ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၇ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • နိုဝင်ဘာ ၁၂ တွင် စမည့်အပတ်
  • နိုဝင်ဘာ ၁၉ တွင် စမည့်အပတ်
  • နိုဝင်ဘာ ၂၆ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၃ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၁၁/၀၇ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

နိုဝင်ဘာ ၁၂ တွင် စမည့်အပတ်

သီချင်း ၅၉

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက်သင့်လျော်သည့် အခြားတင်ဆက်နည်းများကိုအသုံးပြု၍ အောက်တိုဘာ ၁၅ ကင်းမျှော်စင်နှင့် အောက်တိုဘာနိုးလော့! ဝေငှပုံကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း မဂ္ဂဇင်းနှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။

၂၀ မိ– “နိုဝင်ဘာလတွင်ဝေငှမည့် အထူးထုတ်နိုးလော့!”a နိုဝင်ဘာလနိုးလော့!၏မာတိကာကို အတိုချုပ်သုံးသပ်ပါ။ ထို့နောက် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါဆောင်းပါးကို မေးဖြေဆွေးနွေးပါ။ အပိုဒ် ၃ ကိုဆွေးနွေးစဉ် စာမျက်နှာ ၄ မှအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းကို အသုံးပြု၍ နိုဝင်ဘာလနိုးလော့!ဝေငှပုံကို သရုပ်ပြပါ။ နောက်တစ်ကြိမ်ပြန်လည်ပတ်မှုအတွက် လမ်းခင်းပုံကို သရုပ်ပြတွင် ပါဝင်စေပါ။

၁၅ မိ– “ပညာရှိကဲ့သို့ ကျင့်ဆောင်လော့။”b အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁၉၂

နိုဝင်ဘာ ၁၉ တွင် စမည့်အပတ်

သီချင်း ၁၀၉

၁၀ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာလတွင် ဝေငှမည့်စာပေကို ဖော်ပြကာ တင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “မတွန့်ဆုတ်နှင့်!”c အပိုဒ် ၅ ကိုဆွေးနွေးစဉ် မိမိတို့၏သင်အံမှုများကို သမ္မာတရားရရှိလာအောင် ကူညီပေးသူများ၏ မှတ်ချက်များပါဝင်စေပါ။ တိုးတက်သောသင်အံမှုကျင်းပခြင်းမှ အကျိုးကျေးဇူးနှင့် ပျော်ရွှင်မှု မည်သို့ရရှိသနည်း။ မှတ်ချက်တစ်ခု၊ နှစ်ခုကို ကြိုတင်ပြင်ဆင်ထားနိုင်သည်။

သီချင်း ၉၆

နိုဝင်ဘာ ၂၆ တွင် စမည့်အပတ်

သီချင်း ၁၇၂

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ နိုဝင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာမျက်နှာ ၄ ပါအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားအကြံပြုချက်များကိုအသုံးပြု၍ နိုဝင်ဘာ ၁ ကင်းမျှော်စင် တင်ဆက်ပုံကို သရုပ်ပြပါ။

၁၅ မိ– သင်သည် မေတ္တာကိုကျယ်ဝန်းစေနိုင်သလော။ ၂၀၀၇၊ ဇန်နဝါရီ ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၉-၁၁ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောပြောရန်။

၂၀ မိ– လူငယ်တို့—ယေဟောဝါအား မည်သို့ချီးမွမ်းနိုင်သနည်း။ ၂၀၀၅၊ ဇွန် ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၈၊ အပိုဒ် ၁၅-၁၉ ပါလေ့လာရန်မေးခွန်းများကို အသုံးပြု၍ ဆွေးနွေးရန်။ အပိုဒ် ၁၈ ကိုဆွေးနွေးစဉ် ကျောင်းနေဖက် သို့မဟုတ် ဆရာများကို မည်သို့သက်သေခံခဲ့ကြောင်း ပြောပြရန် လူငယ်များကို ဖိတ်ခေါ်ပါ။

သီချင်း ၅

ဒီဇင်ဘာ ၃ တွင် စမည့်အပတ်

သီချင်း ၇၇

၁၅ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ မေးခွန်းသေတ္တာကို သုံးသပ်ပါ။

၁၅ မိ– ကမ္ဘာတစ်ဝန်းမှလူတို့ အကျိုးခံစားရသောသင်တန်းကျောင်း။ ၂၀၀၆၊ နိုဝင်ဘာ ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၁၀-၁၃ ကိုအခြေခံ၍ ဟောပြောပါ။ ဓမ္မအမှုသင်တန်းကျောင်း တက်ခဲ့သော အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းများကို လူတွေ့မေးမြန်းပါ။ ဧဝံဂေလိဟောပြောသူများ၊ သိုးထိန်းများ၊ သွန်သင်သူများဖြစ်လာရန် ထိုကျောင်းက မည်သို့ကူညီပေးခဲ့သနည်း။ အရည်အချင်းပြည့်မီသော ညီအစ်ကိုများကို ဓမ္မအမှုသင်တန်းကျောင်းတက်ရန် ပန်းတိုင်ထားဖို့အားပေးပါ။

၁၅ မိ– “နိုင်ငံတော်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ဝေမျှနေကြ။”d အချိန်ရသရွေ့ ညွှန်းထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၁၇၃

a [အောက်ခြေမှတ်ချက်များ]

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ