မေလအတွက်လုပ်ငန်းတော်စည်းဝေးများ
မှတ်ချက်– ကန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုသည် နွေရာသီလများအတွင်း အပတ်စဉ်လုပ်ငန်းတော်စည်းဝေးကို စီစဉ်ပေးပါမည်။ အသင်းတော်များသည် တိုက်နယ်စည်းဝေးတက်ခွင့်ရရန်နှင့် နောက်တစ်ပတ်လုပ်ငန်းတော်စည်းဝေးတွင် အစီအစဉ်၏ပေါ်လွင်ချက်များကို မိနစ် ၃၀ ပြန်သုံးသပ်နိုင်ရန် လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများလုပ်နိုင်သည်။ တိုက်နယ်စည်းဝေး၏ နေ့စဉ်အစီအစဉ်ကိုသုံးသပ်ရန် ထင်ရှားပေါ်လွင်သည့်အချက်များကို သတိမူစေနိုင်မည့်သူ အရည်အချင်းရှိညီအစ်ကိုသုံးဦးအား ကြိုတင်တာဝန်ပေးထားသင့်သည်။ ဤသို့ကောင်းစွာပြင်ဆင်ထားသော ပြန်လည်သုံးသပ်မှုက အသင်းတော်အား ကိုယ်ပိုင်ကျင့်သုံးရန်နှင့် လယ်ကွင်းတွင်အသုံးပြုရန် အဓိကအချက်များကို မှတ်မိဖို့ကူညီပေးမည်။ ပရိသတ်ပေးသည့်အဖြေနှင့် တင်ပြသောတွေ့ ကြုံမှုတိုင်းသည် တိုတိုနှင့်အချက်ကျကျဖြစ်သင့်သည်။
မေ ၄ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ သီအိုကရက်တစ်သတင်း။
၁၅ မိ– “ယေဟောဝါ၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူ၏။” မေးဖြေရန်။ အပိုဒ် ၃ ကိုခြုံငုံတင်ပြသည့်အခါ ၁၉၉၈ နှစ်ချုပ်စာအုပ်မှ သင့်လျော်သောကောက်နုတ်ချက်များကို ပါဝင်စေပါ။
၂၂ မိ– “လူတို့၏အထူးစိတ်ဝင်စားရာများကို ရည်စူးလျက် ဆောင်းပါးများကိုရွေးချယ်ပါ။” ဆောင်းပါးပါ အဓိကအချက်များကို သုံးသပ်ပါ။ အခြေအနေကောင်းနေသေးသည့် လထုတ်အဟောင်းများကိုပင် ဤနည်းဖြင့်ဝေငှနိုင်သည်။ ကြေညာသူများအား မည်သည့်ဆောင်းပါးများကို ရလဒ်ကောင်းများဖြင့် သူတို့ဝေမျှခဲ့ကြောင်း ပြောပြရန်ဖိတ်ခေါ်ပါ။ အပိုဒ် ၇ ပါတင်ဆက်ပုံကို သရုပ်ပြပါ။
သီချင်း ၂၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၁၁ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၂ မိ– “နွေရာသီအတွက် သင့်အစီအစဉ်များကား အဘယ်နည်း။” အကြီးအကဲတစ်ဦးသည် ကြေညာသူနှစ်ဦးသုံးဦးနှင့် လာမည့်နွေရာသီလများအတွက် သူတို့၏အစီအစဉ်များကိုဆွေးနွေးရန်။ စည်းဝေးကြီးတက်ရန်၊ သူတို့၏လယ်ကွင်းလုပ်ငန်းကိုတိုးချဲ့ရန်၊ အားလပ်ရက်အပန်းဖြေရန်နှင့် မိတ်ဆွေနှင့် ဆွေမျိုးများထံသွားရောက်လည်ပတ်ရန် အစီအစဉ်များကို သူတို့သုံးသပ်ကြသည်။ ကိုယ်ပိုင်လေ့လာမှု၊ အစည်းအဝေးများ သို့မဟုတ် လယ်ကွင်းလုပ်ငန်းတော်ကို သူတို့လျစ်လျူရှုမည်မဟုတ်ကြောင်း အားလုံးသဘောတူကာ သီအိုကရက်တစ် လုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုကို ထိန်းသိမ်းထားရန် မည်သို့စီစဉ်ကြကြောင်းကို ရှင်းပြကြသည်။
၂၅ မိ– “၁၉၉၈ ခုနှစ် ‘ဘုရားသခင်၏အသက်လမ်း’ ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများ။” (အပိုဒ် ၁-၁၆) မေးဖြေရန်။ အပိုဒ် ၁၀ နှင့် ၁၁ ကိုဖတ်ပါ။ ကျွန်ုပ်တို့၏ဣန္ဒြေရှိသောခရစ်ယာန်အသွင်အပြင်နှင့် အကျင့်အကြံကို ဂရုတစိုက်ထိန်းသိမ်းထားခြင်းနှင့် ကျွန်ုပ်တို့၏သားသမီးများကို ကောင်းစွာကြီးကြပ်ပေးခြင်းတို့၏ ကျမ်းစာဆိုင်ရာအရေးကြီးမှုကို အလေးထားတင်ပြပါ။
သီချင်း ၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၁၈ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “သင့်တွင် ‘ကိုယ်၌စူးသောဆူး’ ရှိသလော။” မေးဖြေရန်။ ၁၉၈၇၊ နိုဝင်ဘာ ၁၅၊ ကင်းမျှော်စင် [လိပ်]၊ စာမျက်နှာ ၂၉ ပါ “စာရှုသူများထံမှ မေးခွန်းများ” ကိုမှတ်ချက်ပေးပါ။
၂၂ မိ– “၁၉၉၈ ခုနှစ် ‘ဘုရားသခင်၏အသက်လမ်း’ ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများ။” (အပိုဒ် ၁၇-၂၁) မေးဖြေရန်။ အပိုဒ် ၁၇ နှင့် ညွှန်းထားသောကျမ်းချက်ကို ဖတ်ပါ။ နည်းစနစ်ကျနရန်နှင့် အထူးသဖြင့် ထိုင်ခုံနေရာနှင့်စပ်လျဉ်း၍ အခြားသူများကို ထောက်ထားစာနာရန် လိုအပ်ချက်ကို အလေးထားတင်ပြပါ။ “စည်းဝေးကြီးသတိပေးချက်များ” ကိုသုံးသပ်သည့် ဟောပြောချက်တိုတစ်ခုပါဝင်စေပါ။
သီချင်း ၁၃၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၂၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– အသင်းတော်အစည်းအဝေးများကို ကျွန်ုပ်တန်ဖိုးထားရသည့်အကြောင်း။ အိမ်ထောင်သည်မောင်နှံတစ်စုံ၊ သက်ကြီးရွယ်အိုတစ်ဦးနှင့် ဆက်ကျော်သက်တစ်ဦး ပါဝင်ကောင်းပါဝင်မည့် အသင်းတော်ကိုကိုယ်စားပြုသော မှန်မှန်တက်ရောက်သူများအုပ်စုတစ်စုနှင့် အကြီးအကဲဆွေးနွေးပါ။ သူတို့ အမြဲတက်ရောက်ရသည့်အကြောင်းနှင့်စပ်လျဉ်း၍ ဖွင့်ဟပြောဆိုကြသည်– ကောင်းသောပေါင်းသင်းမှု၊ မြင့်မြတ်သောသွန်သင်မှုနှင့် ကျန်းခံ့သောသွန်သင်ချက်က နေ့စဉ်ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်နှင့် ဝိညာဉ်ရေးသန်စွမ်းနေရန် သူတို့ကို ကူညီပေးသည်။ အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့အားလုံး မည်သို့ကောင်းချီးခံစားရကြောင်းကို အလေးထားတင်ပြပါ။
သီချင်း ၂၂၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။