တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဇွန်လ ၁၁ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ နှင့် နိုင်ငံတော်လုပ်ငန်းမှ သင့်တော်သောကြေညာချက်များ။ စနေ၊ တနင်္ဂနွေ လယ်ကွင်းလုပ်ငန်းအစီအစဉ်အကြောင်း ကြေညာပါ။ လက်ရှိလတွင် ထုတ်ဝေရမည့် စာပေကိုဝေငှရာတွင် အပြန်အလှန်စကားအတွက်အကြောင်းအရာ အသုံးပြုပုံကို သရုပ်ပြပါ။
၂၀ မိ။ “သင့်ဓမ္မအမှုတွင် ကျွမ်းကျင်လော့။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၅ နှင့် ၆ ကိုသုံးသပ်ရာတွင် ၁၉၈၉ ခု၊ ဇူလိုင်လ ၁၅ ရက်ထုတ်ကင်းမျှော်စင် နှင့် Reasoning စာအုပ်ပါ အကြံပြုချက်များကို အသုံးပြုပုံ သရုပ်ပြပါ။ ယေဟောဝါအဖွဲ့အစည်းမှရရှိသော အကြံဉာဏ်များကို လက်တွေ့ကျင့်သုံးခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများအကြောင်းကိုလည်း ကြေညာသူများ တင်ပြပါလေစေ။
၁၅ မိ။ ရှေ့ဆောင်တစ်ဦး ရှေ့ဆောင်လုပ်ငန်းတော်ကျောင်း (မည်သည့်နှစ်ကမဆို) တက်ခဲ့ခြင်း တွေ့ကြုံမှုများ တင်ပြပါ။ သို့မဟုတ် ဒေသလိုအပ်ရာ။
သီချင်း ၁၇၈ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဇွန်လ ၁၈ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၅ မိ။ ဒေသကြေညာချက်များ၊ စာရင်းအင်းမှတ်တမ်း နှင့် အလှူငွေရရှိခြင်းမှ ကျေးဇူးတင်စကား။
၁၀ မိ။ မေးခွန်းသေတ္တာ။ အကြီးအကဲဟောပြောရန်။
၁၅ မိ။ “နွေချိန်ခါ သက်သေခံရန် အခွင့်အရေးများ ရှာယူ။” မေးဖြေသွားရန်။
၁၅ မိ။ ကျမ်းစာသင်အံမှုများ မည်သို့စနိုင်။ သင်အံမှုများစရာတွင် အောင်မြင်နေသော ကြေညာသူ နှစ်ဦးသုံးဦးကိုခေါ်မေးမြန်းပါ။ ထိရောက်သည်ကား အဘယ်အရာဖြစ်သည်ကို သူတို့တွေ့ရှိခဲ့ပြီနည်း။ ကနဦးစိတ်ဝင်စားမှု တောက်လောင်နေရန် သူတို့ဘာလုပ်သနည်း။ ပထမလည်ပတ်ချိန်နှင့် ပြန်လည်ပတ်မှုတွင် ကျမ်းစာသင်အံမှုစပုံကို တိုတိုနှင့်လိုရင်းတင်ပြပါ။
သီချင်း ၁၄၃ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဇွန်လ ၂၅ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ လယ်ကွင်းလုပ်ငန်းအစီအစဉ်များ ကြေညာပါ။ အချိန်ရှိလျှင် နောက်ဆုံးထုတ်မဂ္ဂဇင်းများပါ တင်ပြပြောဆိုစရာအချက်ကောင်းများကို ဖေါ်ပြပါ။
၂၀ မိ။ “သင့်ဝိညာဏလိုအပ်ရာကို ဖြည့်စွက်ပေးခြင်း။” မေးဖြေဆွေးနွေးရန်။ အိမ်ထောင်ဦးစီးတစ်ဦးနှင့် တစ်ကိုယ်ရည် ကြေညာသူတစ်ဦးအားခေါ်၍ သူတို့၏ဝိညာဏလိုအပ်ရာကို ဖြည့်စွက်ပေးရန် အချိန်မည်သို့ရှာယူကြောင်း မေးမြန်းပါ။ ညီအစ်ကိုအားလုံး ယင်းနှင့်စပ်လျဉ်းသည့် ကိုယ်ပိုင်အစီအစဉ်များကို စစ်ဆေးကါ လိုအပ်သလို ပြုပြင်ပေးရန် ကြိုးစားကြဖို့တိုက်တွန်းပါ။
၁၅ မိ။ ဒေသလိုအပ်ရာ သို့မဟုတ် လောကနှင့်လောကီသားများအပေါ် ခရစ်ယာန်စစ်များ၏စိတ်ထား။ Reasoning စာအုပ် စာမျက်နှာ ၄၃၇-၈ ပါအကြောင်းမှ အကြီးအကဲဟောပြော။
သီချင်း ၁၇၇ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဇူလိုင်လ ၂ ရက်နေ့တွင်အစပြုမည့် အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ ကြေညာသူများ စာအုပ်ကြီးဝေငှခြင်းတွေ့ကြုံမှု တစ်ခုနှစ်ခု တင်ပြပါ။ ဇူလိုင်လတွင် လယ်ကွင်းလုပ်ငန်း၌အသုံးပြုရန် စာစောင်များ၏ခေါင်းစဉ်များကို ကြေညာပါ။ စာစောင်ကို ရပ်ကွက်တွင် မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြပါ။ စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ ကြေညာသူများပါဝင်ကြရန် အားပေးပါ။
၁၅ မိ။ “သတင်းကောင်းဝေငှခြင်း—မိသားစုအနေနှင့်။” မေးဖြေအစီအစဉ်။ အပိုဒ်များကိုဖတ်ဖြစ်သွားစေရန် တစ်ပိုဒ်လျှင် မေးခွန်း တစ်ခုနှစ်ခုသာမေးပါ။
၂၀ မိ။ “လိုအပ်ချိန်တွင်ရရှိသော ကူညီမစမှု။” လုပ်ငန်းတော်ကြီးကြပ်မှူးက ယင်းအကြောင်းကို ပရိသတ်နှင့်ဆွေးနွေး။ အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုများထံ လုပ်ငန်းတော်ကြီးကြပ်မှူး လည်ပတ်သွားခြင်းအကျိုးကို ပေါ်လွင်စေပါ။ လုပ်ငန်းတော်ကြီးကြပ်မှူး လည်ပတ်ရောက်ရှိချိန်တွင် တစ်ပတ်အတွင်း လှုပ်ရှားမှုအစီအစဉ်များတွင် အထူးကြိုးစားပါဝင်ကြရန် အားပေး။
သီချင်း ၂၁၄ နှင့် နိဂုံးချုပ် ဆုတောင်းချက်။