ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၁ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • စက်တင်ဘာ ၁၀ တွင်စမည့်အပတ်
  • စက်တင်ဘာ ၁၇ တွင်စမည့်အပတ်
  • စက်တင်ဘာ ၂၄ တွင်စမည့်အပတ်
  • အောက်တိုဘာ ၁ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နဓ ၉/၀၁ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

စက်တင်ဘာ ၁၀ တွင်စမည့်အပတ်

သီချင်း ၈၆

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။

၁၃ မိ– ဒေသလိုအပ်ရာများ။

၂၂ မိ– “သင့်ဓမ္မအမှုကို စေ့စေ့စပ်စပ်ပြီးမြောက်နေစေသလော။”a အပိုဒ် ၁-၃ ကို ပရိသတ်နှင့်ဆွေးနွေးပြီးနောက် တိုတုတ်သည့်မဂ္ဂဇင်းတင်ဆက်မှုနှစ်ခု—စက်တင်ဘာ ၁၅ ကင်းမျှော်စင် ကိုသုံး၍တစ်ခုနှင့် စက်တင်ဘာ ၂၂ နိုးလော့! (သို့မဟုတ် ရှိရာ) ကိုသုံး၍နောက်တစ်ခု—ကိုသရုပ်ပြပါ။ အပိုဒ် ၄ ကိုဆွေးနွေးပြီးနောက် အသိပညာ စာအုပ်ဖြင့် အကြံပြုထားသည့်တင်ဆက်မှုကို သရုပ်ပြပါ။

သီချင်း ၁၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၁၇ တွင်စမည့်အပတ်

သီချင်း ၉၂

၁၅ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ “အညွှန်း ထဲတွင်ရှိ၏။” အသိပညာ စာအုပ်အတွက် တင်ဆက်မှုများကို မည်သို့ရှာတွေ့နိုင်ကြောင်း ပြသပါ။

၁၅ မိ– ယခင်နှစ်က ကျွန်ုပ်တို့မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးဟောရန်။ ၂၀၀၁ ခုနှစ်၊ လုပ်ငန်းတော်နှစ်အတွက် အသင်းတော်မှတ်တမ်း၏ ပေါ်လွင်ချက်များကိုဖော်ပြပါ။ ပြီးမြောက်ခဲ့သည့် ကောင်းသောအရာများအတွက် လူတိုင်းကိုချီးမွမ်းပါ။ အစည်းအဝေးတက်ရောက်ခြင်းတွင်၊ လယ်ကွင်းလုပ်ငန်း၌မှန်မှန်ပါဝင်ခြင်းတွင်နှင့် ကျမ်းစာသင်အံမှုလုပ်ငန်းတို့တွင် အသင်းတော်လုပ်ဆောင်ခဲ့ပုံကို အာရုံစိုက်ကာ တိုးတက်မှုအတွက် လက်တွေ့ကျအကြံပြုချက်များကို အကြမ်းဖျင်းဖော်ပြပါ။ လာမည့်နှစ်အတွက် လက်လှမ်းမီနိုင်သောပန်းတိုင်များချမှတ်ပါ။

၁၅ မိ– မေးခွန်းသေတ္တာ။ ဟောရန်။ အသင်းတော်၏ပတ်စဉ်လုပ်ငန်းတော်တွေ့ဆုံမှုများဇယားကို ပြန်သုံးသပ်ပါ။ ဤတွေ့ဆုံမှုများတွင် အကျိုးဖြစ်ထွန်းသောဆွေးနွေးခန်းတစ်ခုဖြစ်ရန် တက်ရောက်သူအားလုံး မည်သို့ပါဝင်နိုင်ကြောင်း ရှင်းပြပါ။ ဤလုပ်ငန်းတော်အစီအစဉ်များကို အားပေးထောက်ခံကြရန် အသင်းတော်ကို အားပေးပါ။

သီချင်း ၁၂၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၄ တွင်စမည့်အပတ်

သီချင်း ၉၇

၁၅ မိ– ဒေသကြေညာချက်များ။ “မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ” တွင်ပေးထားသောအကြံပြုချက်များကိုသုံး၍ တင်ဆက်မှုနှစ်ခု—အောက်တိုဘာ ၁ ကင်းမျှော်စင် ကိုသုံး၍တစ်ခုနှင့် အောက်တိုဘာ ၈ နိုးလော့! (သို့မဟုတ် ရှိရာ) ကိုသုံး၍နောက်တစ်ခု—ကိုသရုပ်ပြပါ။

၃၀ မိ– ဘုရားသခင်ကိုချစ်လော့—လောက၌ရှိသောအရာတို့ကိုမဟုတ်။ (၁ ယော. ၂:၁၅-၁၇) လွန်ခဲ့သည့်လုပ်ငန်းတော်နှစ်အတွင်းကျင်းပခဲ့သည့် တိုက်နယ်စည်းဝေးအစီအစဉ်ကို ပြန်သုံးသပ်ကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ သိရှိခဲ့ရသည့်အဓိကအချက်များနှင့် ၎င်းတို့ကို တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ မည်သို့ကျင့်သုံးနိုင်ခဲ့ကြကြောင်းကို မှတ်ချက်ပေးကြဖို့ ကြေညာသူများကိုဖိတ်ခေါ်ပါ။ (အပိုင်းများကို ကြိုတင်တာဝန်ပေးနိုင်သည်။) ဤအစီအစဉ်ပိုင်းများကို သုံးသပ်ပါ– (၁) “ဘုရားသခင်ကိုချစ်ခြင်းက ဓမ္မအမှုတွင်ပါဝင်ရန်လှုံ့ဆော်ပေး။” ထိုသို့သောချစ်ခြင်းက ကျွန်ုပ်တို့၏ဟောပြောခြင်းကို အဟန့်အတားဖြစ်စေနိုင်သည့် ရှက်ကြောက်ခြင်း၊ အရည်အချင်းမပြည့်မီဟူသောခံစားချက်များ၊ လူကိုကြောက်ရွံ့ခြင်း စသော မနှစ်မြို့ဖွယ်ခံစားချက်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကူညီပေးသည်။ (၂) “ယေဟောဝါကိုချစ်မြတ်နိုးသူများသည် မကောင်းမှုကိုရွံမုန်း။” (က၉၉ ၁၀/၁ ၂၈-၃၁) ဘုရားသခင်နှင့်ဆက်ဆံရေးရှိခြင်းသည် ကိုယ်တော်မုန်းသည့်အရာများ—ထင်ရှားပေါ်လွင်သည့် ဆိုးသွမ်းမှုကိုသာမဟုတ်ဘဲ မသိသာသောမှားယွင်းမှုများကိုပါ—မုန်းခြင်းအပေါ်မူတည်သည်။ (၃) “သာ၍မြတ်သောမေတ္တာလမ်းစဉ်ကို လိုက်စားပါ။” (က၉၂ ၇/၁၅ ၂၇-၃၀) ကောရိန္သုပထမစောင် ၁၃:၄-၈ ကအဘယ်ကြောင့် အခြားသူများ၏မစုံလင်မှုများကို စိတ်ရှည်စွာသည်းခံရကြောင်း၊ အတ္တဆန်ခြင်းနှင့် ဂုဏ်ပြိုင်ခြင်းကိုရှောင်ကြဉ်ရကြောင်း၊ အန္တရာယ်ပြုသောအတင်းစကားများကို မဖြန့်ရကြောင်းနှင့် ဘုရားသခင့်အဖွဲ့အစည်းအပေါ် ဆက်၍သစ္စာစောင့်သိရကြောင်းတို့ကို ဖော်ပြသည်။ (၄) “လောက၌ရှိသောအရာများ—၎င်းတို့ကို ကျွန်ုပ်တို့မည်သို့ရှုမြင်သနည်း။” ကျွန်ုပ်တို့သည် လောက၌ရှိသောအရာများကိုချစ်ခြင်း၊ ကိုယ်ကာယတပ်မက်ခြင်းကိုအလျှော့ပေးခြင်း၊ မျက်စိတပ်မက်ခြင်းအားဖြင့်လှည့်ဖြားခံခြင်း သို့မဟုတ် ကျွန်ုပ်တို့၏လောကီစည်းစိမ်၌ဝါကြွားခြင်းတို့ကို မပြုသင့်ပါ။ (၅) “ဤလောကနှင့်သီးခြားနေခြင်းက ကျွန်ုပ်တို့ကိုအကာအကွယ်ပေး။” ကောရိန္သုဒုတိယစောင် ၆:၁၄-၁၇ ကအချို့သောယုံကြည်ချက်များ၊ ထုံးတမ်းစဉ်လာများနှင့် အကျင့်အကြံများသည် ကျွန်ုပ်တို့ကို ဘုရားသခင့်နှစ်သက်မှု မည်သို့မရရှိစေနိုင်ကြောင်း ဖော်ပြသည်။ ကျွန်ုပ်တို့သည် မာရ်နတ်ဆင်ထားသောထောင်ချောက်များကို ခွဲခြားသိမြင်ကာ ရှောင်ကြဉ်ရမည်ဖြစ်သည်။ (၆) “ဘုရားသခင်ကိုချစ်မြတ်နိုးသူများအတွက် ဘုရားသခင့်ကတိတော်များ။” (က၈၇ ၆/၁၅ ၅-၆) ယေဟောဝါ၏ကောင်းချီးသည် ကျွန်ုပ်တို့၏အသက်တာတွင် ရွှင်လန်းမှုတိုးပွားစေကာ ဝိညာဉ်ရေးအရကြွယ်ဝစေ၏။

သီချင်း ၁၃၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၁ တွင်စမည့်အပတ်

သီချင်း ၁၀၆

၁၀ မိ– ဒေသကြေညာချက်များ။ စက်တင်ဘာလုပ်ငန်းတော်မှတ်တမ်းများပေးကြရန် ကြေညာသူများကိုနှိုးဆော်ပါ။

၁၅ မိ– ကျောင်းမှာစာပိုတော်လာအောင် ငါဘယ်လိုလုပ်ရမလဲ။ အကြီးအကဲတစ်ဦးနှင့် သူ၏ဇနီး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးနှင့် သူ၏ဇနီးသည် သူတို့၏ကျောင်းနေသည့်ကလေးနှင့် စကားပြောကြသည်။ ကလေးသည် ကျောင်းတွင် အညံ့ဆုံးဖြစ်နေသောကြောင့် သူတို့စိုးရိမ်ကြသည်။ သူတို့သည် လူငယ်များအမေး၊ အခန်း ၁၈ ပါအကြံပြုချက်ကို သုံးသပ်ကာ ကလေးတိုးတက်ရန် ဘာလုပ်ဖို့လိုကြောင်း ဆွေးနွေးကြသည်။ မိဘတို့သည် မြင့်မြတ်သောလုပ်ငန်းတော်ကို ထမ်းဆောင်ရာ၌ မိမိ၏စွမ်းရည်အပြည့်အဝကိုအသုံးပြုရန် ကောင်းသောအခြေခံပညာရေးရရှိထားခြင်း၏ အရေးကြီးမှုကို အလေးပေးတင်ပြကြသည်။

၂၀ မိ– “ဟောပြောရန်အတားအဆီးဖြစ်သလော။”b နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားသည့် ဦးစားပေးမှုများချမှတ်လျက် လောကီအလုပ်တွင် မျှတမှုရှိဖို့လိုကြောင်း အလေးပေးတင်ပြပါ။ မိမိတို့၏ဝိညာဉ်ရေးလိုအပ်ရာများကိုမစွန့်လွှတ်ပဲ အိမ်ထောင်ကို ရုပ်ပိုင်းအရထောက်ပံ့ပေးခြင်း၏စိန်ခေါ်ချက်ကို မည်သို့ရင်ဆိုင်ကြရကြောင်း ပြောပြရန် အသင်းတော်ရှိအိမ်ထောင်ဦးစီးအချို့ကို ဖိတ်ခေါ်ပါ။

သီချင်း ၁၃၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ