ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၂ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇွန် ၁၀ တွင်စမည့်အပတ်
  • ဇွန် ၁၇ တွင်စမည့်အပတ်
  • ဇွန် ၂၄ တွင်စမည့်အပတ်
  • ဇူလိုင် ၁ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၆/၀၂ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇွန် ၁၀ တွင်စမည့်အပတ်

သီချင်း ၅၈

၁၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ ဇွန် ၂၄ ရက်အပတ် လုပ်ငန်းတော်စည်းဝေးတွင် ဆွေးနွေးရန်အတွက်ပြင်ဆင်ရာ၌ ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး ဗီဒီယိုခွေကိုကြည့်ကြရန် အားလုံးကို အားပေးပါ။ စာမျက်နှာ ၄ ပါအကြံပြုချက်များကိုအသုံးပြု၍ ဇွန် ၁၅ ကင်းမျှော်စင် နှင့် ဇွန် ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို သရုပ်ပြတစ်ခုစီပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် “ကျွန်တော် ဘာသာရေးစိတ်မဝင်စားဘူး” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူကိုတုံ့ပြန်ရန် တစ်ခုတစ်မျိုးစီပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၇ ရှု။

၁၀ မိ– မေးခွန်းသေတ္တာ။ ဆောင်းပါးတစ်ခုလုံးနှင့် ညွှန်းထားသောကျမ်းချက်များကို ဖတ်ပါ။ ထို့နောက် မတ်လ ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ မေးခွန်းသေတ္တာပါ အခြားအချက်များကိုအကျယ်ချဲ့၍ ထပ်ဆင့်မှတ်ချက်များပေးပါ။

၂၀ မိ– “များများကြဲခြင်းက ကောင်းချီးများများရစေ။”aဒီဇင်ဘာ ၁၊ ၁၉၉၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၅-၁၆၊ အပိုဒ် ၁၄-၁၇ ကိုအခြေပြုသည့်မှတ်ချက်များ ပါဝင်စေပါ။

သီချင်း ၂၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၁၇ တွင်စမည့်အပတ်

သီချင်း ၁၃၆

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “ရှိသမျှနှင့်ရောင့်ရဲပါ။”bအချိန်ရသရွေ့ ညွှန်းထားသည့်ကျမ်းချက် များနိုင်သမျှများများ ဖတ်ရှုဆွေးနွေးကာ အကြံပြုချက်အတွက် ကျမ်းစာအခြေခံအကြောင်းရင်းကို အလေးထားတင်ပြပါ။

သီချင်း ၁၉၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇွန် ၂၄ တွင်စမည့်အပတ်

သီချင်း ၅၂

၈ မိ– ဒေသကြေညာချက်များ။ လုပ်ငန်းတော်တွင် အတူလုပ်ဆောင်နေသော မောင်နှံတစ်စုံသည် ဇူလိုင် ၁ နှင့် ဇူလိုင် ၈ မဂ္ဂဇင်းများကိုဝေငှရန် စာမျက်နှာ ၄ ပါအကြံပြုချက်များအား အသုံးပြုပုံကို သရုပ်ပြရန်။ ဇနီးသည်က ကင်းမျှော်စင် ကိုဝေငှကာ လင်ယောက်ျားက နိုးလော့! ကိုဝေငှရန်။

၁၂ မိ– (၁) အမျိုးမျိုးသော လူမျိုးစုအုပ်စုများ သို့မဟုတ် အခြားဘာသာစကားပြောသူများကို သက်သေခံကြသော သို့မဟုတ် (၂) တစ်အိမ်မှတစ်အိမ်နှင့် လမ်းပေါ်အမှုဆောင်ခြင်းအပြင် အခြားနည်းများဖြင့် သက်သေခံကြသော ဒေသခံကြေညာသူများထံမှတွေ့ ကြုံမှုများကို ပြန်ပြောပြပါ သို့မဟုတ် ပြန်သရုပ်ပြပါ။ နောက်အပတ် လုပ်ငန်းတော်စည်းဝေးအတွက် ပြင်ဆင်ရာ၌ ဇူလိုင်နှင့် ဩဂုတ်လတွင်ဝေငှမည့် ဘရိုရှာများအနက် တစ်စောင်စောင်နှင့်အတူအသုံးပြုဖို့ တင်ဆက်နည်းတစ်ခုကို ရွေးချယ်ပြင်ဆင်ရန် အားလုံးကိုတိုက်တွန်းပါ။—ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်ပါ “အခြားစာပေများ” လေးထောင့်ကွက်ကိုရှု။

၂၅ မိ– “ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး ကို ချစ်ရသည့်အကြောင်းရင်း။” ပေးထားသည့်မေးခွန်းများကို အသုံးပြု၍ အသင်းအပင်းတစ်ရပ်လုံး ဗီဒီယိုခွေကို နိဒါန်းမပျိုးဘဲ ပရိသတ်နှင့်တိုက်ရိုက်ဆွေးနွေးပါ။

သီချင်း ၉၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇူလိုင် ၁ တွင်စမည့်အပတ်

သီချင်း ၈၃

၁၅ မိ– ဒေသကြေညာချက်များ။ ဇွန်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများအား နှိုးဆော်ပါ။ ဇူလိုင်လတွင် သူတို့ဝေငှရန်စီစဉ်ထားသည့်ဘရိုရှာနှင့် အသုံးပြုမည့်တင်ဆက်နည်းကိုပြောပြရန် ကြေညာသူများကို တောင်းဆိုပါ။

၁၅ မိ– သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်! ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ယေဟောဝါအကြောင်းသင်ယူရန် ပညာရေး သို့မဟုတ် စာဖတ်စွမ်းရည် အကန့်အသတ်ရှိသော ကလေးများနှင့် အခြားသူများကိုကူညီရာတွင် အစွမ်းထက်သော သွန်သင်ခြင်းအထောက်အကူတစ်ခုဖြစ်စေသည့် ယင်းဘရိုရှာ၏အင်္ဂါရပ်များကို ညွှန်ပြပါ။ ယင်း၏ ရိုးရှင်းပြီး ဆင်ခြင်တုံတရားနှင့်ညီသော ရှင်းလင်းချက်များမှ နမူနာများကိုဆွေးနွေးပါ။ (သင်ခန်းစာ ၂၊ ၈ နှင့် ၁၂ ရှု။) သင်သား၏နှလုံးကိုထိမိရန် ရုပ်ပုံများအားအသုံးပြုနိုင်ပုံကို ဖော်ပြပါ။ ဤဘရိုရှာအား ကောင်းစွာအသုံးချနိုင်သည့်နည်းများကို အကြံပြုပါ။ မိဘတို့သည် မိမိတို့၏ကလေးများနှင့်အတူ ယင်းကိုလေ့လာသင့်သည်။ သင့်လျော်သည့်အခါတိုင်း ဓမ္မအမှုတွင် ယင်းကိုဝေငှရန် အားလုံးကိုတိုက်တွန်းပါ။

၁၅ မိ– “အခြားသူများအားကူညီရန် သင် ‘အလိုရှိ’ သလော။”c ကူညီလိုသောစိတ်ထားရှိကြရန် အသင်းတော်သားအားလုံးကို တိုက်တွန်းပါ။

သီချင်း ၁၅၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ