ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၃ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၁၁/၀၃ စာ. ၃

ကြေညာချက်များ

◼ နိုဝင်ဘာ– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ လူတို့တွင် ၎င်းတို့ရှိထားပြီဖြစ်ပါက စာအုပ်ဟောင်းတစ်ခုကို ဝေငှနိုင်သည်။ ဒီဇင်ဘာ– အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား။ ဝေငှမှုတစ်မျိုးအနေနှင့် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်၊ သမ္မာကျမ်းစာ—ဘုရားသခင်နှုတ်ကပါဌ်တော်လော၊ လူ့နှုတ်ထွက်လော [လိပ်] သို့မဟုတ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ကို အသုံးပြုနိုင်သည်။ ဇန်နဝါရီ– မည်သည့်စာအုပ်ဟောင်းကိုမဆို ဝေငှနိုင်သည်။ စာအုပ်ဟောင်းများမရှိသောအသင်းတော်များသည် ဘုရားသခင်ကိုလူသားများရှာပုံတော် [လိပ်] ကိုဝေငှနိုင်သည်။ ဖေဖော်ဝါရီ– ယေဟောဝါထံချဉ်းကပ်လော့။ ဤစာအုပ်ကိုမရရှိနိုင်ပါက အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်]၊ ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်] ကို ဝေငှမှုတစ်မျိုးအနေနှင့် အသုံးပြုနိုင်သည်။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို ဒီဇင်ဘာ ၁ ရက် သို့မဟုတ် ယင်းနောက်စောနိုင်သရွေ့စောစောစစ်ဆေးသင့်သည်။ ယင်းသို့စစ်ဆေးပြီးနောက် စာရင်းအင်းအစီရင်ခံစာဖတ်ပြသောအခါ အသင်းတော်အား ကြေညာပေးပါ။

◼ အသင်းတော်များသည် ၂၀၀၃ ခုနှစ်အတွက် ကင်းမျှော်စင် နှင့်နိုးလော့! နှစ်ချုပ်စာအုပ်တွဲများကို နောက်လစာအုပ်စာတမ်းတောင်းခံလွှာနှင့်တစ်ပါတည်း စတင်မှာယူနိုင်သည်။ယင်းပစ္စည်းများအား ရရှိနိုင်သောဘာသာစကားစာရင်းကို အသင်းတော်အားလုံးထံသို့ လစဉ် စာဖြင့်ပို့ပေးသည့် “အသင်းတော်အားလုံးအတွက်ကြေညာချက်” တွင်ဖော်ပြပေးပါမည်။ နှစ်ချုပ်စာအုပ်တွဲများမရောက်မချင်း အသင်းတော်ထုပ်ပို့ရေးစာရင်းများပေါ်တွင် “ဆိုင်းငံ့ထား” ဟူ၍ဖော်ပြထားပါမည်။ နှစ်ချုပ်စာအုပ်တွဲများသည် အထူး-တောင်းခံပစ္စည်းများဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ