ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၀ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၈/၉၀ စာ. ၃

ကြေညာချက်များ

• ၁၉၉၁ ခုနှစ် ယေဟောဝါသက်သေများ၏ပြက္ခဒိန်သည် နိုင်ငံပေါင်းခြောက်နိုင်ငံ၏ ဌာနခွဲများ၊ နိုင်ငံတော်ခန်းမများ၊ နိုင်ငံတော်သတင်းသက်သေခံနေပုံများကို လှပသောရောင်စုံဓာတ်ပုံများဖြင့် ကျွန်ုပ်တို့ဓမ္မအမှုကို ဖေါ်ပြပေးမည်။ စက်တင်ဘာလ စာတိုစာတမ်းမှာယူစာရင်းတွင် ၁၉၉၁ ခုနှစ်ပြက္ခဒိန် မိမိအသင်းတော်အတွက် မည်မျှမှာယူလိုကြောင်းစားရင်းပြပါ။ ပြက္ခဒိန်များသည် အထူးမှာယူရန်အရာများဖြစ်သောကြောင့် ပြက္ခဒိန်များမရှိမချင်း၊ အသင်းတော်များထံ မပို့မချင်း အသင်းတော်အထုပ်များစာရင်းတွင် “မပြီးမပြတ်သေး” ဟုမှတ်သားထားမည်။

• ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၁ ရက်နေ့အထိ အသင်းမသည် လက်ရှိစာအုပ်စာတမ်းများစာရင်းယူနေမည်ဖြစ်သဖြင့် ဤနေ့ရက်များအတွင်း မည်သည့်အသင်းတော်အတွက်မျှ စာပေများပို့ပေးခြင်း၊ လာယူခြင်းမပြုရပါ။

• အသင်းတော်တိုင်း စာအုပ်စာတမ်းရှင်းတမ်းပုံစံစာရွက် သုံးရွက်စီရမည်။ စာအုပ်စာတမ်းများကိုအသေအချာ ရေတွက်မည်။ ပုံစံစာရွက်များကို အပြည့်အစုံဖြည့်စွက်ပြီး မူရင်းပုံစံကို ၁၉၉၀၊ စက်တင်ဘာ ၆ ရက်နေ့ နောက်ဆုံးထားပြီး ပို့ပေးပါ။ သင့်ဖိုင်တွဲတွင် မိတ္တူထားပါ။ တတိယပုံစံစာရွက်ကို အလုပ်လုပ်တွက်ချက်ရန် စာရွက်အဖြစ်ပို့ပေးထားသည်။

• နှစ်စဉ်ကြေးများကုန်ဆုံးသွားလျှင် အသင်းတော်မှတစ်ဆင့် ကင်းမျှော်စင် နှင့် Awake! အတွက်နှစ်စဉ်ကြေးများ ပြန်ယူပါ။ ဌာနခွဲသို့ တစ်ဦးစီမှာလိုသည့်စာရင်းများ ပို့မည့်အစား ကြေညာသူများသည် အသင်းတော်မှတစ်ဆင့် မှာယူလျှင် အကူအညီများစွာဖြစ်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ