လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇွန် ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဇွန် ၂၅ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင်ဆွေးနွေးရန်အတွက် ပြင်ဆင်ရာတွင် ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည် ဗီဒီယိုခွေကိုကြည့်ရန် လူတိုင်းကိုအားပေးပါ။ (ဗီဒီယိုခွေမရှိလျှင် ၎င်းတို့၏လစဉ်လယ်ကွင်းလုပ်ငန်းနာရီများတိုးတက်ရန် အားပေးပါ။) နောက်အပတ်တွင် ကျေးဇူးပြု၍ ကျောင်းလမ်းညွှန်စာအုပ် ယူလာပါ။
၁၅ မိ– “ဆက်၍ ‘ကောင်းမှုပြု’ နေလော့။” အကြီးအကဲတစ်ဦးက ကျမ်းဆိုင်ရာအားပေးမှုဖြင့် ဟောပြောရန်။
၂၀ မိ– “သင့်သင်သား၏နှလုံးကိုထိမိစေပါ။”a လူသစ်များအား ၎င်းတို့၏နှလုံးတွင် ယေဟောဝါနှင့်ယေရှုတို့အပေါ် ယုံကြည်ခြင်းနှင့် ချစ်မြတ်နိုးမှုတိုးပွားလာစေရန် မည်သို့ကူညီရမည်နှင့်စပ်လျဉ်းသည့် လက်တွေ့ကျအကြံပြုချက်များပါဝင်စေပါ။ ဇူလိုင် ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄၊ အပိုဒ် ၁၈-၂၀ ပါအဓိကအချက်များကို အသုံးပြုပါ။
သီချင်း ၁၈၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၈ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၀ မိ– စကားဆက်ပြတ်စေနိုင်သူများအားတုံ့ပြန်ခြင်း။ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၅၊ ၁၆ ပါ “မှတ်ချက်” ကိုသုံးသပ်ပါ။ သင့်ရပ်ကွက်တွင်တွေ့ကြုံခဲ့ရသည့် ကန့်ကွက်ချက်အချို့ကို စာမျက်နှာ ၁၆-၂၀ မှရွေးချယ်ပါ။ မည်သည့်တုံ့ပြန်ပုံများသည် သူတို့အတွက် ထိရောက်မှုရှိကြောင်းနှင့် အဘယ်ကြောင့်ထိရောက်မှုရှိကြောင်းတို့ကို ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၃၀ မိ– သီအိုကရက်တစ်ကျောင်းကြီးကြပ်မှူးဟောရန်။ (ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၃၇-၄၁) ကျောင်းလမ်းညွှန်စာအုပ် မှမေးခွန်းများကိုမေးပါ။
သီချင်း ၁၉၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၅ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ဇူလိုင်နှင့်သြဂုတ်လတွင်ဝေငှမည့်စာပေကို သုံးသပ်ပါ။ ဒေသတွင်ရှိသည့်ဘရိုရှာနှစ်စောင်ကို ပေါ်လွင်စေပါ။ ဓမ္မအမှုတွင် ယင်းတို့အားဝေငှပုံကို ကောင်းစွာပြင်ဆင်၍ သရုပ်ပြစေပါ။ အကြံပြုထားသောတင်ဆက်မှုများအတွက် ၁၉၉၅ မှ ၁၉၉၈ အထိ ဇူလိုင်နှင့်သြဂုတ်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နောက်ကျောစာမျက်နှာကိုကြည့်ပါ။
၃၀ မိ– “ကျွန်တော်အခိုင်အမာရပ်တည်သည်! ကျွန်တော်အခိုင်အမာရပ်တည်သည်! ကျွန်တော်အခိုင်အမာရပ်တည်သည်!” အပိုဒ် ၂ ပါမေးခွန်းများကိုသုံး၍ အခိုင်အမာရပ်တည် ဗီဒီယိုခွေကို ပရိသတ်နှင့်ဆွေးနွေးရန်။ ထို့နောက် အပိုဒ် ၃-၄ ကိုသုံးသပ်ပါ။ နိုဝင်ဘာ ၂၂၊ ၁၉၉၉၊ နိုးလော့!၊ စာမျက်နှာ ၃၁ [လိပ်] ပါတွေ့ ကြုံမှုဖြင့် နိဂုံးချုပ်ပါ။ ဩဂုတ်လတွင် လုပ်ဆောင်နေသောကမ္ဘာသစ်အဖွဲ့အစည်း ဗီဒီယိုခွေကို သုံးသပ်ပါမည်။
သီချင်း ၂၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂ တွင်စမည့်အပတ်
၁၃ မိ– ဒေသကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ “သင်၌ ကိုယ်ပိုင်သီအိုကရက်တစ် စာကြည့်တိုက်တစ်ခုရှိသလော” လေးထောင့်ကွက်ကိုသုံးသပ်ပါ။ စာကြည့်တိုက်မရှိသူအားလုံး စတင်လုပ်ဆောင်ကြရန် အားပေးပါ။
၁၅ မိ– လူငယ်တို့—အလုပ်အကိုင်ရွေးချယ်ရာတွင် ပညာရှိလော့။ ဤအပိုင်းသည် ထပ်ဆင့်ပညာရေးနှင့်ပတ်သက်၍ ကျမ်းစာမူများကိုသုံးသပ်မည့် လုပ်ငန်းတော်စည်းဝေးအပိုင်းသုံးခုအနက် ပထမတစ်ခုဖြစ်သည်။ ခရစ်ယာန်လူငယ်အချို့သည် သူတို့၏ဝိညာဉ်ရေးအပေါ် မနှစ်မြို့ဖွယ်အကျိုးသက်ရောက်စေသော အဆင့်မြင့်ပညာရေးအားဖြင့် လောကအလုပ်များကို လိုက်စားနေကြသည်။ ဤအပိုင်းသည် မိဘနှစ်ပါးနှင့် ၎င်းတို့၏ဆယ်ကျော်သက်သား သို့မဟုတ် သမီးနှင့်ဆွေးနွေးခန်းဖြစ်သည်။ လူငယ်သည် အနာဂတ်ပန်းတိုင်များနှင့်ပတ်သက်၍ ကြီးလေးသောဆုံးဖြတ်ချက်တစ်ခုချရန် လိုအပ်သည့်အခြေအနေတွင်ရှိ၏။ အချို့သည် ငွေကြေးအကျိုးအမြတ်များ၊ ဂုဏ် သို့မဟုတ် သက်သောင့်သက်သာရှိသောအသက်တာတို့ကို လိုက်စားလိုကြမည်ဖြစ်သော်လည်း မိသားစုသည် ကျမ်းစာအကြံပြုချက်များကိုသိမြင်ရန် ကျမ်းစာကိုဆန်းစစ်ကြသည်။ (လူငယ်များအမေး၊ စာမျက်နှာ ၁၇၄-၅; ကင်းမျှော်စင်၊ ဩဂုတ် ၁၅၊ ၁၉၉၇၊ စာမျက်နှာ ၂၁ နှင့် စက်တင်ဘာ ၁၊ ၁၉၉၉၊ စာမျက်နှာ ၁၉-၂၁၊ အပိုဒ် ၁-၃ နှင့် ၅-၆ ရှု။) လူငယ်က နိုင်ငံတော်အကျိုးစီးပွားတိုးတက်စေရန် သီအိုကရက်တစ်ပန်းတိုင်များကိုလှမ်းယူရာတွင် မိမိအတွက် အထောက်အကူဖြစ်မည့် ဘဝလမ်းစဉ်ကိုလိုက်လျှောက်ခြင်းသည် ပညာရှိရာရောက်ကြောင်း သဘောတူသည်။
၁၇ မိ– “ဘုရားသခင့်နှုတ်မြွက်စကားတော်လေ့လာဖို့ စိတ်ဝင်စားသူများကို ရှာတွေ့ရန်နိုးကြားနေပါ။”b
သီချင်း ၃၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။