ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၃/၁၅ စာ. ၃၁
  • ဘုရားသခင်၏ ပရောဖက်ပြု စကားတော်ကို ဂရုပြုလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၏ ပရောဖက်ပြု စကားတော်ကို ဂရုပြုလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရောဖက်ပြုစကားတော်၌ ကိုးစားလော့
  • မိစ္ဆာအယူကိုသတိပြု
  • ယေဟောဝါ၏နေ့တော်လာနေ
  • ယာကုပ်နှင့် ပေတရု၏စာများမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ၂ ပေတရု မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • မိစ္ဆာအယူမှားဆရာတို့ကို သတိပြု!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ကျွန်ုပ်တို့၏အဖိုးထိုက်သောယုံကြည်ခြင်းကို မြဲမြံစွာဆုပ်ကိုင်ထားကြစို့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၃/၁၅ စာ. ၃၁

ဘုရားသခင်၏ ပရောဖက်ပြု စကားတော်ကို ဂရုပြုလော့

ပေတရုဒုတိယစောင်မှ ပေါ်လွင်ချက်များ

ယေဟောဝါ၏ပရောဖက်ပြုနှုတ်ကပါဌ်တော် (ဝါ) သတင်းတော်သည် မှောင်မိုက်တွင်ထွန်းလင်းနေသော မီးခွက်နှင့်တူပြီး ခရစ်ယာန်စစ်များသည် ယင်းကိုအထူးဂရုပြုရန် လိုအပ်သည်။ မှောက်မှားသောဆရာများသည် မိစ္ဆာအယူများကိုအလေးပေးနေချိန်တွင် ထိုသို့ပြုရန်မလွယ်ချေ။ သို့သော်ယင်းကို ဘုရားအကူအညီဖြင့် လုပ်ဆောင်နိုင်သည်။ ကျွန်ုပ်တို့သည် လျင်မြန်စွာချဉ်းကပ်နေသော ယေဟောဝါ၏နေ့တော်ကြီးတွင် လွတ်မြောက်လိုမည်ဆိုလျှင် ဘုရားနှုတ်ကပတ်တော်ကို ခိုင်မြဲစွာစွဲကိုင်ရမည်။

တမန်တော်ပေတရု၏ ဒုတိယမှုတ်သွင်းခံ စာစောင်သည် ကျွန်ုပ်တို့အားဘုရားရှင်၏ပရောဖက်ပြုစကားတော်ကို ဂရုပြုရန် ကူညီပေးနိုင်သည်။ ပေတရုသည်ဤသြဝါဒစာကို ၆၄ စီအီးခန့်တွင် ဗာဗုလုန်မှရေးသားဟန်တူသည်။ သူ၏စာစောင်တွင် ဘုရားနှုတ်ကပါဌ်တော်ကို အခိုင်အမာသူပြောဆိုခဲ့ပြီး သူခိုးကဲ့သို့လာနေသော ယေဟောဝါ၏နေ့တော်ကို ယုံကြည်သူချင်းတို့အား သတိပေးကာ၊ သူ၏စာဖတ်ရှုသူများအား ဥပဒေချိုးဖောက်သူများ၏ အမှားနောက်လိုက်မသွားရန် ကူညီပေးသည်။ ယေဟောဝါ၏နေ့တော်သည် ကျွန်ုပ်တို့အပေါ် ကျရောက်ဆဲဆဲဖြစ်သောကြောင့် ပေတရု၏မှုတ်သွင်းခံစကားများမှ ကျွန်ုပ်တို့ကြီးစွာသော အကျိုးရရှိနိုင်သည်။

ပရောဖက်ပြုစကားတော်၌ ကိုးစားလော့

ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားရေးရာအရည်အချင်းများကို တင်ပြရန် ကိုယ့်ကိုယ်ကိုအားထုတ်ရန်လိုပြီး ပရောဖက်ပြုစကားကို ဂရုစိုက်ရမည်။ (၂ပေ ၁:၁-၂၁) မလှုပ်မရှား သို့မဟုတ် အသီးမသီးခြင်းကိုရှောင်ရန် ကျွန်ုပ်တို့သည် ‘ယုံကြည်ခြင်း၌သီလ၊ ပညာ၊ ချုပ်တည်းခြင်း၊ သည်းခံခြင်း၊ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်း၊ ညီအစ်ကိုကိုစုံမက်ခြင်း၊ မေတ္တာကို’ ထပ်ဆင့်ရန်လိုသည်။ ပေတရုသည် ယေရှု၏ဘုန်းထွန်းတောက်ခြင်းကိုမြင်ပြီး ထိုအချိန်တွင် ခရစ်တော်နှင့်စပ်လျဉ်း၍ ဘုရားမိန့်ဆိုချက်ကို ကြားသောအခါ ပရောဖက်ပြုစကားများကို ပို၍သေချာစေခဲ့သည်။ (မာကု ၉:၁-၈) ထိုမှုတ်သွင်းခံနှုတ်ကပါဌ်တော်၌ ကျွန်ုပ်တို့ဂရုပြုသင့်သည်။

မိစ္ဆာအယူကိုသတိပြု

ဘုရားရှင်၏ ပရောဖက်ပြုစကားတော်ကို အထူးဂရုပြုခြင်းဖြင့် ကျွန်ုပ်တို့သည်မိစ္ဆာများနှင့် ယိုယွင်းသူများကို ရှောင်ကြဉ်နိုင်သည်။ (၂:၁-၂၂) ပေတရုက မှားယွင်းစွာသွန်သင်သူများသည် အသင်းတော်တွင်းစိမ့်ဝင်လာမည့်အကြောင်း သတိပေးခဲ့သည်။ သို့သော်လည်း၊ ယေဟောဝါသည် ဤမိစ္ဆာများအား ကြီးလေးသောစီရင်ချက်ချမှတ်မည်။ နာမခံသောကောင်းကင်တမန်များ၊ နောဧ၏လက်ထက် ဘုရားမဲ့သူများနှင့် သောဒုံ၊ ဂေါမောရမြို့များကို ကိုယ်တော်တရားစီရင်ခဲ့သကဲ့သို့ဖြစ်သည်။ မှောက်မှားသောဆရာများသည် ဘုရားပေးအခွင့်အာဏာကို မထီလေးစားပြုပြီး သူတို့နှင့်အတူ မှားယွင်းမှုတွင်ပါဝင်ရန် အားနည်းသူများကို သွေးဆောင်သည်။ ထိုသို့သောမိစ္ဆာများသည် “ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍ မိမိခံခဲ့ပြီးသော သန့်ရှင်းသောပညတ်ကို တစ်ဖန်စွန့်ပစ်သည်ထက်ထိုလမ်းကို မသိဘဲနေသော် သာ၍ကောင်း၏။”

ယေဟောဝါ၏နေ့တော်လာနေ

ဤနောက်ဆုံးကာလတွင် ထိုပရောဖက်ပြုစကားများကို ဂရုပြုသူများအနေနှင့် ယေရှု၏ရောက်ရှိခြင်းသတင်းကို သရော်သောသူတို့၏လွှမ်းမိုးမှုကို ကျွန်ုပ်တို့အပေါ်ခွင့်မပြုသင့်ချေ။ (၃:၁-၁၈) ဤစနစ်ကိုဖျက်ဆီးရန်ရည်ရွယ်သော ဘုရားသခင်သည် ရေမလွှမ်းမိုးမီ ရှိခဲ့သောလောကကို ဖျက်ဆီးခဲ့ကြောင်း သူတို့မေ့နေကြသည်။ ယေဟောဝါ၏စိတ်ရှည်ခြင်းကို နှေးကွေးသည်ဟု မရှုမြင်သင့်။ အကြောင်းမှာကိုယ်တော်သည် လူများကိုနောင်တရစေလိုသည်။ ဤစနစ်သည် “ယေဟောဝါ၏နေ့တော်” တွင်ဖျက်ဆီးခံရမည်ဖြစ်ပြီး ‘ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ဖြင့် အစားထိုးမည်။’ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် “အညစ်အကြေးနှင့်ကင်းစင်၍. . . ငြိမ်ဝပ်” မည်အကြောင်း အတတ်နိုင်ဆုံးကြိုးပမ်းသင့်သည်။ မှောက်မှားသောဆရာများနောက် လမ်းလွဲမည့်အစား ယေရှု၏အသိပညာတွင် တိုးပွားကြစို့။

ကျွန်ုပ်တို့သည် ပေတရု၏စကားများကို နှလုံးသွင်းကြပါစို့။ မှောက်မှားစွာသွန်သင်သူများကို သတိပြုရန်ဘယ်တော့မျှ မပျက်ကွက်ပါနှင့်။ ယေဟောဝါ၏နေ့တော် မကြာမီလာတော့မည်ဟု နိုးကြားလျက် အသက်ရှင်လော့။ ဘုရားရှင်၏ ပရောဖက်ပြုစကားတော်ကို အစဉ်ဂရုပြုပါလေ။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

တာတရပ်စ်ထဲသို့ချခံရ—ယေဟောဝါသည် “ပြစ်မှားသောကောင်းကင်တမန်တို့ကို. . . နှမြောတော်မမူ၊ ငရဲ [တာတရပ်စ်၊ NW ] ထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှာ ချုပ်နှောင်တော်မူ၏” (၂ ပေတရု ၂:၄၊ NW ) ယင်းသည် ဟိုမား၏ Iliad တွင်ဖော်ပြထားသော သာ၍ငယ်သောမှောက်မှားသည့်ဘုရားများ၊ ခရိုနပ်စ်နှင့်အခြားတိုက်တန်နံဝိညာဉ်များကို အကျဉ်းချထားရာ မြေအောက်နေရာ မဟုတ်ချေ။ ကျမ်းဆိုင်ရာတာတရပ်စ်သည် နောဧလက်ထက်နာမခံသော ကောင်းကင်တမန်များကို ဘုရားပစ်ချသည့် သိမ်ဖျင်းသော ထောင်ကဲ့သို့သောအခြေအနေဖြစ်သည်။ (ကမ္ဘာဦးကျမ်း ၆:၁–၈။ ၁ ပေတရု ၃:၁၉၊ ၂၀။ ယုဒ ၆) ကိုယ်တော်၏မိသားစုမှ ပယ်ထုတ်ခံရသူများအဖြစ် ဝိညာဏအလင်းတော်ကို ဘုရားရှင်ဖြတ်တောက်လိုက်သောကြောင့် “မှောင်မိုက်” ဖြစ်ပေါ်လာသည်။ ကိုယ်တော်၏ ကြီးလေးသောတရားစီရင်ချက်ကိုခံရန် ရာထားသူများအနေနှင့် သူတို့တွင်မှောင်မိုက်အမြင်သာရှိသည်။ တာတရပ်စ်သည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးခြင်းမစမီ စာတန်နှင့်သူ၏နတ်ဆိုးများကို ထောင်ချမည့်ရှေ့ပြေးဖြစ်သည်။ သူတို့၏ဖျက်ဆီးခြင်းသည် ယေရှု၏အနှစ်တစ်ထောင် အုပ်စိုးခြင်းပြီးနောက်တွင် ဖြစ်လိမ့်မည်။—မဿဲ ၂၅:၄၁။ ဗျာဒိတ် ၂၀:၁–၃၊ ၇–၁၀၊ ၁၄။

[ရုပ်ပုံ]

ဇိရပ်စ်သည် ပိုငယ်သောဘုရားများကို ဒဏ္ဍာရီဆိုင်ရာတာတရပ်စ် ထဲသို့ပစ်ချလိုက်သည်။National [Credit Line]

Archaeological Museum, Athens, Greece

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ