ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၈/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • တရားစီရင်ရာနေ့ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့် တရားစီရင်ရာနေ့  ​—၎င်း၏ရွှင်လန်းဖွယ် အကျိုးရလဒ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • “ငါနှစ်သက်မြတ်နိုးရာ၊ ငါရွေးချယ်သောသူ!”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ယေဟောဝါအားတုပ—တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကိုကျင့်သုံးကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၈/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေသော ကင်းမျှော်စင်စာစောင်များကို ဂရုတစိုက်တွေးတောဆင်ခြင်ပြီးပြီလော။ သို့ဖြစ်လျှင် အောက်ပါတို့ကို ပြန်လည်စဉ်းစားခြင်းက သင့်အတွက် စိတ်ဝင်စားစရာဖြစ်ပေမည်–

◻ တင်ကူးပြဋ္ဌာန်းခြင်းအယူဝါဒသည် အဘယ်ကြောင့်ကျိုးကြောင်းမညီညွတ်သနည်း။

အပြစ်တရားသို့ အာဒံကျဆင်းခဲ့ခြင်းကို ဘုရားသခင်ကြိုတင်သိမြင်၍ စီရင်ချက်ချထားမည်ဆိုလျှင် ယေဟောဝါသည် လူသားကိုဖန်ဆင်းသည့်အချိန်တွင် အပြစ်ကိုစတင်ပြုလုပ်သူဖြစ်လာပြီး လူသားတို့၏ဆိုးသွမ်းမှုနှင့် ဒုက္ခဆင်းရဲတို့အတွက် အလိုလိုတာဝန်ခံဖြစ်သွားပေမည်။ ယေဟောဝါသည် ဆိုးသွမ်းမှုကိုမုန်း၍ မေတ္တာနှင့်တရားမျှတမှုရှိသော ဘုရားသခင်ဖြစ်သည်ဟူသောအချက်နှင့် ယင်းသည် သဟဇာတမဖြစ်နိုင်ချေ။ (ဆာလံ ၃၃:၅; သု. ၁၅:၉; ၁ ယောဟန် ၄:၈)—၄/၁၅၊ စာမျက်နှာ ၇၊ ၈။

◻ ဟေရှာယ ၂:၂–၄ ပြည့်စုံသည့်အနေနှင့် တိုင်းနိုင်ငံအများမှလူများသည် မည်သို့ပြုနေကြသနည်း။

ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်သို့ တဖွဲဖွဲဝင်ရောက်လာစဉ် သူတို့သည် ‘စစ်အတတ်သင်ခြင်း’ ကိုလည်း ရှောင်ကြဉ်နေကြ၏၊ အကြောင်းမှာ ငြိမ်သက်ခြင်း၏ရန်သူအားလုံးကို ဖျက်ဆီးရန်အသင့်ဖြစ်နေသော ဘုရားသခင့်ကောင်းကင်တပ်မဟာ၏ ကာကွယ်မှုကို သူတို့ယုံကြည်စိတ်ချကြသောကြောင့်ဖြစ်သည်။—၄/၁၅၊ စာမျက်နှာ ၃၀။

◻ ယောလ ၃:၁၀၊ ၁၁ တွင်ဖော်ပြထားသော ဘုရားသခင်၏သူရဲတော်များကား မည်သူနည်း။

သမ္မာကျမ်းစာထဲတွင် စစ်မှန်သောဘုရားသခင်ကို “ဗိုလ်ခြေတို့၏အရှင်ယေဟောဝါ” ဟု အကြိမ်ပေါင်း ၂၈၀ ခန့်ခေါ်ထားသည်။ (၄ ဓမ္မရာဇဝင် ၃:၁၄၊ ကဘ) ဤဗိုလ်ခြေများကား ယေဟောဝါ၏အမိန့်တော်ကိုဆောင်ရွက်ရန် အသင့်ရှိနေသည့် တန်ခိုးကြီးမားသော ကောင်းကင်တမန်တပ်များဖြစ်သည်။—၅/၁၊ စာမျက်နှာ ၂၃။

◻ ယောဘသည် မိမိကိုစွပ်စွဲသူတို့အတွက် ဆုတောင်းပေးရန် သူ့ကိုယေဟောဝါတောင်းဆိုခဲ့ခြင်းမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာယူနိုင်သနည်း။ (ယောဘ ၄၂:၈)

ယောဘ၏ကျန်းမာရေးပြန်မကောင်းလာမီ သူ့ကိုပြစ်မှားခဲ့သူများအတွက် ဆုတောင်းပေးရန် ယေဟောဝါတောင်းဆိုတော်မူခဲ့သည်။ ယင်းက ကျွန်ုပ်တို့ကိုယ်တိုင်၏အပြစ်များ ခွင့်လွှတ်မခံရမီ ကျွန်ုပ်တို့အား ပြစ်မှားသူများကိုခွင့်လွှတ်ရန် ယေဟောဝါလိုလားကြောင်း ဖော်ပြသည်။ (မဿဲ ၆:၁၂; ဧဖက် ၄:၃၂)—၅/၁၊ စာမျက်နှာ ၃၁။

◻ “သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ” ဟုဆိုရာတွင် ယာကုပ်ဘာကိုဆိုလိုသနည်း။ (ယာကုပ် ၁:၄)

ခံနိုင်ရည်သည် လုပ်ဆောင်စရာ “အလုပ်” တစ်ခုရှိသည်။ ယင်း၏တာဝန်မှာ ကျွန်ုပ်တို့အား အဘက်ဘက်တွင် ပြီးပြည့်သူများအဖြစ် ပြည့်ဝစေရန်ဖြစ်သည်။ သို့ဖြင့် စုံစမ်းနှောင့်ယှက်ခြင်းများကို အလျင်အမြန်ရပ်တန့်သွားစေရန် ကျမ်းစာနှင့်မညီညွတ်သည့်နည်းကို အသုံးမပြုဘဲ ဆက်ဖြစ်ခွင့်ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် စမ်းသပ်ခံရပြီးဖြစ်ကာ သန့်စင်ပြီးဖြစ်မည်။—၅/၁၅၊ စာမျက်နှာ ၁၆။

◻ ဘုရားသခင်သည် လူ့အခက်အခဲများကိုဖြေရှင်းရန် အဘယ်ကြောင့်ဤမျှကြာမြင့်စွာ စောင့်ဆိုင်းခဲ့သနည်း။

အချိန်ကာလကို ယေဟောဝါရှုမြင်ပုံသည် ကျွန်ုပ်တို့နှင့်ကွာခြားသည်။ ထာဝရဘုရားအတွက် အာဒံကိုဖန်ဆင်းချိန်မှ ယခုအချိန်အထိသည် ရက်သတ္တတစ်ပတ်ပင်မပြည့်သေးချေ။ (၂ ပေတရု ၃:၈) သို့သော် အချိန်ကို ကျွန်ုပ်တို့မည်သို့ပင်ရှုမြင်ပါစေ ကုန်လွန်သွားသောရက်တိုင်းသည် ယေဟောဝါ၏ သင်္ကာယနကင်းရှင်းရာနေ့နှင့် ပို၍နီးကပ်စေပါသည်။—၆/၁၊ စာမျက်နှာ ၅၊ ၆။

◻ ယေဟောဝါသက်သေများကို အဘယ်အရာက လှုံ့ဆော်သနည်း။

ယေဟောဝါ၏သွန်သင်ခြင်းသည် ထူးခြားသောလူမျိုးကို မွေးထုတ်ပေးပြီး မိမိကိုယ်ကိုချစ်သကဲ့သို့ တစ်ဦးကိုတစ်ဦးနှင့် အိမ်နီးချင်းကိုချစ်ဖို့ သင်ကြားခံရကြသည်။ (ဟေရှာယ ၅၄:၁၃) ချစ်ခြင်းမေတ္တာသည် လျစ်လျူရှုမှု သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုတို့ ကြုံရလင့်ကစား ယေဟောဝါသက်သေများကို ဆက်ဟောပြောရန် လှုံ့ဆော်ပေးသောအရာဖြစ်သည်။ (မဿဲ ၂၂:၃၆-၄၀; ၁ ကောရိန္သု ၁၃:၁-၈)—၆/၁၅၊ စာမျက်နှာ ၂၀။

◻ “ကျဉ်းမြောင်းသောတံခါးဝကိုဝင်ခြင်းငှာ ကြိုးစားအားထုတ်လော့” ဟူသောယေရှု၏စကားများသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (လုကာ ၁၃:၂၄)

ယေရှု၏စကားများက မိမိတို့ကိုယ်ကိုရုန်းကန်ခြင်း၊ အင်အားရှိသမျှအသုံးပြုခြင်းဟု အဓိပ္ပာယ်သက်ရောက်သည်။ အချို့သူတို့သည် မိမိတို့အဆင်ပြေသည့်အချိန်၌သာ မိမိတို့နှစ်သက်သလို အေးအေးဆေးဆေးလှမ်း၍ ‘တံခါးထဲဝင်ခြင်းငှာ’ ကြိုးစားကောင်းကြိုးစားကြမည်ဟုလည်း ယေရှု၏စကားများကဖော်ပြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ဤသို့မေးနိုင်သည်– ‘ကျွန်ုပ်သည် ဝီရိယရှိရှိ၊ ကြိုးစားအားထုတ်နေပါသလော။’—၆/၁၅၊ စာမျက်နှာ ၃၁။

◻ ထမြောက်လာသူများသည် “မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ရေးသားချက်များနှင့်အညီ တရားစီရင်ခြင်းကို” မည်သို့ခံရကြမည်နည်း။ (ဗျာဒိတ် ၂၀:၁၂)

ဤစာစောင်များသည် သူတို့၏အတိတ်မှအကျင့်များ၏ မှတ်တမ်းမဟုတ်ပါ; သူတို့သေသောအခါ သူတို့ဘဝတစ်လျှောက် ကျူးလွန်ခဲ့သည့်အပြစ်လက်မှ လွတ်ပြီးဖြစ်၏။ (ရောမ ၆:၇၊ ၂၃) သို့ရာတွင် ရှင်ပြန်ထမြောက်သောလူသားများသည် အာဒံ၏အပြစ်အောက်ရှိနေကြဆဲဖြစ်မည်။ ထို့ကြောင့် ယေရှုခရစ်၏ယဇ်ပူဇော်သကာမှ အကျိုးအပြည့်အဝခံစားနိုင်ရန်အတွက် လူတိုင်းလိုက်လျှောက်ရမည့် မြင့်မြတ်သောလမ်းညွှန်ချက်များကို ဤစာစောင်များက ပြဋ္ဌာန်းမည်ဖြစ်သည်။—၇/၁၊ စာမျက်နှာ ၂၂။

◻ ကိုယ်နှင့်စပ်ဆိုင်သော ရှမာရိလူနှင့်ပတ်သက်သော ယေရှု၏ပုံဥပမာတွင် ကျွန်ုပ်တို့အတွက် အဘယ်သင်ခန်းစာများပါဝင်သနည်း။ (လုကာ ၁၀:၃၀–၃၇)

အမှန်တကယ်ဖြောင့်မတ်သူတစ်ဦးသည် ဘုရားသခင့်ပညတ်များကိုနာခံရုံသာမက ကိုယ်တော့်အရည်အချင်းများကို တုပသူလည်းဖြစ်ကြောင်း ယေရှု၏ပုံဥပမာက ဖော်ပြပါသည်။ (ဧဖက် ၅:၁) ကိုယ်နှင့်စပ်ဆိုင်သူကောင်းတစ်ဦးဖြစ်ခြင်းတွင် လူမျိုးရေး၊ ယဉ်ကျေးမှုနှင့် ဘာသာတရားအတားအဆီးများမရှိသင့်ကြောင်းကိုလည်း ယင်းကတင်ပြသည်။ (ဂလာတိ ၆:၁၀)—၇/၁၊ စာမျက်နှာ ၃၁။

◻ သင်၏ကလေးများနှင့် အကျွမ်းတဝင်ရှိပြီး မိဘလမ်းညွှန်ပေးနိုင်သည့် ကဏ္ဍသုံးခုကားအဘယ်နည်း။

(၁) သင့်လျော်သည့်အလုပ်အကိုင်ကိုရွေးချယ်ရန် သင်၏သားသမီးများကိုကူညီပေးပါ; (၂) ကျောင်းနှင့်အလုပ်ခွင်မှ စိတ်ပိုင်းဆိုင်ရာဖိစီးမှုကို ဖြေရှင်းတတ်ရန် သူတို့ကိုပြင်ဆင်ပေးပါ; (၃) သူတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို မည်သို့ ဖြည့်စွက်ပေးနိုင်ကြောင်း ပြသပါ။—၇/၁၅၊ စာမျက်နှာ ၄။

◻ ဘုရားသခင်သည် “သတ္တမနေ့” တွင် အဘယ်ရည်ရွယ်ချက်အတွက် အနားယူခဲ့သနည်း။ (ကမ္ဘာဦး ၂:၁–၃)

ကိုယ်တော်သည် မောတော်မူ၍ အနားယူခြင်းမဟုတ်ပါ။ ယင်းအစား ကိုယ်တော်ကိုချီးမွမ်းဂုဏ်တင်မှုဖြစ်ရန် ကိုယ်တော်၏ဖန်ဆင်းခြင်းလက်ရာများဖွံ့ဖြိုးကာ ကျက်သရေပြီးပြည့်စေဖို့ မြေကြီးဆိုင်ရာအလုပ်မှ ရပ်နားလိုက်ခြင်းဖြစ်၏။—၇/၁၅၊ စာမျက်နှာ ၁၈။

◻ တရားမျှတမှုကို ကျွန်ုပ်တို့ကျင့်သုံးနိုင်သော နည်းသုံးနည်းကား အဘယ်နည်း။

ဦးဆုံး၊ ဘုရားသခင့်ကျင့်ဝတ်စံနှုန်းများနှင့်အညီ ကျွန်ုပ်တို့ကျင့်ကြံနေထိုင်ကြရမည်။ (ဟေရှာယ ၁:၁၇) ဒုတိယအချက်မှာ ကျွန်ုပ်တို့ကို ယေဟောဝါဆက်ဆံစေလိုသည့်အတိုင်း အခြားသူများကို ကျွန်ုပ်တို့ဆက်ဆံသောအခါ တရားမျှတမှုကိုကျွန်ုပ်တို့ကျင့်သုံးကြသည်။ (ဆာလံ ၁၃၀:၃၊ ၄) တတိယ၊ ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်း၌ ဇွဲရှိရှိပါဝင်သောအခါ ဘုရားရေးရာတရားမျှတမှုကို ကျင့်သုံးကြသည်။ (သု. ၃:၂၇)—၈/၁၊ စာမျက်နှာ ၁၄၊ ၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ