ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၈/၁၅ စာ. ၄-၇
  • ရာဇဝတ်မှု ပပျောက်လုချိန် ယခုနီးပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရာဇဝတ်မှု ပပျောက်လုချိန် ယခုနီးပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားရေးရာကြောက်ရွံ့ခြင်းတစ်ဖက် မနာလိုမှု
  • ယုံကြည်ခြင်းတစ်ဖက် လောဘစိတ်
  • ဥစ္စာပစ္စည်းများထက် လူတို့က ပိုအရေးကြီး
  • ရာဇဝတ်မှု—ပပျောက်နှင့်ပြီလော
  • ရာဇဝတ်မှုပပျောက်ရေး —အလားအလာ
  • ရာဇဝတ်မှု အဘယ်ကြောင့် ဤမျှများရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • မျက်မမြင်တွေကိုကုသပေး၊ ဇက်ခဲကိုကူညီပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရိခေါ၌ ယေရှုသွန်သင်တော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေရိခေါ၌ ယေရှုသွန်သင်တော်မူသည်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၈/၁၅ စာ. ၄-၇

ရာဇဝတ်မှု ပပျောက်လုချိန် ယခုနီးပြီ

စုံထောက်များသည် အပြစ်ကျူးလွန်သူများ မည်သူတို့ဖြစ်၍ ရည်ရွယ်ချက်မည်သို့ရှိသည်ကို သိရှိခြင်းငှာ သဲလွန်စများကိုစစ်ဆေးကြည့်ရှုကာ ပြစ်မှုများကို ဖြေရှင်းရန်ကြိုးစားကြသည်။ စုံထောက်တို့၏သုံးစွဲနည်းများ၊ သူတို့၏ကျွမ်းကျင်ရာတို့သည် ကမ္ဘာချီခေတ်စားသော ဝတ္တုများ၏အကြောင်းအရာဖြစ်သည်။ နောက်ဆုံးတွင် ရာဇဝတ်သားကို အောင်မြင်စွာဖမ်းမိနိုင်မည်ဖြစ်သော်လည်း စုံထောက်တစ်ဦး၏လုပ်ငန်းသည် ပြစ်မှုပြုပြီးနောက်၌သာစတင်သည်။

ရာဇဝတ်မှုတိုးများနှုန်းအရ ပြစ်မှုပြုသူတစ်ဦးဖမ်းမိတိုင်း အခြားရာဇဝတ်မှုပြုသူမြောက်မြားစွာရှိသေးကြောင်း တွေ့ရှိရသည်။ ထိုကြောင့် ရာဇဝတ်မှုပပျောက်သွားစေရန်၊ ဖြစ်ပြီးသားပြစ်မှုများကို ဖြေရှင်းပေးရုံထက်မကပြုလုပ်ရန် လိုအပ်နေပါသည်။ ရာဇဝတ်သားများမဖြစ်စေရန် လူတို့အားအဘယ်အရာက တားဆီးပေးနိုင်မည်နည်း။

ရာဇဝတ်မှုသည် စာရိတ္တနှင့်သက်ဆိုင်သည်။ လူသတ်မှု၊ မုဒိမ်းမှုနှင့် အခြားအဓမ္မမှုများသည် ရာဇဝတ်မှုများဖြစ်သည်ကို လက်ခံရန် မခဲယဉ်းပါ။ သို့သော် အကောက်ခွန်ဆောင်ရန်ပုံစံစာရွက်ကိုဖြည့်စွက်ရာတွင် လိမ်လည်တင်ပြခြင်းသည်လည်း ပြစ်မှုဖြစ်သည်။ အကြောင်းမှာ ရိုးသားမှုစံချိန်သီလနှင့် ဆန့်ကျင်သောကြောင့်ဖြစ်သည်။ ပြစ်မှုလုံးဝပပျောက်စေရန် အခြေခံကျင့်ဝတ်နှင့် ဆန့်ကျင်သောအပြုအမူအားလုံး ကင်းရှင်းစေခြင်းဖြစ်သင့်သည်။

ပြစ်မှုဖြစ်ပွားခြင်းကိုမက ယင်းကိုပပျောက်စေမည့်နည်းကိုပါ ပေါ်လွင်စေသည့် ကျမ်းစာဥပမာသုံးခုကို သုံးသပ်ကြည့်ကြစို့။

ဘုရားရေးရာကြောက်ရွံ့ခြင်းတစ်ဖက် မနာလိုမှု

ဆာလံဆရာအာသပ်၏စကားများကို သတိပြုပါ။ “မတရားသောသူတို့၏ စည်းစိမ်ကိုမြင်သောအခါ မိုက်သောသူတို့ကိုပင်ငါငြူစူမိပြီ။” (ဆာလံ ၇၃:၃) မှန်ပါသည်။ ပြစ်မှုပြုသူတစ်ဦး၏စည်းစိမ်ချမ်းသာနှင့် ဘဝပုံစံကြောင့် များစွာသောသူတို့သည် မတရားသောလမ်းစဉ်ကိုလိုက်တတ်ကြသည်။ ရုပ်မြင်သံကြားနှင့် သတင်းမှတစ်ဆင့် ရာဇဝတ်မှုကိုအမွှမ်းတင်ခြင်းဖြင့် အဆိုးကိုမုန်းတီးစိတ်မွေးမြူပေးမည့်အစား သာ၍လက်ခံဖွယ်ရာဖြစ်စေသည်။

မည်သို့ဆိုစေကာမူ သုတ္တံဆရာ ဤသို့ဆုံးမပေးသည်။ “အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ်မရှိစေနှင့်။ တစ်နေ့လုံး ယေဟောဝါကိုကြောက်ရွံ့သောသဘောရှိစေလော့။” ပြဿနာ၏အရင်းအမြစ်ကား လူတစ်ဦး၏စိတ်နေသဘောထားနှင့် ရည်ရွယ်ချက်ဖြစ်သည်။ ယင်းကိုချုပ်ထိန်းပေးရန် အထိရောက်ဆုံးနည်းကား ယေဟောဝါဘုရားသခင်စိတ်တော် ထိခိုက်မိမည်ကို စိုးရိမ်ကြောက်ရွံ့သောသဘောဖြစ်သည်။ “အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက်လိမ့်မည်။ သင့်မျှော်လင့်ခြင်းအကြောင်းမပျက်ရာ။”—သု၊ ၂၃:၁၇၊ ၁၈။

ယုံကြည်ခြင်းတစ်ဖက် လောဘစိတ်

စီအီး ၃၃ ခုနှစ်တွင် ယေရှုသည် ယေရိခေါမြို့ကိုဖြတ်၍ ခရီးသွားတော်မူ၏။ ဤမြို့ကား ခရစ်ဝင်ကျမ်းရေးဆရာ လုကာဖေါ်ပြသည်အတိုင်း “ငွေရတတ်သူ” ဖြစ်သည့် “အခွန်ခေါင်း” ဇက္ခဲနေသောမြို့ဖြစ်သည်။ ယေရိခေါဝန်းကျင်ရှိ မြေဆီသြဇာကောင်းသောဒေသသည် အခွန်ကောက်ရန်အဓိကဒေသဖြစ်၍ ဇက္ခဲကိုယ်တိုင်၏စကားအရပင် အခွန်ခေါင်းအနေနှင့် သူသည်ငွေများစွာ အဓမ္မတောင်းရန်အခွင့်ရခဲ့သည်။ သို့သော် ဇက္ခဲသည် ရာဇဝတ်ကောင်တစ်ဦး အမြဲမဖြစ်ခဲ့ပါ။—လုကာ ၁၉:၁-၈။

ယေရှုကိုဝန်းရံထားသော လူအစုအဝေးအရှေ့ပြေးပြီး မိမိအရပ်ပုသဖြင့် ကိုယ်တော်ကိုမြင်နိုင်ရန် သဖန်းပင်ပေါ်သို့တက်လေ၏။ သူ့အားယေရှုမြင်တော်မူလျှင် ဆင်းလာခဲ့ရန်၊ ယေရိခေါမြို့တွင်ရှိစဉ် သူ၏အိမ်၌တည်းခိုမည်ဖြစ်ကြောင်း ပြောလေသည်။ နောင်တွင် ဇက္ခဲ၏စကားများက သူ၏ပြောင်းလဲသောစိတ်ထားကို တင်ပြသည်။ “အကျွန်ုပ်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အားပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင် လေးဆပြန်၍ပေးပါ၏။” အဓမ္မယူထားသောငွေကို ပြန်ပေးရန် ငွေများစွာဆပ်ဖို့လိုခဲ့ပေမည်။ သို့သော် ဤသို့ပြုမည်ဟု ကတိပေးခြင်းဖြင့် ယေရှုကိုယုံကြည်ကြောင်း သက်သေထူခဲ့သည်။ သူ၏ပြောင်းလဲသောအမြင်က တကယ်ထိရောက်သောအကျိုး၊ မတရားသဖြင့် ယူထားသောငွေအပြင် လျော်ကြေးသုံးဆ၊ သို့မဟုတ် လေးဆပြန်ပေးစေသည်။ ဤနည်းဖြင့် မိမိပြုမိသောအမှားကို ဇက္ခဲပြုပြင်ရုံမက မိမိ၏ဘဝပုံစံ တကယ်ပြောင်းလဲကြောင်းကို သက်သေထူခဲ့သည်။ —၂ ကောရိန္သု ၇:၁၁။

ဥစ္စာပစ္စည်းများထက် လူတို့က ပိုအရေးကြီး

စွပ်စွဲခံရသူ ယေရှုခရစ်နှင့်ပတ်သက်၍ ရောမမင်းပိလတ်က “ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့” ဟုဆိုခဲ့သည်။ (လုကာ ၂၃:၄) ဥစ္စာပစ္စည်းရရှိရန် ဥပဒေကျူးလွန်မည့်အစား မြေကြီးဓမ္မအမှုဆောင်ရွက်စဉ် ယေရှုသည် လူတို့ကို မေတ္တာရှိစွာ စိတ်ဝင်စားမှုတင်ပြခဲ့သည်။ “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။ ထိုအခါ ကိုယ်တော်က ‘စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကိုဆုတောင်းကြလော့’ ဟုတပည့်တော်တို့အား မိန့်တော်မူ၏။” (မဿဲ ၉:၃၆-၃၈) ယေရှုသည် ပစ္စည်းဥစ္စာများမဆိုနှင့် မိမိ၏သက်သာမှု၊ မိမိအကျိုးတို့ထက် လူတို့ကိုပိုဦးစားထားကြောင်းထင်ရှားပါသည်။ ကိုယ်တော်ထံမှ သွန်သင်ချက်များကြားနာ၊ အကူအညီရလို၍ ကိုယ်တော်ကိုရှာတွေ့လိုသူများနှင့် တပည့်တော်များကိုပြုစုပေးရာတွင် ကိုယ်တော်၏စိတ်စေတနာကိုထောက်ပြီး ယင်းကိုလည်းတွေ့မြင်နိုင်ပါသည်။ (မဿဲ ၈:၂၀; ၁၄:၁၃-၁၆) ဤကိစ္စတွင် ကျွန်ုပ်တို့အတုယူစရာပုံသက်သေကို ယေရှုချပေးထားတော်မူခဲ့ပြီ။—၁ ပေတရု ၂:၂၁။

ထိုပုံနမူနာအတိုင်း ပစ္စည်းဥစ္စာများထက် လူလူချင်း ပို၍တန်ဖိုးထားခြင်းကို ယနေ့လိုက်လျှောက်လုပ်ကိုင်နိုင်ပါသလော။ ဖြစ်နိုင်ပါ၏ဟု ဖြေဆိုနိုင်ပါသည်။ ယခု သုံးသန်းခွဲကျော်ရှိ ယေဟောဝါသက်သေများကိုကြည့်ပါ။ သူတို့သည် ခရစ်တော်၏စိတ်ထားကိုမွေးမြူရန် ကြိုးစားကြ၍ ယင်းကိုလက်တွေ့ကျတင်ပြရန် အားထုတ်ကြသည်။ များစွာသောသူတို့အား ပြစ်မှုပြုစေသည့် ဆိုးရွားသောစိတ်ဆန္ဒများကို သူတို့နှလုံးတွင်းမှထုတ်ပစ်ရန် အမြဲကြိုးစားနေကြပါသည်။ ရာဇဝတ်သားများဖြစ်ခဲ့ဖူးသူအချို့ပင် သမ္မာကျမ်းစာလေ့လာနေစဉ် ဘုရားသခင်ကိုချစ်မြတ်နိုးမှု တိုးပွားလာသည်နှင့်အမျှ ယင်းကနှလုံးထိမိခဲ့ရာ ယခင်ကပြုမိခဲ့သော ပြစ်မှုများကိုဝန်ခံ၍ ပြန်ဆပ်ပေးရန်လှုံ့ဆော်ခံခဲ့ရသည်။ ဤသို့ပြုခြင်းသည် နာမည်ကျော်ကြားလို၍မဟုတ်။ ယေဟောဝါဘုရားသခင်နှင့် သင့်တင့်ငြိမ်သက်မှုရှိရန်၊ ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာဖြင့် ထင်ရှားသည့် ကိုယ်တော်၏မခံစားထိုက်သော ကရုဏာတော်မှ အကျိုးကျေးဇူးခံစားရခြင်းငှာဖြစ်သည်။—၁ ကောရိန္သု ၂:၁၆; ၆:၁၁။ ၂ ကောရိန္သု ၅:၁၈-၂၀။

မိမိနှင့်စပ်ဆိုင်သူများကိုချစ်မြတ်နိုးစွာဖြင့် ဤခရစ်ယာန်များသည် အချိန်ရှာယူ၍ အခြားသူများထံလည်ပတ်ပြီး ဘုရားသခင့်နိုင်ငံတော်အောက် ပရဒိသုအခြေအနေမျိုးတွင် မိသားစုလိုက် မည်သို့အသက်ရှင်ရန် မျှော်လင့်နိုင်ကြောင်း ပြောပြကြသည်။ ပတ်စဉ်ပတ်တိုင်း သူတို့၏နိုင်ငံတော်ခန်းမများတွင် ယေဟောဝါသက်သေတို့သည် စည်းဝေးများကို မှန်မှန်ကျင်းပကြသည်။ မိမိခိုးမှုပြုခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံသူတစ်ဦး စည်းဝေးသို့ဖိတ်ခေါ်ခံခဲ့ရ၍ မည်သို့မည်ပုံရှိမည်ကိုသိလို၍ တက်ရောက်ခဲ့သည်။ သူဤသို့ပြောပြသည်။ “ကျွန်တော်တကယ်အံ့သြသွားတယ်ဟုပြောတာက လျှော့ပြောနေတာ။ ကျွန်တော်ထင်သလို ငြီးငွေ့စရာ၊ ပြင်းစရာအကွက်တစ်ကွက်မျှမရှိဘူး။ တကယ်ထင်ရှားတဲ့ ခင်မင်ရင်းနှီးပြူငှာမှုက စစ်မှန်တာသိသာပါတယ်။ သက်သေခံအားလုံး ဝိညာဏအရာများကိုတန်ဖိုးထားပုံကလည်း တကယ်ထူးခြားတယ်။” သူ့အတွက်စွဲမှတ်သွားစရာဖြစ်ခဲ့၍ ဆက်ပေါင်းသင်းခဲ့ရာ ပြုပြင်ပြောင်းလဲနိုင်ရန် အကူအညီရရှိခဲ့သည်။ အသင်သည် ပြစ်မှုပြုဖူးသည်ဖြစ်စေ၊ မပြုခဲ့ဖူးသူဖြစ်စေ ဘုရားသခင်၏ကျေးကျွန်များနှင့်ပေါင်းသင်းသောအခါ ပစ္စည်းဥစ္စာ၌ စိတ်ဝင်စားမှုရှိမည့်အစား လူအချင်းချင်းကိုထပ်တူစိတ်ဝင်စားမှုရှိလာပါလိမ့်မည်။—မဿဲ ၂၂:၃၉။

ရာဇဝတ်မှု—ပပျောက်နှင့်ပြီလော

လူတို့သည် ပြစ်မှုမကျူးလွန်တော့ဟုဆိုလျှင် သူတို့သည် စုံလင်ပြီဟုဆိုလိုပါသလော။ ဝေးလေစွ။ လူတိုင်းကဲ့သို့ပင် ယေဟောဝါသက်သေများလည်း ကျွန်ုပ်တို့၏ပထမလူသားဖခင်အာဒံမှရသော အပြစ်အမွေ၏အကျိုးဆက်များကို ခံစားရကြသည်။ (ရောမ ၅:၁၂။ ၁ ယောဟန် ၁:၈) သို့သော် သူတို့၏ကမ္ဘာချီဟောပြောခြင်းနှင့် သွန်သင်ပေးခြင်းလုပ်ငန်း၌ ရောင်ပြန်ဟပ်သည်အတိုင်း ဘုရားအမှုတော်ဆောင်ခြင်း၌ ယခုသူတို့စည်းလုံးနေကြပါသည်။ ယင်းက ဟေရှာယပရောဖက်ပြုချက်ပြည့်စုံကြောင်း သက်သေထူသည်။ “နောက်ဆုံးသောကာလ၌ ယေဟောဝါ၏အိမ်တော်တည်သောတောင်သည် တောင်. . . တို့၏ထိပ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” (ဟေရှာယ ၂:၂) သန်းပေါင်းများစွာသောသူတို့သည် ယေဟောဝါ၏ချီးမြှင့်ခံရသောဝတ်ပြုမှုသို့ စုပြုံလာနေကြပြီး ကိုယ်တော်၏နည်းလမ်းတော်များကို သင်ယူနေကြသည်ကား အမှန်ပင်။ ရာဇဝတ်မှုကိုရှောင်ကြဉ်သူများနှင့် ပေါင်းသင်းခြင်းအားဖြင့် အသင်လည်းအကျိုးကျေးဇူးခံစားနိုင်သည်။

ရာဇဝတ်မှုပပျောက်ရေး —အလားအလာ

ကျွန်ုပ်တို့ခေတ်တွင် ရာဇဝတ်မှုတိုးပွားလာခြင်းကပင် ပြစ်မှုကျူးလွန်သူအားလုံးအပါအဝင် လူဆိုးအားလုံးကို ဘုရားသခင်ဖျက်ဆီးပစ်မည့်အချိန်နီးကြောင်း နိမိတ်ပြနေသည်။ “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ . . . ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။” (ဆာလံ ၃၇:၉၊ ၁၀) ရာဇဝတ်မှုပပျောက်ချိန်သည် ယခုတကယ်နီးနေပြီ။ အကြောင်းမူကား၊ ပထမရာဇဝတ်ကောင် စာတန်မာရ်နတ် ချည်နှောင်ခြင်းနှင့် တွင်းနက်ထဲပစ်ချခြင်းခံရမည့်အချိန် အလွန်နီးကပ်နေပြီ။ (ဗျာဒိတ် ၂၀:၁-၃) ရာဇဝတ်မှုကိုထိတ်လန့်နေရခြင်း၊ ယင်း၏သားကောင်များခံရသော ဆင်းရဲဒုက္ခများသည် များမကြာမီ ရှေးလွန်လေပြီးသောအရာများဖြစ်ကြတော့မည်အကြောင်း သိရှိရခြင်းကား အလွန်စိတ်လှုပ်ရှားဖွယ်ရာဖြစ်သင့်သည်။

သို့နှင့် ရှင်ပြန်ထမြောက်ခြင်း၌ ကမ္ဘာပေါ်ပြန်အသက်ရှင်လာမည့် သန်းပေါင်းများစွာသောသူတို့ကော။ (တမန်တော် ၂၄:၁၅) သူတို့မသေမီကရှိထားခဲ့သော ဥပဓိရုပ်မျိုးနှင့် အကျင့်များဆက်ကျင့်နေမည်ဆိုလျှင် ရာဇဝတ်လှိုင်းလုံးအသစ် တစ်ဖန်ပြန်စပေးမည်မဟုတ်လော။ ထိုသို့ဖြစ်မည်ဟု စိုးရိမ်ဖွယ်မရှိပါ။ သူခိုးတစ်ဦးအား ရှင်ပြန်ထမြောက်မည့်ကတိပေးချိန်တွင် ယေရှုဤသို့မိန့်တော်မူသည်။ “ယနေ့ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသုတွင်ရှိရလိမ့်မည်။” (လုကာ ၂၃:၄၃) ရှင်ပြန်ထမြောက်လာသူများသည် ပြုပြင်ပြောင်းလဲရမည်ဟု ယင်းကအမှန်တကယ်တင်ပြနေသည်။ ထိုသို့မဟုတ်လျှင် ကမ္ဘာသစ်သည် ပရဒိသုဖြစ်နိုင်မည်မဟုတ်ချေ။

ပြဿနာများမဖြစ်ပေါ်စေဘဲ လူသူကြား သင့်တင့်စွာနေထိုင်တတ်ရန် အရေထူရာဇဝတ်သားများကို စိတ်ဓာတ်ပြန်လည်ထူထောင်ပေးရသကဲ့သို့ပင် ဘုရားသခင်၏နိုင်ငံတော်အောက်တွင် ပြည်သူပြည်သားတို့ ဥပဒေနှင့်အညီနေထိုင်တတ်ရန် ပညာပေးရေးအစီအစဉ်ကို အကြီးအကျယ်ပြုလုပ်ပေးရပေမည်။ (ဗျာဒိတ် ၂၀:၁၂၊ ၁၃) ဘုရားသခင့်ပညတ်တော်များကို လိုက်နာသော ပရဒိသုတွင်နေထိုင်သူများနှင့်သာ ပေါင်းသင်းရသည့် တစ်ပန်းသာမှုဖြင့် ရှင်ပြန်ထမြောက်လာသူများသည် သင့်တော်၍စည်းစနစ်ကျ စီးပွားရေးအခြေအနေမျိုးအောက်ရှိကြမည်။ (ဟေရှာယ ၆၅:၂၁-၂၃) တရားမျှတစွာ အုပ်စိုးမည့်သူများရှိမည်ဖြစ်၍ အကျင့်ဆိုးများကို မဖျောက်မဖျက်သူများသည် အသက်ဆုံးရှုံးခံရကြမည်။ (ဟေရှာယ ၃၂:၁။ ၆၅:၂၀) ထိုကြောင့် နောက်ဆုံးတွင် ရာဇဝတ်မှုပပျောက်လိမ့်မည်ဟူ၍ စိတ်ချနိုင်စရာအကြောင်းများစွာရှိသည်။

ရာဇဝတ်မှုများပြားသည့်လောကအတွင်း ကျွန်ုပ်တို့ရှိနေသေးသော်လည်း ပရဒိသုတွင်စုံလင်သောအသက်ဖြင့် သစ္စာရှိကျေးကျွန်များကို ဆုချမည်ဟု ကတိပေးတော်မူသော ယေဟောဝါကိုအားကိုးအားထားကြောင်း တင်ပြနိုင်ကြပါသည်။ ယေဟောဝါသက်သေများကမ်းလှမ်းသည့် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်ကို လက်ခံယူခြင်းအားဖြင့် ထိုသို့အားထားကြောင်း တင်ပြပါ။ (ယောဟန် ၁၇:၃) နောက်တစ်ကြိမ်သူတို့နှင့်ပြန်ဆုံသည့်အခါ ထပ်၍မေးမြန်းစူးစမ်းပါ။ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၂ တွင်ဖေါ်ပြထားသည့် လိပ်စာထံ စာရေးနိုင်သည်။ ရာဇဝတ်မှုပပျောက်လုချိန်နီးပြီမို့ သင်ကြိုးစားရကျိုးနပ်ပါလိမ့်မည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဇက္ခဲ၏ယုံကြည်ခြင်းက သူလိမ်ညာယူခဲ့ရာတို့ကို ပြန်ဆပ်ပေးရန် သူ့အားတိုက်တွန်းခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ