တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဩဂုတ် ၁၃ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၂ မိ။ ဒေသကြေညာချက်များ နှင့် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု မှ ကြေညာချက်များ။ မေးခွန်းသေတ္တာကိုဖတ်ပြီး ယေဟောဝါအဖွဲ့အစည်းကို ကိုယ်စားပြုချိန်တွင် လျောက်ပတ်စွာဝတ်စားဆင်ယင်၊ ပြုမူကျင့်ကြံရန် အရေးကြီးကြောင်း အတိုချုပ်ပြော။ ဤစနေနေ့တွင် မဂ္ဂဇင်းများနှင့် သက်သေခံထွက်ကြရန် အားပေး။
၁၈ မိ။ “နိုင်ငံတော်သတင်းကြေညာရာတွင် ဇွဲရှိလော့။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၆ ကိုဆွေးနွေးပြီးနောက် အပိုဒ်တွင် အကြံပြုထားသည့်အတိုင်း မဂ္ဂဇင်းများတင်ဆက်မည့်ပုံကိုသရုပ်ပြပါ။ အပြန်အလှန်စကားအတွက်အကြောင်းအရာကို အသုံးပြုပါ။ လယ်ကွင်းလုပ်ငန်းတွင် ဇွဲရှိဖို့လိုကြောင်း ပေါ်လွင်စေပါ။
၁၅ မိ။ “အမှုဆောင်လုပ်ငန်းတိုးတက်ရေးအဖို့ သီအိုကရက်တစ်ကျောင်းမှ အကူအညီယူခြင်း။” သီအိုကရက်တစ်အမှုဆောင်ကျောင်းလမ်းညွှန်စာအုပ် ပါအခန်း ၁၉ ကိုပရိသတ်နှင့် ကျောင်းကြီးကြပ်မှူးဆွေးနွေး။ လယ်ကွင်းလုပ်ငန်း၌တိုးတက်ရန် ကျောင်းမှရသောအကူအညီများကို ပေါ်လွင်စေပါ။ လယ်ကွင်း၌အသုံးပြုရန် လက်တွေ့ကျအနေအထားနှင့် ဟောပြောချက်များကို ကျောင်းတွင်စာရင်းဝင်ထားသူများ အသုံးပြုကြရန် အားပေးပါ။
သီချင်း ၃၁ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဩဂုတ် ၂၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များနှင့် စာရင်းအင်းမှတ်တမ်း။ အသင်းမ၏ ကမ္ဘာချီလုပ်ငန်းနှင့် အသင်းမ၏နိုင်ငံတော်ခန်းမရံပုံငွေအတွက် အလှူငွေရရှိခြင်းကို ကျေးဇူးတင်စကားပြော။ ဤကဲ့သို့သောအလှူငွေများနှင့် ငွေကြေးဖြင့်ဒေသခံအသင်းတော်ကို ထောက်ပံ့ပေးသည့်အတွက် ချီးမွမ်းစကားပြောပါ။ စနေ၊ တနင်္ဂနွေနေ့ လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှု၌ ပါဝင်ကြရန် အားပေးပါ။
၁၈ မိ။ “ခံနိုင်ရည်ဖြင့် ဆက်၍အသီးသီးခြင်း။” ဩဂုတ်လထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်ပါဆောင်းပါးကိုအခြေပြုဟော။ ဒေသခံအသင်းတော်နှင့် ဤဆောင်းပါးသက်ဆိုင်ပုံကိုတင်ပြပြီး ယေဟောဝါရှုထောင့်မှ ကိုယ်ရေးကိုယ်တာအခြေအနေများကို ကြည့်မြင်ကြရန် အားပေးပါ။
၁၇ မိ။ “သင်အဘယ်ကြောင့် ကျမ်းစာသင်အံမှုပြုလုပ်လို။” မေးဖြေဆွေးနွေးရန်။ ဆက်ကပ်အပ်နှံနှစ်ခြင်းယူသည်ထိ တစ်ဦးတစ်ယောက်ကိုကူညီပေးခဲ့သော ကြေညာသူသို့မဟုတ်ရှေ့ဆောင်တစ်ဦးကို လူတွေ့ခေါ်မေးမြန်းပါ။ သူနှင့် သင်သားများစပ်ကြား မည်သည့်ဆက်ဆံမှုမျိုးဖြစ်ပေါ်လာကြောင်း၊ ကျမ်းစာသင်အံမှုများကျင်းပရာတွင် အဘယ်အကျိုးများခံစားရကြောင်း မေးမြန်းပါ။
သီချင်း ၁၃၃ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဩဂုတ် ၂၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ် သတင်းများ။ “သင်ကျင့်ကြံပြုမူသမျှတွင် သန့်ရှင်းမှုရှိလေ” အကြောင်းမှ အဓိကအချက်များကို ပေါ်လွင်စေပါ။ စနေ၊ တနင်္ဂနွေလယ်ကွင်းလုပ်ငန်းတွင် ပါဝင်ကြရန် အားပေးပါ။
၂၀ မိ။ “ကျောင်းတွင်ရင်ဆိုင်ရသည့် စမ်းသပ်ချက်များအတွက် သင့်သားသမီးများ အသင့်ရှိနေပြီလော။” ပရိသတ်နှင့် မေးဖြေဆွေးနွေးရန်။ အပိုဒ်များနှင့် ကျမ်းချက်များကိုဖတ်ပါ။ တင်ပြသည့် အချက်များကိုပေါ်လွင်စေမည့် ဒေသခံတွေ့ကြုံမှုများရှိမည်ဆိုလျှင် အချိန်အားလျော်စွာ တင်ပြပေးနိုင်သည်။
၁၅ မိ။ ဒေသလိုအပ်ရာများ သို့မဟုတ် ၁၉၉၀၊ ဧပြီလ ၁၅ ရက်ထုတ် အင်္ဂလိပ်ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၈ ပါ “ခိုင်ခံ့စွာရပ်တည်—ထိမိမလဲနှင့်” အကြောင်းကိုဟောပါ။
သီချင်း ၁၉၁ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
စက်တင်ဘာ ၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၇ မိ။ ဒေသကြေညာချက်များ။ မြန်မာနိုင်ငံအတွက် မေလလုပ်ငန်းတော်မှတ်တမ်းနှင့် ထိုလမှတ်တမ်းအရ အသင်းတော်အတွက် တိုးတက်စရာမျှော်လင့်ချက်များကိုဆွေးနွေး။
၂၃ မိ။ “သတင်းကောင်းဝေငှခြင်း—အလွတ်သဘောသက်သေခံရန် အခွင့်အရေးများဖန်တီးပေးခြင်းအားဖြင့်။” မေးဖြေအစီအစဉ်။ အပိုဒ် ၃ ကိုသုံးသပ်ပြီးနောက် အလွတ်သဘောသက်သေခံရန် အခွင့်ကောင်းသည့် အခြားအခြေအနေများအကြောင်း ပရိတ်သတ်ကိုမေးမြန်းပါ။ ကျောင်းဖွင့်ပြီဖြစ်၍ လူငယ်များ သမ္မာတရားကိုဟောပြောခွင့် မည်သို့ရရှိနိုင်ကြောင်း တင်ပြပါ။ အပိုဒ် ၆ ပြီးနောက် အလွတ်သဘောသက်သေခံရာတွင် အောင်မြင်မှုတွေ့ရှိခဲ့သူကြေညာသူနှစ်ဦးကို လူတွေ့ခေါ်မေးမြန်းပါ။ မေးရန်၊အဘယ်အချိန်အခါများတွင် သူတို့ဟောပြောကြသနည်း။ ဤသို့ဟောပြောခြင်းသည် အဘယ်ကြောင့်ထိရောက်သည်ဟု သူတို့မြင်တွေ့ခဲ့ပြီနည်း။ သူတို့ကိုယ်တိုင် မည်သို့အကျိုးခံစားခဲ့ပြီနည်း။’ နေ့တိုင်း သတင်းကောင်းကြေညာရန်ပန်းတိုင်ထားကြဖို့ အားလုံးကို တိုက်တွန်းပေးပါ။ လူတို့အတွက် တကယ်စိုးရိမ်စိတ်တင်ပြရန်လိုအပ်ကြောင်းနှင့် နိဂုံးချုပ်ပါ။
၁၅ မိ။ လုပ်ငန်းတော်ကိုတိုးမြှင့်ပေးရန် လုပ်ငန်းတော်နှစ်သစ်အတွက်ပြင်ဆင်ခြင်းအကြောင်း ဦးစီးကြီးကြပ်မှူး အားပေးတည်ဆောက်စွာ ဟောပြော။
သီချင်း ၁၂၉ နှင့် နိဂုံးချုပ် ဆုတောင်းချက်။