ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
ဒီဇင်ဘာ ၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “ကျွန်ုပ်တို့၏သတင်းတရားကို မည်သူနားထောင်မည်နည်း။” မေးဖြေရန်။ ကျွန်ုပ်တို့၏သတင်းတရားသည် အဘယ်ကြောင့်နှစ်သက်ဖွယ်ဖြစ်ရကြောင်း ၁၉၈၇၊ မတ် ၂၂၊ နိုးလော့! [လိပ်] စာမျက်နှာ ၅ ပါအချက်များပါဝင်စေပါ။
၂၀ မိ– “ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လမ်းညွှန်မှုပေး။” (အပိုဒ် ၁-၆) အပိုဒ် ၁-၂ ဖြင့်နိဒါန်းပျိုးပါ။ (ကျိုးကြောင်းဆင်ခြင်စာအုပ် စာမျက်နှာ ၅၈-၆၀ တွင်အတိုချုပ်ဖော်ပြထားသော “သမ္မာကျမ်းစာကိုသုံးသပ်သင့်သောအကြောင်းရင်း” လေးခုပါဝင်စေပါ။) အပိုဒ် ၃-၆ တွင်အကြံပြုထားသောတင်ဆက်ပုံများကို အရည်အချင်းရှိကြေညာသူများအား သရုပ်ပြစေပါ။ (၁) မေးခွန်းများမေးခြင်းက စိတ်ဝင်စားမှုကိုလှုံ့ဆော်ပေးရန်အကူအညီဖြစ်ပုံ (၂) ကျမ်းချက်များကို ဆွေးနွေးသည့်အကြောင်းနှင့်ကိုက်ညီအောင်အသုံးပြုပုံ (၃) အစဦးပြုဆွေးနွေးခဲ့ပြီးနောက် ပုံမှန်ပြန်လည်ပတ်မှုပြုလုပ်ပုံ (၄) သင်အံမှုပြုလုပ်ဖို့ကမ်းလှမ်းပုံတို့အပေါ် မှတ်ချက်များပေးရန် ပရိသတ်အားဖိတ်ခေါ်ပါ။
သီချင်း ၇၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– လုပ်ငန်းတော်တွင်ပါဝင်ရန် အသက်ကြီးသူများကိုကူညီပါ။ သစ္စာရှိသောသက်ကြီးကြေညာသူများစွာသည် အသင်းတော်ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ရန် စိတ်အားထက်သန်ကြသော်လည်း အသက်အရွယ်နှင့်ကျန်းမာရေးချို့တဲ့မှုကြောင့် ကိုယ်ကာယပိုင်းကန့်သတ်ချက်များရှိသည်။ လုပ်ငန်းအုပ်စုတွင်ပါဝင်နိုင်ရန် သူတို့အားထောက်ထားညှာတာမှုကို ဤနည်းဖြင့်တင်ပြနိုင်သည်– အကြိုအပို့လုပ်ပေးပါ; သူတို့အတွက် လှေကားထစ် ပိုနည်းသည့်အိမ်များသို့သွားရန် စီစဉ်ပေးပါ; မောသည့်အခါအနားယူနိုင်ရန် အမှုဆောင်သည့်နေရာနှင့်နီးသည့်နေရာတွင် ကားကိုထားပါ; သူတို့၏ပြန်လည်ပတ်မှုများကို ကားဖြင့်သွားဖို့ကမ်းလှမ်းပါ; ဆက်မလုပ်ဆောင်နိုင်တော့ဟုသူတို့ယူဆသောအခါ အိမ်သို့ပြန်ပို့ပေးမည့်အကြောင်း အသိပေးပါ; အသက်ကြီးသူတို့သည် သူတို့ကိုကူညီပေးမှုအတွက် ဝမ်းသာကြသည်။ ဒေသအလိုက် ထိုသို့သောထောက်ထားညှာတာမှုကို သင် ပြသနိုင်သည့်အခြားနည်းများကိုဖော်ပြပါ။ ၁၉၈၆၊ ဖေဖော်ဝါရီ ၁ ရက်၊ ကင်းမျှော်စင် [လိပ်] ပါ “သက်ကြီးရွယ်အိုများကိုလေးမြတ်ခြင်း” ဆောင်းပါးမှအဓိကအချက်များကိုသုံးသပ်ပါ။
၂၀ မိ– “ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လမ်းညွှန်မှုပေး။” (အပိုဒ် ၇-၉) ၁၉၉၃၊ မေလ ၁ ရက်၊ ကင်းမျှော်စင်စာမျက်မှာ ၃ ပါ “လမ်းပြမှုလိုအပ်နေ” ကိုမှတ်ချက်ပေးပါ။ ကျွန်ုပ်တို့၏တင်ဆက်ပုံများက သာလွန်မြင့်မြတ်သည့်ပင်ရင်း—ဘုရားသခင်ထံမှ အကူအညီရရှိရန်ရှာယူခြင်း၏အရေးကြီးမှုကို အလေးထားသင့်ကြောင်းရှင်းပြပါ။ အပိုဒ် ၇-၈ ပါ တင်ဆက်ပုံများကို ကြေညာသူအားသရုပ်ပြစေပါ။ နောက်ဆုံးတွင် ကျွန်ုပ်တို့၏ပန်းတိုင်သည် အသိပညာစာအုပ်ဖြင့်ကျမ်းစာသင်အံမှုစနိုင်ရန်ဖြစ်သင့်ကြောင်း အလေးထားတင်ပြပါ။
သီချင်း ၁၉၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ပွဲနေ့နှုတ်ခွန်းဆက်စကားများကို လိမ္မာပါးနပ်စွာတုံ့ပြန်ပုံနှင့်ပတ်သက်၍ အကြံပြုချက်အချို့ပေးပါ။ ဒီဇင်ဘာ ၂၅ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်းတော်အစီအစဉ်များကို ဖော်ပြပါ။
၁၅ မိ– “ကျွန်ုပ်တို့ကိုယ်ကို လိုလိုလားလား ပေးဆက်ခြင်း။” မေးဖြေရန်။ ၁၉၈၅၊ မေလ ၁ ရက်၊ ကင်းမျှော်စင်စာမျက်နှာ ၂၂ မှမှတ်ချက်များပါဝင်စေပါ။
၂၀ မိ– “ဘုရားပေးတိုးပွားမှုနှင့်အတူဝမ်းမြောက်နေခြင်း။” အကြီးအကဲတစ်ဦးအားတက်သရောဟောပါ။ မကြာသေးမီကဖြစ်သောနှစ်ချုပ်စာအုပ်တွင် ဖော်ပြထားသည့်နိုင်ငံများရှိတိုးပွားနေသောလက္ခဏာ သို့မဟုတ် တွေ့ ကြုံမှုများကိုဖော်ပြပါ။
သီချင်း ၄၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဤအပတ်လုပ်ငန်းတော်တွင်အသုံးပြုနိုင်သော နောက်ဆုံးထုတ်မဂ္ဂဇင်းများပါ အဓိကအချက်များကိုညွှန်ပြပါ။ ဇန်နဝါရီ ၄ ရက်အတွက် အထူးလယ်ကွင်းလုပ်ငန်းတော်အစီအစဉ်ကို ဖော်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၆၊ ဇူလိုင် ၁၅ ရက်၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၄-၅ မှ “အငြိမ်းစားယူခြင်း—သီအိုကရက်တစ်လှုပ်ရှားမှုအတွက် ပွင့်လျက်ရှိသောတံခါးတစ်ခုလော။”—ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၇၉၄၊ အပိုဒ် ၂-၃ ရှု။
၂၀ မိ– “သီအိုကရက်တစ်ဓမ္မအမှုကျောင်းစာရင်းသွင်းခြင်း။” ကျောင်းကြီးကြပ်မှူးဟောပါ။ ဒေသခံစာရင်းသွင်းသူဦးရေကိုဖော်ပြပြီး စာရင်းသွင်းနိုင်သူများစာရင်းသွင်းကြဖို့ အားလုံးကိုအားပေးပါ။ “၁၉၉၇ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်” ပါကျောင်းသားတာဝန်များအတွက် ညွှန်ကြားချက်များကိုသုံးသပ်ပါ။
သီချင်း ၁၆၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၃၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နှစ်သစ်အတွက် သင့်အသင်းတော်၏စည်းဝေးအချိန်များပြောင်းဖို့လိုပါက လိုအပ်သောပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်နှင့် အသင်းတော်အချိန်ဇယားအသစ်နှင့်အတူ စည်းဝေးမှန်မှန်တက်ရောက်ခြင်းကိုထိန်းသိမ်းထားရန် ကြင်နာစွာဖြင့်အားပေးတိုက်တွန်းပါ။
၂၀ မိ– “အခန့်သင့်အကူအညီ။” မေးဖြေရန်။ စာအုပ်သစ်များမှ တန်ဖိုးရှိပေါ်လွင်ချက်များကိုညွှန်ပြပါ။
၁၅ မိ– ဇန်နဝါရီတွင်ဝေငှမည့်စာပေကိုသုံးသပ်ပါ။ ၁၉၈၄ ခုနှစ်မတိုင်မီထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆိုဝေငှပါ။ မရှိပါက Survival Into a New Earth စာအုပ်ကိုသုံးပါ။ အသင်းတော်တွင် လက်ကျန် မည်သည့်စာအုပ်ရှိသည်ကို ဖော်ပြပါ။ သင့်ရပ်ကွက်တွင်ထိရောက်စွာအသုံးပြုနိုင်မည့် နှစ်ခု၊ သုံးခုကိုရွေးပါ။ ကျိုးကြောင်းဆင်ခြင်စာအုပ်စာမျက်နှာ ၉-၁၄ ကိုသုံးကာ တစ်အုပ်စီအတွက်သင့်လျော်သည့်နိဒါန်းများကို တိုတိုတုတ်တုတ်သုံးသပ်ပါ။ တင်ဆက်ပုံတစ်ခု သို့မဟုတ် နှစ်ခုကိုသရုပ်ပြပါ။
သီချင်း ၁၃၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။