ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၈ စာ. ၂
  • ဇွန်လအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇွန်လအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇွန် ၁ တွင်စမည့်အပတ်
  • ဇွန် ၈ တွင်စမည့်အပတ်
  • ဇွန် ၁၅ တွင်စမည့်အပတ်
  • ဇွန် ၂၂ တွင်စမည့်အပတ်
  • ဇွန် ၂၉ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၆/၉၈ စာ. ၂

ဇွန်လအတွက်လုပ်ငန်းတော်စည်းဝေးများ

ဇွန် ၁ တွင်စမည့်အပတ်

သီချင်း ၂၂၃

၈ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ သီအိုကရက်တစ်သတင်း။

၁၅ မိ– “ကောင်းသောအလုပ်ဟူသမျှအတွက် ပြည့်စုံစွာတန်ဆာဆင်ခံရ။” မေးဖြေရန်။ ဖေဖော်ဝါရီ ၁၅၊ ၁၉၉၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၃-၅ ကိုအခြေခံပြီး တိုတုတ်သည့်မှတ်ချက်များပေးပါ။

၂၂ မိ– “‘လူအပေါင်းတို့’ ကိုသက်သေခံခြင်း။” ဇွန်လတွင်ဝေငှရာ၌ ရွေးချယ်ထားသော ၁၉၂-မျက်နှာရှိစာအုပ်များပါဝင်သော်လည်း အကြီးမြတ်ဆုံးလူသား သို့မဟုတ် ဘုရားသခင်ကို လူသားများရှာပုံတော် [လိပ်] စာအုပ်ကို အချို့သူတို့အားဝေငှရန်သင့်လျော်သည့်အခါတိုင်း ယင်းကိုဝေငှနိုင်ကြောင်း အကြီးအကဲတစ်ဦးရှင်းပြသည်။ အကြီးအကဲတစ်ဦးနှင့် အတွေ့အကြုံရှိသောကြေညာသူအုပ်စုသည် အကြံပြုထားသောတင်ဆက်ပုံများကို ဆွေးနွေးကြသည်။ ဒေသအတွင်း ဘာသာတရားများ တွေ့ ကြုံနေရသည့်အရာများကို အကျဉ်းချုံးသုံးသပ်ပြီး အခြေအနေတစ်ခုစီတွင် စကားအစပြုပြောဆိုဖို့ စိတ်ထဲတွင် အကြောင်းအရာများ အဘယ်ကြောင့်ရှိထားသင့်ကြောင်း ရှင်းပြပါ။ တစ်ခုနှစ်ခုကို တိုတိုတုတ်တုတ်သရုပ်ပြပါ။

သီချင်း ၁၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၈ တွင်စမည့်အပတ်

သီချင်း ၂၀၉

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– “သခင့်ပိုင်ဆိုင်ရာများကို ကြည့်ရှုစောင့်ရှောက်ခြင်း။” ကြားညှပ်စာရွက်တွင်ပါသည့် အချက်အလက်များကိုသုံးသပ်၍ အကြီးအကဲတစ်ဦးဟောရန်။

၂၀ မိ– “လုပ်ငန်းပြီးမြောက်ရန် ကျွန်ုပ်တို့အားလုံးလုပ်ဆောင်ရန်လို။” မေးဖြေရန်။ အကြီးအကဲများသည် လိုအပ်ရာများကိုလုပ်ဆောင်ပြီးမြောက်ရန် တလိုတလားရှိသောစေတနာ့ဝန်ထမ်းများကို အဘယ်ကြောင့်မှီခိုအားထားနေရကြောင်း ရှင်းပြပါ။ နိုင်ငံတော်ခန်းမသန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ ဖျားနာသူနှင့်သက်ကြီးရွယ်အိုများကိုကူညီခြင်း၊ ရပ်ကွက်ကိုပြီးမြောက်စေခြင်းကဲ့သို့သော ဒေသလိုအပ်ရာများကိုသုံးသပ်ပါ။ များစွာသောသူတို့၏ တလိုတလားပေးသောအကူအညီကို သူတို့မည်သို့လေးမြတ်ကြောင်းပြောဆိုရန် အကြီးအကဲများအားဖိတ်ခေါ်ပါ။ တစ်ဦးစီ၏ကြိုးစားလုပ်ဆောင်မှု မည်မျှလိုအပ်ကြောင်း အလေးပေးတင်ပြပါ။

သီချင်း ၁၅၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၁၅ တွင်စမည့်အပတ်

သီချင်း ၇

၁၀ မိ– ဒေသကြေညာချက်များ။

၂၀ မိ– “အင်တိုက်အားတိုက်ကြိုးစားအားထုတ်ကြလော့။” ဇန်နဝါရီ ၁၅၊ ၁၉၈၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၆ ကိုအခြေခံပြီးဟောရန်။ စက်တင်ဘာ ၁ တွင်စာရင်းသွင်းရန်အားပေးကာ မှန်မှန်ရှေ့ဆောင်လုပ်ငန်း၏အရေးပါမှုကို ဆွေးနွေးပါ။

၁၅ မိ– “အကျင့်အကြံကောင်းဖြင့်သက်သေခံခြင်း။” မေးဖြေရန်။ စံထားအပ်သောလူငယ်အချို့ကို လူတွေ့ခေါ်မေးပါ။ မိမိတို့၏ခရစ်ယာန်အကျင့်အကြံက အခြားသူများကို မည်သို့နှစ်သက်စွဲမှတ်သွားစေကြောင်း သူတို့ပြောပြကြသည်။ ဇန်နဝါရီ ၁၊ ၁၉၉၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၄-၅ မှတွေ့ ကြုံမှုတစ်ခုနှစ်ခုကို ပြောပြပါ။

သီချင်း ၁၇၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၂၂ တွင်စမည့်အပတ်

သီချင်း ၆၁

၁၀ မိ– ဒေသကြေညာချက်များ။ အသင်းတော်စာရင်းအင်းများကို စစ်ဆေးပြီးလျှင် ကြေညာပေးပါ။

၁၅ မိ– မဂ္ဂဇင်းလမ်းကြောင်းကိုစနိုင်ပုံ။ လိုအပ်ချက်ကိုဖော်ပြပါ– ဝေငှခဲ့သမျှစာပေစာတမ်းများကို ရေးမှတ်ထားပါ၊ နှစ်ပတ်အတွင်းပြန်သွားပါ၊ စိတ်ဝင်စားမှုကို ဆက်၍ရှင်သန်နေစေရန် နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အကြောင်းအရာအသစ်အဆန်းများကို တင်ဆက်ပါ။ အိမ်နီးချင်း၊ အလုပ်ဖော်၊ အရောင်းစာရေး၊ ဓာတ်ဆီဆိုင်အလုပ်သမားများစသည်တို့ ပါဝင်နိုင်ကြောင်းအကြံပြုတင်ပြပါ။ စိတ်ဝင်စားမှုဆက်လက်တင်ပြသူများအား ခြောက်လနှစ်စဉ်ကြေးကမ်းလှမ်းပါ။ မဂ္ဂဇင်းလမ်းကြောင်းများနှင့်စပ်လျဉ်းသည့် တွေ့ ကြုံမှုကောင်းတစ်ခုကိုပြောပြရန် ကြေညာသူတစ်ဦးနှစ်ဦးကို ဖိတ်ခေါ်ပါ။

၂၀ မိ– ရှေ့ဆောင်များသည် အခြားသူများကိုထောက်ကူပေး၏။ ရှေ့ဆောင်များသည် အခြားသူများအား ကိုယ်တိုင်ကိုယ်ကျကူညီရန်အစီအစဉ်ကို သုံးသပ်ခြင်းဖြင့် လုပ်ငန်းတော်ကြီးကြပ်မှူးဟောရန်။ ယခင်က ထောက်ကူပေးသည့်အစီအစဉ်များကို မည်သို့အစပြုလုပ်ဆောင်ခဲ့ကြောင်း ရှင်းပြပါ။ (jv ၁၀၀; နဓ ၇/၇၉ ၁၊ ၃ [လိပ်]) လွန်ခဲ့သည့်သုံးနှစ်က နှစ်ခြင်းခံခဲ့သောလူသစ်တစ်သန်းကျော်သည် လေ့ကျင့်မှုလိုအပ်သည်။ “ရှေ့ဆောင်များ အခြားသူများကိုထောက်ကူ” အစီအစဉ်က ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းကိုတက်ခဲ့သည့် မှန်မှန်နှင့် အထူးရှေ့ဆောင်များ၏ အတွေ့အကြုံနှင့်လေ့ကျင့်မှုကိုအသုံးချသည်။ ပန်းတိုင်မှာ ရှေ့ဆောင်တစ်ဦးစီသည် တစ်နှစ်လျှင် ကြေညာသူနှစ်ဦးအား ဓမ္မအမှုတွင် ပို၍ကျွမ်းကျင်လာရန်နှင့် တိုးချဲ့ပါဝင်ရန်ကူညီပေးဖို့ဖြစ်၏။ ထောက်ကူပေးခြင်းခံရသူများသည် စိုးရိမ်စရာမလိုပါ; မေတ္တာဖြင့် ကြင်နာစွာအားပေးရန်လိုကြောင်း အလေးပေးတင်ပြပါ။ ဤအစီအစဉ်သစ်က ထောင်ပေါင်းများစွာသောသူတို့အတွက် ပိုမိုထိရောက်သောဓမ္မအမှုဆောင်များဖြစ်လာရန် အလားအလာရှိစေသည်။

သီချင်း ၂၀၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၂၉ တွင်စမည့်အပတ်

သီချင်း ၁၁၄

၁၀ မိ– ကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများပေးကြဖို့ အားလုံးကိုသတိပေးပါ။ ဇူလိုင်တွင်ဝေငှမည့်စာပေကို ဆွေးနွေးပါ။

၁၅ မိ– ဒေသလိုအပ်ရာ သို့မဟုတ် ကျွန်ုပ်အရှိန်လျော့ခဲ့ပြီလော။ ဒီဇင်ဘာ ၁၅၊ ၁၉၈၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၂၂၊ အပိုဒ် ၁၄-၁၆ ကိုအခြေခံပြီး အကြီးအကဲတစ်ဦးဟောရန်။ သူတို့၏မြင့်မြတ်သော လုပ်ငန်းတော်အရည်အသွေးနှင့် အရေအတွက်ကို ထင်ဟပ်ရန် နှစ်အတန်ကြာတက်တက်ကြွကြွရှိခဲ့သူများကို အားပေးပါ။

၂၀ မိ– ကျွန်ုပ်တို့အားလုံး အလွတ်သဘောသက်သေခံနိုင်။ အောက်တိုဘာ ၁၅၊ ၁၉၈၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂-၈ ကိုအခြေခံ၍ဟောပြောကာ ပရိသတ်နှင့်ဆွေးနွေးပါ။ လောကီရေးရာ၊ မိသားစု သို့မဟုတ် ကိုယ်ရေးကိုယ်တာ တာဝန်များဖြင့် အချိန်ကုန်လွန်သူများသည် အခြားသူများအား သတင်းကောင်းဝေမျှရန် အခွင့်အရေးများစွာကို နေ့စဉ်မည်သို့ရှာတွေ့နိုင်ကြောင်းတင်ပြပါ။ ဒေသခံတွေ့ ကြုံမှုအချို့ကို ပါဝင်စေပါ။

သီချင်း ၇၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ