ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၅ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဩဂုတ် ၈ တွင်စမည့်အပတ်
  • ဩဂုတ် ၁၅ တွင်စမည့်အပတ်
  • ဩဂုတ် ၂၂ တွင်စမည့်အပတ်
  • ဩဂုတ် ၂၉ တွင်စမည့်အပတ်
  • စက်တင်ဘာ ၅ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၈/၀၅ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဩဂုတ် ၈ တွင်စမည့်အပတ်

သီချင်း ၁၂၅

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။

၁၀ မိ– “လက်ကမ်းဝေစာများကို သင်အသုံးပြုနေသလော။” ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးပါ။ လက်ကမ်းဝေစာများအသုံးပြုခြင်းမှရရှိခဲ့သည့် ရလဒ်ကောင်းများကို ပြောပြကြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ ကြေညာသူတစ်ဦးက စိတ်ဝင်စားသူတစ်ဦးအား လက်ကမ်းဝေစာတစ်ခုကိုအသုံးပြု၍ အစည်းအဝေးသို့ဖိတ်ခေါ်နေသည့် တိုတိုတုတ်တုတ်သရုပ်ပြတစ်ခု ပါဝင်စေပါ။

၂၅ မိ– “ယခုအချိန်သည် ဟောပြောရမည့်အချိန်ဖြစ်!”a ရှေ့ဆောင်လုပ်ရန် ပြုလုပ်ခဲ့ရသည့် ပြုပြင်ပြောင်းလဲမှုများနှင့် ထိုသို့ပြုလုပ်ခြင်းကြောင့် သူတို့ရရှိခဲ့သည့်ကောင်းချီးများကို ပြောပြပေးရန် မှန်မှန်ရှေ့ဆောင်တစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။

သီချင်း ၁၉၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၁၅ တွင်စမည့်အပတ်

သီချင်း ၁၁

၁၀ မိ– ဒေသကြေညာချက်များ။ ဇူလိုင် ၁၅ ကင်းမျှော်စင် နှင့် ဩဂုတ် ၈ နိုးလော့! အတွက် တင်ဆက်ပုံကိုသရုပ်ပြရန် စာမျက်နှာ ၆ ပါအကြံပြုချက်များကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြုပါ။

၁၅ မိ– သင်မှတ်မိသလော။ ဧပြီ ၁၅၊ ၂၀၀၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ မေးခွန်းတစ်ခုစီနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။ အကြောင်းအရာ၏ လက်တွေ့ကျတန်ဖိုးကို ပေါ်လွင်စေပါ။ ကင်းမျှော်စင် နှင့် နိုးလော့! လထုတ်တိုင်းကို သေသေချာချာဖတ်ရှုကြရန် အားလုံးကို တိုက်တွန်းပါ။

၂၀ မိ– “အိမ်တံခါးဝတွင်နှင့် တယ်လီဖုန်းဖြင့် ကျမ်းစာသင်အံမှုများစခြင်း။”b တောင်းဆို ဘရိုရှာမှ အပိုဒ်တစ်ပိုဒ်နှစ်ပိုဒ်ကိုသာ အသုံးပြု၍ ဦးဆုံးအကြိမ်သွားရောက်ချိန်တွင် ကျမ်းစာသင်အံမှုစတင်နိုင်ပုံကို ပြပေးသည့် တိုတုတ်သောသရုပ်ပြတစ်ခု ပါဝင်စေပါ။ တယ်လီဖုန်းဖြင့် သင်အံမှုများစတင်ခြင်းနှင့်စပ်လျဉ်းသည့် အားရှိစရာတွေ့ကြုံမှုတစ်ခုနှစ်ခုကို အကျဉ်းချုံးပြောပြပါ။

သီချင်း ၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၂ တွင်စမည့်အပတ်

သီချင်း ၁၆၁

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– နိုင်ငံတော်သတင်းဟောပြောခြင်း—တန်ဖိုးရှိအခွင့်ထူးတစ်ခု။”c အပိုဒ် ၄ ကိုဆွေးနွေးသည့်အခါ အသက်အရွယ်ကြီးရင့်ခြင်း သို့မဟုတ် ကျန်းမာရေးပြဿနာများကြောင့် အလွန်အကန့်အသတ်ရှိသူများအား လယ်ကွင်းလုပ်ငန်းအချိန် ၁၅ မိနစ်အထိ မှတ်တမ်းသွင်းခွင့်ပြုသည့် အထူးအစီအစဉ်ကို သုံးသပ်ပါ။—အောက်တိုဘာ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၄၊ အပိုဒ် ၆ ရှု။

သီချင်း ၂၀၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၉ တွင်စမည့်အပတ်

သီချင်း ၄၅

၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၆ ပါအကြံပြုချက်ကို (သင့်ရပ်ကွက်အတွက် သင့်လျော်လျှင်) အသုံးပြု၍ ဩဂုတ် ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတွင် မဂ္ဂဇင်းလမ်းကြောင်းတစ်ခုထံ ပြန်လည်ပတ်မှုပြုလုပ်နေပုံကို သရုပ်ပြပါ။

၁၅ မိ– “စကားတစ်ခွန်းမျှမပြောဘဲသက်သေခံခြင်း။”d ဘုရားသခင့်လူမျိုး၏အမူအကျင့်ကောင်းကို သတိပြုမိခြင်းက ယေဟောဝါ၏ကျေးကျွန်များဖြစ်လာရန် သူတို့အား ကူညီပေးခဲ့ပုံကို ပြောပြရန် ရွေးချယ်ထားသောကြေညာသူများကို ဖိတ်ခေါ်ပါ။

၂၀ မိ– ဦးဆုံးအကြိမ်လည်ပတ်မှုများတွင် ကျမ်းစာကိုအသုံးပြုပါ။ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ဦးဆုံးအကြိမ်လည်ပတ်မှုများတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အာရုံစိုက်စေရန် စက်တင်ဘာ ၂၀၀၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၆၊ အပိုဒ် ၂ ပါအကြံပြုချက်များကို ပြန်လည်သုံးသပ်ပါ။ အကြံပြုထားသည့် တင်ဆက်မှုတစ်ခုနှစ်ခုကို စက်တင်ဘာတွင်ဝေငှမည့်စာပေနှင့်အတူ အသုံးပြုနိုင်ပုံကို သရုပ်ပြပါ။ ဝေငှမည့်စာပေကို တင်ဆက်ရန်အတွက် ဇန်နဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်စာရွက်ပါ အကြံပြုချက်များကိုလည်း အချိန်ရသရွေ့ ဆွေးနွေးကာ သရုပ်ပြနိုင်သည်။

သီချင်း ၇၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၅ တွင်စမည့်အပတ်

သီချင်း ၉၈

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– “တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း—အပိုင်း ၁၂။”e ကျမ်းစာသင်အံမှုများစတင်ခြင်းနှင့် ကျင်းပခြင်းတွင် တိုးတက်ရန် မည်သည့်အရာက သူတို့ကို ကူညီပေးခဲ့ကြောင်း ပြောပြဖို့ ကြေညာသူတစ်ဦးနှစ်ဦးကို ကြိုတင်စီစဉ်ပါ။

၂၀ မိ– သက်ကြီးရွယ်အိုများကို ကူညီရန် စီစဉ်ပေးခြင်း။ ဩဂုတ် ၁၅၊ ၁၉၉၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၉ ရှိ “စီစဉ်ပေးခြင်းသည် တန်ဖိုးရှိ” ဟူသော ခေါင်းစဉ်ငယ်အောက် အကြောင်းအရာကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။ ဖျားနာသူများနှင့် သက်ကြီးရွယ်အိုများအား အကူအညီပေးရန် အသင်းတော်တွင်ပြုလုပ်ထားသည့် အစီအစဉ်များကို ဖော်ပြပါ။

သီချင်း ၁၆၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ