ဩဂုတ် ၃၁ အပတ်အတွက်ဇယား
ဩဂုတ် ၃၁ မှာစမယ့်အပတ်
သီချင်း ၄၂ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၂၉၊ အပိုဒ် ၁၆-၂၁၊ စာမျက်နှာ ၂၉၉ မှလေးထောင့်ကွက် (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၉-၁၁ (၈ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– ‘ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ယေဟောဝါဘုရားကိုသာ ဝတ်ပြုမည်။’—ယောရှု ၂၄:၁၅။
၁၀ မိ– စက်တင်ဘာလမှာ မဂ္ဂဇင်းတွေဝေငှပါ။ ဆွေးနွေးပါ။ (တကယ်လို့ အသင်းတော်မှာ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွေမရှိသေးဘူးဆိုရင် ဩဂုတ်လမဂ္ဂဇင်းကိုအသုံးပြုပြီး တင်ဆက်ပါ။ နမူနာတင်ဆက်နည်းအတွက် ဇူလိုင်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာကြည့်ပါ။) ပြင်ဆင်ပေးထားတဲ့နမူနာတင်ဆက်နည်းတွေကို သုံးပြီး သရုပ်ပြတာနဲ့ စပါ။ ပြီးနောက် တင်ဆက်နည်းတွေကို အစအဆုံးသုံးသပ်ပါ။
၁၀ မိ– “အချိန်တန်အစာ” ကို သင် ရရှိနေသလား။ ၂၀၁၄၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၂၉ ကဆောင်းပါးအပေါ်အခြေခံပြီး ဟောပြောပါ။ ရရှိထားတဲ့ ဘုရားရေးရာ ပုံဆောင်အစာတွေကို ကောင်းမွန်စွာအသုံးပြုသွားဖို့ ပရိသတ်ကိုအားပေးပါ။
၁၀ မိ– ၂၀၁၆ လုပ်ငန်းတော်နှစ်အတွက် သင့်ရဲ့ဘုရားရေးရာပန်းတိုင်က ဘာတွေလဲ။ ဖွဲ့စည်းထားခြင်းစာအုပ်၊ စာမျက်နှာ ၁၁၈၊ စာပိုဒ် ၃ ကိုအခြေခံပြီးဆွေးနွေးပါ။ လုပ်ငန်းတော်နှစ်သစ်အတွက် ထားရှိမယ့်ဘုရားရေးရာပန်းတိုင်အကြောင်း ဇနီးမောင်နှံနှစ်ဦး ဆွေးနွေးနေပုံကို သရုပ်ပြပါ။
သီချင်း ၁၀ နဲ့ဆုတောင်းချက်