ဧပြီ ၂၀ အပတ်အတွက်ဇယား
ဧပြီ ၂၀ မှာစမယ့်အပတ်
သီချင်း ၃ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၂၃၊ အပိုဒ် ၁၀-၁၈ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၂၃-၂၅ (၈ မိ.)
နံပါတ် ၁– ၁ ဓမ္မရာဇဝင် ၂၃:၁၃-၂၃ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– သမ္မာကျမ်းစာမှာ အနာဂတ်နဲ့ပတ်သက်တဲ့ ဘယ်ကတိတော်တွေ ဖော်ပြထားသလဲ—igw စ. ၁၆ အပိုဒ် ၁-၃ (၅ မိ.)
နံပါတ် ၃– နှစ်သစ်ကူးပွဲများသည် ခရစ်ယာန်များအဖို့ ကန့်ကွက်စရာလော—rs စ. ၁၆၈ အပိုဒ် ၃-၄ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– ပညာရှိတစ်ဦးလို အချိန်ကို အကျိုးရှိရှိအသုံးပြုပါ။ —ဧ. ၅:၁၅၊ ၁၆။
၁၅ မိ– “လက်တွန်းစင်နဲ့ သက်သေခံပုံ။” ဆွေးနွေးပါ။ သရုပ်ပြပါ– ကြေညာသူနှစ်ယောက်က လက်တွန်းစင်နားမှာရှိနေတယ်။ ဖြတ်သွားဖြတ်လာသူတွေကို ပြုံးပြပါ။ အနားကပ်လာတဲ့သူတွေကို မေးခွန်းတစ်ခုမေးပြီး ဖော်ဖော်ရွေရွေ စကားပြောပါ။ လက်တွန်းစင်နဲ့ သက်သေမခံတဲ့ တခြားအချိန်မှာတောင် အဲဒီနည်းကို ဘယ်လိုကျင့်သုံးနိုင်သလဲ။
၁၅ မိ– “မိသားစုဝတ်ပြုမှုကို ပိုပျော်စရာကောင်းအောင် လုပ်နိုင်သလား။” ၂၀၁၄၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၇-၂၉ ကိုအခြေခံပြီး ပရိသတ်နဲ့ဆွေးနွေးပါ။ မိသားစုဝတ်ပြုမှုကနေ အကျိုးရရှိခဲ့ပုံကို ပြောပြဖို့ လူငယ်တစ်ဦး ဒါမှမဟုတ်ရင် နှစ်ဦးကို ဖိတ်ခေါ်ပါ။
သီချင်း ၇၅ နဲ့ဆုတောင်းချက်