ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၂/၁၅ စာ. ၂၉
  • သမ္မာကျမ်းစာစာမူကို ပညာရှင် ပြန်လည်ရက်စွဲတပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာစာမူကို ပညာရှင် ပြန်လည်ရက်စွဲတပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၂/၁၅ စာ. ၂၉

သမ္မာကျမ်းစာစာမူကို ပညာရှင် ပြန်လည်ရက်စွဲတပ်

ကျူစာပါရဂူ ဂျာမန်အမျိုးသား ကာရ်စတင် ပီတာ တီးဒဲ၏အဆိုအရ (မဂ္ဂဒလန်ကျူစာဟု ကျော်ကြားသော) မဿဲခရစ်ဝင်ကျမ်း၏ ကျူစာမူအပိုင်းသုံးစကို ပထမရာစု၌ ရေးသားခဲ့ကြောင်း ခိုင်လုံသောသက်သေအထောက်အထားရှိသည်။

(မဿဲအခန်းကြီး ၂၆ ၏စာပိုဒ်အချို့ပါသည့်) ထိုအပိုင်းအစများကို အီဂျစ်တွင်တွေ့ ရှိခဲ့သော ရှေးခေတ်က အရောင်အဝယ်စာရွက်စာတမ်းတစ်ခုနှင့် နှိုင်းယှဉ်သုံးသပ်ပြီးနောက် ထိုအီဂျစ်စာရွက်စာတမ်းကို “မဂ္ဂဒလန်ကျူစာမူနှင့် ယေဘုယျအသွင်အပြင်ဖြစ်စေ၊ စာလုံးတစ်လုံးချင်းစီ၏ ရေးသားပုံ၊ ဖွဲ့စည်းပုံကိုကြည့်သည်ဖြစ်စေ ချွတ်စွပ်တူ” ကြောင်းတီးဒဲက ဖော်ပြခဲ့သည်။ တီးဒဲနှင့် တွဲဖက်စာရေးဆရာ မက်သယူး ဒဲကိုနာတို့က ထိုစာတမ်းနှစ်ခု၏တူညီချက်များမှ သိရှိရသည်မှာ ၎င်းတို့ကို တစ်ချိန်တည်းလောက်တွင် ရေးသားခဲ့ပုံရှိသည်ဟု သူတို့၏ ယေရှုအကြောင်း မျက်မြင်သက်သေ—ခရစ်ဝင်ကျမ်းများ၏ အစမူလကိုထောက်ခံသည့် အံ့ဖွယ်ကောင်းသောစာမူသစ် စာအုပ်၌ ဖော်ပြထားသည်။ မည်သည့်အချိန်လောက်ကဖြစ်သနည်း။ ထိုအရောင်းအဝယ်စာရွက်စာတမ်းကို “ကျွန်ုပ်တို့၏ပြက္ခဒိန်အရ [စီ.အီး.] ၆၆၊ ဇူလိုင် ၂၄ ရက်ဖြစ်သည့် ‘နီရိုသခင်၏ ၁၂ နှစ်မြောက်၊ အီဖက်ဖ် ၃၀’” ဟုရက်စွဲတပ်ထားသည်။

ပါမောက္ခဖီလစ် ဒဗ္ဗလျူ. ကမ္ဖရ် ထုတ်ဝေခဲ့သော တင်းဒဲ ဘူလ်လတင်မဂ္ဂဇင်းပါ ဆောင်းပါးတစ်ခုတွင် ဤသို့ဖော်ပြ၏– “ယင်းရက်စွဲသည် တိကျမှုရှိလျှင် အလွန်အရေးပါလိမ့်မည်ဖြစ်သည်၊ အကြောင်းမှာ ယင်းကိုရေးသားသည့်ရာစုအတွင်း မဿဲခရစ်ဝင်ကျမ်း၏စာမူတစ်ခုကိုရေးသည်ဟု သတ်မှတ်ပေးသောကြောင့်ဖြစ်သည်။” ယင်းသည် မဂ္ဂဒလန်ကျူစာကို ရှေးအကျဆုံးခရစ်ဝင်ကျမ်းအပိုင်းအစများလည်း ဖြစ်စေပေလိမ့်မည်။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

မဂ္ဂဒလန်ကျူစာ၏မူလအရွယ်အစားကိုပြသထား

[Credit Line]

By permission of the President and Fellows of Magdalen College, Oxford အောက်စ်ဖို့ဒ်၊ မဂ္ဂဒလန် ကောလိပ်၏ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ခွင့်ပြုချက်အရ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ