သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁ မှ ဒီဇင်ဘာ ၂၇ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ အကြောင်းအရာတစ်ခုတွင် ပရိသတ်စိတ်ဝင်စားလာစေဖို့ နှိုးဆွပေးရန် အကောင်းဆုံးနည်းများမှတစ်ခုကား အဘယ်နည်း။ [ပက စ. ၂၁၈ အပိုဒ် ၃]
၂။ ထိရောက်သောနိဂုံး၏ အင်္ဂါရပ်ငါးခုကို ဖော်ပြပါ။ [ပက စ. ၂၂၀ အပိုဒ် ၄–စ. ၂၂၁ အပိုဒ် ၄]
၃။ ကျွန်ုပ်တို့၏တင်ပြချက်များသည် တိကျမှုရှိကြောင်း မည်သို့သေချာစေနိုင်သနည်း။ [ပက စ. ၂၂၄ လေးထောင့်ကွက်]
၄။ အစည်းအဝေးများတွင် ကျွန်ုပ်တို့၏ပါဝင်တင်ဆက်မှုများသည် ‘သမ္မာတရား၏အမှီတံကဲနှင့်တည်ရာ’ အဖြစ် အသင်းတော်၏အခန်းကဏ္ဍကို အလွန်ဂရုပြုကြောင်း မည်သို့သေချာစေနိုင်သနည်း။ (၁ တိ. ၃:၁၅) [ပက စ. ၂၂၄ အပိုဒ် ၁-၄]
၅။ လတ်တလောဖြစ်ရပ်များ၊ ကိုးကားချက်များ၊ တွေ့ကြုံမှုများနှင့်ပတ်သက်သည့်အခါ သုတ္တံ ၁၄:၁၅ ကို မည်သို့ကျင့်သုံးနိုင်သနည်း။ [ပက စ. ၂၂၅ အပိုဒ် ၁]
တာဝန်နံပါတ် ၁
၆။ ရေလွှမ်းမိုးချိန်မှ အာဒံအား ဖန်ဆင်းချိန်အထိအချိန်ကို မည်သို့နောက်ကြောင်းပြန်တွက်ချက်နိုင်သနည်း။ [ဘကမ-၀၄ အပိုဒ် ၁၂]
၇။ ယေရှု၏ ဓမ္မအမှုစတင်ချိန်ကို မည်သို့တွက်ချက်နိုင်သနည်း၊ ယင်းသည် သုံးနှစ်ခွဲသာကြာကြောင်း ယုံကြည်ရန် အဘယ်အခြေခံအကြောင်းရင်းရှိသနည်း။ [ဘကမ-၀၄ အပိုဒ် ၁၆]
၈။ (က) မည်သည့်အချိန်တွင် “ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်” ထုတ်ဆင့်ခဲ့သနည်း။ (ခ) ထိုအချိန်မှစ၍ ယေရှုသည် မေရှိယအဖြစ်ပေါ်ထွန်းမည့်အချိန်အထိ နှစ်ပေါင်းမည်မျှကြာမည်နည်း။ (ဒံ. ၉:၂၄-၂၇) [ဘကမ-၀၄ အပိုဒ် ၁၈-၁၉]
၉။ ကျွန်ုပ်တို့၏ “ညီအစ်ကိုနှင့်သင့်တင့်” မှုရရှိစေသည့် စိတ်ရင်းမှန်ဖြင့် ဝန်ချတောင်းပန်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ (မ. ၅:၂၃၊ ၂၄) [က၀၂ ၁၁/၁ စ. ၆ အပိုဒ် ၁၊ ၅]
၁၀။ ဘုရားပေးတာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ၄ ဓမ္မရာဇဝင် ၁၃:၁၈၊ ၁၉ က အဘယ်အရာသွန်သင်ပေးသနည်း။ [က၀၂ ၁၂/၁ စ. ၃၁ အပိုဒ် ၁-၂]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ သွေးမထုတ်ထားသည့် တိရစ္ဆာန်အသေကောင်ကို ဣသရေလလူတို့ မစားဘဲ တစ်ပါးအမျိုးသား သို့မဟုတ် တိုင်းတစ်ပါးသားကို အဘယ်ကြောင့် ပေးခြင်း၊ ရောင်းခြင်း ပြုနိုင်သနည်း။ (တရား. ၁၄:၂၁)
၁၂။ တရားဟောရာ ၂၀:၅-၇ တွင် ကျွန်ုပ်တို့အတွက် အဘယ်သင်ခန်းစာပေးထားသနည်း။
၁၃။ “ကြိတ်ဆုံအပေါ်ကျောက်ပြားကိုဖြစ်စေ၊ အောက်ကျောက်ပြားကိုဖြစ်စေ” အပေါင်ယူခြင်းသည် “အသက်ကို” အပေါင်ယူခြင်းနှင့်တူသည်ဟု အဘယ်ကြောင့်ဆိုရသနည်း။ (တရား. ၂၄:၆)
၁၄။ အဘယ်ဆီဥကိုမျှ မစားဖို့ ဣသရေလလူတို့ကို တားမြစ်ထားရာ “သိုးသငယ်ဆီဥ” စားသုံးခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (တရား. ၃၂:၁၃၊ ၁၄)
၁၅။ အာခန်၏ အပြစ်ရှိသောလမ်းစဉ်နှင့်ဆင်တူသည့် မျက်မှောက်ခေတ်အဖြစ်အပျက်ကား အဘယ်နည်း။ (ယောရှု ၇:၁-၂၆) [က၈၇ ၁၂/၁၅ စ. ၁၇ အပိုဒ် ၂၀]