ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၅/၁၅ စာ. ၈-၉
  • ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—ဆွီဒင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—ဆွီဒင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြီးထွားမှုကြောင့် အဆောက်အအုံလိုအပ်
  • ကမ္ဘာသစ်သို့သွားရာ ခရီးလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ထူးခြားသောတိုးတက်မှုက တိုးချဲ့ဖို့အမြန်လိုအပ်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဝတ်ပြုရာခန်းမတွေကို ဘာကြောင့် ဆောက်ရသလဲ။ ဘယ်လို ဆောက်ကြသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၅/၁၅ စာ. ၈-၉

ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—ဆွီဒင်

ဆွီဒင်နိုင်ငံသည် စကင်ဒီနေဗီးယန်းကျွန်းဆွယ်၏ အရှေ့ပိုင်းနှင့် အာတိတ်စက်ဝိုင်းအထက်ပိုင်းတို့ကို နေရာယူဖြန့်ကျက်ထားသည်။ ယင်းနိုင်ငံ၏ ထူထပ်သောအမြဲစိမ်းသစ်တောများ၊ ရေကန်များနှင့် တောင်များ၏လွှမ်းခြုံထားမှုကြောင့်လည်း ကမ္ဘာကျော်နေပြီး ဆွီဒင်သည် ဥရောပတွင်ရှိ လူနေအကျဲဆုံးနိုင်ငံများတွင်ပါဝင်သည်။ သို့တိုင် ယေဟောဝါသက်သေများသည် ၁၈၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်းကတည်းက ဤနိုင်ငံတွင် သမ္မာတရားကို ချစ်မြတ်နိုးသည့်သူများအား ဖြစ်ဖြစ်မြောက်မြောက်ရှာတွေ့ခဲ့ပြီ။ မကြာသေးမီက နမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။

အမျိုးသမီးတစ်ဦးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခဲ့သော်လည်း ယင်းသို့လေ့လာခြင်းကို သူမ၏ခင်ပွန်းသည်က မကြိုက်ပါ။ သူက မိမိဇနီးအား လေ့လာခြင်းကို ရပ်တန်းကရပ်ရန်ပြောရာ သူမရပ်ပစ်ခဲ့သည်။ ဤသူသည် ဘီယာထုတ်ကုန်များအတွက် သိုလှောင်ရုံတစ်ခုတွင် အလုပ်လုပ်သည်။ တစ်နေ့တွင် ထရပ်ကားမောင်းသူတစ်ယောက်သည် သူ၏ဆယ်နှစ်အရွယ်မြေးကလေးနှင့်အတူ ဤကုန်သိုလှောင်ရုံသို့ ရောက်လာသည်။ အဖိုးဖြစ်သူက သူ၏ထရပ်ကားပေါ် ကုန်တင်နေစဉ်တွင် ဤသူအား ကလေးကို ကြည့်ထားရန် ပြောခဲ့သည်။ စကားစမြည်ပြောဖို့အတွက် ဤသူက ကလေးအား မကြာသေးမီက သူလေး၏မွေးနေ့အတွက် ဘာလက်ဆောင်များရသလဲဟု မေးမြန်းခဲ့သည်။ ထိုသူအားအံ့အားသင့်သွားစေသည်မှာ၊ ဤကလေးက မိမိနှင့် မိမိတို့မိသားစုသည် ယေဟောဝါသက်သေများဖြစ်သောကြောင့် မွေးနေ့ပွဲမကျင်းပကြပါဟု ပြောလိုက်သည့်စကားဖြစ်သည်။ ဤကလေးက နွေးထွေးပြီးမေတ္တာပြည့်ဝသောမိသားစု မိမိတွင် ရှိထားသောကြောင့် နှစ်၏အခြားအချိန်များတွင် လက်ဆောင်များရရှိခဲ့ပြီး တစ်ခုခုလက်လွတ်ဆုံးရှုံးသွားတာမရှိကြောင်းကိုလည်း သူ့အား ပြောပြခဲ့သည်။ ဤအရာထက်ပိုပြီးအဖိုးထိုက်တန်သည့်လက်ဆောင်တွေမရှိပါဟု သူကလေးက ထပ်ပြောခဲ့သည်။

ဤကလေးသည် သူ၏အဖိုးနှင့်အတူ အကြိမ်ကြိမ်ပြန်လာသည်။ လာတိုင်း ဤသူသည် ကလေးအား မေးခွန်းများစွာကိုမေးလေ့ရှိပြီး သူသည် ဤကလေး၏ ရိုးသားပြီးပွင့်ပွင့်လင်းလင်းဖြင့် တုံ့ဆိုင်းမှုလုံးဝမရှိဘဲဖြေဆိုပေးပုံကြောင့် အလွန်စွဲမှတ်သွားခဲ့သည်။ အမှန်တကယ်တန်ဖိုးရှိရာများအပေါ် ဤကလေး၏ လေးမြတ်တန်ဖိုးထားမှုက သူ့အားလှုံ့ဆော်ခဲ့သည်။ တစ်ညတွင် ဤအမျိုးသားသည် ကမ္ဘာပေါ်အတိဒုက္ခအခြေအနေများကို ပြသထားသည့် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုကို ကြည့်ပြီးနောက် မိမိသည် ဝိညာဉ်ရေးရာများကို ပို၍အလေးအနက်စိစစ်လေ့လာရမည်ဖြစ်ကြောင်း သိလာခဲ့သည်။ သူသည် မိမိဇနီးကိုကျမ်းစာသင်ပေးသော သက်သေခံဆီသို့ ဖုန်းဆက်ပြီး ပြန်လာသင်ပေးရန် တောင်းဆိုခဲ့သည်။ မကြာမီ ဤအမျိုးသားသည် သက်သေခံတစ်ယောက်နှင့် ကျမ်းစာလေ့လာခဲ့ပြီး အလျင်အမြန်တိုးတက်ခဲ့သည်။ သူသည် ၁၉၉၄ ခုနှစ် ဧပြီလ ၁၀ ရက်တွင် နှစ်ခြင်းခံပြီးဖြစ်သည်။ သူ၏ဇနီးသည်လည်း ယခုနှစ်ခြင်းခံပြီးဖြစ်သည်။

ကြီးထွားမှုကြောင့် အဆောက်အအုံလိုအပ်

ဆွီဒင်သည် အခြားနိုင်ငံများမှ ဒုက္ခသည်များဂေဟာဖြစ်ရာ ဆွီဒစ်ရှ်သက်သေခံများသည် သူတို့အားဟောပြောရာတွင် ရလဒ်ကောင်းများရရှိခဲ့သည်။ သာမန်အားဖြင့် ဟောပြောခြင်းလုပ်ငန်းသည် ဤကဲ့သို့သောအောင်မြင်မှုနှင့်အတူ လိုအပ်နေသောဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်များကို လိုအပ်သလိုတိုးချဲ့သွားရခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ၁၉၈၆ မှ ၁၉၉၃ ခုနှစ်အထိ ခန်းမ ၈ ခုကို တိုးချဲ့မွမ်းမံနေစဉ် ဘုရားသခင့်နိုင်ငံတော်ခန်းမ ၃၇ ခုကို အလျင်အမြန်ဆောက်လုပ်ရေးစနစ်ဖြင့် ဆောက်လုပ်ခဲ့ကြသည်။ ၁၉၉၄ ခုနှစ်တစ်နှစ်တည်းတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမ ခုနစ်ခုကို ထပ်မံဆောက်လုပ်ခဲ့ပြီး သုံးခုကို မွမ်းမံခဲ့သည်။

လက်ရှိအချိန်တွင် အသင်းတော် ၆၅ ခုတို့သည် ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်တစ်လုံးဆောက်လုပ်ရန် (ဝါ) တိုးချဲ့ရန် (ဝါ) လက်ရှိတစ်လုံးကိုမွမ်းမံရန် အကူအညီရဖို့ စောင့်ဆိုင်းနေကြသည်။ ၂,၅၀၀ ခန့်ရှိသောစေတနာ့ဝန်ထမ်းများက ဤကဲ့သို့သောဆောက်လုပ်ရေးစီမံကိန်းများတွင် အကူအညီပေးခဲ့ရာ အသင်းတော်များသည် သူတို့၏မေတ္တာပါထောက်ကူမှုများကို အလွန်ကျေးဇူးတင်ကြလေသည်။

အာတိတ်စက်ဝိုင်းအထက်ပိုင်းအထိ ကျယ်ပြန့်သော ဆွီဒင်မြောက်ပိုင်းကို သန်းခေါင်ယံတွင်နေသာသည့် နယ်မြေဟု တစ်ခါတစ်ရံခေါ်ကြသည်။ နွေရာသီအချို့ပိုင်းတွင် ဤနယ်မြေသည် ဘယ်တော့မျှနေမဝင်သောကြောင့်ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို ဆွီဒင်နိုင်ငံတစ်လျှောက်တွင် သမ္မာတရားအလင်းသည်လည်း တောက်ပစွာဆက်လက်ထွန်းလင်းနေသည်။ ယေဟောဝါရှင်၏ကောင်းချီးများနှင့်အတူ ထိုဝိညာဏအလင်းသည် ဘယ်တော့မျှ မှုန်ရီမသွားဘဲ တောက်ပသည်ထက် ဆက်၍တောက်ပသွားပါလိမ့်မည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

နိုင်ငံအချက်အလက်များ

၁၉၉၄ လုပ်ငန်းတော်နှစ်

အများဆုံးသက်သေခံဦးရေ–၂၄,၂၄၆

အချိုး–သက်သေခံ ၁ လျှင် ၃၆၂

အောက်မေ့ပွဲတက်ရောက်သူဦးရေ–၄၀,၃၇၂

ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၂,၅၀၉

ပျမ်းမျှကျမ်းစာသင်အံမှုများ–၁၁,၃၀၆

နှစ်ခြင်းခံသူဦးရေ–၈၅၀

အသင်းတော်အရေအတွက်–၃၅၈

ဌာနခွဲရုံး–အဗိုဂါမြို့

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အဗိုဂါမြို့ရှိ ဌာနခွဲရုံးနှင့် ဗေသလအိမ်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဟဂျိုမြို့တွင်ရှိ အစောပိုင်းသက်သေခံများသည် စတုရန်းမိုင်ပေါင်း ၁,၉၀၀ ခန့်ရှိ ရပ်ကွက်ကို ပြီးစီးစေရန် ဤဘတ်စကားငယ်ကို အသုံးပြုခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ