ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁/၁၅ စာ. ၃-၄
  • သင်သည် ကောင်းကင်သို့ ချီဆောင်ခြင်းခံရမည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် ကောင်းကင်သို့ ချီဆောင်ခြင်းခံရမည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရုတ်ခြည်းချီဆောင်ခံရခြင်းဆိုင်ရာ ကွဲပြားသောအယူအဆများ
  • အရှင်လတ်လတ် ကောင်းကင်တက်ခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ‘သခင်နှင့်တွေ့ရန်ချီဆောင်ခံရခြင်း’—မည်သို့အားဖြင့်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ‘သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးပြီ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခရစ်တော်ပြန်ကြွလာခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁/၁၅ စာ. ၃-၄

သင်သည် ကောင်းကင်သို့ ချီဆောင်ခြင်းခံရမည်လော

မိမိတို့သေသောအခါ ကောင်းကင်သို့သွားမည်ဟု လူများစွာယုံကြည်ကြ၏။ သို့သော် အချို့က ရုတ်ခြည်းချီဆောင်ခံရခြင်းဟုခေါ်သည့်အခြေအနေအားဖြင့် ကောင်းကင်သို့ချီဆောင်ခံရမည်ဟု ယုံကြည်ကြသည်။ ယင်းသို့သင်မျှော်လင့်သလော။

ရုတ်ခြည်းချီဆောင်ခံရခြင်းဟူသည် “သန်းပေါင်းများစွာသောလူတို့သည် မည်သည့်နေရာသို့ရောက်သွားသည်ကို လုံးဝခြေရာမခံနိုင်သော ရုတ်တရက်ပျောက်ဆုံးသွားခြင်းပေတည်း” ဟု ပရိုတက်စတင့်ဧဝံဂေလိဟောပြောသူတစ်ဦးကဆိုသည်။ Evangelical Dictionary of Theology အဘိဓာန်ကျမ်းက “ရုတ်ခြည်းချီဆောင်ခံရခြင်း” သည် “ခရစ်တော်ဒုတိယအကြိမ်ရောက်ရှိချိန်တွင် ကိုယ်တော်နှင့်ချာ့ချ်တို့ပေါင်းစည်းခြင်း” ကိုရည်ညွှန်းသည်ဟုဆိုထားသည်။

ယေရှုခရစ်ကိုတွေ့ဆုံရန် မိမိတို့၏ဆွေမျိုးမိတ်သင်္ဂဟများကို ထားခဲ့ရမည့်အတွက် လူအချို့စိတ်အနှောင့်အယှက်ဖြစ်ကြသည်။ သို့တိုင် ရုတ်ခြည်းချီဆောင်ခံရခြင်းသည် ဖြစ်ကိုဖြစ်ရမည်ဟု လူများစွာယုံကြည်ကြသည်။ ယင်းသို့ဖြစ်မည်လော။ ဖြစ်လျှင် ဘယ်သောအခါဖြစ်မည်နည်း။

ရုတ်ခြည်းချီဆောင်ခံရခြင်းဆိုင်ရာ ကွဲပြားသောအယူအဆများ

ခရစ်တော်ကတိပြုခဲ့သည့် အနှစ်တစ်ထောင်အုပ်ချုပ်ရေးမစတင်မီ “ကြီးစွာသောဒုက္ခ” ဟုခေါ်သည့်အချိန်ကာလရောက်လာမည်ဟု သမ္မာကျမ်းစာကဖော်ပြထားသည်။ ယေရှုက “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၄:၂၁။ ဗျာဒိတ် ၂၀:၆) အချို့တို့က ရုတ်ခြည်းချီဆောင်ခံရခြင်းသည် ကြီးစွာသောဒုက္ခမတိုင်မီဖြစ်မည်ဟုယူမှတ်ကြသည်။ အချို့တို့က ကြီးစွာသောဒုက္ခအတွင်းဖြစ်ပျက်မည်ဟု မျှော်လင့်ကြသည်။ ရုတ်ခြည်းချီဆောင်ခံရခြင်းသည် ထိုမနှိုင်းယှဉ်နိုင်သည့်ဘေးဒုက္ခကြီးပြီးမှ ဖြစ်မည်ဟုယူဆသူအချို့လည်းရှိသည်။

ကြီးစွာသောဒုက္ခပြီးမှဖြစ်မည်ဟူသောအယူအဆသည် ၁၉ ရာစုနှစ်အထိလွှမ်းမိုးခဲ့သည်။ ထိုအချိန်က အင်္ဂလန်တွင် ယခင်အိုင်ယာလန်ချာ့ချ်၏ဓမ္မဆရာ ဂျွန်နယ်လ်ဆင်ဒါဘီ ဦးဆောင်သော လှုပ်ရှားမှုတစ်ခုပေါ်ပေါက်ခဲ့သည်။ သူနှင့် သူကဲ့သို့အယူအဆရှိသူအင်္ဂလီကန်များသည် ညီအစ်ကိုများဟုထင်ရှားလာခဲ့ကြသည်။ ပလိုင်းမောက်မြို့တွင်တည်ထောင်ထားသော သူ၏ချာ့ချ်မှနေ၍ ဒါဘီသည် ဆွစ်ဇာလန်နှင့်ဥရောပတစ်ခွင်တို့တွင် သွားရောက်ဟောပြောခဲ့သည်။ ခရစ်တော်ပြန်ကြွလာခြင်းသည် အဆင့်နှစ်ဆင့်ရှိမည်ဖြစ်ကြောင်း သူအတိအလင်းဖော်ပြခဲ့သည်။ ယင်းသည် မထင်ရှားသည့်ရုတ်ခြည်းချီဆောင်ခံရခြင်းဖြင့် အစပြုမည်။ မြေကြီးကိုသုတ်သင်ပယ်ရှင်းမည့် ခုနစ်နှစ်ကြာကြီးစွာသောဒုက္ခကာလမတိုင်မီ “သန့်ရှင်းသူများ” သည် ချီဆောင်ခြင်းခံရကြမည်။ ထို့နောက်တွင် ခရစ်တော်သည် ထိုသန့်ရှင်းသူများနှင့်အတူ မြင်နိုင်သည့်နည်းဖြင့်ပေါ်ထွန်းလာပြီး ကမ္ဘာကို အနှစ်တစ်ထောင်အုပ်စိုးကြမည်။

ဒါဘီက လောကနှင့်သီးခြားဖြစ်ရန်လိုအပ်ခြင်းကို အလေးပေးပြောဆိုပြီး သူ့အယူအဆကိုလက်ခံသူများသည် နောင်တွင် သီးခြားညီအစ်ကိုများဟုထင်ရှားလာခဲ့ကြသည်။ ရုတ်ခြည်းချီဆောင်ခံရခြင်းသည် ကြီးစွာသောဒုက္ခမတိုင်မီမဟုတ်ဟုယုံကြည်သော အခြားဂိုဏ်းကွဲတစ်ခုကို ဘီ၊ ဒဗလျူ၊ နယူတန် က ဦးဆောင်သည်။ ကြီးစွာသောဒုက္ခပြီးမှဖြစ်မည်ဟူသည့်အဆိုကို ထောက်ခံသူ အလက်ဇန္ဒားရိစ် က “မထင်ရှားသည့်ရုတ်ခြည်းချီဆောင်ခံရခြင်းသီအိုရီသည် ခရစ်တော်ကြွလာခြင်းမျှော်လင့်ချက်အတွက် ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်သည်” ဟုခုခံပြောဆိုခဲ့သည်။

ကြီးစွာသောဒုက္ခမတိုင်မီဖြစ်မည်ဟုယုံကြည်သူများက ဤသို့အမြင်ခြားနားခြင်းသည် “ခရစ်တော်ကြွလာခြင်းနှင့်ပတ်သက်သော သူတို့၏မျှော်လင့်ခြင်း” ကိုထိခိုက်လောက်သည့်အထိ အရေးကြီးသည်ဟု ယုံကြည်ကြသည်။ အချို့တို့က “ခွဲခြား၍ရုတ်ခြည်းချီဆောင်ခံရခြင်းသီအိုရီ” ကို ယုံစားကြသည်။ ခရစ်တော်ကိုသစ္စာအရှိဆုံးသူများသည် ဦးစွာရုတ်ခြည်းချီဆောင်ခံရခြင်းခံရမည်ဖြစ်ပြီး သာ၍လောကဆန်သူများမှာ နောက်မှခေါ်ဆောင်ခံရမည်ဟု ယုံကြည်ကြသည်။

အချို့သောဧဝံဂေလိအသင်းများက သစ္စာရှိခရစ်ယာန်များသည် ရုတ်ခြည်းပြောင်းလဲရန်အလွန်နီးကြောင်း ကြွေးကြော်ကြသည်။ ကွဲပြားခြားနားသောအယူအဆများကြောင့် ဗြိတိန်နိုင်ငံရှိ အီလင်းမ်ပဲန်တီကော့စ္စတယ်လ်ချာ့ချ်ကထုတ်ဝေသော စာစောင်ငယ်တစ်ခုတွင်ပြောထားသည်မှာ “သခင်ယေရှုပြန်ကြွလာခြင်းနှင့်ပတ်သက်၍ လိုရင်းအချက်ကိုကျွန်ုပ်တို့ယုံကြည်ထားကြရာ . . . တစ်ဦးစီ၏ယုံကြည်ချက်အပေါ်မူတည်၍ ပရောဖက်ပြုချက်ကို လွတ်လပ်စွာအဓိပ္ပာယ်ဖွင့်ဆိုခွင့်ရှိကြသည်။ လူများစွာတို့က တရားသေမဟုတ်သောအခြေအနေကိုလက်ခံကြပြီး ပရောဖက်ပြုအစီအစဉ်များကို သူတို့ကိုယ်တိုင်ဖော်ထုတ်ပြရန် အဖြစ်အပျက်များကိုစိတ်ရှည်စွာစောင့်ဆိုင်းနေကြသည်” ဟူ၍ဖြစ်သည်။

ယုံကြည်ချက်အားလုံးမှန်မမှန်ကိုသိရှိရန် ကျွန်ုပ်တို့တိုင်းတာရမည့်စံမှာ ဘုရားသခင့်မှုတ်သွင်းခံသမ္မာကျမ်းစာဖြစ်သည်။ (၂ တိမောသေ ၁:၁၃။ ၃:၁၆၊ ၁၇) ထို့ကြောင့် ရုတ်ခြည်းချီဆောင်ခံရခြင်းနှင့်ပတ်သက်၍ ယင်းကဘာပြောသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ