ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၁/၁၅ စာ. ၃-၄
  • ဘုရားအမှုတော်ထမ်းသည့် လူငယ်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားအမှုတော်ထမ်းသည့် လူငယ်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • လန်းဆန်းစေသော ဆီးနှင်းပေါက်များနှင့်တူသည့် လူငယ်လူရွယ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကျမ်းစာခေတ်က ငယ်ရွယ်သော ကျေးကျွန်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • လူငယ်တို့၊ ယေဟောဝါအား ချီးမွမ်းကြလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၁/၁၅ စာ. ၃-၄

ဘုရားအမှုတော်ထမ်းသည့် လူငယ်များ

ရည်မွန်သောလူငယ်များ အချိန်ကုန်ခံ၊ အဖိုးအခမယူဘဲ သင့်အိမ်ပေါက်ဝသို့လာ၍ ဘုရားသခင်အကြောင်းပြောဆိုခြင်းကိုတွေ့ရှိရသည့်အတွက် ထူးခြားလှသည်တကားဟု သင်ယူမှတ်ပါသလော။ မယုံသင်္ကာသံသယစိတ်များနေသည့်ခေတ်သမယအတွင်း ပျော်ရွှင်သောအနာဂတ်ဆိုင်ရာ ကျမ်းစာမှကတိပြုချက်များအကြောင်း မိဘများနှင့်အတူ သားသမီးများပါဝင်ဟောပြောကြခြင်းသည် အံ့အားသင့်စရာဖြစ်နေပါသလော။a

ကမ္ဘာတစ်ခွင်ယေဟောဝါသက်သေများ၏အသင်းတော်ပေါင်း ၆၀,၀၀၀ ကျော်တွင် အများအားဖြင့်လူငယ်အမြောက်အမြားကိုတွေ့ရှိရပါလိမ့်မည်။ ဤလူငယ်များသည် ပတ်စဉ်အသင်းတော်စည်းဝေးများမှ အကျိုးရရှိရုံမက ယင်းတို့တွင်ပင်ပါဝင်ဆောင်ရွက်ကြသည်။ ဆယ့်သုံးနှစ်အောက်လူငယ်များမူ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင်ပါဝင်ကြသည်။ ဆယ်ကျော်သက်များစွာတို့မူကား ကျောင်းပိတ်ချိန်များတွင် တစ်ရပ်ကွက်သားတို့အား ဘုရားသခင်အကြောင်းနှင့် အနာဂတ်ဆိုင်ရာကိုယ်တော်၏ကတိတော်များအကြောင်း တင်ပြပြောဆိုကြသည်။

လူငယ်များဤကဲ့သို့လုပ်ဆောင်ကြခြင်းသည် အသစ်အဆန်းမဟုတ်ပါ။ ထူးခြားသောပုံသက်သေတင်ပြခဲ့သူ ဘုရားအမှုတော်ဆောင်သစ္စာရှိအမျိုးသမီးအမျိုးသားငယ်၊ ပျိုမျစ်နုနယ်သူများနှင့်ကလေးငယ်များအကြောင်း သမ္မာကျမ်းစာကဖော်ပြထားပါသည်။

ဆာလံကျမ်းက ဘုရားရေးရာလုပ်ငန်းတွင် ‘နှင်းပေါက်များ’ ကဲ့သို့ သစ်လွင်လန်းဆန်း၍များပြားသော “လူပျိုတော်” တို့အကြောင်း ကြိုတင်ဟောကြားထားသည်။ ဘုရားသခင့်နာမတော်ကိုချီးမွမ်းသည့် “လူပျိုနှင့်အပျိုများ” အကြောင်းလည်းဖော်ပြထားသည်။ (ဆာလံ ၁၁၀:၃။ ၁၄၈:၁၂၊ ၁၃) စီအီး ၃၃ ခုနှစ်ပင်တေကုတ္တေပွဲနေ့တွင် ယုံကြည်သူတို့အပေါ် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းချိန်၌ လူငယ်များပါဝင်ရန်အကြောင်းရှိပါသည်။ ထိုနေ့ရက်တွင် နှုတ်ကပါဌ်တော်ကို လူ ၃,၀၀၀ ခန့်လက်ခံ၍နှစ်ခြင်းခံယူခဲ့သည်။ ဤထူးခြားသောအဖြစ်အပျက်သည် ယောလ၏ပရောဖက်ပြုချက်ပြည့်စုံခြင်းဖြစ်သည်ဟု တမန်တော်ပေတရုဆိုသည်။ “သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောကြရလိမ့်မည်။ အသက်ငယ်သောသူတို့သည် ဗျာဒိတ်ရူပါရုံတို့ကို မြင်ကြရလိမ့်မည်။”—တမန်တော် ၂:၄-၈၊ ၁၆၊ ၁၇၊ ၄၁။

ငယ်ရွယ်စဉ်ယေဟောဝါဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ခဲ့သော အခြားကျမ်းစာပုံဥပမာများတွင် ရှမွေလ၊ ဖြောင့်မတ်သောဘုရင်ဒါဝိဒ်၊ နာမည်ကျော်ကျမ်းစာပရောဖက် ယေရမိ၊ ဒံယေလနှင့်သစ္စာရှိတိမောသေတို့ပါဝင်သည်။ ကျမ်းစာပါပုံသက်သေကောင်းသူအချို့အကြောင်းနှင့်စပ်လျဉ်းသည့်ဆောင်းပါးများ ဤစာစောင်တွင်ပါရှိသည်။ လူငယ်များနှင့်သူတို့ထက်အနည်းငယ်ကြီးရင့်သူတို့ပင် ဘုရားသခင့်အမှုတော်ထမ်းခြင်းကို အဘယ်ကြောင့်အလေးအနက်သဘောထားပြီး မိမိနှင့်စပ်ဆိုင်သူတို့လည်း ထိုသို့ပြုမူကြရန် အဘယ်ကြောင့်ဤမျှအချိန်ကုန်ခံကူညီပေးကြောင်း လာမည့်ဆောင်းပါးကရှင်းပြပေးမည်။

[အောက်ခြေမှတ်ချက်များ]

a ၁၉၄၆ နောက်ပိုင်းမွေးဖွားလာသည့် အမေရိကန်သား ၁၂ ရာခိုင်နှုန်းမျှသာ အသက် ၁၆ နှစ်အရွယ်တွင် “ယုံကြည်ခြင်းပြင်းထန်” ခဲ့သည်ဟုဆိုကြောင်း ၁၉၈၅ ခုနှစ်ဂဲလပ်သုံးသပ်ချက်ကတွေ့ရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ