သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်စစ်ဆေးခြင်း
၁၉၉၄၊ ဇန်နဝါရီ ၃ မှ ဧပြီ ၁၈ ရက်အပတ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်း တာဝန်များတွင် လေ့လာခဲ့သော အကြောင်းအရာများကို စာအုပ်ပိတ်ပြန်လည်စစ်ဆေးခြင်း။ ကန့်သတ်ထားသည့်အချိန်အတွင်း သင်ဖြေဆိုနိုင်သမျှမေးခွန်းများ၏အဖြေများကို ရေးချရန် သီးခြားစာရွက်တစ်ရွက်ကို အသုံးပြုပါ။
[မှတ်ချက်– ရေးဖြေစစ်ဆေးချိန်တွင် မည်သည့်မေးခွန်းကိုမဆို ဖြေဆိုရာ၌ ကျမ်းစာကိုသာ အသုံးပြုပေမည်။ မေးခွန်းနောက်ရှိ ရည်ညွှန်းချက်များသည် သင့်ကိုယ်ပိုင်ရှာဖွေလေ့လာမှုအတွက်ဖြစ်သည်။ ကင်းမျှော်စင် ရည်ညွှန်းချက်အားလုံး၌ စာမျက်နှာနှင့် အပိုဒ်နံပါတ်များပါမည်မဟုတ်ချေ။]
အောက်ပါမေးခွန်းများ မှားကြောင်းမှန်ကြောင်း ဖေါ်ပြပါ။
၁။ ဘုရားသခင့်မျက်နှာသာရသူများ ဘယ်သောအခါမျှ ဒုက္ခမရောက်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၉၂ ၉/၁၅ စ. ၄ ရှု။]
၂။ နေဟမိ ၁၀:၃၄ အရ မီးမွေးစရာထင်းပူဇော်သက္ကာများပြုရမည်ဟု ပညတ်ထားသည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၆ ၂/၁၅ စ. ၂၆ ရှု။]
၃။ ယောဘ ၃၁:၁ တွင် ယောဘချေပပြောဆိုသောစကားများသည် မဿဲ ၅:၂၇၊ ၂၈ ပါ ယေရှု၏သွန်သင်ချက်နှင့် ကိုက်ညီသည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၇၈ ၁၂/၁၅ စ. ၃၂ [လိပ်] ရှု။]
၄။ ခရစ်တော် မတိုင်မီ နှစ်ပေါင်း ၁,၅၀၀ ကျော်အချိန်ကတည်းက ယောဘသည် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ရှိကြောင်း တင်ပြခဲ့သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; ယောဘ ၁၄:၁၃ နှင့် က၉၃ ၄/၁၅ စ. ၁၁ ရှု။]
၅။ ဖာရိရှဲများနှင့် ကျမ်းတတ်များသည် သူတို့ခြေအောက်မှ ဖုံမှုန့်ပမာ သဘောထားဆက်ဆံသည့် သာမညလူတန်းစားကိုရည်ညွှန်း၍ “မြေကြီးသား” ဟုအဓိပ္ပာယ်ရှိ အမ်ဟာအရက်စ် ဟူသော ဟေဗြဲအသုံးအနှုန်းကို သုံးစွဲကြသည်။ [ကဆ အခန်း ၈၅]
၆။ လှပခြင်းထက် လက်အောက်ခံ၍ နာခံမှုရှိခြင်းသည် များစွာတန်ဖိုးရှိကြောင်းကို သဘောပေါက်ရန် ဧသတာ ၁:၁၀-၁၂ ပါမှတ်တမ်းက ပိုင်းခြားသိမြင်သူအား အကူအညီပေးသည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၀ ၃/၁၅ စ. ၁၀ ရှု။]
၇။ ဘုရားရေးရာ ဆက်ကပ်အပ်နှံခြင်းသည် ကိုယ်တော်နှင့် ကိုယ်တော့်လုပ်ရပ်များကို ကျေးဇူးတင်သောကြောင့် ကိုယ်တော်အား ချစ်ခင်တွယ်တာမှု တင်ပြသည်။ [ဝစ စ. ၂၇ အပိုဒ် ၁၅]
၈။ လုကာ ၁၆:၁၉-၃၁ ပါ သူဌေးနှင့်လာဇရုအကြောင်းသည် တကယ့်အဖြစ်အပျက်ဖြစ်သည်။ [ကဆ အခန်း ၈၈]
၉။ လုကာ ၁၆:၉ တွင် “မဖြောင့်မတ်သောစည်းစိမ်” ဟု ယေရှုဆိုရာတွင် တရားမဝင်နည်းဖြင့် ရရှိခဲ့သော စည်းစိမ်ကို ဆိုလိုပါသည်။ [ကဆ အခန်း ၉၃]
၁၀။ လုကာ ၁၇:၃၄၊ ၃၅ တွင် “သိမ်းယူ” ခံရခြင်းသည် ဖျက်ဆီးခံရခြင်းကို ဆိုလိုသည်။ [ကဆ အခန်း ၉၃]
အောက်ပါမေးခွန်းများကို ဖြေဆိုပါ–
၁၁။ ယောဘဝတ္ထုသည် အဘယ်အလွန်အရေးကြီးသော မေးခွန်းနှစ်ခုကို ဖြေကြားသနည်း။ [ကမ စ. ၉၃ အပိုဒ် ၁]
၁၂။ ယောဘ ၁:၈ ပါစကားများက ယောဘ စမ်းသပ်ခံရချိန်ကို သတ်မှတ်ရန် မည်သို့အကူအညီပေးသနည်း။ [ကမ စ. ၉၅ အပိုဒ် ၄]
၁၃။ ဆွေမျိုးတို့ကို “မုန်း” သင့်သည်ဟု တပည့်တော်များအား ယေရှုမိန့်တော်မူရာတွင် ဘာကိုဆိုလိုသနည်း။ (လု. ၁၄:၂၆) [ကဆ အခန်း ၈၄]
၁၄။ ယောဟန် ၁၁:၂၆ ပါယေရှု၏စကားများသည် အဘယ်အချိန်နှင့် အဘယ်သူများအပေါ် စာသားအတိုင်း ပြည့်စုံမည်နည်း။ [ကဆ အခန်း ၉၀]
၁၅။ လာဇရုထမြောက်လာခြင်းသည် ဇဒ္ဒုကဲတို့အတွက် အဘယ်ကြောင့်အထူးသဖြင့် အရှက်ကွဲစရာဖြစ်သနည်း။ [ကဆ အခန်း ၉၁]
၁၆။ “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏ အလယ်မှာ ရှိသည်” ဟုဖာရိရှဲများအား ယေရှုဖြေဆိုခဲ့သည့်စကားကို မည်သို့နားလည်ရမည်နည်း။ (လု. ၁၇:၂၁) [ကဆ အခန်း ၉၃]
၁၇။ လုကာ ၁၈:၁၁၊ ၁၂ တွင်ဖော်ပြထားသည့် ဖာရိရှဲများ၏ အဘယ်သဘောထားကို ခရစ်ယာန်များ ရှောင်ကြဉ်ရမည်နည်း။ [ကဆ အခန်း ၉၄]
၁၈။ ယေရှုသည် တစ်ခါမျှမပြစ်မှားဖူးသော စုံလင်သူဖြစ်လျက်နှင့် ချမ်းသာသောလူငယ် အရာရှိတစ်ဦးက သူ့အား “ကောင်းမြတ်သောဆရာ” ဟုခေါ်ခြင်းကို အဘယ်ကြောင့် ကန့်ကွက်ခဲ့ရသနည်း။ (မာကု ၁၀:၁၇၊ ၁၈) [ကဆ အခန်း ၉၆]
၁၉။ ခရစ်ယာန်စည်းလုံးညီညွတ်မှုကိုဖြစ်စေသည့် အဓိကအကြောင်းနှစ်ခုကား အဘယ်နည်း။ [ဝစ စ. ၉ အပိုဒ် ၈]
၂၀။ သုံးပါးတစ်ဆူကိုယုံသည်ဟုဆိုသူအား သုံးပါးတစ်ဆူအယူကို မရှင်းပြမီ သူ၏အမြင်ကို အလျင်ပြောဆိုစေခြင်းသည် အဘယ်ကြောင့်ပညာရှိသနည်း။ [ဝစ စ. ၂၂ အပိုဒ် ၁၀]
အောက်ပါဝါကျများကို ပြီးပြည့်စေရန် လိုအပ်သောစကားလုံး သို့မဟုတ် စကားစုများကို ထည့်ပေးပါ–
၂၁။ ယောဘ ၃:၁၄ တွင်ကိုးကားထားသည့် “မြို့ပျက်တို့” သည် ဖြစ်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၀ ၄/၁၅ စ. ၂၄ ရှု။]
၂၂။ ဧသတာခေတ်က ဂျူးများနည်းတူ ယေဟောဝါသက်သေများသည် ရန်သူများမှ ကာကွယ်မှု ရရှိရန် သင့်လျော်လျောက်ပတ်စွာဖြင့် သို့အယူခံကြသည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း;က၈၆ ၃/၁၅ စ. ၂၅ [လိပ်] ရှု။]
၂၃။ ကျမ်းစာကိုရေးသားရန် “အတွင်းရေးမှူး” လူသားအယောက် ခန့်သုံးခဲ့သည် မှန်သော်လည်း အာဘော်ရှင်မှာ ကိုယ်တော်တိုင်ဖြစ်သည်။ [ဝစ စ. ၃၀ အပိုဒ် ၂]
၂၄။ ထင်ရာစိုင်း လုပ်ကိုင်လိုသောသဘော၏ပင်ရင်းသည် ဖြစ်သည်။ [ဝစ စ. ၁၂ အပိုဒ် ၁၀]
၂၅။ ဟူ၍ရိုးသားနှိမ့်ချစွာဖြင့် မိမိစာစောင်ကို နေဟမိ နိဂုံးချုပ်ခဲ့သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း]
အောက်ပါဝါကျများတွင် အဖြေမှန်ကို ရွေးပေးပါ–
၂၆။ ယေရှု၏တပည့်များသည် ဤမြေကြီး၏ဆားဖြစ်ရခြင်းမှာ (ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရမည်; နူးညံ့သိမ်မွေ့စွာ ပြောဆိုသည်; လူများကို ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သောသြဇာအာနိသင်ရှိ) သည့်အတွက်ဖြစ်သည်။ [ကဆ အခန်း ၈၄]
၂၇။ ယောဟန် ၁:၁ ပါကျမ်းချက်သည် ပုဂ္ဂိုလ် (တစ်ဦး;၊ နှစ်ဦး; သုံးဦး) ကိုဆိုလိုသည်။ [ဝစ စ. ၂၂ အပိုဒ် ၁၁ (၃)]
၂၈။ ဆာလံ ၉:၁၀ အရ ဘုရားသခင့်နာမတော်ကိုသိခြင်းအဓိပ္ပာယ်မှာ (ယေဟောဝါ၏နာမတော်ကို သိရုံသိခြင်း; ကိုယ်တော့်ရည်ရွယ်ချက်များကို အနည်းအကျဉ်းသိထားခြင်း; ကိုယ်တော်၏အာဏာတော်ကို လေးစားခြင်းနှင့် အမိန့်တော်များကို နာခံခြင်း) ဖြစ်သည်။ [ဝစ စ. ၂၆ အပိုဒ် ၁၄]
၂၉။ လာဇရု၊ မာသ၊ နှင့် မာရိတို့သည် (ယေရုရှလင်; ဗက်လင်; ဗေသနိ) တွင်နေထိုင်ကြသည်။ [ကဆ အခန်း ၈၉]
၃၀။ ကမ္ဘာဦး ၁:၁ နှင့် ၁:၂၆ တွင် “ဘုရားသခင်” ဟုပြန်ဆိုထားသည့် ဟေဗြဲစကားလုံးမှာ (အဒိုနေး; အီလိုဟင်းမ်; ရှဒိုင်) ဖြစ်သည်။ [ဝစ စ. ၂၄ အပိုဒ် ၁၁ (၄)]
အောက်ပါဝါကျများနှင့် သက်ဆိုင်ရာ ကျမ်းချက်များကို ပူးတွဲပေးပါ–
နေ. ၁၃:၂၃-၂၇; ဧသတာ ၁:၁၇-၂၀; ယောဘ ၁၄:၁၄၊ ၁၅; ၂၆:၇; သု. ၃:၅၊ ၆
၃၁။ ကမ္ဘာမြေကြီးသည် မည်သည့်မျက်မြင်ရ အထောက်အမ တစ်စုံတစ်ခုမျှမရှိ။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၉၂ ၅/၁၅ စ. ၅ ရှု။]
၃၂။ အိမ်ထောင်ဖက်ရှာနေသော စစ်မှန်သောဘုရားကို ကိုးကွယ်သူများသည် ယေဟောဝါနှင့် ဆက်ဆံမှုရှိ ဆက်ကပ်အပ်နှံခံယုံကြည်သူချင်းကိုသာ ထိမ်းမြားသင့်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; သစတ (၂) စ. ၃၀ အပိုဒ် ၁၇ ရှု။]
၃၃။ လူသေတို့ကို ယေဟောဝါ အမှန်ရှင်ပြန်ထမြောက်စေလိုတော်မူသည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၉၁ ၁၀/၁၅ စ. ၇ ရှု။]
၃၄။ ကျွန်ုပ်တို့၏ ဘဝပုံစံသည် ဘုရားသခင်ကို အဓိကထားသည့် စဉ်းစားတွေးခေါ်ပုံနှင့် စိတ်ဆန္ဒတို့ကို ပေါ်လွင်စေရမည်။ [ဝစ စ. ၁၃ အပိုဒ် ၁၁]
၃၅။ အခွင့်အာဏာရှိသူကို မလေးမခန့်ပြုခြင်းသည် အခြားသူများအတွက် မကောင်းသောအကျိုးသက်ရောက်စေနိုင်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၀ ၃/၁၅ စ. ၁၀ ရှု။]