နိုဝင်ဘာအတွက် လုပ်ငန်းတော်စည်းဝေးများ
နိုဝင်ဘာ ၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတွင် ကြေညာသူများ ပါဝင်လုပ်ဆောင်မှုကို ချီးမွမ်းပြောဆို။
၁၀ မိ– “အိပ်မက်များ၊” ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်၊ စာမျက်နှာ ၁၀၄-၆။ ကျမ်းစာကျောင်းသားနှင့် ဆွေးနွေးသည့်ပုံစံ။ အိပ်မက်များကို ယုံခြင်း၌ ပညာရှိမရှိ ကျောင်းသားမေးမြန်း။ ယင်း၏အန္တရာယ်ကို ဆွေးနွေး။ ယင်းသည် လောကီအတွေးအခေါ်နှင့် နတ်ဆိုးများ၏ကျော့ကွင်းထဲ ကျစေနိုင်ကြောင်း။ ဘုရားသခင့်နှုတ်ကပါဌ်တော် စည်းမျဉ်းမူများ၏လမ်းပြမှုခံယူရန် အရေးကြီးကြောင်း တင်ပြ။
၁၀ မိ– ဒေသ လိုအပ်ရာများ။ သို့မဟုတ် ၁၉၉၃ ဇွန် ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၁ ပါ “သင့်ဝတ်ပြုရာအရပ်ကို သင်လေးစားပါသလော” အကြောင်းကိုဟော။
၁၅ မိ– “ယနေ့ လောကတွင် သမ္မာကျမ်းစာ၏ တန်ဖိုး။” တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် မိမိ၏အရည်အချင်းကို တိုးတက်စေလိုသော ကြေညာသူနှင့် လုပ်ငန်းတော်ကြီးကြပ်မှူး ဆွေးနွေးခြင်း။ အပိုဒ် ၃ ကိုသုံးသပ်ပြီးနောက် အကြံပြုထားသည့် တင်ဆက်နည်းကို လုပ်ငန်းတော်ကြီးကြပ်မှူးအား အိမ်ရှင်အဖြစ် သဘောထားပြီး စမ်းကြည့်ရန် လုပ်ငန်းတော်ကြီးကြပ်မှူး အားပေး။ အပိုဒ် ၄ ကိုသုံးသပ်ပြီးနောက် လုပ်ငန်းတော်ကြီးကြပ်မှူးသည် အကြံပြုထားသည့်တင်ဆက်နည်းကို ကြေညာသူအား ပြောဆို။ စိတ်ဝင်စားသူများနှင့် ကျမ်းစာကျောင်းသားများအား ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုတန်ဖိုးထားတတ်ဖို့ကူညီပေးရန် အသင်းတော်ကို အားပေး။
သီချင်း ၅၂ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
နိုဝင်ဘာ ၈ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဤအပတ် စနေ၊ တနင်္ဂနွေနေ့ လယ်ကွင်းလုပ်ငန်း၌ နောက်ဆုံးထုတ်မဂ္ဂဇင်းမှ အသုံးပြုနိုင်မည့် ဆောင်းပါးကို ပေါ်လွင်စေကာ တင်ဆက်ပုံကို သရုပ်ပြ။ “လယ်ကွင်းလုပ်ငန်းအတွက် အထူးလ” အကြောင်းကို အာရုံပြုစေကာ ဒီဇင်ဘာလတွင် အရန်ရှေ့ဆောင်များအဖြစ် လယ်ကွင်းလုပ်ငန်း တိုးချဲ့နိုင်ခွင့်ကို အလေးအနက်စဉ်းစားကြရန် အားပေးတိုက်တွန်း။
၁၅ မိ– “စစ်မှန်သောလမ်းပြမှုပေးသည့် စာအုပ်။” ဆောင်းပါးကို မေးဖြေသုံးသပ်ခြင်း။ အပိုဒ် ၃ တွင် အကြမ်းဖျင်းဖော်ပြထားသည့် ပြန်လည်ပတ်မှုကို သရုပ်ပြ။ တစ်အိမ်မှတစ်အိမ်နှင့် ပြန်လည်ပတ်မှုများပြုလုပ်ရာတွင် သမ္မာကျမ်းစာ၏ လက်တွေ့ကျမှုကို အားတက်သရောပြောဆိုရန် အားပေးတိုက်တွန်း။
၂၀ မိ– “လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့။” အကြီးအကဲနှစ်ဦး အပိုဒ် ၁-၁၈ ကိုဆွေးနွေး။ သူတို့၏ပုံသက်သေကောင်းမှ လူငယ်များခံစားရသည့်အကျိုးကို အလေးအနက်ဖော်ပြ။ အချိန်ရသရွေ့ ကျမ်းချက်များကိုသုံးသပ်။
သီချင်း ၈၀ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
နိုဝင်ဘာ ၁၅ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများအတွက် အသင်းမ၏ကျေးဇူးတင်စကားများပါပါဝင်။ ဒေသခံ အသင်းတော်လိုအပ်ရာများနှင့် အသင်းမ၏ နိုင်ငံတော်ခန်းမ ရန်ပုံငွေနှင့် ကမ္ဘာချီလုပ်ငန်းအတွက် ငွေရေးကြေးရေးအကူအညီအတွက် အသင်းတော်ကို ချီးမွမ်း။ လာမည့် ကမ္ဘာတစ်ဝန်း အားလပ်ရာသီအတွင်း လယ်ကွင်းလုပ်ငန်းအစီအစဉ်ကို အကြမ်းဖျင်းဖော်ပြ။
၁၅ မိ– ဒီဇင်ဘာလ လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို အကောင်းဆုံး ဖြစ်စေခြင်း။ လုပ်ငန်းတော်ကြီးကြပ်မှူး ဟောပြောရန်။
၂၀ မိ– “လူငယ်များ—ယေဟောဝါ၏နှလုံး ရွှင်လန်းစေလော့။” ကြားညှပ်၏ အပိုဒ် ၁၉-၃၃ ကိုမေးဖြေသုံးသပ်ရန်။ ကြေညာသူလူငယ် တစ်ဦးနှစ်ဦးကို လူတွေ့ခေါ်မေး။ သူတို့၏ဝိညာဏတိုးတက်မှုတွင် အသင်းတော်သည် မည်သို့အကူအညီပေးခဲ့ကြောင်း ပြောဆိုတင်ပြစေပါ။
သီချင်း ၉၀ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
နိုဝင်ဘာ ၂၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် သီအိုကရက်တစ်သတင်းများ။ ဤအပတ် စနေ၊ တနင်္ဂနွေနေ့ သက်သေခံထွက်ချိန်တွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို အသုံးပြုရန် အားပေး။
၁၅ မိ– “သင်အံမှုအတွက် ကျမ်းစာကျောင်းသားများ ကြိုတင်ပြင်ဆင်ကြရန် အကူအညီပေး။” မေးဖြေခြင်း။ အချိန်ရသရွေ့ အပိုဒ်များကိုဖတ်။
၂၀ မိ– “သင်သည် ကျမ်းစာမှကျိုးကြောင်းဆင်ခြင်ပါသလော။” တစ်အိမ်မှတစ်အိမ်နှင့် ပြန်လည်ပတ်မှုလုပ်ငန်းတွင် ထိရောက်အောင်မြင်သောညီအစ်ကို မေးမြန်းသုံးသပ်စေရန်။ အပိုဒ် ၄ ကိုသုံးသပ်ပြီးနောက် အိမ်ရှင် အလုပ်များနေလျှင် ကြေညာသူသည် ကျမ်းချက်ကို မည်သို့အလွတ်ရွတ်ပြခြင်း သို့မဟုတ် ရှင်းပြခြင်း ပြုနိုင်ကြောင်း သရုပ်ပြ။ သရုပ်ပြခန်းပြီးနောက် လူအများ ဝေယျာဝစ္စတို့ဖြင့် အမြဲအလုပ်များနေလေ့ရှိရပ်ကွက်တွင် “နှုတ်ကပါဌ်တော်ကို ဟောပြောရန်” ကြိုးစားကြရာ၌ အကြံပေးထားသည့်အတိုင်းပြုလုပ်ခြင်း၏ တန်ဖိုးကို အလေးအနက်ဖော်ပြပါ။ (၂ တိ. ၄:၂) အပိုဒ် ၆ ကိုသုံးသပ်ပြီးနောက် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်ကို ထိရောက်စွာအသုံးပြုသည့်ကြေညာသူအား သက်သေခံရာတွင် ယင်းကို မည်သို့အသုံးပြုကြောင်း တင်ပြပြောဆိုပါလေစေ။
သီချင်း ၁၀၈ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
နိုဝင်ဘာ ၂၉ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ အရန်ရှေ့ဆောင်လုပ်နိုင်မည့်သူတို့အား ဒီဇင်ဘာလတွင် ရှေ့ဆောင်ရန် တိုက်တွန်းပါ။
၁၅ မိ– “သမ္မာကျမ်းစာ—ယခုခေတ်လူသားများအတွက် လက်တွေ့ကျ လမ်းညွှန်။” ၁၉၉၃ မေ ၁ ကင်းမျှော်စင်ပါဆောင်းပါးကိုအခြေပြု၍ အိမ်ထောင်ဦးစီး ဟောပြော။ ကျမ်းစာမူများကို ကျင့်သုံးခြင်းအားဖြင့် ချစ်ချစ်ခင်ခင်နှင့်ငြိမ်သက်မှုတိုးပွားသော မိသားစုဖြစ်လာစေနိုင်ကြောင်း ပေါ်လွင်စေပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဩဝါဒသည် အိမ်ထောင်တစ်ခု၊ သို့မဟုတ် လူတစ်ဦးအား မည်သို့အကူအညီပေးခဲ့ကြောင်း ကြိုတင်ပြင်ဆင်ထားသော အားပေးစကားများကို ပရိသတ်ထဲမှတစ်ဦး သို့မဟုတ် နှစ်ဦးကို ထုတ်ဖော်ပြောဆိုစေပါ။
၂၀ မိ– ဒီဇင်ဘာလတွင် သိုးကဲ့သို့သောသူများကိုကူညီပေးရန် အကြီးမြတ်ဆုံးလူသားစာအုပ်ကိုအသုံးပြုခြင်း။ ပရိသတ်နှင့်ဆွေးနွေး။ ဤကဲ့သို့သော မေးခွန်းများကိုမေးပါ– ယေရှု၏ဓမ္မအမှု သို့မဟုတ် သူတစ်ပါးနှင့် ကိုယ်တော်ဆက်ဆံပုံ နှင့်ပတ်သက်သည့် အဘယ်အဖြစ်အပျက်တစ်ခုသည် သင့်အတွက် စွဲမှတ်ဖွယ်ဖြစ်သနည်း။ ယင်းအကြောင်းသည် အဘယ်ကြောင့် စွဲမှတ်စရာဖြစ်ခဲ့သနည်း။ ဤစာအုပ်သည် သင့်အတွက် အဘယ်အကျိုးရှိသနည်း။ ယင်းကိုလေ့လာခြင်းဖြင့် ယေဟောဝါအကြောင်း ဘာသိရှိလာသနည်း။ ယင်းစာအုပ်ကို မည်သူတို့နှင့် ဝေငှခဲ့ပြီနည်း။ ယင်းကို တင်ဆက်ရာတွင် အဘယ်အချက်များကို ပေါ်လွင်စေခဲ့ပြီနည်း။ အတွေ့အကြုံရင့်ကျက်သူတစ်ဦးအား ယင်းစာအုပ် တင်ဆက်ပုံကိုသရုပ်ပြစေပါ။ တနင်္ဂနွေနေ့တွင် လယ်ကွင်းလုပ်ငန်း၌ အားလုံးပါဝင်ကြရန် အားပေးတိုက်တွန်းပါ။
သီချင်း ၉၄ နှင့် နိဂုံးချုပ် ဆုတောင်းချက်။