ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၄ စာ. ၃
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း—စကားဆက်ပြတ်စေနိုင်သူတွေကို တုံ့ပြန်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • အိမ်ရှင်ကို ကျိုးကြောင်းဆင်ခြင်နိုင်အောင် ကူညီပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ရိုးရိုးလေးနှင့် ထိရောက်သော ပြန်လည်ပတ်မှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • သတင်းကောင်း ဝေငှခြင်း—ခွဲခြားသိမြင်နိုင်စွမ်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၆/၉၄ စာ. ၃

မေးခွန်းသေတ္တာ

▪ မိမိအိမ်သို့ ယေဟောဝါသက်သေများ နောက်တစ်ဖန်မလာကြရန် အိမ်ရှင်ပြောဆိုသည့်အခါ မည်သို့ကိုင်တွယ် ဖြေရှင်းမည်နည်း။

ဘာသာရေးနှင့်ဆိုင်သည့် လည်ပတ်မှုများ၊ ယေဟောဝါသက်သေများ အမည်တပ်၍ လည်ပတ်ခြင်းများ မပြုရန် တံခါး၌ ဆိုင်းဘုတ်ဆွဲထားသည်ကို တွေ့ရှိလျှင် အိမ်ရှင်၏ဆန္ဒကို လေးစားမှုပြကာ တံခါးမခေါက်လျှင် ကောင်းပါမည်။

တစ်ခါတစ်ရံ ဈေးအရောင်းအဝယ်ပြုခြင်းကိုမပြုရန် ဆိုင်းဘုတ်တပ်ထားသည်ကို တွေ့ရှိကြရသည်။ ကျွန်ုပ်တို့၏လုပ်ငန်းသည် စေတနာ့ဝန်ထမ်းခြင်းဖြစ်သည့် ဘာသာရေးလုပ်ငန်းဖြစ်သောကြောင့် ယင်းစာတန်းသည် ကျွန်ုပ်တို့နှင့်မသက်ဆိုင်ပါ။ ထိုအခါ ဤသို့သောအိမ်၏တံခါးကို ခေါက်ခြင်းသည် သင့်လျော်ပါသည်။ အိမ်ရှင်ကန့်ကွက်မည်ဆိုလျှင် ယင်းသို့သော ဆိုင်းဘုတ်များသည် ကျွန်ုပ်တို့နှင့်မသက်ဆိုင်ဟု ယူမှတ်သည့်အကြောင်းကို လိမ္မာပါးနပ်စွာ ရှင်းပြနိုင်ပါသည်။ အိမ်ရှင်၏တားမြစ်ချက်တွင် ယေဟောဝါသက်သေများလည်းပါဝင်ကြောင်း သူပြောဆိုမည်ဆိုလျှင် သူ၏ဆန္ဒကို ကျွန်ုပ်တို့လိုက်လျောကြပါမည်။

ရပ်ကွက်တစ်ခုတွင် အမှုဆောင်သောအခါ အိမ်ရှင်တစ်ဦးသည် အမျက်ဒေါသထွက်ပြီး နောက်တစ်ဖန်မလာရန် အတည့်အလင်းပြောဆိုပေမည်။ သူ့အား ရှင်းပြ၍မရလျှင် ဤတောင်းဆိုချက်ကို ကျွန်ုပ်တို့လိုက်နာသင့်သည်။ ရပ်ကွက်စာအိတ်တွင် ရက်စွဲပါ သတိပြုချက်ကို ထည့်ထားပေးကာ နောက်နောင် ကြေညာသူများ အမှုဆောင်ချိန်၌ ထိုလိပ်စာသို့ရောက်သွားလျှင် ယင်းကိုရှောင်မည်။

သို့ရာတွင် ဤအိမ်များကို အချိန်အကန့်အသတ်မရှိ အမြဲတမ်းရှောင်ရန်မဟုတ်ကြောင်းကို သတိပြုသင့်ပါသည်။ လက်ရှိအိမ်ရှင်များ ပြောင်းရွှေ့သွားကြပေမည်။ အခြားအိမ်သားတစ်ဦးတစ်ယောက်နှင့် တွေ့ဆုံကောင်းတွေ့ဆုံနိုင်မည်။ ကျွန်ုပ်တို့တွေ့ရှိခဲ့သောအိမ်ရှင်ကိုယ်တိုင်ပင် စိတ်ပြောင်းလဲလာ၍ လည်ပတ်မှုကို လက်သင့်ခံလာနိုင်ပေမည်။ ထိုကြောင့် အချိန်အတန်ကြာလေသော် ထိုအိမ်သူအိမ်သားများ၏ စိတ်ထားကို ဝေခွဲနိုင်ရန် လိမ္မာပါးနပ်သောမေးခွန်းများကို မေးမြန်းနိုင်ပါသည်။

ရပ်ကွက်ဖိုင်တွဲကို တစ်နှစ်လျှင်တစ်ကြိမ် ပြန်စစ်ဆေးကြည့်သင့်သည်။ အဘယ်အိမ်များထံ သွားရောက်သက်သေမခံဖို့ မှာကြားထားကြောင်းကို စာရင်းပြုလုပ်နိုင်ပါသည်။ လုပ်ငန်းတော်ကြီးကြပ်မှူး၏ ညွှန်ကြားချက်အရ ဤအိမ်များထံ အတွေ့အကြုံရှိ လိမ္မာပါးနပ်စွာပြောဆိုနိုင်မည့်ကြေညာသူများ သွားရောက်နိုင်ပါမည်။ အိမ်ရှင်အပြောင်းအလဲရှိမရှိ မေးမြန်းခြင်းငှာ လည်ပတ်ရောက်ရှိလာကြောင်း ရှင်းပြနိုင်ပါသည်။ ကျိုးကြောင်းဆင်ခြင်စာအုပ် စာမျက်နှာ ၁၅-၂၄ ပါ “စကားဆက်မပြောရန် ပြောဆိုကောင်းပြောဆိုမည့် စကားများကို မည်သို့တုံ့ပြန်ဖြေရှင်းနိုင်ကြောင်း” အကြောင်းအောက်ရှိ အချက်အလက်ကို ကြေညာသူသည် အကျွမ်းတဝင်ရှိသင့်သည်။ တုံ့ပြန်ပုံသည် တော်သင့်ပုံရှိမည်ဆိုလျှင် နောက်နောင်လည်ပတ်ရောက်ရှိချိန်တွင် ဤအတိုင်းပင်ပြုလုပ်ဆောင်ရွက်နိုင်ပါလိမ့်မည်။ အိမ်ရှင်သည် ဆက်၍သာ ခက်ထန်ရိုင်းစိုင်းနေဦးမည်ဆိုလျှင် နောက်တစ်နှစ်မရောက်မချင်း ထိုအိမ်သို့ လည်ပတ်သက်သေခံခြင်းများ မပြုလုပ်သင့်ပါ။ အခြေအနေတို့ကို အခြားတစ်နည်းနည်းဖြင့် ပြောင်းလဲဆောင်ရွက်သင့်မသင့် အကြီးအကဲအဖွဲ့က ဆုံးဖြတ်ပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ