ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၅၊ ဩဂုတ် ၃၁ မှာစမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။
၁။ ရှောလမုန်ရဲ့ ဆုတောင်းချက်မှာ ယေဟောဝါဘုရားနဲ့ပတ်သက်ပြီး ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ ဘယ်အချက်တွေကို တွေ့ရသလဲ။ ဒီအချက်တွေကို တွေးတောဆင်ခြင်တာက ကျွန်ုပ်တို့အတွက် ဘာအကျိုးရှိသလဲ။ (၃ ရာ. ၈:၂၂-၂၄၊ ၂၈) [ဇူ. ၆၊ က၀၅ ၇/၁ စ. ၃၀ ပိုဒ်. ၂]
၂။ “တည်ကြည်တဲ့စိတ်နဲ့” လျှောက်လှမ်းခဲ့တဲ့ ဒါဝိဒ်ရဲ့ပုံနမူနာက ကျွန်ုပ်တို့လည်း သူ့လို လုပ်ဆောင်နိုင်ဖို့ ဘယ်လို ထောက်ကူပေးသလဲ။ (၃ ရာ. ၉:၄၊ ကဘ) [ဇူ. ၁၃၊ က၁၂ ၁၁/၁၅ စ. ၇ ပိုဒ်. ၁၈-၁၉]
၃။ ဇရတ်တမြို့က မုဆိုးမဆီ ဧလိယကို ယေဟောဝါ စေလွှတ်လိုက်တဲ့အဖြစ်အပျက်ကနေ ဘယ်အရေးကြီးတဲ့အချက်ကို သင်ယူနိုင်သလဲ။ (၃ ရာ. ၁၇:၈-၁၄) [ဇူ. ၂၇၊ က၁၄ ၂/၁၅ စ. ၁၄]
၄။ ၃ ဓမ္မရာဇဝင် ၁၇:၁၀-၁၆ မှာပါတဲ့မှတ်တမ်းကို သုံးသပ်ခြင်းက ယေဟောဝါဘုရားအပေါ် အကြွင်းမဲ့ယုံကြည်စိတ်ချမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ဘယ်လိုခိုင်မာစေသလဲ။ [ဇူ. ၂၇၊ က၁၄ ၂/၁၅ စ. ၁၃-၁၅]
၅။ စိတ်ဓာတ်ကျဆင်းမှုကို ဧလိယ ရင်ဆိုင်ဖြေရှင်းပုံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ (၃ ရာ. ၁၉:၄) [ဩဂုတ်. ၃၊ ia စ. ၁၀၂-၁၀၃ ပိုဒ်. ၁၀-၁၂; က၁၄ ၃/၁၅ စ. ၁၃ ပိုဒ်. ၁၅-၁၆]
၆။ ဧလိယ ကြောက်ပြီးစိတ်ဓာတ်ကျတာကို မြင်တဲ့အခါ ယေဟောဝါ ဘယ်လိုရှုမြင်ခဲ့သလဲ။ ကျွန်ုပ်တို့ကော ကိုယ်တော်ကို ဘယ်လိုတုပနိုင်မလဲ။ (၃ ရာ. ၁၉:၇၊ ၈) [ဩဂုတ်. ၃၊ က၁၄ ၆/၁၅ စ. ၂၀၊ ၁၅-၁၆]
၇။ ဘုရင်အာဟပ်မှာ ဘယ်လွဲမှားတဲ့သဘောထား ရှိခဲ့သလဲ။ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း သူ့လို မမှားအောင် ဘယ်လိုရှောင်နိုင်မလဲ။[ဩဂုတ်. ၁၀၊ lv စ. ၁၆၄-၁၆၅၊ လေးထောင့်ကွက်; က၁၄ ၂/၁ စ. ၁၄ ပိုဒ်. ၃-၄]
၈။ ဧလိယဆီက ဧလိရှဲ တောင်းဆိုတာကနေ ဘာသင်ယူနိုင်သလဲ။ ဘုရားသခင့်လုပ်ငန်းမှာ တာဝန်သစ်တစ်ခု ပေးအပ်ခံရတဲ့အခါ ဒီမှတ်တမ်းက ကျွန်ုပ်တို့ကို ဘယ်လိုထောက်ကူပေးနိုင်သလဲ။ (၄ ရာ. ၂:၉၊ ၁၀) [ဩဂုတ်. ၁၇၊ က၀၃ ၁၁/၁ စ. ၃၁ ပိုဒ်. ၅-၆]
၉။ ၄ ဓမ္မရာဇဝင် ၅:၁-၃ မှာဖော်ပြထားတဲ့ အစ္စရေးမိန်းကလေးရဲ့ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိတို့ကို လူငယ်တွေ ဘယ်လိုအတုယူနိုင်မလဲ။ [ဩဂုတ်. ၂၄၊ က၁၂ ၂/၁၅ စ. ၁၂-၁၃ ပိုဒ်. ၁၁]
၁၀။ နောက်ဆုံးကာလမှာ ယေဟောဝါရဲ့ကျေးကျွန်အားလုံးက ယေဟုရဲ့ ဘယ်အရည်အသွေးတွေကို ကြိုးစားတုပသင့်သလဲ။ (၄ ရာ. ၁၀:၁၆) [ဩဂုတ်. ၃၁၊ က၁၁ ၁၁/၁၅ စ. ၅ ပိုဒ်. ၄]