ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၃ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • နို၀င်ဘာ ၁၀ တွင်စမည့်အပတ်
  • နို၀င်ဘာ ၁၇ တွင်စမည့်အပတ်
  • နို၀င်ဘာ ၂၄ တွင်စမည့်အပတ်
  • ဒီဇင်ဘာ ၁ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၁၁/၀၃ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

နို၀င်ဘာ ၁၀ တွင်စမည့်အပတ်

သီချင်း ၂၁၂

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။ သင့်ရပ်ကွက်တွင် အောက်တိုဘာ ၁၅ ကင်းမျှော်စင် နှင့် နိုဝင်ဘာ ၈ နိုးလော့! အတွက်တင်ဆက်ရန် စာမျက်နှာ ၄ ပါအကြံပြုချက်များကို မည်သို့အသုံးပြုကြောင်း လက်တွေ့ကျသည့်သရုပ်ပြနှစ်ခု ပြုလုပ်ပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။ သရုပ်ပြတစ်ခုတွင် ကျွန်ုပ်တို့၏ကမ္ဘာချီလုပ်ငန်းကို မည်သို့ငွေကြေးထောက်ပံ့ကြောင်း ရှင်းပြပါ။—ကင်းမျှော်စင်၊ စ. ၂ သို့မဟုတ် နိုးလော့! စ. ၅ ကိုရှု။

၁၅ မိ– “ကိုယ်တိုင်အသင့်ရှိနေကြလော့။”a လက်ရှိအစီအစဉ်စနစ်၏ စိုးရိမ်မှုများနှင့် အာရုံပျံ့လွင့်မှုများကြောင့် ဝိညာဉ်ရေးရာများတွင် ပို၍အကျိုးရှိရှိအသုံးပြုမည့်အချိန်ကို မဆုံးရှုံးစေရန် အဘယ်အရာက ကူညီပေးကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

၂၀ မိ– သင့်အပေါင်းအသင်းများကို မည်သို့ရွေးချယ်သနည်း။ ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်၊ စာမျက်နှာ ၂၇ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ အပိုဒ် ၁၃ ပါမေးခွန်းများနှင့် ညွှန်းထားသောကျမ်းချက်များကို အသုံးပြုကာ အပေါင်းအသင်းရွေးချယ်ရာတွင် ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးသင့်သည့် ကျမ်းစာမူများနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။

သီချင်း ၁၂၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နို၀င်ဘာ ၁၇ တွင်စမည့်အပတ်

သီချင်း ၉၆

၁၂ မိ– ဒေသကြေညာချက်များ။ လက်ရှိဝေငှနေသည့်စာပေကိုအသုံးပြုရာတွင် စိတ်ဝင်စားစရာ လယ်ကွင်းလုပ်ငန်း တွေ့ကြုံမှုများရရှိခဲ့သော ကြေညာသူနှစ်ဦးသုံးဦးကို လူတွေ့မေးမြန်းပါ။ အချို့သူတို့သည် ကျမ်းစာသင်အံမှုများ စတင်နိုင်ခဲ့ကြပေမည်။

၁၅ မိ– ပေးကမ်းခြင်းစိတ်ဓာတ် မွေးမြူပါလေ။ နိုဝင်ဘာ ၁၊ ၂၀၀၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၃၀ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။

၁၈ မိ– “ချီးမွမ်းပေးခြင်းက အားရှိစေ။”b မိသားစုပျော်ရွှင်မှု စာအုပ်၊ စာမျက်နှာ ၄၉-၅၀၊ အပိုဒ် ၂၁ မှမှတ်ချက်များပါဝင်စေပါ။ သူတစ်ပါးထံမှ ချီးမွမ်းစကားများဖြင့် အားပေးခံခဲ့ရသူများအား တိုတုတ်သည့် မှတ်ချက်များပေးကြရန် ဖိတ်ခေါ်ပါ။

သီချင်း ၅၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နို၀င်ဘာ ၂၄ တွင်စမည့်အပတ်

သီချင်း ၂၁၃

၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ နိုဝင်ဘာ ၁ ကင်းမျှော်စင် အတွက်တင်ဆက်ရန် စာမျက်နှာ ၄ ပါအကြံပြုချက်ကို မည်သို့အသုံးပြုကြောင်း သရုပ်ပြစေပါ။ တင်ဆက်မှု၌ သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်တွင် သို့မဟုတ် အခြားသင့်လျော်သည့် ဒေသခံဝန်းကျင်အချို့တွင် အလွတ်သဘော မဂ္ဂဇင်းဝေငှပုံကို သရုပ်ပြပါ။

၁၀ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲတစ်ဦးဟောရန်။

၂၃ မိ– “ယေဟောဝါနှင့်ရင်းနှီးမှု ပြုစုပျိုးထောင်ခြင်း။” cပေးထားသည့်မေးခွန်းများကို အသုံးပြုပါ။ ကျမ်းချက်များသက်ဆိုင်ပုံနှင့်ပတ်သက်၍ ပရိသတ်ထံမှ မှတ်ချက်များရယူပါ။ အဘယ်အရာက သူတို့၏ကိုယ်ပိုင် ကျမ်းစာလေ့လာမှုအရည်အသွေးကို တိုးတက်စေခဲ့ကြောင်း မှတ်ချက်များပေးရန် တစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။

သီချင်း ၂၀၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၁ တွင်စမည့်အပတ်

သီချင်း ၁၃၈

၁၀ မိ– ဒေသကြေညာချက်များ။ နိုဝင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဒီဇင်ဘာတွင်ဝေငှမည့်စာပေကို ဖော်ပြပါ။ အကြံပြုထားသည့်တင်ဆက်မှုတစ်ခုနှစ်ခုကို အကျဉ်းချုံးပြန်သုံးသပ်ပါ။ ထပ်ဆင့်တင်ဆက်မှုများရှာတွေ့ရန် ကင်းမျှော်စင်စာပေများအညွှန်း ကို မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြပါ။—စက်တင်ဘာ ၂၀၀၁ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၂ ကိုရှု။

၁၅ မိ– “တိုက်နယ်စည်းဝေးပွဲအစီအစဉ်သစ်။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ နောက်လအနည်းငယ်တွင် အသင်းတော်တက်ရောက်မည့် စည်းဝေးပွဲရှိလျှင် နှစ်ခြင်းခံလိုသူများသည် ဦးစီးကြီးကြပ်မှူးအား အသိပေးသင့်ကြောင်း ဖော်ပြပါ။ ကျမ်းစာသင်သားများအား ဖိတ်ခေါ်ရန်နှင့် အစီအစဉ်တိုင်းကို တက်ရောက်ရန် အထူးကြိုးစားကြဖို့ အားလုံးကိုတိုက်တွန်းပါ။

၂၀ မိ– သူတစ်ပါးကို သွန်သင်ခြင်းငှာ လုံလောက်စွာအရည်အချင်းပြည့်မီ။ ဇွန် ၁၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၁၇၊ အပိုဒ် ၉-၁၃ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ထိရောက်စွာသွန်သင်နိုင်ခြင်းသည် ကျွန်ုပ်တို့ဓမ္မအမှု၏အဓိကပန်းတိုင်ဖြစ်၏။ သိုးကဲ့သို့သောသူများကိုကူညီရာတွင် အောင်မြင်မှုရရှိခြင်းသည် သူတို့အား သတင်းပေးလှုံ့ဆော်သည့်နည်းဖြင့် နိုင်ငံတော်သတင်းကို တင်ဆက်ပြောဆိုနိုင်စွမ်းအပေါ် မူတည်သည်။ အောက်ပါမေးခွန်းများကို ဆွေးနွေးပါ– (၁) ဟောပြောခြင်းနှင့် သွန်သင်ခြင်း၏ ခြားနားချက်ကား အဘယ်နည်း။ (it-၂ စ. ၆၇၂ အပိုဒ် ၂ [လိပ်]) (၂) အချို့သူတို့သည် ကျမ်းစာသင်အံမှုကျင်းပရန်ကြိုးစားဖို့ အဘယ်ကြောင့် တွန့်ဆုတ်ကြသနည်း။ (၃) ကျွန်ုပ်တို့၏သွန်သင်ခြင်းစွမ်းရည်ကို မည်သို့တိုးတက်စေနိုင်သနည်း။ (၄) လေ့လာနေသည့်အရာကို ကျွန်ုပ်တို့၏သင်သား နားလည်ကြောင်း မည်သို့သေချာစေနိုင်သနည်း။ (၅) ကျွန်ုပ်တို့သည် သင်သားအား အဘယ်ပန်းတိုင်သို့ရောက်ရှိစေရန် ကြိုးစားကူညီသင့်သနည်း။

သီချင်း ၇၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ