ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၄ စာ. ၂
  • နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • နိုဝင်ဘာ ၇ ရက်နေ့တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၁၁/၉၄ စာ. ၂

နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

နိုဝင်ဘာ ၇ ရက်နေ့တွင် စမည့်အပတ်

သီချင်း ၄

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ နောက်ဆုံးထုတ် မဂ္ဂဇင်းများကိုဝေငှရာတွင် ၎င်းတို့မှ ပြောဆိုတင်ပြနိုင်သည့်အချက် တစ်ခုနှစ်ခုကို ဖော်ပြပါ။ လောကီပွဲနေ့ဖြစ်သော နိုဝင်ဘာ ၁၇ ရက်နေ့တွင် လယ်ကွင်းလုပ်ငန်းအတွက် အစီအစဉ်များကို ဆွေးနွေးတင်ပြပါ။

၁၈ မိ–“ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် တန်ခိုးရှိသည်။” မေးဖြေရန်။ ကျမ်းစာကိုနေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုခြင်း—၁၉၉၄ ပါကျမ်းဦးစကားကိုအခြေခံပြီး ကျမ်းစာကို မှန်မှန်ဖတ်ရှုခြင်း၏ အရေးကြီးမှုအကြောင်း ထည့်ပြောပါ။

၁၇ မိ– “သမ္မာကျမ်းစာ—ဒုက္ခမြားမြောင်သောကမ္ဘာတွင် စိတ်သက်သာမှုနှင့် မျှော်လင့်ခြင်း၏ဇာစ်မြစ်။” ပရိသတ်နှင့်ဆွေးနွေး။ အကြံပြုထားသည့် တင်ဆက်ပုံများကို မည်သို့အသုံးပြုနိုင်ကြောင်း ဖော်ပြသည့် သရုပ်ပြခန်းနှစ်ခုကို စီစဉ်ပါ။

သီချင်း ၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၁၄ ရက်နေ့တွင် စမည့်အပတ်

သီချင်း ၂၅

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းဖတ်ပြခြင်းနှင့် အလှူငွေများ ရရှိကြောင်း အသိအမှတ်ပြုခြင်း။

၁၇ မိ– “အဘယ်စိတ်ထားမျိုးကို သင်တင်ပြသနည်း။” ဟောပြောရန်။ ၁၉၇၈၊ ဇွန် ၁၅ ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၆၊ အပိုဒ် ၄၊ ၅ ပါအချက်များကို ထည့်ပြောပါ။

၁၈ မိ– “နိုင်ငံတော်သတင်း ဟောပြောခြင်းကို တိုးတက်စေရန် နည်းများ။” မေးဖြေရန်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါအကြံပြုချက်များကို အကျိုးဖြစ်ထွန်းစွာ မည်သို့အသုံးပြုခဲ့ကြောင်း ပရိသတ်မှ တွေ့ကြုံမှုများကို တင်ပြစေပါ။

သီချင်း ၃၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂၁ ရက်နေ့တွင် စမည့်အပတ်

သီချင်း ၄၀

၁၂ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာ။ အကြီးအကဲ ဟောပြောရန်။ ဤဆောင်းပါးကို မိမိဒေသအတွက် သက်ဆိုင်စေပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၄၊ စက်တင်ဘာ ၁ ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၉ ပါ “သင်၏မြင့်မြတ်သောလုပ်ငန်းကိုလေးမြတ်လေ” အကြောင်းကို အကြီးအကဲတစ်ဦး ဟောပြောရန်။

၁၈ မိ– “‘နောက်တစ်ဖန် နားထောင်’ ရန် သူတို့အား ကူညီပေးလေ။” ပရိသတ်နှင့်ဆွေးနွေးရန်။ ကျမ်းစာသင်အံမှုတစ်ခု စတင်သည့်အခါ သမ္မာကျမ်းစာကို မည်သို့အသုံးပြုနိုင်ကြောင်း ကောင်းစွာပြင်ဆင်ထားသည့် သရုပ်ပြနှစ်ခုကို စီစဉ်ပါ။

သီချင်း ၅၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂၈ ရက်နေ့တွင် စမည့်အပတ်

သီချင်း ၅၈

၁၀ မိ– ဒေသကြေညာချက်များ။

၁၇ မိ– “သူတစ်ပါးနှင့်အတူတွဲဖက်အမှုဆောင်ရာမှ ရရှိသောကောင်းချီးများ။” မေးဖြေရန်။ ကိုယ်ပိုင်အစီအစဉ်ကို အမြဲပြုလုပ်၍ အမှုဆောင်ထွက်မည့်အစား အသင်းတော်စီစဉ်သည့် လယ်ကွင်းလုပ်ငန်းအစည်းအဝေးများကို အားပေးထောက်ခံရန် တိုက်တွန်းပါ။ အုပ်စုနှင့်တွဲဖက်အမှုဆောင်ခြင်းသည် ကောင်းချီးပိုရရှိစေသည်၊ လုပ်ငန်းတွင် ပိုမိုထိရောက်ကာ အပြန်အလှန်အားပေးမှုကို ဖြစ်ထွန်းစေသည်။

၁၈ မိ–  ဒီဇင်ဘာလအတွင်း အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဝေငှမည်။ ဤစာအုပ်သည် အထူးလိုအပ်နေသည်။ ယေရှု၏တပည့်တော်ဟု အမည်ခံသူ သန်းပေါင်းများစွာရှိ။ ကိုယ်တော်.တရားကို ယုံကြည်သည်ဟု ဆိုကြ။ အခြားသူတို့နှင့် မတူ ယေရှုအား ထူးခြားစေသည်ကား အဘယ်အရာဖြစ်ကြောင်း သိထားရန်လို—သူတို့၏ ကယ်တင်ခြင်းသည် ယင်းပေါ်တွင် အခြေပြု။ အကြီးမြတ်ဆုံးလူသား စာအုပ်၊ အခန်း ၁၃၃ က ဤသို့ဆိုသည်– “ကိုယ်တော်၏ မြင့်မြတ်လှသော ရဲစွမ်းသတ္တိနှင့် ယောက်ျားပီသခြင်း၊ ပြိုင်ဘက်ကင်းဉာဏ်ပညာ၊ ကိုယ်တော်၏ ထူးခြားသောဆရာသမားအရည်အချင်း၊ ရဲဝံ့သော ဦးစီးမှု၊ ကြင်နာမှုနှင့် စာနာမှုတို့ကို သုံးသပ်သည့်အခါ စိတ်လှုပ်ရှားထိမိပေမည်။” သမ္မာကျမ်းစာက ကိုယ်တော့်အား (၁) သက်သေခံတစ်ဦး (ယော. ၁၈:၃၇)၊ (၂) ကယ်တင်ရှင် (တ. ၄:၁၂)၊ နှင့် (၃) ရှင်ဘုရင် တစ်ပါးအဖြစ် (ဗျာ. ၁၁:၁၅) ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်။ ဤအချက်အချို့ကို အသုံးပြုကာ သရုပ်ပြခန်းတစ်ခုကို ကျွမ်းကျင်သောကြေညာသူတစ်ဦးအား တင်ပြစေပါ။ ဒီဇင်ဘာလအတွင်း ဤစာအုပ်ကို အားလုံးပါဝင်ဝေငှကြရန် တိုက်တွန်းပါ။

သီချင်း ၆၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ