အပိုင်း ၁၂–တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း
ကျမ်းစာသင်အံမှုများစရန်နှင့် ကျင်းပရန် သင်သားများကို ကူညီပေးခြင်း
၁ ကျွန်ုပ်တို့၏ကျမ်းစာသင်သားများသည် လယ်ကွင်း ဓမ္မအမှုတွင် စတင်ပါဝင်သည့်အခါ ကျမ်းစာသင်အံမှုများစကာ သူတို့ကိုယ်တိုင် ကျင်းပ ရတော့မည်ဟူသောအတွေးက သူတို့ကို စိုးရိမ်ထိတ်လန့်စေပေမည်။ ဓမ္မအမှု၏ ဤအရေးပါသော ကဏ္ဍအပေါ် အပြုသဘောထားရှိရန် သူတို့ကို မည်သို့ ကူညီနိုင်သနည်း။—မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀။
၂ ကျမ်းစာသင်သားတစ်ဦးသည် နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မီချိန်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အကျိုးအပြည့်အဝ ရရှိထားနှင့်ပြီးဖြစ်မည်။ ကျောင်းသားတာဝန်များကို ပြင်ဆင်တင်ဆက်ရာတွင် သူရရှိသည့် လေ့ကျင့်မှုက “ရှက်ကြောက်စရာအကြောင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်” သူတစ်ဦးတွင် ရှိဖို့လိုအပ်သော သွန်သင်ခြင်းစွမ်းရည်များရရှိရန် သူ့အား ကူညီပေးပါလိမ့်မည်။—၂ တိ. ၂:၁၅။
၃ သင့်ပုံသက်သေဖြင့် သွန်သင်ပါ– ယရှုသည် ရှင်းလင်းသောညွှန်ကြားချက်ပေးပြီး ပုံသက်သေကောင်းပြခြင်းဖြင့် တပည့်များကို လေ့ကျင့်ပေးခဲ့သည်။ ကိုယ်တော်က “အပြီးသင်ပြီးသောတပည့်တိုင်း မိမိဆရာကဲ့သို့ဖြစ်လိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (လု. ၆:၄၀) သင်၏ဓမ္မအမှုတွင် ပုံသက်သေကောင်းပြခြင်းဖြင့် ယေရှုကိုတုပရန် အလွန်အရေးကြီးသည်။ ဓမ္မအမှုတွင် သင့်ပုံသက်သေကို သင့်သင်သား သတိပြုမိသည့်အခါ ပြန်လည်ပတ်မှုများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် ကျမ်းစာသင်အံမှုများစရန်ဖြစ်ကြောင်း သူနားလည်လာမည်။
၄ သင်အံမှုကမ်းလှမ်းသည့်အခါ များသောအားဖြင့် သင်အံမှုအစီအစဉ်ကို အသေးစိတ်ပြောပြဖို့မလိုကြောင်း သင်သားအား ရှင်းပြပါ။ လေ့လာမည့်စာအုပ်မှ အပိုဒ်တစ်ပိုဒ်နှစ်ပိုဒ်ကို အသုံးပြု၍ သင်အံမှုပြုလုပ်ပုံကို ပြပေးခြင်းသည် အကောင်းဆုံးဖြစ်လေ့ရှိ၏။ ထိုသို့ပြုရန် အသုံးဝင်သောအကြံပြုချက်များကို ဤလထုတ်၏စာမျက်နှာ ၆ နှင့် ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၆ တွင် တွေ့ရှိနိုင်သည်။
၅ သင့်လျော်လျှင် သင်နှင့်အတူ သို့မဟုတ် အခြားကျမ်းစာသင်အံမှုများတွင် အတွေ့အကြုံရှိသည့် ကြေညာသူတစ်ဦးနှင့်အတူလိုက်ရန် သင်သားအား ဖိတ်ခေါ်ပါ။ သူသည် အပိုဒ်တစ်ပိုဒ် သို့မဟုတ် အဓိကကျမ်းချက်တစ်ချက်နှင့်စပ်လျဉ်း၍ မှတ်ချက်ပေးနိုင်သည်။ ဤသို့ဖြင့် သင်သားသည် သူရှုမြင်သည့်အရာမှ တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပပုံကို များစွာတတ်သိလာမည်ဖြစ်သည်။ (သု. ၂၇:၁၇; ၂ တိ. ၂:၂) သူ့အား ချီးမွမ်းပေးပြီး သူတိုးတက်နိုင်ပုံကို ဆွေးနွေးပါ။
၆ ကြေညာသူလူသစ်များအား ဘုရားသခင့်နှုတ်ကပါဌ်တော်သွန်သင်သူများဖြစ်ရန် လေ့ကျင့်ပေးခြင်းက သူတို့ကိုယ်တိုင် သင်အံမှုများစတင်ကာကျင်းပခြင်း ‘ကောင်းမှု’ ကိုပြုရန် အသင့်ရှိစေပါမည်။ (၂ တိ. ၃:၁၇) “အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ” ဟူ၍ မေတ္တာပါစွာ ဖိတ်ခေါ်ရာတွင် သူတို့နှင့်အတူလုပ်ဆောင်ရခြင်းသည် မည်မျှအားရစရာပါတကား။—ဗျာ. ၂၂:၁၇။