဖြစ်သည်။ သို့သော် Las Grandes Religiones Illustradas ဆိုသည်အတိုင်း ပထမအပိုင်းမှကိုးကားချက်မှာ “မေတ္တာရှင်သခင်မ” အီရှတာ (Ishtar) အကြောင်းစီကုံးစပ်ဆို ရေးသားချက်ဖြစ်သည်။ အီရှတာမှာ ဗာဗုလုန်လူမျိုး၏ ဖွံ့ဖြိုးထွန်းကားခြင်း၊ မေတ္တာနှင့်စစ်မက်တို့နှင့်ဆိုင်သော နတ်သမီးဖြစ်သည်။ တစ်ခါတစ်ရံ သူ့အား “သားယောက်ျားလေးကို နို့ချိုတိုက်ကြွေးနေသော မိခင်တစ်ဦးအဖြစ်” ထုလုပ်ပုံဖေါ်ထားသည်။bဤကား ခေတ်သစ်ဘာသာတရားများသည် ရှေးခေတ်ဗာဗုလုန်နှင့် အလှမ်းမဝေးလှကြောင်း ပြဆိုသည့် နောက်သာဓကတစ်ရပ်မျှသာဖြစ်သည်။

ရှေးဗာဗုလန်လူမျိုး၏ လူ့ဝိညာဉ်စိုးလ်နှင့် သုံးပါးတစ်ဆူဘုရားများဆိုင်ရာ အယူအဆနှင့် ယခုခေတ်မသေနိုင်သော ဝိညာဉ်စိုးလ်နှင့် သုံးပါးတစ်ဆူဘုရားများဆိုင်ရာအယူအဆတို့၏ ဆင်တူပုံကိုလည်း နှိုင်းယှဉ်ကြည့်နိုင်သည်။ ဤသာဓကအထောက်အထားက ‘မဟာဗာဗုလုန်’ သည် စာတန်၏မှောက်မှားသော ဘာသာရေးကမ္ဘာ့အင်ပါယာ၏ဆီလျော်လှသည့် အထိမ်းအမှတ်ဖြစ်သည်ဟူသော ကျွန်ုပ်တို့၏နားလည်ပုံကို ပို၍ခိုင်ခံ့စေသည်။

ဗာဗုလုန်—မှန်သောကိုးကွယ်မှု၏ ထောင်လွှားသောရန်သူ

ဗာဗုလုန်သည် ယေဟောဝါ၏ရှေးလူမျိုးတော် ဣသရေလလူမျိုး၏ထောင်လွှားသောရန်သူဖြစ်သည်။ သူတို့၏မှန်သောကိုးကွယ်မှုကို မထီမဲ့မြင်ပြုသူလည်းဖြစ်သည်။ ဗာဗုလုန်သည် ဘီစီအီး ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ရှိ ဗိမာန်တော်ကိုဖျက်ဆီး၍ ယေဟောဝါ၏ကိုးကွယ်မှုတွင် သုံးသော အဖိုးတန်အသုံးအဆောင်တို့ကို ယူဆောင်သွားပြီးလျှင် ယင်းတို့ကို ဗေလရှာဇာတည်ခင်းသော ပွဲတော်ကြီးတွင် သနအောင်လုပ်ခဲ့သည်။—ဒံယေလ ၅:၃၊ ၄။

အလားတူစွာ ယခုမျက်မှောက်ခေတ်၌လည်း မဟာဗာဗုလုန်သည် မှန်သောကိုးကွယ်မှု၏အညှာတာကင်းသော ဆန့်ကျင်သူဖြစ်နေသည်။ ယေဟောဝါသက်သေများ နှိပ်စက်ညှဉ်းပန်းခံရသည့်ဖြစ်ရပ်များ၌ အများအားဖြင့် ဘာသာရေးခေါင်းဆောင်များက ယင်းတို့၏နိုင်ငံရေး မဟာမိတ်များအား မြှောက်ထိုးပင့်ကော်လုပ်၍ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ဆန့်ကျင်တိုက်ခိုက်မှုဖြစ်အောင် ဘာသာရေးခေါင်းဆောင်များ သွေးထိုးခဲ့သည့် ထင်ရှားသောသာဓကတစ်ရပ် လွန်ခဲ့သော ၁၉၁၇ ခုနှစ်တွင်စတင်ခဲ့ပြီး ယင်းပုံစံအတိုင်း ထပ်ခါထပ်ခါ ဖြစ်ပျက်လာခဲ့သည်။ ထိုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သမ္မာကျမ်းစာကျောင်းသားများ (ထိုစဉ်က သက်သေခံများ၏အမည်) သည် The Finished Mystery ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်မှ စာမျက်နှာ အနည်းငယ်၌ပါသော အကြောင်းကို အဖျက်သဘောဆောင်သည်ဟု ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုရှိ ဘာသာရေးခေါင်းဆောင်တို့က အဓိပ္ပာယ်ကောက်ယူခဲ့သည်။ ထိုအချိန်၌ သူတို့၏နိုင်ငံသည် ပထမကမ္ဘာစစ်အတွင်း ပါဝင်ဆင်နွှဲလျက်ရှိသည်။ သူတို့သည် သူတို့၏နိုင်ငံရေးလင်မြှောင်တို့အား ဤစာအုပ်အကြောင်း ချက်ခြင်းအသိပေးခဲ့သည်။ အဘယ်ရလဒ်ဖြစ်ပေါ်သနည်း။ ပါမောက္ခ မာတင်မာတီ (Martin Marty) ရေးသားသည့် Modern American Religion—The Irony of It All ၌ပါရှိသည့်အတိုင်း “ဘာသာရေးခေါင်းဆောင်တို့သည် ရပ်စဲလ်နောက်လိုက်တို့ [သက်သေခံများ] ကို အတိုက်အခံပြုပြီး ယေဟောဝါသက်သေများ၏ ခေါင်းဆောင်များအား [ပုန်ကန်ထကြွရန် တိုက်တွန်းသည်ဟူသော စွပ်စွဲချက်အတွက်] အနှစ်နှစ်ဆယ်စီရင်ချက် ချမှတ်သည်ကို ကြားရသောအခါ ပီတိသောမနဿဖြစ်ခဲ့ကြသည်။”

သို့သော် လအနည်းငယ်ကြာပြီးနောက် ထိုခေါင်းဆောင်များသည် စွဲချက်များမှ တရားသေလွတ်လာသောအခါ ထိုဘာသာရေးခေါင်းဆောင်များ၏ တုံ့ပြန်မှု မည်သို့ရှိခဲ့သနည်း။ “ဩသိုဒေါက်ဂိုဏ်းအသင်းသားများ ရွှင်လန်းခြင်းလုံးဝမရှိခဲ့ပေ။” “ဘာသာရေးအတွက်ကြောင့် ညွန့်ပေါင်းအစိုးရအဖွဲ့နှင့် အတိုက်အခံဖြစ်သည်အထိ” သမ္မာကျမ်းစာကျင့်စဉ်မူအတိုင်း ရပ်တည်သူများဟူ၍ သက်သေခံများသာရှိသည်။ သက်သေခံများသည် အစိုးရမင်းများ၏ မျက်နှာလိုမျက်နှာရ လုပ်တတ်သော အပေါင်းပါများမဖြစ်ခဲ့ပေ။ နောင်လည်း ဘယ်တော့မျှဖြစ်မည်မဟုတ်ပေ။ ဖက်ဆစ်အာဏာရှင်များ စိုးမိုးသည့် အီတလီ၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့တွင်ဖြစ်စေ၊ ဂျာမဏီနိုင်ငံတွင် နာဇီအုပ်ချုပ်မှုအောက်၌ဖြစ်စေ၊ အီတလီ၊ စပိန်နှင့်ပေါ်တူဂီနိုင်ငံတို့တွင် ဖက်ဆစ်ကြီးစိုးမှုအောက်၌ပင်ဖြစ်စေ ထိုသို့မဖြစ်ခဲ့ပေ။

အရှက်တကွဲ ရှုတ်ချခံရသော ဗာဗုလုန်

သို့ဖြစ်သောကြောင့် ဗျာဒိတ်ကျမ်း၌ မဟာဗာဗုလုန်သည် “သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏သက်သေခံတို့၏အသွေးနှင့်ယစ်မူး” ကြောင်း၊ “ပရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏အသွေး၊ မြေကြီးပေါ်မှ ကွပ်မျက်သောသူအပေါင်းတို့၏အသွေးကို ထိုမြို့၌တွေ့၏” ဟု ဆိုရာတွင် အထူးဆီလျော်သင့်မြတ်လှပေသည်။ ကမ္ဘာ့ဘာသာရေးသည် စစ်ပွဲများနှင့် မှန်သောခရစ်ယာန်များအား ညှဉ်းပန်းရာတွင် တက်ကြွစွာပါဝင်ခြင်းအားဖြင့်ဖြစ်စေ၊ မသိကျိုးကျွန်ပြု၍ နေခြင်းအားဖြင့်ဖြစ်စေ ကျူးလွန်ခဲ့သော သွေးချောင်းစီးပြစ်မှုကြီးကို ရာစုနှစ်ပေါင်းများစွာတစ်လျှောက် ခြေရာခံလိုက်၍ ရနိုင်ပေသည်။—ဗျာဒိတ် ၁၇:၆; ၁၈:၂၄။

မဟာဗာဗုလုန်တည်းဟူသော မှောက်မှားသည့် ဘာသာရေးကမ္ဘာ့အင်ပါယာသည် သမိုင်းတစ်လျှောက်အတွင်း စည်းစိမ်ချမ်းသာနှင့် တန်ခိုးအာဏာတို့ကို ခံစားယစ်မူးလာခဲ့သည်။ သို့သော်ထိုပြည့်တန်ဆာမကြီး၏ အဆုံးနေ့ရက်ရောက်တော့မည်ဟု ယောဟန်အား ကောင်းကင်တမန်သတိပေးခဲ့၏။ မှတ်တမ်းက ဤသို့ဆို၏။ “သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၍ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ်လေပြီ။ ညစ်ညူးသောဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဖွယ်သော ငှက်မျိုး၏ မှီခိုရာဖြစ်လေပြီ။”—ဗျာဒိတ် ၁၈:၂။

ဗာဗုလုန် မည်သည့်အခါ ပျက်သုဉ်းမည်နည်း။ သို့မဟုတ် သူမပျက်သုဉ်းနေပြီလော။ အဘယ်နည်းဖြင့် ပျက်သုဉ်းမည်နည်း။ ယင်းသည် သင့်အား မည်သို့ထိခိုက်သနည်း။ ဤမေးခွန်းများနှင့်တကွ ဆက်နွယ်မှုရှိသော တစ်ခြားမေးခွန်းများ၏အဖြေကို ရှေ့အပတ်ထုတ် ကင်းမျှော်စင် တွင်ဖြေဆိုပေးမည်။

[အောက်ခြေမှတ်ချက်များ]

a Las Grandes Religiones Illustradas (ဘာသာကြီးများအကြောင်း ရှင်းလင်းချက်): Asirio-Babilṓnica၊ အတွဲ ၂၀၊ မက်တယူး-ရီဇိုးလီ ပြုစု၍ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသည်။—စာမျက်နှာ ၅၃။

b အတွဲ ၁၉၊ စာမျက်နှာ ၁၉၊ ၂၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ