လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇူလိုင် ၈ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ စာမျက်နှာ ၄ ပါအကြံပြုချက်များကို အသုံးပြု၍ ဇူလိုင် ၁၅ ကင်းမျှော်စင် နှင့် ဇူလိုင် ၂၂ နိုးလော့! [လိပ်] အတွက်တင်ဆက်ပုံကို တစ်ခုစီသရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် “ကျွန်တော်တို့ ခရစ်ယာန်ဖြစ်ပြီးသား” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူကိုတုံ့ပြန်ရန် တစ်ခုတစ်မျိုးစီပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၉ ရှု။
၁၀ မိ– မေးခွန်းသေတ္တာ။ အကြောင်းအရာ၏ ဒေသန္တရသက်ဆိုင်ပုံကို တင်ပြလျက် အကြီးအကဲတစ်ဦးဟောရန်။
၂၀ မိ– အလွတ်သဘောသက်သေခံရန် စီစဉ်ဖွဲ့စည်းခြင်း။ ကျွန်ုပ်တို့၏ ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၉၄-၅ ကိုပရိသတ်နှင့်ဆွေးနွေးရန်။ ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်၏ ရှေ့ဆုံးစာမျက်နှာပေါ်ရှိ အကြံပြုချက်များကိုအသုံးပြု၍ သူစိမ်း၊ အိမ်နီးချင်း၊ ဆွေမျိုး သို့မဟုတ် အသိအကျွမ်းတစ်ဦးအား အလွတ်သဘောသက်သေခံရန် နှစ်နည်းသုံးနည်းကို တိုတိုတုတ်တုတ်သရုပ်ပြပါ။
သီချင်း ၁၃၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– ကျွန်ုပ်တို့၏ဓမ္မအမှုတွင် သမ္မာကျမ်းစာကိုအသုံးပြုရန် အကြောင်းကောင်းများ။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ယေရှုသည် ကျမ်းစာနှင့်အကျွမ်းတဝင်ရှိကာ သွန်သင်သည့်အခါ ယင်းကို မကြာခဏရည်ညွှန်းခဲ့သည်။ (လု. ၂၄:၂၇၊ ၄၄-၄၇) ကိုယ်တော်၏သွန်သင်ချက်သည် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်သွန်သင်ချက်မဟုတ်။ (ယော. ၇:၁၆-၁၈) ကျွန်ုပ်တို့လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသုံးပြုရန် အရေးကြီးသည်။ ၎င်းသည် ကျွန်ုပ်တို့ကိုယ်တိုင်ပြောမည့် မည်သည့်အရာထက်မဆို များစွာတန်ခိုးပါ၏။ (ယော. ၁၂:၄၉၊ ၅၀; ဟေဗြဲ ၄:၁၂) ကျမ်းစာကပေးသော နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်သည် စိတ်ရင်းမှန်သူများအား ဆွဲဆောင်သည်။ သင်၏တင်ဆက်မှုများတွင် အနည်းဆုံး ကျမ်းချက်တစ်ချက်ဖတ်ရန် ပန်းတိုင်ထားပါ။ ဤလအကြံပြုထားသည့် မဂ္ဂဇင်းတင်ဆက်မှုများတွင် ကျမ်းချက်များပါဝင်ကြောင်း ညွှန်ပြပါ။ ဓမ္မအမှုတွင် သမ္မာကျမ်းစာကို သူတို့အသုံးပြုခဲ့ပုံနှင့် ယင်းက သူတို့ကိုယ်တိုင်နှင့် သူတို့ဟောပြောခဲ့သူများအပေါ် အကျိုးသက်ရောက်ခဲ့ပုံတို့ကို ပရိသတ်မှ မှတ်ချက်အချို့ပေးရန် တောင်းဆိုပါ။
သီချင်း ၂၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ အတူတွဲ၍အမှုဆောင်နေသော မိဘတစ်ဦးနှင့် ကလေးတစ်ဦးသည် ဩဂုတ် ၁ နှင့် ဩဂုတ် ၈ မဂ္ဂဇင်းများကိုဝေငှရန် စာမျက်နှာ ၄ ပါအကြံပြုချက်များအသုံးပြုပုံကို သရုပ်ပြကြသည်။ တင်ဆက်မှုတစ်ခုတွင် ကင်းမျှော်စင် နှင့် နောက်တစ်ခုတွင် နိုးလော့! ကိုဝေငှသည်။ မိမိတို့၏သားသမီးများအား ဓမ္မအမှုတွင် အဆင့်ဆင့်လေ့ကျင့်ပေးရန် မိဘတို့ကိုအားပေးပါ။
၁၇ မိ– အစ္စလာမ်ဘာသာအကြောင်း မေးလာသူတစ်ဦးကို သင် မည်သို့ပြောမည်နည်း။ ဟောပြော၍ သရုပ်ပြရန်။ ဘုရားသခင်ကိုလူသားများရှာပုံတော် စာအုပ်၊ အခန်း ၁၂ [လိပ်] ကိုအသုံးပြု၍ သမ္မာကျမ်းစာနှင့် ကူရ်အန်ကျမ်းတို့၏ တူညီသည့်အချက်ကို အကျဉ်းချုံးရှင်းပြပါ။ (စာမျက်နှာ ၂၈၅ ရှိလေးထောင့်ကွက်ကိုရှု။) စိုးလ်နှင့်စပ်လျဉ်းသည့် အစ္စလာမ်သွန်သင်ချက် (စာမျက်နှာ ၂၉၇-၃၀၀) နှင့် သမ္မာကျမ်းစာရှင်းပြချက်တို့၏ ခြားနားမှုကိုဖော်ပြပါ။ (စာမျက်နှာ ၂၉၉ ရှိအောက်ခြေမှတ်ချက်ကိုရှု။) ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၈၇-၉၁ ကိုအသုံးပြုကာ စိုးလ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုကြောင်း စိတ်ဝင်စားသူလူသစ်တစ်ဦးအား ရှင်းပြပုံကို သရုပ်ပြပါ။
၁၈ မိ– အင်တာနက်ပေါ်ရှိ အန္တရာယ်များကို ကျွန်ုပ် မည်သို့ရှောင်နိုင်သနည်း။ ဇန်နဝါရီ ၂၂၊ ၂၀၀၀၊ နိုးလော့!၊ စာမျက်နှာ ၁၉-၂၁ [လိပ်] ကိုအခြေပြုကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အင်တာနက်ကို အထိန်းအချုပ်မရှိ အသုံးပြုခြင်း၏အန္တရာယ်များကို ညွှန်ပြကာ ထောင်ချောက်ထဲကျော့မိခြင်းကို မည်သို့ရှောင်နိုင်ကြောင်း ရှင်းပြပါ။ ဤသွန်သင်ချက်ကို လက်တွေ့ကျင့်သုံးခြင်းမှ မည်သို့အကျိုးခံစားခဲ့ရကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၆၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇူလိုင်အတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။
၁၀ မိ– “တိုက်နယ်စည်းဝေးအစီအစဉ်သစ်။” ဟောပြောရန်။ အစီအစဉ်ကိုတက်ရောက်ကြရန်နှင့် အာရုံစိုက်ကြရန် အားလုံးကိုတိုက်တွန်းပါ။ နှစ်ခြင်းမခံရသေးသော ကြေညာသူများကို နှစ်ခြင်းအတွက် အရည်အချင်းပြည့်မီခြင်းနှင့်ပတ်သက်၍ စဉ်းစားကြရန် အားပေးပါ။ ကျမ်းစာသင်သားများကို ဖိတ်ခေါ်ရန် အထူးကြိုးစားပါ။
၂၅ မိ– “အတူတကွ တညီတညွတ်တည်း ပေါင်းစည်းလျက်နေလော့။”a အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ ဧပြီ ၂၂၊ ၂၀၀၀၊ နိုးလော့!၊ စာမျက်နှာ ၉-၁၀ [လိပ်] မှမှတ်ချက်များပါဝင်စေပါ။ အပိုဒ် ၄ နှင့်အတူ ဧပြီ ၁၊ ၁၉၉၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၁၇၊ အပိုဒ် ၄-၆ မှ မှတ်ချက်များပါဝင်စေပါ။
သီချင်း ၈၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၂၀ မိ– “ဘာသာစကားအသီးသီးမှ လူတို့ကိုစုသိမ်းခြင်း။”b ဧပြီ ၁၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၄ မှမှတ်ချက်များပါဝင်စေပါ။ သက်ဆိုင်လျှင် ဒေသခံရပ်ကွက်ရှိ နိုင်ငံခြားဘာသာစကားပြောသူများအား ကူညီရန် လုပ်ဆောင်နေသည့်အရာကို အကျဉ်းချုံးရှင်းပြကာ အပိုဒ် ၄ ပါတင်ဆက်မှုကို သရုပ်ပြပါ။
၁၅ မိ– ဒေသခံတွေ့ ကြုံမှုများ။ တိုက်နယ်အစည်းအဝေးတက်ရောက်ခြင်း၊ အရန်ရှေ့ဆောင်လုပ်ခြင်း သို့မဟုတ် အခြားဝိညာဉ်ရေးလုပ်ဆောင်မှုများတွင် ပါဝင်ခြင်းနှင့်စပ်လျဉ်းသည့် တည်ဆောက်မှုဖြစ်စေသောတွေ့ ကြုံမှုများကို ပြောပြကြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၁၈၄ နှင့် နိဂုံးချုပ်ဆုတောင်းခြင်း။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။