မတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
မတ် ၁ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ ဒေသခံအသင်းတော်အတွက် အထူးစိတ်ဝင်စားစရာဖြစ်မည့်အရာကို ညွှန်ပြပါ။ ကမ္ဘာ့ဒေသအသီးသီးရှိ ယေဟောဝါကျေးကျွန်များအပေါ် ကိုယ်တော်ကောင်းချီးများ မည်သို့သွန်းလောင်းနေတော်မူကြောင်း အလေးအနက်တင်ပြ၊ သီအိုကရက်တစ်သတင်းမှ ပေါ်လွင်ချက်များ။ ဒေသခံအသင်းတော်မှ တွေ့ကြုံမှုများကိုလည်း လျောက်ပတ်စွာ တင်ပြပေးနိုင်။
၁၅ မိ– “‘လာခဲ့ပါ’ ဟုဆက်လက်ပြောဆိုခြင်း”။ မေးဖြေလေ့လာရန်။ အပိုဒ် ၄ ကိုဆွေးနွေးစဉ် ဗျာဒိတ် ၂၁:၄-၆ နှင့်သက်ဆိုင်သော အကြီးမြတ်ဆုံးလူသား စာအုပ်၊ အခန်း ၁၃၃ မှ အချက်အချို့ကို ပေါ်လွင်အောင် ကောင်းစွာပြင်ဆင်ထားသော ကြေညာသူတစ်ဦးအား ဖော်ပြစေပါ။
၁၅ မိ– “သင့်ဓမ္မအမှုတွင် အပြောင်းအလဲပြုပေးပါ။” ပရိသတ်အနည်းအကျဉ်းပါဝင်သည့် ဟောပြောချက်။ အပိုဒ် ၃-၅ ကိုဆွေးနွေးရာတွင် အကျဉ်းချုပ်သရုပ်ပြခန်းနှစ်ခုပါ ထည့်ပါ။ အပိုဒ် ၄ နှင့် ၅ ပါအချက်ကိုသရုပ်ပြရာတွင် ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း ပိုကြီးရင့်သောကြေညာသူနှင့် ကြေညာသူငယ်တစ်ဦး တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် တွဲ၍ မည်သို့ပါဝင်နိုင်ကြောင်း တင်ပြပါ။ ရလဒ်များမှာ မည်သို့ရှိစေကာမူ ဓမ္မအမှု၌ ပျော်ရွှင်မှုရယူရန်လိုကြောင်း အလေးအနက်တင်ပြပါ။
သီချင်း ၁၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၈ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ ဧပြီလအတွက် လက်ခံထားနှင့်ပြီးသော အရန်ရှေ့ဆောင်အရေအတွက်ကို တင်ပြပါ။ ရှေ့ဆောင်ရန် ကြံစည်နေသူများ လျှောက်လွှာများကို စောစောသွင်းကြရန် အားပေးပါ။
၂၀ မိ– “ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းရန် ပိုမိုပြုလုပ်နိုင်ဦးမည်လော။” အပိုဒ် ၁ မှ ၁၀ ကို မေးဖြေဆွေးနွေးရန်။
၂၀ မိ– ကျွန်ုပ်တို့ကျမ်းစာသင်အံမှုများကို ကူညီပေးခြင်း။ သင်အံမှုကျင်းပခြင်းအပြင် အခြားအကူအညီများကို ကျမ်းစာသင်သားများအား ပေးဖို့လိုကြောင်း ဆွေးနွေးရန်။ (၁ သက်၊ ၂:၈) စည်းဝေးများတက်၍ ပါဝင်ဖြေဆိုချင်စိတ်ရှိလာစေရန် အချိန်ပိုယူ အားပေးပါ။ တိုက်နယ်စည်းဝေးများ၊ အထူးအစည်းအဝေးနေ့များ၊ ခရိုင်စည်းဝေးပွဲများ အကြောင်းရှင်းပြခြင်းအားဖြင့် အဖွဲ့အစည်းကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာညီအစ်ကိုများအသင်းအပင်းကိုလည်းကောင်း တန်ဖိုးထားတတ်စေပါ။ အသင်းမထုတ်ဗွီဒီယိုများဖြစ်သည့် Jehovah’s Witnesses—The Organization Behind the Name, Purple Triangles နှင့် The Bible—Accurate History, Reliable Prophecy တို့ကိုအတူတကွရှုစားကာ ယင်းတို့မှ သင်သားများ အဘယ်အရာများသိရှိလာသည်ကို မေးမြန်းကြည့်ပါ။ သူတို့သင်ယူခဲ့ရာများကို အလွန်သဘောဖြင့်မည်သို့ ဝေငှနိုင်ကြောင်းအဆင့်ဆင့်ပြုလုပ်ပေးပါ။ မိမိတို့ဓမ္မအမှု စာအုပ် စာမျက်နှာ ၁၂၃၊ ၁၂၄ ပါလိုအပ်ချက်များကိုလိုက်မီသူ ကျမ်းစာသင်သားများနှင့် လူအများရှေ့ ဓမ္မအမှုဆောင်ခြင်းလုပ်ငန်း၌ ပါဝင်လိုစိတ်ရှိသူများအား နှစ်ခြင်းမခံရသေးသောကြေညာသူများဖြစ်လာနိုင်ရန် ကူညီပေးသင့်သည်။ သင်အံမှုပြုစဉ်နှင့် ထိုနောက်တွင် ဆက်ကပ်အပ်နှံနှစ်ခြင်းယူချင်စိတ် တိုးပွားလာရန် အချိန်ယူကူညီပေးရန် အရေးကြီးသည်။ စည်းဝေးပွဲကြီးများတွင် နှစ်ခြင်းခံယူသူများ ဓာတ်ပုံနှင့် သတင်းစာဖြတ်ပိုင်းများကို သင်သားများအား ပြနိုင်သည်။ သရုပ်ပြခန်း– ကြေညာသူသည် ကျမ်းစာသင်သားအား အလွတ်သဘောသက်သေခံခြင်းအတွက် ကူညီပေးနေ။ ထာဝစဉ်အသက်ရှင်စာအုပ်မှ လယ်ကွင်းတွင်အသုံးပြုနိုင်သည့်အချက်ကို ရွေးချယ်၍ ပြောဆိုသည်ကား– “ဒီအချက်ကို ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေကို ပြောပြရင်ကောင်းတယ်။ အရင်ကမသိခဲ့တဲ့အကြောင်းကို ကျမ်းစာကနေ ကိုယ်တိုင်သိလာခဲ့တယ် ဆိုတာကိုသူတို့ကို ပြောပြနိုင်တယ်။” ကျမ်းစာသင်သားများကို ကြေညာသူများ ကူညီပေးဖို့အားပေးပါ။ နှစ်ခြင်းယူပြီးနောက်ပင် ဆက်ဂရုစိုက်သင့်။
သီချင်း ၁၂၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၁၅ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် စာရင်းအင်းမှတ်တမ်း။ အလှူငွေအတွက် ကျေးဇူးတင်ချက်။ ဤကော်လံအောက်ပါ “အခန့်သင့်သတင်း” ကိုညွှန်း။ မတ် ၂၈ ရက်နေ့အတွက် အထူးဟောပြောချက်ခေါင်းစဉ်ကို သတိပြုကြကာ စိတ်ဝင်စားသူများအား တက်ရောက်စေရန်ခေါ်ဖိတ်ဖို့ အားပေးပါ။
၁၅ မိ– “စိတ်ဝင်စားမှုတင်ပြသူအားလုံးကို ကူညီပေးခြင်း။” ပရိသတ်ပါ အနည်းအကျဉ်းပါဝင်သည့် ဟောပြောချက်။ အချိန်ရသ၍ ကိုးကားထားသောကျမ်းချက်များကို သုံးသပ်ပါ။ အပိုဒ် ၃ ပါအကြံပြုချက်ကို သရုပ်ပြပါ။ ပထမအကြိမ် တက်ရောက်လာသူများထံ လည်ပတ်ဖို့လိုကြောင်း ပေါ်လွင်စေပါ။
၂၀ မိ– “ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းရန် ပိုမိုပြုလုပ်နိုင်ဦးမည်လော။” အပိုဒ် ၁၁ မှ ၂၂ ကို မေးဖြေဆွေးနွေးရန်။
သီချင်း ၃၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာ။ ဧပြီလအတွင်း ဓမ္မအမှုတွင် တိုး၍ပါဝင်ကြရန် ကြံစည်ကြဖို့ တိုက်တွန်းအားပေးခြင်း။
၂၀ မိ– သက်ကြီးရွယ်အိုများကို ဂရုစိုက်ပြုစုပေးခြင်း။ ညီအစ်ကိုနှစ်ဦး ဆွေးနွေး၍ လူတွေ့ခေါ်မေးမြန်းခြင်းများ။ လွန်ခဲ့သော “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲတွင် တနင်္ဂနွေနေ့နံနက်ပိုင်း၌ “ခရစ်ယာန်အိမ်ထောင်အတွင်း တစ်ဦးကိုတစ်ဦး ကြည့်ရှုစောင့်ရှောက်ခြင်း” အဓိကအချက်ကို တင်ဆက်ခဲ့သည်။ “သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်းဖြင့်” ဟူသည့် နိဂုံးချုပ်အပိုင်းက မိသားစုနှင့် အသင်းတော်အတွက် သက်ကြီးရွယ်အိုများ၏ အဖိုးတန်သောထောက်မမှုကို အလေးအနက်ဖော်ပြပါသည်။ (သု၊ ၁၆:၃၁) သက်ကြီးရွယ်အိုများကို အဘယ်နည်းများဖြင့် ကျွန်ုပ်တို့ကူညီပေးနိုင်သနည်း။ မိသားစု၌ အဓိကတာဝန်ရှိပါသည်။ (၁ တိ၊ ၅:၃၊ ၄၊ ၈၊ ၁၆) စိတ်ရှည်ခြင်းနှင့် စာနာမှုရှိဖို့လို။ လွန်လေပြီးသောအချိန်က မိဘများနှင့် အဖိုးအဖွားများ နှစ်ချီဆောင်ရွက်ခဲ့သည့် မေတ္တာပါလုပ်ငန်းများ၊ ပြုစုစောင့်ရှောက်မှုတို့ကို တန်ဖိုးထားလေးမြတ်ကြောင်း ကြီးပြင်းနေသော သားသမီးများနှင့်မြေးများ တင်ပြခွင့်ရရှိ။ (က၈၈ ၆/၁ ၁၃-၁၈) အသင်းတော်လည်း သက်ကြီးရွယ်အိုများကို ကူညီပေးနိုင်သည်။ အစိုးရထောက်ပံ့မှုရနိုင်ရန် အချို့အကူအညီလိုအပ်ပေမည်။ ထမင်းစားဖိတ်ခေါ်ခြင်း အစရှိသည်တို့ကိုပြု၍ ဧည့်ဝတ်ပျူငှာမှုကို ပြပါ။ (ရော၊ ၁၂:၁၃) လယ်ကွင်းဓမ္မအမှုတွင် သူတို့ကို ကူညီပေးပါ။ အစည်းအဝေးနှင့် စည်းဝေးပွဲကြီးများကို တက်ရောက်နိုင်ရန် ကြိုပို့ပေးပါ။ သူတို့အတွက် ဈေးဝယ်ပေးခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် ကူညီပါ။ (က၈၈ ၆/၁ ၄-၇) ကိုယ်ထက်ကြီးရင့်သူများကို အမြဲလေးစားပါ။ (၁ တိ၊ ၅:၁၊ ၂) ပုံသက်သေကောင်းသော သက်ကြီးရွယ်အို တစ်ဦးနှစ်ဦးကို လူတွေ့ခေါ်မေးမြန်းပါ။ သူတို့မိသားစုများနှင့် အသင်းတော်၏ ကြင်နာမှုမှ အဘယ်အကျိုးများ ခံစားခဲ့ကြောင်း ပေါ်လွင်စေပါ။
၁၅ မိ– ဧပြီလတွင် အရန်ရှေ့ဆောင်ကြမည့် ကြေညာသူ သုံးလေးဦး၊ သို့မဟုတ် လွန်လေသောအချိန်က ရှေ့ဆောင်ခဲ့သူများကို အကြီးအကဲ လူတွေ့ခေါ်မေးမြန်း။ ရှေ့ဆောင်ရန် သူတို့အား ဘာကတိုက်တွန်းသနည်း။ ဧပြီလအတွက် အဘယ်အစီအစဉ်များ ပြုလုပ်ထားပြီနည်း။ အရန်ရှေ့ဆောင်ခြင်းက သူတို့အား မည်သို့အကျိုးပြုခဲ့ပြီနည်း။ နောက်လတွင် အရန်ရှေ့ဆောင်ရန် ကြံစည်နေသူအားလုံး လျှောက်လွှာများ တောင်းဆို၍ အမြန်ဆုံး ဖြည့်စွက်ကြရန် အားပေး။
သီချင်း ၁၇၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၉ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စိတ်ဝင်စားသူနှင့် ကျမ်းစာသင်သားများကို သတိရအောက်မေ့ပွဲသို့ ခေါ်ဖိတ်ကြရန် သတိပေး။ ပုံနှိပ်ဖိတ်စာများကို များများအသုံးပြုကြ။ သတိရအောက်မေ့ပွဲ ကျင်းပမည့်အချိန်နှင့် လိပ်စာကို ဖိတ်စာများပေါ် သပ်ရပ်စွာရေးမှတ်ကြရန် ကြေညာသူများကို အားပေး။
၂၅ မိ– “ထာဝရအသက်မျှော်လင့်ချက်ကိုပေးသော သေတော်မူခြင်းကို ပွဲကျင်းပခြင်း။” ဦးစီးကြီးကြပ်မှူး မေးဖြေသုံးသပ်ရန်။ “သတိရအောက်မေ့ပွဲအတွက် ပြင်ဆင်ခြင်း” အကြောင်းပါ အကွက်ကိုပါဆွေးနွေး။ ဆောင်းပါး၏ အပိုဒ် ၅ ကိုသုံးသပ်ပြီးနောက် သတိရအောက်မေ့ပွဲသို့ ကျမ်းစာသင်သားအား ကြေညာသူဖိတ်ခေါ်ပုံကို သရုပ်ပြပါ။ ဧပြီ ၁-၆ အတွင်းဖတ်ဖို့ရန်အစီအစဉ်ရှိသော ရွေးချယ်ထားသည့်ကျမ်းချက်များအကြောင်း ကြေညာသူရှင်းပြပြီး ကြိုပို့ပေးရန် စီစဉ်ဖို့လိုလျှင် စီစဉ်ပေးမည်အကြောင်း ကမ်းလှမ်း။
၁၀ မိ– ဧပြီလအတွင်း ကင်းမျှော်စင် ကို အထူးတင်ပြ။ ဤလအတွင်း ထင်ရှားစေနိုင်မည့် ပြောဆိုနိုင်သောအချက်များနှင့်အကြောင်းများကို အတိအကျပေါ်လွင်စေပါ။ အချိန်အခါတိုင်းတွင် မဂ္ဂဇင်းများပါ အချက်များကို အာရုံပြုကြရန် သတိပြုပေးပါ။
သီချင်း ၈၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။